Professional Authors

ဘဝ

ကြည်လင်သန့်ရှင်းနေတဲ့ နေ့တစ်နေ့မှာ ငါ လမ်းမကြီးတစ်ခုပေါ်ကို ခြေချလိုက်တယ်……….
ပြီးတော့ ခြေလှမ်းသစ်တစ်စုံကို ဖန်တီးလိုက်တယ်………

ကောင်းကင်ပြာပြာကြီးရဲ့အောက်မှာ လူတစ်စုကို တွေ့လိုက်ရတယ်…..
သူတို့အနားကို ကပ်သွားကြည့်လိုက်တော့ နုံပြီးစုတ်ချာနေတဲ့ အသုံးအဆောင်တွေနဲ့ အနံ့ဆိုးဆိုးတွေကို
သတိထားမိလိုက်တယ်……….. ဒါပေမယ့် သူတို့မျက်နှာပေါ်မှာ အပြုံးတွေ ဝေဆာလို့ပါလား……
ကျွန်တော် ၀င်ပြီးရောလိုက်ရင်ဘဲ ကောင်းမလား……….. မဖြစ်သေးပါဘူး…………

ခုမှ အစပြုဖို့ဘဲရှိသေးတာ ……………… ပြီးတော့ ကျွန်တော်က အနံ့ဆိုးဆိုးတွေကို မနှစ်သက်ဘူးလေ

ဒီလိုနဲ့ ဆက်လျှောက်လာတော့ ……………..
တွေ့ပြန်ပြီ နောက်လူတစ်စု ………..
သူတို့ကတော့ မော်ဒန်အသုံးအဆောင်တွေနဲ့………
ကျော့ရှင်းနေတဲ့ လူတစ်စုပါလား……….

အင်း အားကျမိပါရဲ့ …………
သူတို့လို ခေတ်မီတဲ့ အသုံးအဆောင်တွေကို ငါ ဘာကြောင့်
မသုံးစွဲမိခဲ့တာလဲ…….. ကိုယ့်ကိုကိုယ် ပြန်ကြည့်လိုက်တယ်…..
ငါ လိုနေသေးတာဘဲလို့ …………..

အေးလေ ဘာဘဲပြောပြောပေါ့ သူတို့နဲ့ သွားရောလိုက်ရင်တော့
ကြည်နူးစရာတွေ ရတန်ကောင်းပါရဲ့……

ကျွန်တော် ပေါင်းစပ်ဝင်ရောက်လိုက်တယ်……….
အချိန်တော်တော်များများပေါ့……….
ပြီးတော့ ကျွန်တော် အဲဒီအုပ်စုထဲက
ထွက်လာခဲ့တယ်………. ငြီးငွေ့ခြင်းတွေနဲ့ပေါ့
အ၀တ်အစား အသုံးအဆောင်တွေရဲ့ လွှမ်းမိုးမှုအောက်မှာ
ရောက်နေတဲ့ အသိုင်းအ၀ိုင်းတစ်ခုပါဘဲ

ဆက်လျှောက်ရဦးမယ်…… ကျွန်တော့် ပန်းတိုင်မရောက်သေးဘူး…

ကျွန်တော့်ရင်ထဲမှာ ဝေဒနာမျိုးစုံ …………
ခံစားမှုမျိုးစုံ အတွေးမျိုးစုံနဲ့ ပေါ့………
ရည်မှန်းချက် ပန်းတိုင်ရောက်အောင် ဘယ်လိုများ
လျှောက်လှမ်းရပါ့မလဲ……..

နောင်တတွေ သောကတွေ ဗျာပါဒတွေ နဲ့
နပမ်းလုံးနေတဲ့ကြားက ပန်းတိုင်ရောက်အောင်

ဘယ်လို လုပ်ရပါ့မလဲ……

ဒီထက် စည်းစိမ်ချမ်းသာတွေ ဒီလမ်းတစ်လျှောက်မှာ
ရှိနိုင်သေးလား…. အပျော်တွေ နာကျင်ခြင်းတွေပေါ့………

ကျွန်တော့်လို ပန်းတိုင်ရှာဖွေနေတဲ့သူတွေကော
ရှိရဲ့လား………
သူတို့ကော သူတို့ ပန်းတိုင်များ ရောက်ကြပါလေစ……..

ဟော…….မှိုင်းပြပြနဲ့
အဝေးကနေ လူတစ်စုကို မြင်နေရတယ်
သူတို့က ဘယ်လိုလူတွေလဲ…..အနည်းဆုံးတော့
တုံ့ဆိုင်းနေတဲ့ ခြေလှမ်းတွေနဲ့ သူတို့အနားက
ဖြတ်သန်းသွားရဦးမှာပါဘဲ….

ဘာတွေ ဖြစ်ဦးမလဲ……..
ဒီတစ်ခါရော အဆင်မှပြေပါ့မလား……… စိတ်ထဲမှာ မငြိမ်မသက်နဲ့
အချည်းအနှီးဖြစ်မှာကို တွေးကြောက်မိနေတယ်……..

ဒါပေမယ့် ကျွန်တော့်မှာ ရွေးချယ်စရာမှ မရှိတော့တာ
ဆက်လျှောက်ရတော့မှာဘဲပေါ့လေ…..

အဲဒီအချိန်မှာ နောက်ကို လှည့်ကြည့်မိလိုက်တယ်……
ကျွန်တော် လမ်းတော်တော်လျှောက်ခဲ့မိတာဘဲ………

အချိန်တော်တော်များများကို
တစ်ယောက်တည်း လျှောက်ခဲ့တာပါလားလို့
ကိုယ့်ကိုကိုယ်လည်း အံ့သြမိခဲ့တယ်……

ကျွန်တော် လမ်းလျှောက်ရတာ များလို့ထင်တယ်
ခြေလှမ်းတွေက ဒယီးဒယိုင်နဲ့ ……….

သိပ်ပြီးတော့ လျှောက်လို့ မကောင်းတော့ဘူး…..
အားအင်တွေ ကုန်ခမ်းနေပြီ………….
ခဏလောက် နားချင်ပြီ……..

ရှေ့ကိုမျှော်ကြည့်လိုက်တယ်
လူတွေမြင်နေရတယ်
ဝမ်းနည်းမှိုင်တွေနေပြီး
လက်ပန်းကျနေတဲ့ ပုံစံမျိုးတွေဘဲ
ငိုတဲ့သူတွေလည်း ရှိတယ်…..

ကျွန်တော် အနောက်ကို ပြန်မျှော်ကြည့်လိုက်တယ်
တော်တော်ဝေးကွာသွားတာဘဲ
ပြန်လျှောက်နိုင်ဖို့ မဖြစ်နိုင်တော့ဘူး

တစ်ခုတော့ သတိပြုမိလိုက်တယ်…..
ကျွန်တော် လမ်းဆုံးကို ရောက်နေပြီဘဲ……
ကျွန်တော် သူတို့လို ကျန်ခဲ့တဲ့
လမ်းတွေကို ပြန်တမ်းတပြီး
ငိုရမှာလား……
………………………?????????

(23-10-2010)

ဒီစာပိုဒ်လေးကို ၀တ္ထုထဲ ထည့်ရမလား….. စကားပြေထဲ ထည့်ရမလား မသိဘူး…….
စိတ်ထဲမှာ ခံစားရတာလေးကို ရေးမိတာပါ…
အမှားပါတာရှိရင် ခွင့်လွှတ်ပြီး အကြံဥာဏ်လေးများ မျှဝေပေးကြပါလို့………

🙂

Comment #1

ဒါပေမယ့် ကျွန်တော့်မှာ ရွေးချယ်စရာမှ မရှိတော့တာ
ဆက်လျှောက်ရတော့မှာဘဲပေါ့လေ…..

အဲဒီအချိန်မှာ နောက်ကို လှည့်ကြည့်မိလိုက်တယ်……
ကျွန်တော် လမ်းတော်တော်လျှောက်ခဲ့မိတာဘဲ………

commentinfo By: chan myae at Oct 23, 2010
Comment #2

နောင်တတွေ သောကတွေ ဗျာပါဒတွေ နဲ့
နပမ်းလုံးနေတဲ့ကြားက ပန်းတိုင်ရောက်အောင်

ဘယ်လို လုပ်ရပါ့မလဲ…

commentinfo By: Zar Ni at Oct 24, 2010
Comment #3

သံဝေက စကားပြေ။

commentinfo By: dan at Jan 6, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment