လွှဲဖယ်မိတဲ့ အကြည့်တစ်ခုကြောင့် (၁)
အခန်း (၁)
အရဲစွန့်ခြင်း
ဒီမှာ…ဒီမှာ ကျွန်တော်ကို တခုလောက်ကူညီပါဗျာ..။
ခင်ဗျားကို ချစ်တယ်…ဆိုတဲ့ စကားလုံးငါးလုံးကို ကျွန်တော်နှလုံးသားတခုတည်းနဲ့ ဆက်သွယ်ထားဖို့
မဖြစ်နိုင်တော့လို့…ခင်ဗျားရဲ့ နှလုံးသားနဲ့မဖြစ်နိုင်တောင်မှ ဦးနှောက်ထဲ ထည့်သယ်သွားပေးပါလားဗျာ..။
ရှင်…
ဆောရီးပါ…ကျွန်မက အမှိုက်ပုံးမဟုတ်ဘူး။
….
အခန်း (၂)
အသိအမှတ်ပြုခြင်း
ဟုတ်ကဲ့..ဒီဟာ ကျွန်တော့်နှလုံးသားပါဆရာ…
…ဟာ…မဖြစ်နိုင်ဘူး။…ဒီမှာကြည့်…ဒါမင်းနာမည်မှ မဟုတ်တာ။
ဒါက ကျွန်တော့်နှလုံးသားပါ။ သူကအလစ်အငိုက်မှာ သိမ်းပိုက်၊ သူ့အမည်တပ်သွားတာ။
ဟုတ်ပါတယ်…သူပိုင်တဲ့ ကျွန်တော့်နှလုံးသားပါ။
ကျွန်ုပ်ကို အလစ်အငိုက်မှာ သင်တိုက်ခိုက်၊
ကျွန်ုပ်ခံစားချက်အစဉ်ကို သင်သိမ်းပိုက်၊
ကျွန်ုပ်မရှူနိုင် မကယ်နိုင်ဖြစ်မှ သင်လှည့်ထွက်။
ကျွန်ုပ် ငိုရှိုက်သံတို့ကို တခဏဖြစ်ဖြစ်
နားစိုက်စဉ်ကြည့်ဖို့…တောင်းပန်ပါရစေ…အသင်။
အသင်….ကြည့်လှည်ပါ။
ချစ်ခြင်းအလင်းနှင့်လက်၍နေသော ကျွန်ုပ်မျက်လုံးအစုံကို
အသင့်…ခြေရင်းမှာ
ကျွန်ုပ် ဝပ်ဆင်းလျက်ရှိရပါပြီ။
—
အခန်း (၃)
လမ်း၌ဆုံခြင်း
သူသခင်မကို တွေ့ရသော ကျွန်တော့်နှလုံးသားက
တုန်လို့ရင်လို့…။
ကျွန်တော်ကိုကြ စကားတခွန်းမဟနိုင်အောင်
တဒိန်းဒိန်းနဲ့ ဟိန်းလို့ဟောက်လို့…။
နှလုံးသားရဲ့ ဂါရဝပြုမှုကို သူကြိတ်လှောင်ပြုံးပြီး ခံယူသွားတာ ကျွန်တော်သတိပြုမိလိုက်တယ်။
…….အဲဒီညက စာရေးမိတယ်။
နှလုံးသားနဲ့..ငါ
နှစ်မွှာကွဲ
ငိုင်နေဆဲ…။
—
အခန်း (၄)
မတွေ့ရပဲ ကုန်ဆုံးခဲ့ရတဲ့ နေ့ရဲ့ည
သခင်မရှေ့မှောက် မရောက်ခဲ့ရတဲ့ နှလုံးသားက
တဗျစ်တောက်တောက်…။
တသက်လုံးအတူရှိခဲ့တဲ့ ကျွန်တော့်မျက်နှာမှ မထောက်
အိပ်စက်ခြင်းကို အဝေးရောက်အောင်မောင်းထုတ်ရက်တယ်။
ဒါကို ဦးနှောက်က သစ္စာဖေါက်ရယ်လို့ အပြစ်မတင်
တနွယ်ငင်တစင်ပါ…သူလည်း နောက်နေ့တွေအတွက် ကြံဆနေခဲ့ရဲ့…။
……………..
အိပ်မက်တွေတောင်…အသင့်ကြောင့်
အဝေးရောက်ခဲ့ပါတယ်…အသင်…။
…………………………..
တချို့များ အချိုရှာသကာတွေ့
ငါ့မှမန်းလေပြဲလေ…ဖြစ်ရတယ်။
အလင်းရှာရင်း ညကနက်ရင်းပေါ့။
ဟုတ်တယ်လေ…မေ့မေ့ပျောက်ပျောက် ဖြစ်ပါစေတော့ ဆိုပြီး
ရ ရ နေတဲ့ သတိက စ ပြီးကို မဆုံးနိုင်ဘူး။
………………………………
—
အခန်း (၅)
အိပ်စက်ခြင်းမဲ့ခဲ့တဲ့ ညရဲ့ မနက်
အနားယူခြင်းမဲ့ခဲ့တဲ့နောက်
ယောင်နနအဖြစ်ရောက်နေတဲ့ မျက်လုံးအစုံနဲ့…
တွေးဆ၊ သွေးကြွနေတဲ့ နှလုံးသားရဲ့စကားသံကို…ရေးမှတ်ခဲ့တဲ့ စာတရွက်
ရင်ဘက်က အိပ်ကပ်မှာ ထည့်ပြီး….
နှလုံးသားရဲ့ သခင်မရှေ့ အဲဒီ့မနက်မှာ ရောက်ခဲ့တယ်။
……………………
အသင်…မျက်ဝန်းများဖြင့် နားစဉ်လှည့်ပါ။
………………
ဆောရီးပဲ…ကျွန်မရဲ့ မျက်လုံးတွေက အဓိပ္ပာယ်မဲ့တဲ့ အလုပ်တွေမလုပ်ဘူး။} သူက ပြောတယ်။
………………
အသင်…ဒီစာရွက်ထဲမှာ နှလုံးသား မမဲ့ခဲ့ပါဘူး။
……………………………
Comment #2
ရင်ခုန်မိသူကိုလက်ခံလိုက်တော့လဲ စိတ်မချမ်းသာရဘူး..ဖြစ်နေတယ် မဟုတ်လား…
By: kyawzinhtun at May 13, 2010
Comment #3
မိုက်တယ်ဟေ့
သခင်မရှေ့မှောက် မရောက်ခဲ့ရတဲ့ နှလုံးသားက
တဗျစ်တောက်တောက်…။
တသက်လုံးအတူရှိခဲ့တဲ့ ကျွန်တော့်မျက်နှာမှ မထောက်
အိပ်စက်ခြင်းကို အဝေးရောက်အောင်မောင်းထုတ်ရက်တယ်။
ဒါကို ဦးနှောက်က သစ္စာဖေါက်ရယ်လို့ အပြစ်မတင်
တနွယ်ငင်တစင်ပါ…သူလည်း နောက်နေ့တွေအတွက် ကြံဆနေခဲ့ရဲ့…
By: Hnin at Jul 28, 2010
Comment #4
မိုက်တယ်ဟေ့
သခင်မရှေ့မှောက် မရောက်ခဲ့ရတဲ့ နှလုံးသားက
တဗျစ်တောက်တောက်…။
တသက်လုံးအတူရှိခဲ့တဲ့ ကျွန်တော့်မျက်နှာမှ မထောက်
အိပ်စက်ခြင်းကို အဝေးရောက်အောင်မောင်းထုတ်ရက်တယ်။
ဒါကို ဦးနှောက်က သစ္စာဖေါက်ရယ်လို့ အပြစ်မတင်
တနွယ်ငင်တစင်ပါ…သူလည်း နောက်နေ့တွေအတွက် ကြံဆနေခဲ့ရဲ့…
By: Hnin at Jul 28, 2010
Comment #5
lone wa mike de
lone wa heart hti de
By: ei lay at May 17, 2012




Comment #1
Good tae …. ကျမရဲ့ နှလုံးသားကလဲ ၇င်မခုန်တဲ့သူကို လက်မခံဘူး ………. 🙂