Professional Authors

ကျွန်တော် စာစု

အိပ်ချင်မူးတူးနဲ့ ထလိုက်ရတာ..တအား..အား..နဲ့ အော်နေတဲ့  ကျီးစုတ်တွေကြောင့် အိပ်ချင်စိတ်ပျောက်…ဒေါသ ရောက်သွားရတာ… ငါနော်…အရင်တုန်းက ကလေး စိတ်နဲ့ဆို ဒီ ကျီးစုတ်တွေ လေးဂွ စာမိတော့မယ်… ဟင်း….သက်ပြင်းချ..စိတ်ရှုပ်စွာနဲ့ မျက်နှာသစ်ရေချိုး မလို့
တံခါး ဖွင့်လိုက်တော့….အံမယ်….နှမစောင်းက အိမ်ရှေ့မှာတောင် ပိတ်အိပ်နေလိုက်သေးတယ်…ငါ့ဒေါသတွေ…ဟင်း….ဟင်း…..ကဲကွာ…..ဂိန်…ဂိန်….ပေစုတ်စုတ်ခွေး
ကတော့…ငါ့ကိုကြောက်လန့်ပြီး ပြေးလေရဲ့….ရေချိုးပြီးတာ နဲ့ ထမင်းပေါင်းအိုးလေးနဲ့ ထမင်းအိုးတည်
ပြီးတော့ ဒိုးမယ်ပေါ့…..ကိုယ့်အတွေးနဲ့ ကိုယ် plan ချလိုက်တယ်..အိမ်ထဲရောက်ရော…ဟင်း….ဆန်စေ့တွေ ဟိုနားတန်းလန်း…ဒီနား တန်းလန်း..နဲ့ မွစ ကိုကျဲနေပါလေရော…..ဟိုက်……ဘယ်လိုဖြစ်တာပါလိမ့်….သြော်….လက်စသတ်တော့..ငါ့ဆန်အိပ်ကို ကိုယ်ရွှေကြွက်တွေ ၀င်မွှေထားပြန်ပေါ့…..ဟင်း…အန်ကျိတ်လိုက်တယ်….မင်းတို့လဲ သေပန်းပွင့်နေပြီပေါ့….ငါ့ကို စမ်းတာပေါ့လေ…..ကဲကွာ….ခေါင်းပြူတူတူဖြစ်နေတဲ့…ကြွက်စုတ်ကို..ဘယ်ရမလဲ…..ဒန်အိုးအဖုန်းနဲ့ ကောက်ပစ်လိုက်တာ..သူတောင်းစားလေး ပြေးတာ တန်းနေတာပဲ တော်ပြီ တော်ပြီ….ငါမြန်မြန်ဒိုးတော့မယ်…ကြာရင် ငါ့ဒေါသတွေ ပေါက်ကွဲကုန်တော့မယ်…ကဲ..ကိုယ်ရွှေချော..အ၀တ်အစားလဲ…လမ်းထိပ်ရောက် ကားစောင့်….ကျူပ်တို့ ရပ်ကွက်ကတော့ ကြုံတုန်း ပြောလိုက်ဦးမယ်…၀မ်းရေးတောင် မနည်းဖြေရှင်းရတဲ့ သူဌေးရပ်ကွက်ပေါ့ဗျာ…..သူဌေးဆိုလို့ ချမ်းသာတယ်လို့ မထင်လိုက်နဲ့…ကျူပ်တို့ရပ်ကွက်မှာ ရပ်လိုက်တဲ့ ကားတွေက တက်လိုက်ပြီဆိုတာနဲ့..၂၀၀ ပဲ..
လာမရှင်းပြနဲ့…တက်ချင်တက် မတက်ချင်နေ…..ဟော်….လာပါပြီ….213ကား..အံမလေး..ပြောတော့ အထူးကားတဲ့….တင်ထားတဲ့လူတွေကလဲ ထိုင်ခုံ အပြည့် …မတ်တပ်ရပ်စီးတဲ့လူတွေကလဲ….
နှစ်ယောက်ထပ်ပြီးစီးနေသလား ထင်ရတယ်..တော်တော်တော်….205 ပဲ စောင့် စီးမယ်…သူက 100ဗျ..ဟိုနားဒီနား 50 ပေါ့ဗျာ…..စီးပျော်ပါတယ်….ဒီလိုနဲ့ ဘားလမ်း..ဆူးလေ…သံဗုဒ္ဓေ ဆိုပြီး  ချွတ်နောက်နောက်အသံနဲ့အတူ   205 စပါယ်ယာက…ဆင်နှစ်ကောင်ဖင်ထောင်ပြီးကလို့ရတယ်ဆိုပြီး အတင်းထိုးတင်ပါလေရော ..ကျူပ်လဲ ငပိ…ငချည်..သိပ်သလို..စပါယ်ယာတွန်းရာနောက်ရောက်ရောပေါ့ဗျာ… ဟွန်း…ဒီလောက် ကျပ်သိပ်နေတာကို ဆင်နှစ်ကောင်ဖင်ထောင်ပြီးများတောင် ကဦးမယ်တဲ့…အမလေး…ဘုရားဘုရား…စောစောတုန်းကတော့…ရေချိုးထားတဲ့ ကျူပ် ခန္ဓာကိုယ်
သန့်လို့ပေါ့ဗျာ..အခုတော့ ချွေးတပြိုက်ပြိုက်နဲ့ လူပိမသေအောင် စွန့်စားခန်းရိုက်နေရပြီပေါ့…ကိုယ်ပိုင်ကားမစီးနိုင်တုန်းတော့..အားတင်းထားသားရေ့…….ကဲ..
ကားပေါ်လဲရောက်ရော….စ ပါပြီ…..စပါယ်ယာရဲ့ ၀ါဒီတွေ….ခရီးသည်ချင်းကိုယ်ချင်းစာပါ….ဘေးဘယ်ညာတိုးစီးပါဗျ….ကျွန်တော်တိုးမှ တိုးတယ်မပြောနဲ့ စပါယ်ယာကလဲ..တစ်လမ်းလုံး နားမဒိန်းကျင့်လာတာ…ဘားလမ်းမြန်မြန်ရောက်ပါစေလို့ ဆုတောင်းနေမိတယ်…ကျူပ်က မတ်တပ်ရပ်ပေါ့ဗျာ…ကျူပ်ရှေ့မှာတော့ ထိုင်နေတာကတော့ ပွင့်နဲ့ အမျိုးတော်သလားလို့တောင်ထင်ရတဲ့ ခင်၀၀…လူ့ဘီလူး အမျိုးသမီးတစ်ဦးပေါ့ဗျာ….ကဲ …လမ်းလေးဆယ် ပန်းဆိုးတန်း..ဘူတာကြီး..ကုန်တိုက် ဆင်းမှာပြင်ထားဆိုတဲ့ စပါယ်ယာ အသံ အဆုံးမှာ….မယ်မဒီ ၀က်မကြီးက ဆင်းမလို့ တူတယ်..ထပြီးတန်းကို ကိုင်ထားပြီး..ေ၇ှ့တိုးလာတယ်..မှတ်တိုင်လဲအရောက်..ဒရိုက်ဘာရဲ့ ဘရိတ်အုပ်ချက်က ကျွီ…..လူတွေ နည်းနည်း ယိုင်ကုန်တယ်…မယ်မဒီကတော့ ဟန်ချက်ပျက်သွားတယ်ထင်ပါရဲ့…
အမလေး……ဗျစ်……ဟင်…ဘာသံပါလိမ့်….သေချာနားစွင့်နေပေမဲ့..နောက်ထပ် အသံ ထွက်မလာတော့ဘူးဗျ….ဟွန်း….ဝေါ့…..ပျို တက်လာတယ်….တော်တော်ဆိုးလိုက်တဲ့ smellဗျာ..
ဘေးဘီဝဲယာက လူတွေကတော့ ကျူပ်ကို ကွက်ကြည့်ကွက်ကြည့်နဲ့ ..မဟုတ်ဘူး……ကျူပ်မဟုတ်ဘူး……ဒီ ၀က်မ ပေါက်တာဗျ……ငါ့နှဲနော်….အားတင်းထား….ရှေ့ဆို ဘာလမ်းရောက်တော့မယ်.. ၀က်မကတော့
သူမဟုတ်သလိုပဲ……ကျူပ်လဲ..ခပ်တည်တည်နဲ့တံခါးနားတိုးသွားလိုက်တယ်…ကဲ..ကဲ..ကဲ…
ဘားလမ်းရောက်ပါပြီ….ကျူပ်လဲ….ဆင်းချင်ဇောနဲ့ဆင်းလိုက်တာ….အနောက်က မိန်းမကြီးက
ကျူပ်ပုဆိုးစ တက်နင်းထားတာမသိလိုက်ဘူး…..ဟိုက်….သွားပြီ…..ကျွတ်ပြီ…..ကွဲပြီ….ငါ့အရှက်တွေ..တော်သေးတယ်..
ကမန်းကတန်းဆွဲတင်လိုက်တာ..ဘယ်သူမှ မမြင်လောက်ပါဘူး…ဟဲ..ဟဲ…..ကျူပ်လဲ သုတ်သုတ်နဲ့…အပြေးလျှောက်လာလိုက်တော့တယ်….ဟူး….အခုမှပဲ….လေကောင်းလေသန့်…
အရှက်ပြေတော့တယ်….၀က်မအကြောင်းပြန်စဉိးစားရင်တော့ smell က စွဲနေတုန်းပဲ…နံလိုက်တာ..အခုတော့….ကျူပ် လေကောင်းလေသန့် ရှုနေပြီ..ဟီးဟီး….ဘယ်သူမြင်လိုက်လဲမသိဘူး….တစ်ယောက်တည်းတွေးရင်းနဲ့……….

ဒဏ်ရာ

In: ဝတ္ထု Posted By: Date: Jul 3, 2010
Comment #1

ကျေးဇူးအရမ်းတင်တယ် သိလား အရမ်းရီရတယ် ဘ၀မှာ တခါတလေ မထင်မှတ်တာလေးတွေကအရမ်းရီချင်စရာလေးတွေဖြစ်သွားတတ်ပါတယ် တခါတလေငိုရရီရမလို အချိန်တွေလဲ ရှိတတ်ပါတယ် …ခုလို အရမ်းရီချင်နေချိန်လေးမှာသယ်ရင်းစာလေးဖတ်လိုက်ရလို့ အရမ်းကို ပေါ့ပါးသွားတယ် သိလား နောက်လဲ တင်ပေးပါအုံးနော် ကျေးဇူးကမ္ဘာ….

commentinfo By: အမရာ ယုံကြည်ချက်လေး at Jul 14, 2010
Comment #2

အခုလို ရယ်ရတယ်ဆို တဲ့ အတွက်ကြောင့် …ကျေးဇူးတင်ပါတယ်….နောက်လဲ …ကြိုးစားပါဦးမယ်…

commentinfo By: DanYar at Sep 18, 2010
Comment #3

he,,hr,,
lol,,,
rofl,,,
so much funny,,
really really excellent

commentinfo By: ei lay at Feb 10, 2012
Comment #4

အဟီး

commentinfo By: အသဲကွဲမိုး at Feb 10, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment