Professional Authors

ချစ်သူ….. (၃)

သူမတို့အိမ် မလှမ်းမကမ်းတွင် စက်ဘီးရပ်ကာ သူမကိုတွေ့လို့ တွေ့ငြားရှာသည်။သူလည်း အကြာကြီးမနေပဲ ထွက်လာခဲ့သည်။ညနေမှပြန်လာရန် စဉ်းစားလိုက်သည်။သူမတို့အိမ်သည် ဒေါင်လိုက်လမ်း၏ ဒီဘက်ထိပ်ဖြစ်သည်။သူက ဒီဘက်ထိပ်မှ ဒီဘက်ထိပ်သို့ရောက်လာသည်။ဒီဘက်ထိပ်မှာလဲ သူမတို့အိမ်ကဲ့သို့ အိမ်တစ်အိမ်ကိုရှိသည်။သူ အမှတ်မထင် အဲဒီအိမ်ကိုကြည့်လိုက်မိသည် အ်မ်၏၀ရံတာတွင် လှန်းထားသော အကျီလေးကိုမြင်ဖူးသလိုပင်။မိန်းမ၀တ်ဘလောက်အကျီလေးဖြစ်သည်။သူအမှတ်တမဲ့ပင်နေလိုက်သည်။ညနေ သူ နောက်တခေါက်ရောက်လာသောအခါ လူအရိပ်တခုကိုလှစ်ခနဲ့တွေ့လိုက်သည်။သူသေသေချာချာ ကြည့်လိုက်တော့ ကုမလေးတစ်ယောက်ဖြစ်နေသည်။ကုမလေးက အိမ်ဖော်မလေးဖြစ်ဟန်တူသည်။ ကုမလေးက သူ့ကို သေသေချာချာကြည့်သည်။နောက်ပြီး ပြုံးစိစိနှင့်ကြည့်သည်။သူ နည်းနည်းတော့ကြောင် သွားသည်။ ကုလားမအလေးက ရှက်ကိုးရှက်ကန်းအမူအရာလေးနှင့် အိမ်ထဲပြေးဝင်သွားသည်။သူ နည်းနည်း ကျောချမ်းသွားသည်။မထင်မှတ်ပဲ သူငယ်ချင်းတစ်ယောက်နှင့်တွေ့သေည်။

“ကောင်းကြီး မင်း ဒီမှာဘာလုပ်နေတာလဲ”

“ငါ့ ကောင်မလေးကိုလာကြည့်တာလေ”

သူ ခပ်ကြွားကြွားလေး ပြောလိုက်သည်။သူမလေးကို ဒီကောင်တွေကလဲ စိတ်ဝင်စားနေကြသည်။

“ဟင် ဘယ်အိမ်လဲ”

သူ မေးဆတ်ပြလိုက်သည်။သူငယ်ချင်းက အံ့သြစွာဖြင့် သူ့ကိုကြည့်သည်။

“မင်းပြောတာ ဒီအိမ်လား”

“အင်း ဟုတ်တယ်”

“ကောင်းကြီးမင်းစိတ်ကောင်းပါတယ်နော် ဒီအိမ်မှာမိန်းမပျိုလေးဆိုလို့ အိမ်ဖော်ကုလားမလေးပဲရှိတယ် ကျန်တာအသက်၆၀ ကျော်အပျိုကြီး ၂ယောက်ပဲရှိတယ် မင်းဘယ်သူကိုကြိုက်နေတာလဲ အဘွားကြီးတွေတော့ မဖြစ်နိုင်ဘူး ဒါဆိုကုလားမလေးလား”

သူ့ကိုပြောပြီး ဟားလေသည်။သူလည်း နည်းနည်းတော့ကြောင်သွားသည်။ဒါကြောင့် ကုလားမလေးက အမူပိုပိုနှင့်ကြည့်သွားတာကိုး။သူ စိတ်ဆိုးဆိုးနှင့်ပြန်ရန်ပြင်လိုက်လေသည်။

“ပြန်တော့မလို့လားကွမင်းအိမ်မှားတာဖြစ်မှာပါကွာ ဘယ်သူလဲငါကိုပြောလေငါစုံစမ်းပေးမယ်”

“မင်းလဲသိမှာမဟုတ်ပါဘူးကွာ”

သူစိတ်ညစ်ညစ်နှင့်ထွက်လာခဲ့သည်။ထီပေါက်ပြီး ထီလက်မှတ်ပျောက်သောသူလိုဖြစ်နေသည်သူ ပြန်နေကျ လမ်းအတိုင်းလာခဲ့သည်။သူ မထင်မှတ်ပဲ သူမကိုတွေ့လိုက်သည်။သူ မနက်က အကျီတွေ့သော အိမ်မှာ ဖြစ်သည်။ ဒါကြောင့် သူ တွေ့ဖူးပါတယ်လို့ထင်တာ သူမက ပန်းရောင်crazy ဖြစ်သည်။သူမ အသုံးအဆောင် အများစုသည် ပန်းရောင်များသည်။သူ အရမ်းပျော်သွားသည်။သူမ အိမ်ကခုနက ကုလားမလေးအိမ်နှင့်ဟိုဘက်ထိပ်ဒီဘက်ထိပ်ဖြစ်သည်။အိမ်ချင်းကလဲအနည်းငယ်တူတော့မှားတာဖြစ်မည်။သူ

ကြည့်နေဆဲမှာပင်သူမလေးသူ့ကိုတွေ့သွားသည်။သူမအံသြစွာသူ့ကိုကြည့်လေသည်။သူလက်ပြကာပြုံးပြလိုက်လေသည်။သူမကလဲအသိအမှတ်ပြုကာပြန်ပြုံးပြသည်။နောက်တနေ့ကျောင်းရောက်လျှင်သူမအိမ်ကိုပြောပြ

သောသူ့သူငယ်ချင်းကိုကျိန်ဆဲလိုက်သည်။သူငယ်ချင်းအားလုံးဝိုင်းရယ်ကြလေသည်။သူ့မှာလည်း ရယ်ရအခက် ငိုရအခက်ဖြစ်ကာသူတို့နှင့်အတူဝိုင်းရယ်မိသည်။သူတို့ကိုတော့တခုမှာထားရသည်ဒီအကြောင်းကိုသူမအားမ

ပြောရန်ဖြစ်သည်။သူတို့ကလဲမပြောပါဘူးဟုကတိပေးကြသည်။သူမနှင့်ပက်သက်ပြီးဒုတိယအကြိမ်မြောက်ရယ်မောစရာတစ်ခု ဖြစ်သည်။ဒါကြောင့်ပဲ သူမ ကိုပိုချစ်ခဲ့ရသည်။

In: ဝတ္ထု Posted By: Date: Dec 31, 2010
Comment #1

ညမင်းသား

commentinfo By: se le at Feb 28, 2011
Comment #2

https://www.poemscorner.com

commentinfo By: se le at Feb 28, 2011
Comment #3

he,,he,,

commentinfo By: ei lay at Sep 18, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment