Professional Authors

ပြီးပြည်.စုံတယ်

ချစ်သူစုံတွဲတွေ ပျော်ရွှင်ကြတဲ့
Valentine
ငါ.ဘေးမှာ နင်မရှိလည်း
နင် ပေးတဲ့အမှတ်တရ
Valentine လက်ဆောင်
၃ ခုနဲ့တင်
ငါ.ရဲ့ Valentine Day
ပြီးပြည်.စုံတယ်။

ငါ အမြဲဝတ်နေကျ
အမှတ်တရ ဒီအင်္ကျီ
ဘယ်လောက်ပဲ
သင်္ခါရ သဘောကြောင်.
ဟောင်းနွမ်းသွားသွား
နင်. ရဲ့ လက်ဆောင်ဆိုတဲ့
အသိကြောင်.
ငါ. ခန္ဒာ ကိုယ်ပေါ်မှာ အမြဲ ၀တ်ဆင်တိုင်း
ပြီးပြည်.စုံတယ်။

ငါ စဉ်းစားနေတဲ့ အချိန်
နင် ငါ. အကြောင်းစဉ်းစားမလား
စဉ်းစားစား မစားစားပေါ.ဟာ
နင်. ရဲ့  ကတိ စကားတစ်ခုနဲ့တင်
ငါ.ရဲ့ အတွေးတွေ အားလုံး
ပြီးပြည်.စုံတယ်။

ဒီလမ်းလေး
အတူလျှောက်ခဲ့ဖူးတယ်
ခုလို တစ်ယောက်တည်းလျှောက်
ငါ.ဘေးမှာ နင်မပါလည်း
ကျန်ရစ်နေတဲ့ နင်.အငွေ.အသက်နဲ့
လျှောက်လှမ်းတဲ့ ဒီလမ်း
အမြဲတမ်း ပြီးပြည်.စုံတယ်။

ထိုင်နေကျ
ဒီခုံတန်း
ဥတုရာသီကြောင်.
အေးစက်တဲ့ အငွေ.အသက်လွှမ်းခြုံနေလည်း
နင်.ရဲ့ ကျန်ရှိနေတဲ့ ရင်ငွေ.နွေးနွေးကြောင်.
တစ်ယောက်တည်း ထိုင်ငေးနေလည်း
ပြီးပြည်.စုံတယ်။

နင် ကြိုက်လှပါသည် ဆိုသော
ဒီ သီချင်း
ငါ. နားထဲအမှတ်မထင်ရောက်ရောက်လာတိုင်း
နင် ကြိုက်ခဲ့သည်ဆိုသော
ငါ. ရဲ့ အသိစိတ်ကြောင်.
ငါ အမှတ်တရ ဖြစ်ဖြစ်လာတယ်
ဒီ သီချင်းလည်း ငါ.အတွက်
ပြီးပြည်.စုံတယ်။

စားနေကျ မုန်.တီဆိုင်
နင်ပါပါ မပါပါ ပေါ.
ငါ နေ.စဉ် ရက်ဆက်ရောက်ဖြစ်နေသေးတယ်
ဆိုင်ရှင်ကမေးတယ်
နင်ကောတဲ့
အင်း
ကျတော. နှလုံးသားထဲမှာ
အမြဲ ထာဝရ ရှီပါတယ်
ဒီအဖြေဟာလည်း
ငါ.အတွက်တော. သိပ်ကို
ပြီးပြည်.စုံတယ်။

ငါ ထွက်သွားတော.မယ်
နင်ပြောတဲ့ ဒီစကား
ငါ. နားခါးလှတယ်
တစ်နေ.ငါပြန်လာမှာပါတဲ့
အဲ့ဒီ.မုသား
တကယ်ကို
ပြီးပြည်.စုံတယ်။

ဒီလိုနဲ့
နင်ပြန်လာမဲ့နေ.ကိုစောင်.
စာမျက်နှာ ၁၅ ကိုနားထောင်
ကဗျာတွေ ချရေး
မျှော်လင်.ချက်သေတွေနဲံ
ငါ. ဘဝ
တကယ်ကို
ပြီးပြည်.စုံတယ်။
                                   wx@d…?

In: ကဗျာ Posted By: Date: May 11, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment