Professional Authors

အိပ်ဆေး

ချစ်ခြင်းရဲ့ သက်တမ်းတွေကို
စိတ်ရှည်လက်ရှည် ရေတွက်ဖို့
မင်းလာတာပါဆို . . .(မဟုတ်တာ)
အလွမ်းတွေနဲ့
နာလန်မထူနိုင်သေးတဲ့ ငါ့ကိုတော့ . . .
မင်းရဲ့ ပွဲတော်မှာ
အပျော်အပျက် အဖြစ်တောင်
မဖိတ်ချင်ခဲ့ဘူးလေ . . .
မင်းနဲ့ cupic
ပူးပေါင်းလုပ်ကြံမှုကို
(ငါ့အမှားလဲပါတော့)
အပြစ်မတင်တော့ပါဘူး . . .
ငါ့ကံပဲ ရှိစေတော့ . .
ငါ့အတွက်
လက်ဆောင် မပါတဲ့ Valentine ရေ . . .
ခိုင်းတယ်လို့ မထင်ပါနဲ့ .
လမ်းကြုံရင် ငါ့အတွက်
ဝီ တစ်ခွက်နဲ့ စီးကရက်လောက်ပါပဲ
မင်းယူလာတဲ့ ၀ီတစ်ခွက်နဲ့
ငါ့ရင်ကို ငါပြန်ပက်ပြီး
ဒီည သူ့ကို အိပ်မက် မက်ချင်လို့ပါ . . .

In: ကဗျာ Posted By: Date: Feb 14, 2011
Comment #1

ငါ့အတွက်
လက်ဆောင် မပါတဲ့ Valentine ရေ . . .
ခိုင်းတယ်လို့ မထင်ပါနဲ့ .
လမ်းကြုံရင် ငါ့အတွက်
ဝီ တစ်ခွက်နဲ့ စီးကရက်လောက်ပါပဲ
မင်းယူလာတဲ့ ၀ီတစ်ခွက်နဲ့
ငါ့ရင်ကို ငါပြန်ပက်ပြီး
ဒီည သူ့ကို အိပ်မက် မက်ချင်လို့ပါ .
ကောင်းချက်

commentinfo By: အသဲကွဲမိုး at Mar 18, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment