Professional Authors

ကျွန်တော်နှင့်ကြည်ဖြူ

/* Style Definitions */
table.MsoNormalTable
{mso-style-name:”Table Normal”;
mso-tstyle-rowband-size:0;
mso-tstyle-colband-size:0;
mso-style-noshow:yes;
mso-style-priority:99;
mso-style-qformat:yes;
mso-style-parent:””;
mso-padding-alt:0in 5.4pt 0in 5.4pt;
mso-para-margin:0in;
mso-para-margin-bottom:.0001pt;
mso-pagination:widow-orphan;
font-size:10.0pt;
font-family:”Times New Roman”,”serif”;}

                                                                                                    ကျွန်တော်နှင့် ကြည်ဖြူ(၁)

 တိတ်ဆိတ်ငြိမ်သက်ခြင်းတို့ နှင့် မှောင်မိုက်ခြင်းတို့၏သခင် ညဥ့်နက် သခင် စိုးမိုးလို့ကမ္ဘာကြီးကို အမှောင်ထုထဲ

သွင်းပို့ထားတာတောင် ညဥ့်နက်နက်မှာ မျက်စိပျက်လို့ အိပ်ငိုက်ခြင်းတောင် မပြုမိပါဘူး…သေချာဝေဖန်သုံးသပ်

တာတောင် လွဲချော်မှုတွေကြားဝေခွဲလို့ မရနိုင်တော့လောက်အောင်ကိုပဲ….အာရုံမှာေ၀၀ါးနေခဲ့ပါသည်။ သူ့ ပုံရိပ်

လေးတွေ ထင်ဟပ်နေဆဲ..ကျွန်တော် မျက်စိမမှိတ်ချင်ပါ…မျက်လုံးမှိတ်လိုက်တိုင်း သူ့ အပြုံးလေးတွေ မြင်ရောင်

လာလို့ ကြာရင်…တွေးရင်းလွမ်းရင်းနဲ့ ရူးသွပ်သွားမယ်ထင်ပါရဲ့။

            `ဂျက်….ဂျက်…ဂျက်…´

            နားထဲမှာ တိုးဝင်လို့ကြားနေရတဲ့ နာရီသံကြောင့်…နာရီကို အသက်မဲ့စွာ ငေးကြည့်မိလိုက်သည်။

`သြော်….ညနှစ်နာရီတောင် ကျော်ပါရောလား´

မှိတ်မရတဲ့ မျက်ဝန်းတွေကို အတင်းဇွတ်မှိတ်ဖို့ကြိုးစားရင်း အိပ်ရာထဲလူးလိမ့်ပြီး ညဥ့်နက်နက်ထဲ

ကျွန်တော်လွင့်မျောသွားပါတော့သည်။

            `ယသာ နုဘာဝတော ယက္ခာ နေ၀ဒသေန္တိ ဘီသနံ ယဥှိ စေ၀ါ နုယုဉ္စန္တော ရတ္တိန္ဒိ၀ မ တန္ဒိတော..´

မင်းကွန်းဆရာတော်ဘုရားကြီး ဦးဥတ္တမသာရ၏တရားသံနားထဲဝင်လာတော့မှ ကျွန်တော် ကမန်းကတမ်းထပြီး

အိပ်ရာသိမ်းဖို့ ပြင်လိုက်ပါသည်။

            `အမလေး…..နေတောင်မြင့်နေပြီပဲ´

စိတ်ထဲက ရေရွှတ်ရင်း မျက်နှာသစ်ရေချိုးဖို့ ပြင်လိုက်ပါတော့သည်။ ထုံးစံအတိုင်း တစ်ယောက်တည်းနေသူမို့

ထွေထွေထူးထူးမနက်စာဘာမှ မရှိပါချေ။

            `လမ်းထိပ်ရောက်မှ ပဲ ဟာနေတဲ့ဝမ်းကို တစ်ခုခုဖြည့်တော့မယ်´ဟု ရေရွတ်ရင်း အလုပ်သွားဖို့

ကျွန်တော်ထွက်ခဲ့ပါတော့သည်။

            `ညီလေးရေ့…..ရှင်းမယ်..´

စားပွဲထိုးလေးကို ခေါ်ပြီး….တစ်ထောင်တန်တစ်ရွက် ထုတ်ပေးဖို့ ဟန်ပြင်လိုက်ပြီး

            `ခြောက်ရာပါ အစ်ကို´

            `အေး…ရော့..´ မြန်မြန်လုပ်ကွာ…ညီလေး…လိုင်းကားလာတော့မယ်.´ဟုပြောရင်း မ.ထ.သ

လိုင်းကားလာရာလမ်းမထက်ဆီသို့ မျှော်ကြည့်လိုက်ပါသည်။

            `ဒီနေ့တော့ အလုပ်နောက်ကျပြီ ထင်ပါရဲ့´ တွေးရင်း ကား၏ခေါ်ဆောင်ရာ စီးမျောလိုက်ပါရင်း

ညဥ့်နက်နက်၏အပြုံးလေးတွေကို ပြန်တမ်းတမိလိုက်ပါသည်။       `ဟင်း….မလွယ်ဘူး…´     

            `ကျော်ကြီး…..မင်းကလဲ နောက်ကျလိုက်တာကွာ….ငါ ဒီမှာ တစ်ညလုံး အော်ဒါ တွေအတွက်

Run နေတာ ပစ္စည်းပို့ဖို့ ဘာမှ အဆင်သင့် မဖြစ်သေးဘူးကွ´

ရောက်ရောက်ခြင်းပဲ..သူငယ်ချင်းဖြစ်သူ `ညီထွေး´ ငိုပါတော့သည်။ သူနှင့်ကျွန်တော်သည် လုပ်ငန်း တစ်ခုအား

တစ်ယောက်နှင့်တစ်ယောက် ဖေးမကူညီရင် အောင်မြင်သောလုပ်ငန်းတစ်ခုဖြစ်ဖို့ကြိုးစားနေကြခြင်းပင်။

ထိုလုပ်ငန်းအား `ညီထွေး´တည်ထောင်ခြင်း ဖြစ်သည်။ ကျွန်တော်တို့နှစ်ယောက်အတူတူတွဲလုပ်ခဲ့ခြင်းဖြစ်သည်။

လုပ်ငန်းမှာ Music Production ဖြစ်ပြီး ရန်ကုန်မြို့ရှိ အထင်ကရ Super Market များတွင် ဈေးကွက်ချကာ…

ယ္ခုလို အောင်မြင်ရပ်တည်မှုတစ်ခု ရအောင် ကြိုးစားခဲ့ခြင်းဖြစ်သည်။ လုပ်စရာရှိသော အလုပ်များအားစဉ်းစားရင်း

Order စာရင်းတွေ အပြီးဖြတ်ရပါတော့သည်။

            အတိအကျဆိုရလျှင် လွန်ခဲ့သော သုံးနှစ်ခန့်က ဖြစ်သည်။ရိုးယဉ်စွာ လှပပြီး ဖြူစင် အပြစ်ကင်းသော

ကျွန်တော့် မဟူရာလေး ကို ကျွန်တော်တို့ ရပ်ကွက်လမ်းထဲတွင် အမှတ်မထင်တွေ့ရှိခဲ့ပါသည်။ထိုအချိန်တုန်းက

အမှတ်တမဲ့ဖြစ်ခဲ့ သော်လည်း တစ်ခါတရံတွင် ဟိုဟိုဒီဒီ လျှောက်ကြည့်မိသည်။`ဘယ်နေရာများ သူထွက်လာ

မလဲပေါ့´ အချိန်အတိုင်းအတာသည်  ခဏတာအတွင်းမှာပင် ကုန်ဆုံးသွားသကဲ့သို့ပင်။ ထိုအချိန်တုန်းက

ကျွန်တော်သည် အလုပ်မှာအိပ် အလုပ်မှာစား အိပ်သို့ ပြန်လာသည်မရှိပေ။တစ်ပတ်တစ်ခေါက်တောင်မရောက်

                                                                                                            ကျွန်တော်နှင့်ကြည်ဖြူ(၂)

နိုင်ခဲ့။ တစ်ရက်တွင်တော့…ကျွန်တော် အိမ်ပြန်နားခိုက် ကျွန်တော့်အမဖြစ်သူက

            `ဟဲ့…မောင်လေး…ငါ အိမ်ငှားတင်မလို့..နင်လဲပြန်လာတာမှ မဟုတ်တာ…နင်နေဖို့ ဘုရားခန်းတစ်ခြမ်း

ထားပြီး….ကျန်တဲ့ တစ်ခြမ်းငှားလိုက်မယ်နော်..´

ရောက်ရောက်ခြင်းပဲ အမ လုပ်သူက ထိုသို့ပြောပါတော့သည်။

            `အေးလေ..ငှားပေါ့….ငါလဲနေတာမှ မဟုတ်တာ´

ထို့နောက် အမလုပ်သူနှင့်တိုင်ပင်စရာတိုင်ပင်ပြီး…တာမွေမြို့နယ် ကျောက်မြောင်းရပ်ကွက်သို့ ပြန်လာခဲ့ပါသည်။

            နေ့ရက်တွေ ပြောင်းလဲခဲ့သည်မှာ နှစ်လတောင် ရှိသွားပြီ…အလုပ်ထဲမှာပဲ နစ်မွန်းရင်း…အိမ်တောင် ပြန်

မရောက်ဖြစ်ခဲ့…`ဒီနေ့တော့ ပြန်ဦးမှ ပဲ´ဟု စိတ်ထဲက ရေရွှတ်ရင်း ရေချိုးခန်းဝင်ခဲ့ပါတော့သည်။

            မဟာရန်ကုန်မြို့တော်ကြီး၏ တစ်စိတ်တဒေသဖြစ်သော တာမွေမြို့နယ် ကျောက်မြောင်း ရပ်ကွက်လေး

အတွင်းမှာတော့ အချိန်နှင့်တပြေးညီ လူအများသွားလာလှုပ်ရှားလျှက်ရှိသည်။ မနက်ပိုင်း အချိန်ဖြစ်သောကြောင့်

ကိုယ်စီကိုယ်ငှ လုပ်ငန်းခွင်ဝင်ရန်နှင့် နေ့စဉ်ကိစ္စ အ၀၀ကို လုပ်ဆောင်နေကြခြင်းမှာ စက်ရုပ်လေးများအား..

ကွန်းမန်းပေးထားသလိုပင်။ ကျွန်တော့်အကြိုက် `Killie Pickler’s Did You Know How Much I Love You´

တေးသွားလေးကို နားထောင်ရင်း အမေ့အိမ်ပြန်ဖို့တာဆူနေခဲ့ပါတော့သည်။ အမေ့အိမ် ဆိုသောကြောင့် မိသားစု

နှင့် အတူနေရသည်တော့ မဟုတ်ပါချေ။ မိဘ ဖြစ်သူ အဖေက ၀န်ထမ်း။အဖေ နေပြည်တော်သို့ပြောင်းသောအခါ

အမေပါ လိုက်ပါသွားရခြင်းပင်ဖြစ်သည်။ အဖေ အမေတို့ နေပြည်တော်မသွားခင် `သားရေ့…..အိမ်ကိုတော့

တစ်ပတ်တစ်ခါ တော့ပြန်ကြည့်ပါကွာ…´ အဖေမှာခဲ့သော စကားကြောင့် တစ်ပတ်တစ်ခါတော့ ပြန်ရသည်။

မပြန်လို့တော့မရပေ။ အတိတ်က အကြောင်းများ ပြန်တွေးရင်း သူငယ်ချင်းဖြစ်သူ `ညီထွေး´၏ ခေါ်သံကိုပင်

မကြားနိုင်တော့လောက်ကိုပင် အတွေးထဲ ကျွန်တော် နစ်မွန်းသွားခဲ့ရလေသည်။

            `ဟိတ်ကောင်…..ဘာတွေများတွေးနေတာလဲကွ…..မင်းကလဲ အော်မကြား..ခေါ်မကြားနဲ့´

            `အေးကွာ….ဆော်ရီး သူငယ်ချင်း…ညက အိပ်ရေးနည်းနည်းပျက်သွားလို့ပါကွာ…´

နေ၀င်ရီတရော ညချမ်းအချိန်ခါ။ သက်ပြင်း ရှည်တစ်ချက် လွှတ်ထုတ်လိုက်ပြီး..လမ်းမထက်တွင် ပုံမှန်လေး

လမ်းလျှောက်လာခဲ့သည်။ ညနေ ခြောက်နာရီ ကျော်ကျော် အချိန်ဖြစ်သောကြောင့် လိုင်းကားများထဲတွင်

ရုံးဆင်းရုံးပြန် ပုထုဇင် လူများဖြင့် ပြည့်ကျပ်လို့ နေခဲ့ပါသည်။ ကျွန်တော်က နျစ်ဆင့် စီးရမှာမို့ ပုစွန်တောင်သို့

သွားမည့် လိုင်းကားအား မျှော်ကြည့်မိပါသည်။ ပုစွန်တောင်မှ နောက်ကားပြောင်းစီး၍ အိမ်သို့ ပြန်မည်ပေါ့။

ရပ်ကွက်ထဲသို့ရောက်သော အခါ…ရပ်ကွက်ထဲတွင် ကာလသာ လူပျို ပေါက်လေးများ ဂစ်တာ တစ်လက်ဖြင့်

လူငယ်တို့၏ ဘာသာဘာဝ အတိုင်း သံစဉ်တေးသွားများကို သီကြူးနေလေသည်။

            `ဦးကျော်…ပြန်လာပြီလားဗျ..´

ကောင်လေး၏ နှုတ်ဆက်စကားသံကြောင့် လှည့်ကြည့်မိလိုက်သည်။ တစ်ချိန်တုန်းက ကျွန်တော်လည်း ထိုသို့ပင်

ဘော်ဒါ အပေါင်းအသင်းများနှင့် ပျော်ပါးခဲ့ဖူးသည်ကို ပြန်လည်သတိရမိပါသည်။ ကောင်လေးများနှင့်ကျွန်တော်

သည် အသက်အရွယ်အားဖြင့် ခြောက်နှစ် ခုနှစ် နှစ်မျှသာ ကွာဟသည်။သို့သော် ကျွန်တော့်အား ရိုသေသမှုနှင့်

`ဦးကျော်´ ဟု ခေါ်ဝေါ်ကြခြင်းပင်ဖြစ်သည်။ ညလေပြေလေးက တိုးတိုး ညင်သာစွာ တိုက်ခတ်၍ ကျွန်တော်တို့

အကြား ပြေးလွှားနေခဲ့ပါသည်။ လတ်ဆတ်သော လေနုလေအေးလေးအား ရှူ ရှိုက်ရင်း ပွင့်လင်းလှသော

ကောင်လေး များနှင့် ကျွန်တော် လမ်းခွဲခဲ့ပါတော့သည်။ တစ်စတစ်နှင့်ညဥ့်က နက်လာခဲ့သည်။ အိပ်ရာထဲ၌

လူးလှိမ့်ရင်း အတိတ်က အရပ်ဆီသို့………….

            ထိုနေ့က သူမကို ကျွန်တော်သတိပြုမိသော နေ့ဖြစ်သည်။ ကျွန်တော်၏ အိမ်အနောက်ဘက်ခြမ်း၌

စကားပြောသံတစ်ချို့ကို သဲ့သဲ့ ကြားနေရပါသည်။ ပုံမှန်အားဖြင့် ကျွန်တော့်စိတ်ထဲ ဘာမှ မဖြစ်သလိုပင်။

ထိုနေ့၌ကျွန်တော့် အိမ်တွင် အိပ်စက်နေခဲ့ပါသည်။ မနက်မိုးသောက်သော အခါ ကျွန်တော်နားထဲကြားနေရသည့်

အသံများမှာ ကျွန်တော် ကျောက်မြောင်းမှာ မဟုတ် မိမိနေအိမ်၌ အိပ်စက်နေသည်ကို သတိပေးလိုက်သလိုပင်။

                                                                                                      ကျွန်တော်နှင့် ကြည်ဖြူ(၃)

သနပ်ခါးသွေးသံ………..လမ်းလျှောက်သံ………သီချင်းဆိုညည်းသံ……ထိုအသံများသည် ကျွန်တော်၏ နားဝသို့

လာ၍ ပဲ့တင်ရိုက်ခတ်နေသည်။ အိပ်မှုန်စုန်ဝါး မျက်ဝန်းများဖြင့် ဘေးဘီဝဲယာကို ကြည့်လိုက်စဉ် နေမင်း၏

အလင်းလတ်ကို ထပ်မံ၍ တွေ့ရှိပြန်သည်။ အိပ်ရာမှ ထ၍ ပြူတင်းပေါက်များ ဖွင့်လိုက်ပြီးချိန် တဒင်္ဂ ခဏ အတွင်း

ကျွန်တော် အသက်မဲ့သွားရပါတော့သည်။ ထိုအရာသည် …ဟိုး….လွန်ခဲ့သော သုံးနှစ်ခန့်က ကျွန်တော့်ရင်ထဲ၌

ငြိတွယ်ခဲ့ဖူးသော ကျွန်တော့် မဟေသီ……ကျွန်တော့် မဟေသီပင်ဖြစ်သည်။ စိတ်ထဲ၌ တိုးတိုး ရေးရွတ်မိလိုက်ပါ

သည်။

`ငါ့ အိမ်နောက်က ….အိမ်ငှား ဆိုတာ …သူလား…သူပဲထင်တယ်…´ ပျော်ရွှင်ခြင်းတို့ နှင့်အတူ စိတ်ကူးတို့က……………..

အတိတ်ကို ပြန်တွေးရသည်မှာ ကျွန်တော့်အတွက်တော့ မခက်ပါချေ။ သူနှင့်ပတ်သက်သမျှ အရာရာသည် ကျွန်တော့် မှတ်ဥာဏ်ထဲ အလိုလို စွဲထင်နေသောကြောင့် ကျွန်တော်ပြန်မှတ်မိနေပါသည်။

ရုတ်တရက် အတွေးစ များကို ရပ်တန့် ပစ်ဖို့ကြိုးစားရင်း အိပ်စက်ဖို့ အတွက် ကျွန်တော် အားယူခဲ့ပါတော့သည်။

            ရာသီဥတုက အကောင်းကြီးတော့မဟုတ်။ ထို့ကြောင့် နေမပူခင် Market များ၌ လချုပ်စာရင်းများသိမ်း

ရန် ထွက်ခဲ့ပါတော့သည်။

            ရန်ကုန်မြို့၏ မြို့လယ်ခေါင် အချက်အချာကျသောနေရာ။

ထိုနေရာတွင် လူအများ စည်ကားလျှက်ရှိသည်။ ဆူးလေ မီးပွိုင့်နားတစ်ဝိုက်တွင် ခိုလေးများ ဟိုမှ သည်မှ ပျံသန်း

ရင်း  လူအများချကြွေးထားသော ပြောင်းဖူးစေ့လေးများက သူ့ထက်ငါ အလုအယက် စားသောက်၍ ပျော်မြူးနေ

ကြသည်မှာ ကြည်နူးစရာ သဘာဝ အလှပင်။ ပဲခူးကလပ် မှတ်တိုင်တွင် ဆင်းလိုက်ပြီး…Market ရှိရာ ရုံးခန်းသို့

လှမ်းခဲ့ပါတော့သည်။

            `အစ်ကို…..ဒီလရောင်းအားနဲ့ Valence ကို တစ်ချက် စစ်ကြည့်ပေးပါဦး´

ရုံး အကူ ကောင်မလေး ၏ ချိုသာသော ကြိုဆိုမှုနှင့်အတူ ကျွန်တော်လချုပ်စာရင်းကို စစ်၍ လက်မှတ်ထိုးပေး

လိုက်ပြီး ချက်လက်မှတ်ယူကာ…..ငွေထုတ်ရန် အတွက် လသာမြို့နယ်ရှိ..ဘဏ်သို့…ထွက်လာခဲ့ပါသည်။

            `ဟယ်လို….´ `ညီထွေးလား´

`အေး…ကျော်ကြီး ..ပြော..´

            `ညီထွေး..ဘဏ်မှာ ငါ ပိုက်ဆံထုတ်ပြီးပြီ..ဒီလ ရောင်းအားကောင်းတယ်ကွ မင်းပိုက်ဆံလာယူ

ငါတို့ ဆုံနေကြ တီးဆိုင်မှာ ပဲ စောင့်နေ ငါလာခဲ့မယ်..´ ဟု ညီထွေးအား…ချိန်းလိုက်ပြီး အလုပ်ရှိရာနေရာ

ကျောက်မြောင်းသို့ လိုင်းကားစီး၍ လာခဲ့ပါတော့သည်။

            အသားဖြူဖြူ အရပ်က ငါးပေကျော်ကျော်နှင့် နက်မှောင်သော မျက်ခုံး….လှပကျော့ရှင်းတဲ့ခန္ဓာ

ထိုထိုသော အရာများပေါင်းစပ်မိသောအခါ ရင်တွင်း၌ လှုပ်ခတ်သွားရပါ၏။ တစ်နေကုန် လှုပ်ရှားသွားလာခဲ့ရ

သော ဒဏ်ကြောင့် ခန္ဓာကိုယ် တစ်ခုလုံး လေးလံ ထိုင်းမှိုင်း၍ နေလေသည်။ ကျွန်တော်၏ နှလုံးသားကို လှုပ်

ခတ်နိုင်စွမ်းသော သူမ၏ အကြည့် တစ်ချက်ကြောင့် လေးလံ မှုများ ပြေလျှော့သွားသကဲ့သို့ပင်။ စူးရှသော

ထို မျက်ဝန်းမှ ရုန်းထွက်၍ မရ နိုင်လောက်အောင်ကို ပင် ညှို့ယူအားကောင်းလှသော ထို မျက်ဝန်းများမှ

အဘယ်သို့ ကျွန်တော် ရုန်းထွက်ရပါမည်နည်း။

            သူမ နာမည်က `ကြည်ဖြူ´ ကွန်ပျူတာ တက္ကသိုလ်တက်ပြီး ရပ်ကွက် အတွင်းရှိ ကလေးများအား

စာပြရင်း ဖြင့် ဘ၀အား ချိုမြိန်စွာ ဖြတ်သန်းလျှက်ရှိသည်။ ကျွန်တော် `ကြည်ဖြူ့´ အကြောင်း ဂဃနဏ မသိ

ပါချေ။ သိတာတစ်ခုတော့ရှိသည်။ သူမ ကျွန်တော်ရင်ထဲခိုအောင်းနေခြင်းပင်။ အသက်ငယ်သော်ငြားလဲ သူမ

သည် အကြောင်းအရာ တစ်ခုအား ခရေစေ့ တွင်းကျ ပြောတတ်သည်။ တစ်ခါတစ်ရံ၌ သူမ ကတောင် လူအများ

အား ဆရာ လုပ်တတ်၏။ ထိုသို့သော ကောင်မလေးသည် ကျွန်တော်၏ ရင်တွင်း၌ ဘယ်အချိန် ဘယ်ကာလ

ကတည်းက ၀င်ရောက်နေခြင်းမှန်း ကျွန်တော် မသိပါချေ။

ကျွန်တော်နှင့် ကြည်ဖြူ (၄)

`အတိတ်တစ္ဆေ စိတ်ကြေလေလွင့်

သခင့်အသည်း လွင့်ဝဲဝေသီ

ညဆီပိုင်ဆိုး မြင်ရနိုးပေါ့

တွေ့နိုး မျှော်မှန်း ရော်ရမ်းလွမ်းတ

ပြန်ဆုံကြဖို့ ညအလီလီနာရီမခြား

ဆုတောင်းအားငယ် မျက်ရည်နယ်ထဲ

မပျော်ရဲဘူး အချစ်ဦးရေ့……

သံယောစဉ်ဦး ရင်မှာ ဆူးပေါ့

အကြင်နာဦးရဲ့ ရူးလှပြီ။´

 

            သူမအား ရည်ရွယ်၍ ရေးစပ်ခဲ့သော ကဗျာ လေးအား ပြန်လည်၍ သတိရမိလိုက်ပါသည်။ထိုအချိန်က သူမသည် အပြင်သို့ ထွက်လေ့ထွက်ထမရှိသောကြောင့်လား ဒါမှ မဟုတ် ကျောင်းကိစ္စနှင့် မအားလပ်၍လား

မသိပါချေ။ သို့သော် ရံဖတ်ရံခါ တွေ့ရသော အခါ များတွင်မူ သူမသည် ကျွန်တော်၏ နှလုံးသားအား ညှို့နိုင်လွန်း

သည်။ သူမ၏ အကြည့်များထဲ၌ မကြာခဏဆိုသလို နစ်မွန်းသွားဖူးသည်။ ထို့ကြောင့် ထိုသို့ သူမနှင့် ပတ်သက်

သော ရင်ခုန်မှုမျိုးကြောင့် ကဗျာများ ဖြစ်ပေါ်လာပါတော့သည်။

            တကယ်တော့ဤသို့သော် ရန်ကုန်မြို့ကြီးတွင် တစ်ယောက်တည်း စားဝတ်နေရေး ဖြေရှင်းရသည်မှာ

လွယ်လှသည်တော့မဟုတ်ပါချေ။ နေ့တဒူဝ လုပ်ငန်းဆောင်တာများနှင့် လုံးလည် ချာလည်လိုက်နေသော

ကျွန်တော့်အဖို့မူ အချစ်ဆိုသောအရာသည် အစိမ်းသက်သက်ပင်ဖြစ်သည်။မည်သို့သော အကြောင်းအရာတစ်ခုခု

ကြောင့်ပင်လျှင် ကျွန်တော်စိတ်ကူးမရှိခဲ့ပေ။ အဘယ့်ကြောင့်ဆိုသော် စားဝတ်နေရေးဆိုသော ပူပင်သောကကြီး

လေးမျိုးသည် ကျွန်တော့်အား သောက ပေးနေသောကြောင့်ပင်ဖြစ်သည်။ ယနေ့သည် ကျွန်တော် အလုပ်မသွား

သော နေ့ဖြစ်သည်။ အလုပ်မသွားသော နေ့များတွင် ကျွန်တော့်အတွက် လုပ်လေ့လုပ်ထ ရှိသော အလုပ်များမှာ

မီးလာလျှင် တီဗွီ ကြည့်မည်။ မီးမလာပါက ဂစ်တာတီး၊ စာအုပ်ဖတ်၊အိပ်၊ ထိုမျှသာဖြစ်သည်။ ကျွန်တော်သည်

ကိုယ့်အတွေးနှင့်ကိုယ် ခပ်အေးအေးနေချင်သူဖြစ်သည်။ ပူပင်သောက များကို မူ မလိုလားပေ။ ငြိမ်းအေးမှုကို

လိုလားသည်။ယခုလည်း ဂစ်တာတီးနေစဉ်

            `ကျော်ကျော်ရေ့….ဖုန်းလာတယ်…´

ဘေးအိမ်က ဆေးဆိုင်မှ ဖုန်းလာသော ခေါ်သံကြောင့် ဂစ်တာချ၍ ဖုန်းရှိရာသို့ထွက်လာခဲ့သည်။

            `ဟယ်လို ဘယ်သူလဲမသိဘူး´

`အေး …သား….မေမေပါ´

´သြော် ..မေမေ….နေကောင်းလား….ဖေဖေရော အဆင်ပြေရဲ့လား´

မိခင်ဖြစ်သူနှင့် မဆုံတာကြာပြီဖြစ်သည်။ ယခု ကျွန်တော့်အခြေအနေ ကျန်းမာရေး သိချင်သောကြောင့်ဖုန်းဆက်

မေးခြင်းဖြစ်သည်။ ပြောစရာရှိတာ ပြော၊ဆုံးမစကား နားထောင်ပြီး အိမ်သို့ ပြန်လာခဲ့သည်။ မိဘတိုင်းမှာ အတူတူ

ပင်ဖြစ်သည်။အဘယ့်ကြောင့်ဆိုသော် ၄င်းတို့ ၏ ရင်သွေးကျွန်တော်သည် သူတို့၏ အုပ်ထိန်းမှုနှင့် ဝေးရာတွင်

ရောက်နေသောကြောင့် စိတ်မပူဘဲ ရှိမည်လော။

            ကျွန်တော့်တွင်အားနည်းချက်တစ်ခုရှိသည်။ ထိုအရာမှာ အလွန်အမင်းဝမ်းသာ လွန်းလျှင်လည်းမရ

ဝမ်းနည်းလွန်းလျှင်လည်းမရသော နှလုံးအားနည်းသော ရောဂါပင်ဖြစ်သည်။ ထိုရောဂါသည် မွေးရာပါတော့

မဟုတ် လွန်ခဲ့သော သုံးနှစ်ခန့်က ရခဲ့ခြင်းပင်။ ထို အချိန်က ကျွန်တော်သည် အလုပ်အရမ်းလုပ်သည် နေ့မနား

ညမနားလုပ်ခဲ့သည်။ ထို့ကြောင့် အိပ်ရေးပျက်များလာပြီး နှလုံးအား အားနည်းစေခဲ့ခြင်း ဖြစ်သည်။ သိုသော်

ဆရာဝန်များက Medical Check တွင် နှလုံးရောဂါဟူ၍ မဖော်ပြထားပေ။ ရောဂါ ဖြစ်ချိန်တွင် ထိတ်လန့်မိသော

                                                                                                      ကျွန်တော်နှင့် ကြည်ဖြူ (၅)

 

ကြောင့် အိပ်ရေးပျက်ပါက ထို လက္ခဏာမှာ ပေါ်ပေါ်လာတတ်သည်။ ထို့ကြောင့် ကျန်းမာရေးကို အထူးဂရုစိုက်ခဲ့

သည်။ ထို့ကြောင့်ပင်လျှင် တိတ်နိုင်သမျှ စိတ်ခံစားမှုကို မေ့ပျောက်ထားခြင်း ဖြစ်သည်။ အိမ်၌နားနေချိန်များတွင်

သူမ ၏ အသံလေးများမှာ  မကြာခဏဆိုသလို နားစည်ဝသို့ ၀င်ရောက်လာလေ့ရှိသည်။

            `ဆရာမ ..သားတို့ ရောက်ပြီ..´

ကြည်ဖြူတို့ စာသင်သော ကျွန်တော်၏ အိမ်ဘေး အခန်းမှ ကလေးများမှာ ၄င်းတို့ ၏ ဆရာမ ဖြစ်သူ အား

နှုတ်ခွန်းဆက် ရင် စာသင်ရန် ခေါ်လေသည်။

            `အေး..အေး…ဆရာမ လာပြီ´

ကျွန်တော်သိရသလောက် မြင်ရသလောက်ဆိုလျှင် ကြည်ဖြူသည် ကျောင်းသူ ကျောင်းသားများအပေါ်၌ အလွန်

ပင် စိတ်ရှည်၏။ ကိုယ်ချင်းစာသည်။ သင်ခန်းစာတစ်ခုအား နားလည် သဘောပေါက်အောင် ရှင်းပြတတ်သည်။

ရံဖန်ရံခါများတွင် လူအများကို ဆရာလုပ်တတ်သည်ဟု ထင်သည်။

            ထိုနေ့ညက သူမသည် မိခင် ဖြစ်သူအား နောက်ပြောင်ရင်း ဆရာလုပ်နေသံကို ကြားနေရသည်။

            ` အမေ မနေ့က ဘုရားမရှစ်ခိုးဘူး မဟုတ်လား။..´

` အခုရေ ချိုးပြီး ဘုရားရှစ်ခိုး ဖို့ ပြင်..´ဟု မိခင် ဖြစ်သူအား ဆရာလုပ်နေလေတော့သည်။ အမှန်အားဖြင့်သူမ

သည်  အသက်အရွယ်အားဖြင့် နှစ်ဆယ်ဝန်းကျင်သာရှိသေးသည်။ အရွယ်နှင့် မလိုက်သော ကြည်ဖြူစကား

လုံး များမှာ စကားနှင့်လူနှင့်မလိုက်ပေ။တစ်မျိုး ချစ်စဖွယ်ကောင်းနေလေသည်။ ထိုအရာများသည် ကျွန်တော့်

အဖို့တော့ ရင်ခုန် ယစ်မူးရပါသည်။ ကြည်ဖြူ အကြောင်းတွေးနေသော ကျွန်တော့်အတွေးများအား ခဏတာ

အတွင်းမှာပင် ဖြတ်တောက်ပစ်လိုက်သည်။ ကြာရင် မလွယ်မှန်းကျွန်တော်သိနေသည်။ ထိုနေ့ညက ကျွန်တော်

ကောင်းကောင်း အိပ်မပျော်ပါ။ သူမသည် ကျွန်တော့်  အတွေးအာရုံထဲတွင် အိပ်မရအောင် စူးရှသော အကြည့်

များဖြင့် လေထုထဲ လွင့်မျော သွားအောင် ဖန်တီးနေလေသည်။

xxxxxxx……………………………xxxxxxx………………………………xxxxxxx………………….xxxxxxxxxx

            ယနေ့ ကျွန်တော် အလုပ်သို့ ရောက်သော အခါ…သူငယ်ချင်း ဖြစ်သူ ညီထွေးက

` သားကြီး မင်း နေပြည်တော်သွားရမယ်.´

` နေပြည်တော်က Marketတွေကို သွားကြည့်ရမယ်´ဟု ပြောသည်။`သဘက်ခါ လောက်သွားပေါ့ကွာ´

`အေး..ဒါဆို ငါ သဘက်ခါ နေပြည်တော် ကိုသွားမယ်..ရထားနဲ့ပဲသွားမယ်…´

ထို့နောက် ကျွန်တော်လည်း နေပြည်တော်သွားရန် လိုအပ်သော ကိစ္စ များအား လုပ်ဆောင်ရင်း ရင်တွင်း၌

ပျော်မိသည်။ အဘယ့်ကြောင့်ဆိုသော် ကျွန်တော်၏ မိဘများနှင့် တွေ့ဆုံနိုင်သော ကြောင့်ဖြစ်သည်။   ဤသို့နှင့်

ကျွန်တော် နေပြည်တော်သို့ ခရီးထွက် ဖြစ်ခဲ့ပါသည်။

            စနေနေ့၊တနင်္ဂနွေ နေ့မဟုတ်သော ကြားရက်နေ့ဖြစ်၍ နေပြည်တော်-ရန်ကုန် ရထားတွဲများ၌ လူချောင်

နေသည်။ စနေ့ နေ့များနှင့် တနင်္ဂနွေနေ့များ၌မူ နေပြည်တော်မှ ရန်ကုန် ၊ရန်ကုန်မှ နေပြည်တော် သို့ ရုံးနားရက်

အိမ်ပြန်သော ရုံးဝန်ထမ်းများ ရှိသောကြောင့် ဖြစ်သည်။ ရထားပေါ်ရောက်ချိန်တွင် ဘာရယ်မဟုတ် လွမ်းဆွတ်

သလိုလိုတော့ ခံစားမိသည်။ ခံစားမှုလွယ်သူ အဖို့ လမ်းခရီးတစ်လျှောက် ခြုံနွယ်ပိတ်ပေါင်းများနှင့် လယ်ကွင်း

များမှာ လွမ်းမောစရာ့ အသွင်ကိုဆောင်နေပေတော့သည်။   ဤသို့နှင့် နေပြည်တော်သို့ ညရှစ်နာရီ လေးဆယ့်

ငါးမိနစ်အချိန်တွင် ရထား ဆိုက်ရောက်ခဲ့သည်။ ထိုမှ တဆင့် မိဘများရှိရာ ပျဉ်းမနားမြို့လေးသို့ ဆိုင်ကယ်

ကယ်ရီ ဖြင့် ရောက်ရှိခဲ့ပါသည်။ အိမ်နားသို့ရောက်သော အခါ  အိမ်သို့ လှမ်းကြည့်မိသောအခါ တံခါးက ပိတ်လျှက်။ `မေမေတို့ ဖေဖေ တို့ အိပ်နေပြီနဲ့တူတယ်´ စိတ်က ရေရွတ်ရင်း တံခါးခေါက်၍ ခေါ်နိုးလိုက်သည်။

            `မေမေ….မေမေ..´

`အပြင်က ဘယ်သူလဲ…..´

                                                                                                            ကျွန်တော်နှင့်ကြည်ဖြူ (၆)  

 

`မေမေ..သားပါ…သားကျော်ကျော်ပါ´

`သား….မိုးချုပ်လိုက်တာကွယ်…ဘာနဲ့လာတာလဲ…ကားနဲ့လား….´

`မဟုတ်ဘူး မေမေ…ရထားနဲ့ပါ…..ဒါနဲ့ ဖေဖေ ရော….´

´မင်းအဖေ ..ဒီည ဂျူတီ ကျတယ်လေ…အဲဒါနဲ့ ရုံးမှာသွားအိပ်ရတယ်..´

´အမေ့ မြည်းက အိပ်နေလိုက်တာ သိုးနေတာပဲ´

´အေး…မင်းတူက လဲ ဘာဆော့သလဲ မမေးနဲ့ တစ်နေကုန် ကျောင်းမှာလဲ ဆော့ အိမ်ရောက်တော့လဲဆော့

တကယ် တကယ် လက်လန်တယ်…´

`သြော်…မေမေရယ်….ကလေး ပဲ…ဆော့မှာပေါ့´

`မင်း မရှိလို့ ..မင်းဆိုရင် ဒီကောင်ကကြောက်တယ်လေ…´

ဟုတ်တော့လည်းဟုတ်ပါသည်။ အမသား အကြီးကောင်က အမတို့နှင့်မနေ ဘိုးအေဘွားအေနှင့်နေသည်။

`ဟဲ့..သားငယ်…မင်း ထမင်းစားပြီးပြီလား…´

`မစားသေးဘူး…..´ ´မစားချင်သေးဘူး မေမေ ရေ အရင်ချိုးလိုက်ဦးမယ်´

´ဒါဆို လည်း မြန်မြန်လုပ် မိုးချုပ်နေပြီ ဖျားနေဦးမယ်..`

            `ဟုတ်ကဲ့…´

ရင်ထဲမှာတော့အလိုလို နွေးထွေးသွားသလို ခံစားရသည်။ မိဘ ရင်ခွင်ပြန်ရောက်လာသလို လုံခြုံနွေးထွေးနေ၏။

ရေ မြန်မြန်ချိုးလိုက်ပြီး..သားအမိနှစ်ယောက် စကား လက်ဆုံကြခဲ့သည်။ ထို့နောက် အိပ်ရာထက်တွင် ခရီးပန်း

လာသော ကြောင့်နှစ်နှစ်ချိုက်ချိုက် အိပ်မော ကျသွားခဲ့သည်။ မနက်ရောက်တော့ တူ ဖြစ်သူ က တံမြက်စီးကို

ဂစ်တာလုပ်ပြီး..သီချင်း အော်ဆိုနေပါတော့သည်။

            `ဟဲ့ ကောင်လေး…နင့်ဦးကျော်နိုးသွားဦးမယ်လေ…ဘယ်လိုလုပ်ပြီး အော်နေတာလဲ´

အမေ့ အသံကို အိပ်ရာထဲတွင် ကြားနေရသည်။ ထို့နောက်…တူဖြစ်သူက

            ` ဦး ကျော်….ဦးကျော် ထတော့….ဒီမှာ ရှစ်နာရီထိုးနေပြီ…လိမ်မာတယ်ထနော်..

မနက်စာစားရအောင်´ ကျွန်တော့်အား ကလေး ပုံစံမျိုးဖြင့် နှိုးပါတော့သည်။ ကျွန်တော်တူလေးမှာ ငယ်ငယ်

ကတည်းက မေမေတို့နှင့် အတူနေခဲ့သောကြောင့် မမထက် မေမေ့ကို ပိုခင်တွယ်သည်။သို့သော် မမ နေပြည်

တော်သို့ရောက်သောအခါများတွင် မမနားတွင်သာနေသည်။ သွေးက စကားပြောသည်ပဲလေ။ နေပြည်တော်သို့

ရောက်တိုင်းကျွန်တော်သည် အိမ်ကပ်သည်ဟူ၍ မရှိပေ။ပျဉ်းမနားမြို့ထဲတွင်ရှိသော ညီအစ်ကို ၀မ်းကွဲ များအိမ်

သို့ ရောက်ဖြစ်တိုင်းသွားသည်။ယခုလည်း မနက်စာ စားပြီးသည်နှင့် အစ်ကို ကြီးအိမ်ရှိရာ`ဘိုးတော် အောင်မင်း

ခေါင်းလမ်း´သို့ သွားရန် ဟန်ပြင်နေပါတော့သည်။

            “နေပြည်တော်”

ယခင်က   ဤနေပြည်တော် ဟု ဆိုအပ်သော နေရာများတွင် တောတောင် ခြုံနွယ်များနှင့် ပြည့်နှက်နေသည်။ ပျဉ်းမနား မြို့လေး၏ ဘေးပတ်ပတ်လည်တွင် ပျဉ်းမနားမြို့လေးအား ရွာများဖြင့် ၀ိုင်းရံထားသည်။ ယခုအချိန်

တွင်တော့ ဖြောင့်ဖြူးသော လမ်းများ၊ ကြီးကျယ်ခန်းနားသော အဆောက်အဦးများနှင့် စူပါ မားကပ်များ၊ထွန်းလင်း

တောက်ပနေသော လမ်းမီးများမှာ အံ့မခန်းလောက်အောင်ကိုပင် ပြောင်းလဲခဲ့သည်။ ဖြတ်သန်းနေသော အချိန်

များကြားတွင် အရာရာသည် ပြောင်းလဲဖြစ်ပေါ်လျှက်ရှိနေပါသည်။ ယခုလည်း ကျွန်တော်သည် နေပြည်တော်

တိုင်း ပျဉ်းမနားမြို့လေးသို့ ရောက်နေသည်။ ယခင်က ဆို မနက်မိုးလင်းတိုင်း ကြားနေကြ အသံများ မကြားရပေ။

တောင့်တမိလာသည်။ လွမ်းဆွတ်မိလာသည်။ သနပ်ခါးသွေးသံ၊ လမ်းလျှောက်သံ၊ သီချင်း ဆိုညည်းသံ၊

စကားပြောသံများ ကို ကြားချင်နေမိသည်။”ကြည်ဖြူ”ရယ်..”ကိုယ်မင်းကို သိပ်လွမ်းတာပဲ..မင်းလေး..ကိုယ့်ရင်

ထဲက ခံစားချက် ဒဏ်ရာတွေကို မြင်ရင် သိပ်ကောင်းမှာပဲ….အခုတော့..ကိုယ်တစ်ယောက်တည်း..လွမ်းနေရ

                                                                                                            ကျွန်တော်နှင့် ကြည်ဖြူ(၇)

 

တယ်…ကြည်ဖြူရယ်…” မဆီမဆိုင် ကြည်ဖြူသည် နှလုံးသားကို ခံစားစေဖို့ အတွေးအာရုံထဲသို့ရောက်လာသည်။

မေ့ပျောက်သွားမလားလို့ ခေါင်းကို တစ်ချက် ခါးရမ်းပစ်လိုက်သည်။ထို့နောက် အစ်ကိုကြီး အိမ်ရှိရာ သို့ထွက်လာ

ခဲ့ပါတော့သည်။

            နာမည်က “ဟန်နိုင်ဦး”။ အမေ့ အမ ၏မွေးချင်း လေးယောက်တွင် အကြီးဆုံး အားအကိုးရဆုံးဖြစ်သည်။

သူသည် အိမ်ထောင်သည် ဖြစ်ပြီး သားသမီး သုံးယောက်ရှိသည်။ ကျွန်တော်ရောက်သည်နှင့် ညီအစ်ကိုတွေ စနေ နောက်နေကြ အတိုင်း ရယ်ရယ်မောမော ဖြင့်

            “ရန်ကုန်သားကြီး….မျက်စေ့လည်လာတာလားကွ”

“ဟဟ…အစ်ကိုကြီးကလဲ..ဘယ်က မျက်စိလည်ရမှာလဲဗျ…အစ်ကိုကြီးတို့ကို သတိရလို့ လာလည်တာလေဗျာ”

“အပိုတွေ ပြောမနေနဲ့ ဟိတ်ကောင်..မင်းအကြောင်းမသိရင်ခက်မယ်…”

“ပျဉ်းမနားနဲ့ နေပြည်တော်မှာ ရှိတဲ့ ကုန်တိုက်တွေက ပစ္စည်းတွေ စစ်ဖို့ လာတာ အစ်ကြီးရ”

“’ဒါနဲ့ မင်း အဆင်ရောပြေလား”

“ပြေပါတယ် အစ်ကို..ဒီလိုပဲပေါ့…ရလိုက်..စားလိုက်ပဲ”

“ရလိုက်စားလိုက်လုပ်မနေနဲ့ ပိုက်ဆံကို ခြွေတာသုံးကွ မိဘကိုလဲ ပေးလေကွာ” ဟု ကျွန်တော့်အား ရောက်တုန်း

ဆုံးမပါတော့သည်။

            “ကိုဟန်နိုင်ဦး”သည် ပညရေးတွင် ကံမကောင်းခဲ့သော်ငြားလဲ စီးပွားရေးတွင်တော့ သူမတူအောင် ထူးခြားလှသည်။ ဈေးကွက် မြင်သည်။ လုပ်ရည်ကိုင်ရည်ရှိသည်။    ဤပျဉ်းမနားမြို့လေးတွင် ကွမ်းသီးဒိုင်၊

ကွမ်းသီးပွဲရုံထောင်ထားသူ ဖြစ်သည်။အစ်ကို၏ အိမ်သို့ရောက်တိုင်း ကျွန်တော်သည် ကာရာအိုကေ ဆိုနေကြ။

ညီအစ်ကိုတွေ အားလုံးကလဲ Rock နှင့် Pop ကို နှစ်သက်ကြသည်။ကျွန်တော်သီချင်းဆိုနေစဉ် အစ်ကိုကြီးက

            “ကျော်ကျော်ရေ့……တီးသွား စွဲရအောင်”

            “ ဟုတ် အစ်ကိုကြီး…လာပြီ”

ထိုသို့ဖြင့် ညီအစ်ကို နှစ်ယောက် လမ်းထိပ်သို့ထွက်လာခဲ့ပါသည်။

            “အစ်ကိုကြီး ကျွန်တော် ခဏနေရင် ပျဉ်းမနားက မားကပ် ကိုသွားလိုက်ဦးမယ်”

            “အေး ..သွားလေကွာ…လုပ်ငန်းကိစ္စပြီးအောင်လုပ်..နေ့လည်စာ ဒီမှာစား..မင်းမရီးဘာချက်မလဲ

မသိဘူး…မင်းပြီးတာနဲ့ ပြန်လာခဲ့ပေါ့….ဆိုင်ကယ်ယူသွား”

            “ ဆိုင်ကယ်တော့မယူတော့ဘူး ..ပျဉ်းမနားက ဆိုင်ကယ်တွေက ပေါက ပေါနဲ့ မျက်စိရှုပ်တယ်..

စီးနေကြမဟုတ်တော့..တိုက်မိမှာစိုးလို့”

            “ အေး…ဒါဆိုလည်း..မြန်မြန်ပြန်လာခဲ့”

“ဟုတ်ကဲ့ အစ်ကိုကြီး..ဒါဆို ကျွန်တော်သွားတော့မယ်နော်..”

အစ်ကိုကြီးအား နှုတ်ဆက်ရင်း..အလုပ်ကိစ္စ အတွက် ထွက်လာခဲ့ပါတော့သည်။ ပျဉ်းမနားမြို့လေးသည် ဆိုင်ကယ် စက်ဘီးများ ပေါသည်။လိုင်စင်မဲ့ ဆိုင်ကယ်များမှာလည်းမောင်းနှင်နေကြသည်။အခန့်မသင့်ပါက

မော်တော်ပီကယ် ၏ ဖမ်းဆီးခြင်းကို ခံရသည်။မားကပ်တွင် ပစ္စည်းစစ်ရင်း ကောင်တာ ပိုင်နှင့် လုပ်ငန်းကိစ္စ

စကားပြောပြီး ပြန်လာခဲ့ပါသည်။  ဤသို့နှင့် ပျဉ်းမနားမြို့လေးတွင် သုံးရက်မျှနေပြီး ရန်ကုန်သို့ ပြန်လာခဲ့ပါသည်။

            ခရီးပန်းသော ဒဏ်ကြောင့် ထိုနေ့ညရန်ကုန်သို့ ပြန်ရောက်သော ညတွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားလေသည်။ အိပ်မောကျနေသော စည်းစိမ်လေးကို ဖျက်စီးခြင်းခံလိုက်ရပါတော့သည်။အိပ်ချင်မူးတူး

နှင့် ထလိုက်ရတာ…တအား..အားနဲ့ အော်နေတဲ့ ကျီးစုတ်တွေကြောင့် အိပ်ချင်စိတ်ပျောက်..ဒေါသရောက်သွားရ

တာ…”ငါနော်…..အရင်တုန်းက ကလေး စိတ်နဲ့ဆို မလွယ်ဘူး…ဒီ ကျီးစုတ်တွေ လေးဂွစာ မိတော့မယ်”

ဟင်း…သက်ပြင်းချ…စိတ်ရှုပ်စွာနဲ့ မျက်နှာသစ်ရေချိုးမလို့ တံခါးဖွင့်လိုက်သောအခါ..

                                                                                                ကျွန်တော်နှင့်ကြည်ဖြူ(၈)

 

“အံမယ်…..ကြည့်စမ်း…အိမ်ရှေ့မှာ တောင် ပိတ်အိပ်နေလိုက်သေးတယ်…”

“ငါ့ဒေါသတွေ…ဟင်း…ဟင်း…ဟင်း…ကဲကွာ…”

“ဂိန်…ဂိန်…ဂိန်….” ပေစုတ်စုတ် ခွေးကို ဖနောက်နှင့်ပေါက်လိုက်ပြီး..ထိုပေစုတ်စုတ်ခွေးကတော့.ကျွန်တော့်ကို

ကြောက်လန့်ပြီးတော့ ပြေးလေရဲ့။”ရေချိုးပြီးတာနဲ့ ထမင်းပေါင်းအိုးလေးနဲ့ ထမင်းအိုးတည်…ပြီးတာနဲ့ ဒိုးမယ်ပေါ့”

ကိုယ့်အတွေးနဲ့ ကိုယ် Plan ချလိုက်တယ်…အိမ်ထဲသို့ ရောက်သောအခါ…

“ဟင်..ဆန်စေ့တွေ..ဟိုနားတန်းလန်း ဒီနားတန်းလန်းနဲ့..မွစကို ကျဲနေပါရော့လား..”

“ ဟိုက်….ဘယ်လို ဖြစ်တာပါလိမ့်”

“သြော်…လက်စသတ်တော့..ငါ့ဆန်အိပ်ကို ကိုရွှေကြွက်တွေ ၀င်မွှေထားပြန်ပေါ့”

“ ဟင်း…ငါနော်….အန်ကျိတ်လိုက်ပြီး”

“မင်းတို့လည်း သေပန်းပွင့်နေပြီပေါ့….ငါ့ကို စမ်းတာပေါ့လေ…”

“ကဲကွာ…ခေါင်းပြူတူတူဖြစ်နေတဲ့ ကြွက်စုတ်ကို ဘယ်ရမလဲ..နီးစပ်ရာ ဒန်အိုး အဖုန်းနဲ့ ကောက်ပစ်လိုက်ရာ”

“ ကိုေ၇ွှကြွက် ပြေးတာ တန်းနေတာပဲ”။

တော်ပြီ တော်ပြီ….မြန်မြန်သွားမှ ကြာရင် ဒေါသအိုးပေါက်ကွဲလိမ့်မည်။ထို့ကြောင့် အ၀တ်အစားလဲပြီး လမ်းထိပ်

ရောက်သော်….လိုင်းကားက မလာသေးပေ။ကျွန်တော်တို့ ရပ်ကွက်ကတော့ ကြုံတုန်းဖောက်သည်ချလိုက်ဦးမှ။

ဝမ်းရေးတောင်မနည်းဖြေရှင်းရတဲ့ သဌေးရပ်ကွက်ပေါ့ဗျာ..။သူဌေးဆိုလို့ ချမ်းသာသည်ဟု မထင်လိုက်ပါနှင့်။

ကျွန်တော်တို့ ရပ်ကွက်မှာ ရပ်လိုက်တဲ့ကားတွေက တက်လိုက်ပြီဆိုတာနှင့် ၂၀၀။ အကြောင်းပြချက်မရှိ။ တက်ချင် တက်မတက်ချင်နေ။

            “ဟော လာပါပြီဗျာ…၂၁၃ ကား။ အံမလေး..ပြောတော့ အထူးကားတဲ့တင်ထားလိုက်တဲ့သူတွေကလဲ

ထိုင်ခုံအပြည့်…မတ်တပ်ရပ်စီးတဲ့သူတွေကလည်း..နှစ်ယောက်ထပ်ပြီးတော့ စီးသလား”ဟုပင် ထင်ရသည်။

  “တော်ပြီ..တော်ပြီ…၂၀၅ ပဲစောင့်စီးတော့မယ်..”ဟု စိတ်ထဲတွေးလိုက်ပြီး ထိုကားအားစောင့်နေခဲ့ပါသည်။

သူက ၁၀၀။ဟိုနားဒီနား ၅၀ပေါ့ဗျာ။ စီးပျော်ပါသည်။  ဤသို့နှင့်”ဘားလမ်း ဆူးလေ သံဗုဒ္ဓေ” ဆိုပြီး

“ဆင်နှစ်ကောင် ဖင်ထောင်ပြီး ကလို့ရတယ်” ဆိုပြီး အတင်းထိုးတင်ပါလေတော့သည်။ ကျွန်တော်လည်း

“ငပိ..ငချည်..သိပ်သလို” စပါယ်ယာတွန်းရာနောက် ရောက်ရောပေါ့ဗျာ…

”ဟွန်း”

“ ဒီလောက် ကျပ်ပိတ်သပ်နေတာကို ဆင်နှစ်ကောင် ဖင်ထောင်ပြီး များတောင် ကဦးမတဲ့”

“ အမလေး…ဘုရား..ဘုရား…”

စောစောတုန်းက ရေချိုးထားသော ကျွန်တော့်ခန္ဓာကိုယ်လေး သန့်လို့ပေါ့ဗျာ…အခုတော့ ချွေးတပြိုက်ပြိုက်နှင့်

လူပိမသေအောင် စွန့်စားခန်း ရိုက်နေရပြီ….ကိုယ်ပိုင်ကားမစီးနိုင်တုန်းတော့အားတင်းထား ကျော်ကြီးရေ့….

ဒီလိုနှင့်…ကားပေါ်လည်းရောက်ရော….စပါပြီ..စပါယ်ယာရဲ့ဝါဒီတွေ

            “ ခရီးသည်ချင်း ကိုယ်ချင်းစာပါ..ဘေးဘယ်ညာ တိုးစီးပါဗျ….ကျွန်တော်တိုးမှ တိုးတယ်မပြောနဲ့”

စပါယ်ယာကလဲ တစ်လမ်းလုံးနားငြီးမတတ် ပြောလာတာ..ကျွန်တော်ဆင်းမည့်မှတ်တိုင် ဘားလမ်းသို့ မြန်မြန်

ရောက်ပါစေ ဟုသာ ဆုတောင်းနေမိတော့သည်။ ကျွန်တော်က မတ်တပ်ရပ် ပေါ့ဗျာ…ကျွန်တော့်ရှေ့မှာထိုင်နေ

တာကတော့ ပွင့်နှင့် အမျိုးတော်သလားမသိတဲ့ ခပ်၀၀ အမျိုးသမီးတစ်ယောက်…

            “ကဲ….လမ်းလေးဆယ်..ပန်းဆိုးတန်း…ဘူတာကြီး..ကုန်တိုက် ဆင်းမှာ ပြင်ထား”

ဆိုတဲ့ စပါယ်ယာသံ အဆုံးမှာ..မယ်မဒီ ၀က်မကြီးက ဆင်းမည့် ဟန်ပြင်ကာ..ထရပ်လိုက်ပြီး..တန်းကို ကိုင်ထား

လျှက် ရှေ့သို့ တိုးလာပါသည်။မှတ်တိုင်လဲ ရောက်ရော..ဒရိုက်ဘာ၏ လက်စွမ်း ပြ ဘရိတ်အုပ်ချက်က

            “ ကျွီ……ကျွီ..”

                                                                                                ကျွန်တော်နှင့် ကြည်ဖြူ(၉)

 

လူအများ…ဟန်ချက်ပျက်ကာ ယိုင်ကုန်ကြပါလေရော့။ ထိုမယ်မဒီလည်း ဟန်ချက်ပျက်သွားတယ်ထင်ပါရဲ့..

            “အံမယ်လေး….”

            “ဗျစ်….ဗျစ်..”

“ ဟင်…ဘာသံပါလိမ့်” သေချာ နားစွင့်နေပေမဲ့ နောက်တပ် အသံထွက်မလာတော့ပါ။

            “ဟွန်း….ဝေါ့…..ဝေါ့…” ပျို့တက်လာပါတော့သည်။ တော်တော် ဆိုးလိုက်တဲ့ Smell ဗျာ…။ ဘေးဘီဝဲ

ယာက လူတွေ ကျွန်တော့်အား ကွက်ကြည့်ကွက်ကြည့်နှင့်။

    “ဟာ….မဟုတ်ဘူး…မဟုတ်ဘူး…ကျွန်တော်မဟုတ်ဘူးဗျ”

“ဒီ ၀က်မ ပေါက်တာဗျ..”

“ င့ါနှယ်နော်…စိတ်ပျက်လိုက်တာ…” အားတင်းထား ကျော်ကြီးရေ့…ရှေ့ဆို ဘားလမ်းရောက်တော့မယ်..

ဝက်မကတော့ သူမဟုတ်သလိုပဲ… ခပ်တည်တည်ပုံစုံဖြင့် ဆင်းသွားလေရဲ့။ ဒီလိုနှင့် ကျွန်တော်လည်း ခပ်တည်

တည် နေလိုက်ပြီး တံခါးဝနား တိုးသွားလိုက်ပြီး ဘာားလမ်း ဆင်းရန် ဟန်ပြင်လိုက်ပါတော့သည်။

“ကဲ…ကဲ….ဘားလမ်းဆိုတာ ရောက်ပါပြီဗျာ…”

ကျွန်တော်လည်း ဆင်းချင်ဇောနဲ့ ဆင်းလိုက်ရာ….အနောက်မှ မိန်းမ ကြီးက ကျွန်တော့်ပုဆိုးစကို တက်နင်းထားတာ သတိမပြုမလိုက်မိဘူး…

“ ဟိုက်…..သွားပြီ….ကျွတ်ပြီ…ကွဲပြီ….ငါ့အရှက်တွေ ကွဲကုန်ပြီ…သွားပါပြီဗျာ…”သို့ပေမဲ့…ကမန်းကတမ်းစွဲတင်

လိုက်ပြီး…ဘယ်သူမှ မမြင်လောက်ပါဘူး…ဟဲဟဲ….ကျွန်တော်လဲ…ရှက်စိတ်ဖြင့် သုတ်သုတ်နှင့် အပြေးလျှောက်

လာခဲ့ပါတော့သည်။ “ဟူး…….အခုမှ ပဲ လေကောင်းလေသန့်ရတော့တယ်…” ၀က်မ အကြောင်းပြန်စဉ်းစားရင်

Smell က အခုထိ စွဲနေတုန်း…..    “နံလိုက်တာ….” အခုတော့ကျွန်တော် လေကောင်းလေသန့် ရှူနေပြီ….

“ဟီး..ဟီး….” ဘယ်သူ မြင်လိုက်လဲ မသိဘူး…” တစ်ယောက်တည်း တွေးရင်းနှင့် ပစ္စည်းဝယ်ရန် မြို့ထဲသို့

ထွက်လာခဲ့ပါတော့သည်။

            “ကြည်ဖြူ”နှင့် ကျွန်တော်သည် မျက်နှာချင်းတော့ဆိုင်ဖူးသည်။ သို့သော် ရင်းရင်းနှီးနှီး တော့စကား

မပြော ဖြစ်ခဲ့။ တစ်ရက်တွင်တော့ “ ဟိုဘက်က……”.။

            ကြားတော့ကြားနေရသည်။ကျွန်တော့်ကို ပြောမှန်းမသိပေ။ နောက်တစ်ခါ “ဟိုဘက်က မီးလွတ်နေလို့

ပြန်လုပ်ပေးပါဦး” ဟု ကျွန်တော့်အား လှမ်းပြောသံကို ကြားနေရသည်။

            “သြော်….ဟုတ်ကဲ့…ကျွန်တော်အခုလုပ်ပေးပါ့မယ်” ဟုပြန်ပြောရင်း

လွတ်နေသော မီးခလုပ်အား ပြန်တပ်ပေးရသည်။ ကြည်ဖြူ တို့ အိမ်သို့ လျှပ်စစ်မီးအား ကျွန်တော့်အိမ်ဖက်မှ သွယ်တန်းထားခြင်းဖြစ်သည်။ မီးအားအရမ်း နည်းသော နေ့များတွင် ကျွန်တော်သည် မီးအားမြှင့်စက့်ဖြင့်

မီးအား တင်ပေးနေကြ။  ဤသည်မှာကျွန်တော်စိတ်ရင်း အမှန်ပင်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ကြည်ဖြူ

သည် စာကျက်ရန် ထိုမီးအားအနည်းငယ်နှင့်မရပေ။မျက်စိပျက်သွားနိုင်သည်။ ထို့ကြောင့် ကျွန်တော် လုပ်ပေး

ခြင်း ဖြစ်သည်။ တကယ်တော့ ဖြစ်နိုင်လျှင် ကျွန်တော် ကြည်ဖြူ့အား ထာဝရအတွက် အလင်းရောင်ကို ပေးစွမ်း

ချင်ခဲ့မိသည်။သို့သော် မတိုက်ဆိုင်ခဲ့။ ဘယ်သောအခါမှ တိုက်ဆိုင်ရပါ့မလဲ “ချစ်ရသူ ကြည်ဖြူရယ်…”။

           

“ဘုရားစာ ရွတ်ဆိုသံ”

ထိုစဉ် ကျွန်တော် အိပ်ရာထဲတွင် ရှိနေသေးသည်။ ကြည်နူးဖွယ်ရာ အာရုံမနက်ခင်းလေးမှာ ကြည်ဖြူ

ရိုသေစွာ ဘုရားဝတ်ပြုသံကို အတိုင်းသား ကြားနေရသည်။ သေချာ နားစွင့်နေမိသည်။ ထို့နောက် မီးမွှေးပြီး

ထမင်းအိုးတည် နေသည်ထင်ပါ၏။ “ကြည်ဖြူ” သည် လှပသေ မနက်ခင်းလေးကို ဖော်ဆောင်ပေးနေသလိုပင်။

ကျက်သရေရှိလှ၏။ မိန်းမပီသပါပေတယ် “ကြည်ဖြူ ရယ်…” စိတ်ထဲမှ တိတ်တိတ်လေး ချီးကြူးမိလိုက်ပါသည်။

                                                                                    ကျွန်တော်နှင့် ကြည်ဖြူ(၁၀)

 

            ယနေ့ ကျွန်တော်တို့ ရုံး အဖြစ်ရပ်တည်နေသော ကျောက်မြောင်း သီတာလမ်း ခုနှစ်လွှာတိုက်လေးမှာ

နှစ်စေ့ရန် ရက်အနည်းငယ်သာလိုသည်ကို သိရှိလိုက်ရသည်။ ပိုင်ရှင်မှာ ဆက်မငှားတော့ပေ။ အိမ်ခန်း ပြန်အပ်

ရန် ရက်က နီးလာပြီဖြစ်သောကြောင့် သိမ်းဆည်းစရာများကို အသင့် သိမ်းဆည်းထားရန် ဟန်ပြင်ရတော့သည်။

ရက်ပြည့်ပါက “ညီထွေး” ၏ မိဘများ နေရာ ၁၄၉ လမ်း အိမ်သို့ ပြောင်းရွှေ့ကာ လုပ်ငန်း ပြန်လည် လုပ်ကိုင်ရ

မည်။သို့သော်…ညီထွေး၏ ဖခင်မှာ ကျွန်တော်တို့ လုပ်ငန်းအားသဘောကျပုံမရပေ။ ညီထွေးက လဲ စိတ်ကဆတ်

သည်။ ထင်ရင်လုပ်မည်။ ထို့ကြောင့် ဖခင်နှင့် သိပ်မတည့်ပေ။ အမှန်တကယ်တော့  ဤလုပ်ငန်း ထူထောင်ကာစ

တွင် ကျွန်တော်တို့ သူငယ်ချင်းများ ဆုံဆည်းမိပြီး ထူထောင်ခဲ့ကြခြင်းဖြစ်သည်။ကျွန်တော်၏စိတ်ရင်းမှာပျော်ပျော်

နေချင်သည်။စိတ်မညစ်ချင်ပါ။ထို့ကြောင့် သူငယ်ချင်းလဲဖြစ် လုပ်ငန်းကို လည်းဝါသနာပါသောကြောင့်  ဤလုပ်

ငန်းအား စိတ်ပါဝင်စားစွာ ဖြင့် လုပ်ကိုင်ခဲ့သည်။ လစာ မယူခဲ့ပါသော်လည်း ညီထွေးသည် အပြန်အလှန်နားလည်

မှုဖြင့် ကျွန်တော့်အား ဖေးမကူညီခဲ့သည်။  ဤသို့နှင့် ၁၄၉ လမ်း အိမ်လေးသို့ ပြောင်းရွှေ့ခဲ့သည်။

            ဒီနေ့ နှလုံးသား အား အနာတရ ဖြစ်စေသော အကြောင်းအရာ တစ်ခု ကျွန်တော့်ရင်တွင်းသို့ ထိုးစောင့်

ဝင်ရောက်ခဲ့ပါသည်။ ထိုအရာသည် ကျွန်တော့်အား ကြည်ဖြူနှင့် ကမ္ဘာတစ်ဖက်ခြားဝေးလွင့်သွားအောင် ဖန်တီး

ပေးနေသလိုပင်။ ၀မ်းနည်းစိတ်နှင့်အတူ နာကျင်ခဲ့ရသည်မှာ ကြည်ဖြူ့ အိမ်တွင် ကျွန်တော်နှင့် သက်တူရွယ်တူ

လောက်ရှိသော ကောင်လေးတစ်ယောက် ရောက်နေသည်။ ကြည်ဖြူသည် ထိုကောင်လေးနှင့် စကားတွေဖလှယ်

နေသည်။ သူတို့နှစ်ယောက် မည်မျှ လောက်ရင်းနှီးသည်ကို ကျွန်တော်မသိနိုင်ပါ။ ထို နေ့ ညက ကျွန်တော် နေလို့

ထိုင်လို့မရပါ။ ကြားနေရသော အသံများသည် ကျွန်တော်နှလုံးသားကိုနာကျဉ်သော ဆူးနှင့် ထိုးနေသလိုပင်။

ကျွန်တော်တွေးကြောက်မိပါသည်။ ကြည်ဖြူ့ ကို ကျွန်တော်ချစ်ပါသည်။ မည်သို့သော အကြောင်း တစ်ခုခုကြောင့်

နှင့်မျှ မဝေးစေလိုပါ။ သို့သော် ကျွန်တော်သည် ရုတ်တရက် နာကျဉ်ကြေကွဲမှုကို ချိုမြိန်စွာ ခံစားလိုက်ရပါသည်။

            ထို့နောက် နောက်နေ့ရက်များတွင် ကျွန်တော်ကြားသိလိုက်ရသည်မှာ “ကြည်ဖြူ”သည် ရည်ရွယ်သူ

ရှိနေသည်တဲ့။ ကျွန်တော်အသက်မဲ့သွားရပါသည်။ကျွန်တော့်ရင်တွင်းထက်က နှလုံးသားအက္ခရာကို အခု အချိန်

ထိ ကြည်ဖြူ အား ကျွန်တော် ပြသခွင့်မရခဲ့ပေ။ သို့သော် ကျွန်တော်ဖြေသိမ့်လိုက်မိသည်။ ပတ်ဝန်းကျင်စကား

ဆိုတာ မှန်တာမှမဟုတ်ပဲ။ သိမ်ငယ်ကြေကွဲနေသော စိတ်တစ်ခုကို အားပြန်တင်းမိပါသည်။ သို့သော် ရင်တွင်း

တိတ်တိတ်လေး  မျက်ရည်စက်လတ်ပေါ့…….

            နောက်ရက်များတွင် ကျွန်တော်တစ်ယောက် နေလို့မပျော်ပါ။ ထိုင်းမှိုင်းလေးလံသော စိတ်များက ကျွန်တော့်အား ဒဏ်ရာ ရစေခဲ့ပါသည်။ ရည်းစားလူလု၊ အူနု ကျွဲ ခတ်ဆိုရလောက်အောင်ကိုလည်းကျွန်တော်နှင့်

ကြည်ဖြူ သည် လက်တွေ့တွင် သမီးရည်းစားလည်းမဟုတ်ပေ။ ကျွန်တော်က သာ တစ်ဖတ်သတ် တိတ်တခိုး

စွဲလန်း ၍သာ ချစ်နေခဲ့ပါသည်။ သူမသည် တကယ် မသိခဲ့ပါချေ။ ရုံးတွင် ကျွန်တော့်ရင်တွင်းမှ ဒဏ်ရာအား

ကွန်ပျူတာဖြင့် စာစီရိုက်ကာ Video Slide Show တစ်ခွေ ပြုလုပ်ခဲ့ပါသည်။ ထို video အခွေထဲတွင်ခံစားချက်

ကဗျာများပါဝင်သည်။ ထို Video အခွေအား သူမ အား ပေးဖို့ ကြံရွယ်ခဲ့ပါသေးသည်။ သို့သော် ယနေ့ အချိန်ထိ

ကျွန်တော်မပေးဖြစ်ခဲ့ပါ။ သီချင်းအခွေ တစ်ခွေသာ လက်ဆောင် ပေးဖြစ်ခဲ့ပါသည်။

            “ကြည်ဖြူရယ်..ငါလေ..မင်းကို အရမ်းချစ်တယ်… မင်းဘာလို့ ..ငါ့နှလုံးသားထဲက ဖြူစင်တဲ့ ချစ်ခြင်း

မေတ္တာတွေကို မမြင်တာလဲဟင်”

 တစ်ယောက်တည်း အရူးတစ်ယောက်လို ကျွန်တော် သိမ်ငယ်ကြေကွဲမိသည်။ ကျွန်တော်သူမအား..ဖွင့်မပြော

ရဲပါ.။ သူမ မုန်းမှာ ကြောက်သည်။ သူမနှင့် အနေဝေးမှာလဲ စိုးရွံသည်။ ထို့ကြောင့် ကျွန်တော့်နှလုံးသားမှာ အနာ

တရ အခါခါ ဖြခ်ခဲ့ရသည်။ အချစ်ဆိုတာ လည်း တကယ်တော့ ဆန်းကြယ်သည်။ မြတ်နိုးစွာ ချစ်နေလျှက်နှင့် ဖွင့်

ဟ မပြောရဲခဲ့။ ထိုသည်မှာ ကျွန်တော် ညံ့ သည်တော့မဟုတ်ပေ။ ကျွန်တော် မ၀ံ့ မရဲ ခြင်းသာ ဖြစ်သည်။ ချစ်ရဲ့

လားလို့တော့ မမေးလိုက်ပါနှင့်။ အရမ်း အရမ်းချစ်ပါသည်။ မြတ်နိုးလွန်းလို့ တိတ်တဆိတ် ခိုးခိုး ကြည့်ခဲ့ရ သည်။

                                                                                                ကျွန်တော်နှင့် ကြည်ဖြူ (၁၁)

 

            “ ချစ်ရသူရယ်…..

             စို့နစ်လို့ အငိုမျက်လုံးတွေ တစ်စစီ

            ကြွေကျခဲ့ပါပြီ….

            ဒဏ်ရာက နက် အစွမ်း မထက်လို့

            အခါခါ နာကျဉ်ရင်း

            ရှုံးနိမ့်သွားတဲ့ နေ့ရက်တွေမှာ

            ခဏခဏ ပြန်ထခဲ့ရတယ်..

            ဖေးမသူရယ် မင်းမရှိ

            တစိမ့်စိမ့် တွေးတိုင်းသာ

            ငိုချင်မိတယ်.

            တိတ်တခိုး ငါချစ်လို့

            ပြတ်လို့ ဆွေးမှာ စိုးမိတယ်….။ ။

 

ကျွန်တော်မခံစားနိုင်တော့ပါ။ ထို့ကြောင့် ကဗျာတစ်ပုဒ် ရင်ဖွင့်မိပါသည်။တစ်ရက်တွင်တော့ နယ်မှ “ကြည်ဖြူ”၏ အဒေါ်ဖြစ်သူ ရောက်လာလေသည်။ နောက်နေ့မနက်ခင်းတွင် ကျွန်တော်အိပ်ရာမှ နိုးချိန် ကောက်ညှင်းထုတ်လာ

ပေးလေသည်။ သူမ ၏ အဒေါ်ပါလာသည်ထင်ပါ၏။တကယ်တော့ “ကြည်ဖြူ”သည် ကျွန်တော်ထက် လေးနှစ်ငါး

နှစ် လောက်ငယ်သည်။ သို့သော်”ကြည်ဖြူ”သည် အသက်အရွယ်နှင့်မမျှ အောင်သူမသည်အသိကြွယ်ဝလှသည်

ဟု ထင်မိသည်။မည်သို့ပင် ဆိုစေကာမူ သူမသည် ကျွန်တော့်အတွေးထဲသို့ မကြာခဏဆိုသလို ၀င်ရောက်လာ

လေ့ရှိသည်။ ကျွန်တော်မထိန်းချုပ်နိုင်ပါ။ ရူးသွပ်မိသည်။

            ယနေ့ သူမ အပြင်သို့ စာသွားသင်သည် ထင်ပါ၏။ သူမ အ၀တ်အစားဝတ်ထားပုံနှင့်အပြင်အဆင်များမှာ

ရိုးစင်းလှသည်။ မြန်မာမိန်းကလေး ပီသလှသည်။ထိုနေ့က သူမသည် အဖြူပေါ် အမဲစက်ကလေးတွေပါသော

ဘောလုံး ပြောက် ၀မ်းစက်ကို ၀တ်ထား၏။ ခဏတာမျှ သူမ အလှထဲတွင် နစ်မွန်းသွားမိပါသည်။ ညှို့ယူအား

ကောင်းလှသည်။ ဘာ့ကြောင့်မှန်း မသိပါ။ သူမနှင့်တွေ့ရချိန် စကားပြောမိချိန်တိုင်း ကျွန်တော် ရင်ခုန်မိပါသည်။

ညပိုင်းတွင်တော့ သူမသည် မိခင်ဖြစ်သူနှင့် ကျောက်မြောင်း ရှိ တရားပွဲသို့ လိုက်ပါ ၍ တရားသွားနာခဲ့သည်။

ဦးကောသလ္လ တရားပွဲဟုသိရသည်။ယခင် ကျွန်တော်ကျောက်မြောင်းမှာ နေစဉ်အခါက အမြဲလိုလို တရားနာဖူး

သည်။ ထို ဆရာတော်သည် ကျွန်တော့်အကြိုက်ပင် ။အကြောင်းအရာတစ်ခုကို ပွင့်ပွင့်လင်းလင်း မြင်သာအောင်

ဟောနိုင်ပြော နိုင်သော ဆရာတော် ဦးကေသလ္လအား ကြည်ညိုလေးစားမိသော ကျွန်တော့် အဖို့ ကြည်ဖြူ တရား

သွားနာသောကြောင့် စိတ်ထဲတွင် အလိုလို ကျေနပ် မိသည်။ ထိုနေ့ညတွင် ကြည်ဖြူတို့ သားအမိ အိမ်ပြန်နောက်

ကျသည်။ ည ဆယ့်တစ်နာရီ ကျော်ကျော်လောက်တွင် သူမတို့ ပြန်လာခဲ့သည်။ ကြည်ဖြူအား မသိစိတ်တွင်

မျှော် မိသော ကျွန်တော်သည်လည်း သူမတို့ ရောက်ချိန်တွင် စိတ်ချလက်ချ အိပ်လိုက်ပါတော့သည်။

            အချိန်က ဘာလိုလိုနှင့် သင်္ကြန်နားသို့ တဖြည်းဖြည်း နီးကပ်လာလေပြီ။ ရာသီဥတုကလဲ ပူပြင်းသည်။

ရံဖန်ရံခါ တွင်မှ ပူအိုက်မှု သက်သာရာရသည်။ ထိုနေ့ရက်များတွင် ရုံး ၌ အလုပ်ဟူ ၍ သိပ်မရှိပေ။ သင်္ကြန်နီးပြီ

ဖြစ်သောကြောင့် Promotion အတွက် Order များလဲ ပြုလုပ်ပြီးပြီဖြစ် ၍ အလုပ်သိပ်မရှိပေ။ ထို့ကြောင့် သင်္ကြန်

မတိုင်ခင် နှစ်ရက်တွင် ညီထွေးနှင့် ကျွန်တော်သည်

            “ကျော်ကြီး..သင်္ကြန် ဘာလုပ်မှာလဲ….မင်းရိပ်သာဝင်မှာလား..” ခါတိုင်းလိုပဲ နောက်ပြောင်ပြီးမေးခြင်း

ဖြစ်သည်။

            “မ၀င်ပါဘူးကွာ….အိမ်မှာပဲကိုယ်တတ်နိုင်သလောက်တော့ ကုသိုလ်ယူမယ်လို့ စဉ်းစားထားတယ်”

                                                                                                ကျွန်တော်နှင့် ကြည်ဖြူ(၁၂)

 

“ဟာ..မင်းကလဲ….၀င်ပါကွ….မင်းဝင်မယ်ဆိုရင်…ငါအစစအရာရာ တာဝန်ယူတယ်..ဟဲဟဲ..ဟဲ..”

“မ၀င်ပါဘူးဆိုကွာ….မင်းပဲဝင်….”

“ငါကတော့ ဆွေဒီမှာ ဘီယာသွားသောက်မယ်.. နောက်ဆုံးတစ်ရက်ပဲလည်မယ်..”

“အေး..ငါကတော့ အိမ်မှာပဲ နေမယ် ဘယ်မှ မလည်ဘူးကွာ…” ထို့နောက် ညီထွေးကို နှုတ်ဆက်ရင်း ကျွန်တော့်

အိမ်သို့ ပြန်လာခဲ့ပါသည်။

            ကောင်းကင် ၌ ယခင်နှစ်များကဲ့သို့ တိမ်ညိုတိမ်စိုင် မဲများမရှိပါ။ လူတွေ၏ ဒေါသ မောဟ မာန်မနများရှိ

သကဲ့သို့ ရာသီဥတုပင်လျှင် ဖောက်ပြန်ပြောင်းလဲနေသည်လား မသိပါတော့ချေ။နေကလည်းချစ်ချစ်တောက်ပူ

လွန်းလှသည်။ သို့သော် လူအများမှာ စားဝတ်နေရေးအတွက် ထို ပူလောင်မှုကို ပင် မရှောင်။ ကျောပူခံကာ စား

ဝတ်နေရေး အတွက် ရုန်းကန်လှုပ်ရှားရရှာလေသည်ကို မြင်တွေ့မိတိုင်း ကိုယ်ချင်းစာမိသည်။ သူများကိုသာကိုယ်

ချင်းစာ မိပြီး..ကိုယ့်ကိုကိုယ်ပြန်သုံးသပ်မိတော့ ပို ၍ပင်သနားစရာကောင်းနေလေသည်။ အလုပ်နှင့်ပတ်သက်လို့

အဆင်ပြေသည်။ စားဝတ်နေရေး အတွက်လည်း မပူရပေ။ သို့သော်အချစ်ရေးတွင် ကံခေနေသည်။ တိတ်တခိုး

ကျိတ်ပုန်း ဖြစ်နေသည်။ ထို့ကြောင့် သူငယ်ချင်းများ အတူဆုံသော ပွဲများတွင် တစ်ယောက်တည်း ချောင်ကပ်ရ

ပေါင်းများလှပြီ။ တစ်ခြားသူငယ်ချင်းများလို့လည်း မသောက်တတ် မစားတတ်။ သူများ အတွဲတွေလိုလည်း တွဲ

စရာက ချစ်သူ ရည်းစားက မရှိ။ ထို့ကြောင့်ပါတီလုပ်သော အခါတိုင်း သူငယ်ချင်း များအတွက် လိုအပ်တာ လုပ်

ပေးရင်း အပြင်းဖြေရသည်။ ကြာတော့ သူငယ်ချင်းများက စလာကြသည်။ နောက်လာကြသည်။

            “ဘယ်လိုလဲ  ဂေါ်မစွံ လူပျိုကြီးရဲ့…..တစ်ယောက်တည်းပဲ နေတော့မှာလား…လူပျိုကြီးလုပ်မှာလား”

“ ဒါမှ မဟုတ်လဲ ငါတို့ အတွဲ ယူပြီးရင် မင်းအိမ်မှာလာပြီးတော့ ကလေး လာထိန်းပေါ့ကွာ..ဟားဟားဟား။။”

ထို..ထို..သို့ သူငယ်ချင်းများသည် ကျွန်တော့်အား လှောင်ပြောင် ကြလေတော့သည်။ကျွန်တော့်အားနည်းချက်ကို

ကိုင်ကာ ရံဖန်ရံခါတွင် ဂေါ်မစွံဟု ခေါ်ကြတော့သည်။

 

            “သင်္ကြန်”

သင်္ကြန်ဆိုတာ ဘာလဲ လို့တောင် ပြန်မေးရမလိုပင်။ သင်္ကြန် နှင့် စိမ်းခဲ့တာ လေးငါးနှစ်မျှပင်ရှိလိမ့်မည်ထင်သည်။

တစ်နှစ်မှ မလည်ခဲ့ လျှောက်မသွားဖြစ်ခဲ့။ ယခုနှစ်တွင်လည်း ထိုကဲ့သို့ ဖြစ်မည် ထင်သည်။ ထိုသို့နှင့် သင်္ကြန်ရက်

သည် ကျရောက်လို့လာခဲ့ပါသည်။ ပထမရက် မလည်ဖြစ်ခဲ့ပါ။ တီဗွီ ကြည့်သည်။ ဂစ်တာ တီးသည်။ စာအုပ်ဖတ်

သည်။  ထို အလုပ်များနှင့် သင်္ကြန် ပထမရက်ကို ကုန်ဆုံးစေခဲ့သည်။ ကြည်ဖြူလည်း ဘယ်မှ မသွားပေ။သို့သော်

လမ်းထဲမှ ကလေး သူငယ်များ ရေကစားနေသည်ကိုတော့ ထွက်ထွက်ကြည့်တာ မြင်ရပါသည်။ သူမ လည်း ငယ်

ဘ၀ ကို ပြန်လည် လွမ်းဆွတ်နေသည် ထင်ပါ၏။ သူမ သည် သင်္ကြန် လည်ရမှာ ၀ါသနာမပါသည်လော။ ဒါမှ

မဟုတ်  အပေါင်းအသင်း လည်မည်သူ့မရှိသောကြောင့်လား မပြောတတ်ပါချေ။ သို့သော်…ကျွန်တော့်အတွေး

ထဲ၌ ကြည်ဖြူနှင့် ကျွန်တော်သည် သင်္ကြန်ကို ကြည်နူးစွာ လည်နေသည်။ တခဏတာမျှ ရူးသွပ်မိ၏။သို့သော်

ကျွန်တော် မရှက်ပါ။ ကျွန်တော်သူမ အား နှစ်နှစ်ကာကာ ချစ်မိပါသည်။ သင်္ကြန် နောက်ဆုံးနေ့ တစ်ရက်တွင်

တော့..ကျွန်တော့်သူငယ်ချင်း ဖြစ်သူ “သက်တင်စိုး” ဖြစ်သူသည် သင်္ကြန်လည်ရန်ကျွန်တော့်အားလာခေါ်ပါတော့

သည်။

            “ဟိတ်ကောင်…မင်းမလိုက်လို့မရဘူး..ငါ လည်း အခုမှ လည်ရတာ …ကျန်တဲ့ရက်တွေ အလုပ်ရှိနေလို့

မလည်ရဘူး…သင်္ကြန်ဆိုတာ တစ်နှစ်မှ တစ်ခါ လည်ရတာ. မင်းငါ့ကို ခင်ရင် လိုက်ရမယ်…” ဟု ဆိုပြီး ကျွန်တော့်

နေအိမ်သို့ တိုက်ရိုက်လာခေါ်ပါတော့သည်။ ကျွန်တော့်မှာ ရှောင်လွှဲဖို့ကလဲ ခက်။ကျဉ်းထဲ ကျပ်ထဲရောက်ရပါ

တော့သည်။ထို့နောက် ကျွန်တော် မငြင်းသာတော့ပေ။ လိုက်ခဲ့ရပါတော့သည်။

           

                                                                                                      ကျွန်တော်နှင့်ကြည်ဖြူ (၁၃)

   ဟိုး ယခင့်..ယခင်နှစ်များကဲ့သို့တော့ စည်ကားခြင်း သိပ်မရှိပါချေ။ မဏ္ဍပ်များမှာ ခပ်ကျဲကျဲဖြင့် သင်္ကြန်ကို အလှ ဆင်ထားသည်။ သို့သော် မြန်မာနိုင်ငံသားများမှာ မီးကုန်ယမ်းကုန်ကဲနေကြသည်။ တစ်ချို့မှာ အမူးလွန်နေ

ကြသည်။ ကျွန်တော်မပျော်ပါ။ ချစ်ရသူကို သတိရမိသည်။ ချစ်သူ စုံတွဲများ မြင်တိုင်း အားငယ်မိသည်။ သိမ်ငယ်

ကြေကွဲသောစိတ်တို့က ကျွန်တော့် အား ဆောက်တည်ရာမရတော့လောက်အောင် ဖန်တီးပေးနေခဲ့ပါသည်။

ဤသို့နှင့် မနက်ပိုင်းလည်ခြင်း ပြီးဆုံးသွားခဲ့သည်။ အိမ်သို့ပြန်ရောက်သောအခါ “ကြည်ဖြူ” သည် ကလေးများနှင့်

ရေပက်နေသည်ကို တွေ့လိုက်ရပါသည်။ မျက်နှာတွင်ဘာမှ လိမ်းခြယ်ထားခြင်းမရှိပါချေ။ ပင်ကို သဘာဝအလှနှင့်

ကြည်ဖြူ့ အသွင်မှာ သဘာဝကျကျ လှနေပါသည်။ ကျွန်တော် သူတို့အနား ဖြတ်လျှောက်သွားချိန်တွင်တော့.

ကျွန်တော့်အား..ရေလာလောင်းပါတော့သည်။ ကျွန်တော် ပျော်မိပါသည်။ အဘယ်ကြောင့်ဆိုသော်   ကျွန်တော်

သူမ အား ရေလောင်းချင်မိသည်။ ထို့နောက် အပြန်အလှန် သူမ နှင့် ကျွန်တော် ရေလောင်းဖြစ်ပါသည်။

            “ကြည်ဖြူ.. လျှောက်မလည်ဘူးလား…”

            “ဟုတ်..မလည်ချင်ဘူး… လည်ရမှာ ကြောက်လို့..ပြီးတော့…ညီမက လူ ကြောက်တယ်..”ဟု ကျွန်တော့်

အမေးအား ပြန်ဖြေခဲ့သည်။ ဟုတ်ပါသည်။ “ကြည်ဖြူ”သည် အမှန်တကယ်ပင် လူကြောက်သည်။ ယခင် တုန်းက

ကျွန်တော့် အမ လင်မယား အခန့်မသင့်၍ စကားများသော အချိန်တုန်းက သူမသည် ကြောက်လန့်၍ အပြင်သို့

ထွက်သွားဖူးသည်။ထိုနေ့က ကျွန်တော့်ရင်ထဲတွင် တကယ်မကောင်းပေ။ “ကြည်ဖြူ့”ကို စာနာသည်။ သနားမိ

သည်။ ပြီးတော့ ကျွန်တော် သိပ်ချစ်မိပါသည်။ ထိုကဲ့သို့ ကျွန်တော်သိပ်ချစ်သော ကြည်ဖြူအား စိတ်ဝေဒနာများ

မခံစားစေလိုပါ။

            ရာသီ ဥတု သည် အလွန်ပင်ပူပြင်းလွန်းလှသည်။ ယခင့် ယခင် နှစ်များတွင် သင်္ကြန် ရောက်တိုင်း အပြာ

ရောင် ကောင်းကင်ကြီး သည် အုံ့မှိုင်း၍ မိုးများ တဖွဲဖွဲ ရွာကျခဲ့သည်။ ယခုနှစ်တွင်တော့ မိုးစက်၏ အရိပ်အရောင်

ပင် မမြင်ရပေ။ ထို့နောက် ကျွန်တော် အိမ် သို့ ပြန်လာခဲ့သည်။ နေ့လည်သုံးနာရီအချိန်တွင်ကျွန်တော့်သူငယ်ချင်း

“သက်တင်စိုး”သည် ညနေပိုင်းလည်ရန်အတွက် လာခေါ်ပြန်သည်။

            “သက်တင်စိုး” 

“ငါ…ကြည်ဖြူ့ကို ခေါ်ချင်တယ်ကွာ…ကြည်ဖြူတစ်ယောက်တည်း ပျင်းနေမယ်ထင်တယ်..

ဘယ်လို လုပ်ရမလဲ သူငယ်ချင်း…ငါ ခေါ်ပြန်ရင်လဲ ငါ့အပေါ် အမြင် တစ်မျိုး စောင်းသွား

နိုင်တယ်….ငါ ဘယ်လို လုပ်ရမလဲဟင်”ဟု သူငယ်ချင်း သက်တင်စိုးအား ပြောပြီး ရင်ဖွင့်ခဲ့ပါသည်။

            “ကျော်ကြီးရယ်…မင်း ရင်ထဲက အလွမ်းတွေကို ငါတို့လည်သလို မျိုး ဖြေ ဖျောက်ပစ်လိုက်ပါကွာ

မင်း က တကယ်တော့..ဖွင့်ဟ မှ မပြောရဲခဲ့တာ…တကယ်ဆို မင်း သူ့ကို ဖွင့်ပြောသင့်တယ်…

ဘာလို့ အုံ့ ပုန်းဖြစ်နေတာလဲကွာ..ကိုယ်ချစ်တာကို ဖွင့်ပြောရဲတဲ့ သတ္တိ မင်းမှာ မရှိဘူးလား…

မင်း ယောက်ျား မဟုတ်ဘူးလား….”ဟု ကျွန်တော့်အား အပြစ်တင်ပါတော့သည်။

            ထို့နောက် ကျွန်တော် သည် ဖြစ်ချင်သော ဆန္ဒ တစ်ခုအား မေ့ဖျောက်ပစ်လိုက်ပြီး ညနေပိုင်း

သင်္ကြန်ကို စိတ်နှစ်ကာ လည်ခဲ့ပါသည်။သင်္ကြန်သည် မည်သို့ကုန်ဆုံးသွားသည်ကို ကျွန်တော် မသိတော့ပါချေ။

တကယ်တော့ ဤကမ္ဘာပေါ်တွင် ကျွန်တော်ထက် ဆိုးရွားသော လူတွေ အများကြီးရှိလိမ့်မည်ဟု ကျွန်တော်ထင်

ပါသည်။ ကျွန်တော်သည် တိတ်တခိုး အုံ့ပုန်း ချစ်ခဲ့သူဖြစ်သည်။ ထို့အတူ ကျွန်တော်လို့ လူမျိုးများသည် ဘယ်လို

ပုံစံမျိုးနှင့် သူတို့ ၏ ကြီးကျယ်ခန်းနားသော အချစ်တစ်ခုကို ဘယ်လို မျိုးများ သိုဝှက်ထားကြသည်ဆိုတာကိုတော့

ကျွန်တော်မသိပါ။ သို့သော်…ဖွင့်ဟ ဖို့တော့ ခက်နေသည်။ မ၀ံ့မရဲဖြစ်နေသည်။ ကြောက်နေသည်။ ဝေးကွာမှုကို

ကျွန်တော် မလိုလားပေ။ ကျွန်တော် စိတ်ပျက်အားငယ်တိုင်း  သီချင်း ရေးဖြစ်သည်။ သီချင်းဆိုဖြစ်သည်။ကဗျာ

ရေးဖြစ်သည်။ ထိုထိုသို့သော ထိုအရာများထဲတွင် ကျွန်တော့်စိတ်ကို နှစ်ထားခဲ့မိသည်။ကျွန်တော်နှင့် ကြည်ဖြူ

သည် တစ တစနှင့် ရင်းနှီးခဲ့ပါသည်။သို့သော် ချစ်ရေးဆို ရလောက်သည်ထိတော့ ရင်းနှီးခွင့်မရခဲ့ပေ။ ကျွန်တော်

ကြောက်နေသည်။ ကြည်ဖြူ အမြင်မကြည်မှာ စိုးသည်။ ပြီးတော့ သူမ ကျွန်တော့်အား မုန်းတီးသွားမှာကို တွေး

                                                                                                ကျွန်တော်နှင့် ကြည်ဖြူ (၁၄)

 

ကြောက်မိပါသည်။ထို့ကြောင့် ကျွန်တော့်နှလုံးသားအား နာကျဉ်စွာ သိမ်းဆည်းထားခဲ့ပါသည်။

            လရိပ်လေးက ပြေပြေလေး ကျနေသည်။ ဟိုး…အဝေးဆီမှ ကြယ်ရောင် ပျောက်ပျောက်လေးကိုအသက်

မဲ့ စွာ ငေးကြည့်မိပါသည်။ ရင်ထဲတွင်တော့ ဆွေး မြေ့သလိုခံစားရ၏။ ထို့ကြောင့် ခံစားမှုကို ရင်ဖွင့်ရန်လက်စွဲ

တော် ဂစ်တာလေးအား စွဲယူလိုက်ပြီး”လေး ဖြူ” သီချင်း တစ်ပုဒ်ဖြစ်သော “အရင်လိုပါပဲ..”သီချင်းတစ်ပုဒ်ကိုခံစား

မှု အလို အရ ဆိုဖြစ်သွားရ၏။ တကယ်တော့ ကျွန်တော်လည်း အရင်လိုပါပဲ…ပြောင်းလဲမှု မရှိပါ။ ကျိတ်ပုန်း တိတ်တခိုးချစ်နေ၊စွဲလန်းနေတုန်း။ကြည်ဖြူ့နေရာတွင် တစ်ခြား မိန်းကလေး တစ်ယောက်ကို ဘယ်လိုနည်းနှင့်မျှ

အစားထိုး၍ မရပါ။ နှလုံးသားက အပြင်းအထန် ငြင်းဆန်နေခဲ့သည်။

            “ အရင်လိုပါပဲ……အရင်လိုပါပဲ….အလိုလို ဒီအတိုင်း ဘ၀ အတွက်မှာ ဒီအတိုင်း မျောဆဲပါ

နောက်ဆုံးမှာ ..သူ့ အလို တိုင်းပါ လွင့်ပျယ်ပျောက်ကာ သွားရင်..အရင်လိုပဲ……အရင်လိုပါပဲ……

အလိုလို ဒီအတိုင်း ဘ၀အတွက်မှာ ဒီအတိုင်း မျောဆဲပါ..နောက်ဆုံးမှာ လွင့်ပျယ်ပျောက်ကာ သူ့အလို

အတိုင်း အို ….ခရီးဆက်နေဆဲပါ” ။ ကျွန်တော့်၏ သီချင်းသံစဉ်က ညဦးယံမှာ ပတ်ဝန်းကျင်သို့ ပျံ့နှံ၍နေလေ၏။

ကြည်ဖြူ ကြားနိုင်ပါ့မလား။ စိတ်က တွေး၏။ဤသို့နှင့် အလွမ်းအဆွေး တစ်ခန်းရပ်သည် ကုန်ဆုံးသွားလေ၏၊။

            “ကြည်ဖြူ  ကျောင်းမသွားဘူးလား”

            “ဟုတ်..မသွားဘူး.. စားမေးပွဲဖြေရတော့မှာမို့ ကျောင်းပိတ်ထားတယ်.”

            “သြော်..ဟုတ်လား…ဒါဆို စာကျက်ရတော့မှာပေါ့…”

            “ဟုတ်..”

ထို့နောက် သူမ အားရည်ရွယ်၍ ၀ယ်လာသော ချောကလတ်အား သူမကို ပေးလိုက်သောအခါ

            “ ကျေးဇူးတင်ပါတယ် ရှင့်” ဟု ပြန်ပြောခဲ့ပါ့သည်။

ထိုအသံလေးသည် ကြည်နူးစရာအလွန်ပင်ကောင်းနေသည်။ ကျွန်တော် လွင့်မျောသွားရပါတော့သည်။ ကြည်ဖြူ

သည် ချောကလတ် ကြိုက်သည်ထင်ပါသည်။ နောက်နေ့ပေးသော အခါ

            “ ချောကလတ်က စားလို့ကောင်းတယ်နော်…” ဟု ကျွန်တော့် အားပြောသည်။ ကျွန်တော်ဝမ်းသာမိပြီး

နောက်နေ့ နောက်နေ့များတွင် ချစ်ရသူ အကြိုက် ချောကလတ်များကို ကျွန်တော်ဝယ်ထားမည်ဟု စိတ်က တွေး

လိုက်မိပါသည်။ တကယ်တော့ တွေးကြည့်ပါက ကျွန်တော် ရူးသွပ်နေသူတစ်ယောက်ဖြစ်နေမှန်း ကျွန်တော့်ကို

ကျွန်တော်သိပါသည်။ သို့ပေမဲ့လည်း မေ့၍မရ။ နှလုံးသား၏ တော်းတမှုကြောင့် ကြည်ဖြူ အပြင်ထွက်တိုင်း ခိုးခိုး

ကြည့်မိခဲ့ပါသည်။ “ချစ်တယ် ကြည်ဖြူရယ်….”။

 

            “အမေ ဟို ဘက်အိမ် တီဗွီ သွားကြည့်ရင်လဲ သွားကြည့်..သမီးအနားမှာ စကားလာပြောနေတော့

သမီး စာကျက်ပျက်တာပေါ့” ဟု သူမအသံလေးအားကြားလိုက်ရပါသည်။ ကျွန်တော့် အမြင်တော့ သူမသည်

စာ အလွန်ကြိုးစားသည်။ ရည်ရွယ်ချက် ကြီးမာသည်ဟု ထင်မိသည်။

            “ကိုကြီး ကျော်ကျော်…ဒီဘက်ကို  မီးအားမြှင့်စက်နဲ့ မီးတင်ပေးပါဦး”

            “သြော်..အေးအေး…” ဟု ဆိုကာ သူမ အိမ်ဖက်သို့ မီးအားမြှင့်စက်ဖြင့် မီးတင်ပေးရပါသေးသည်။

ကြည်ဖြူသည် ပွင့်လင်း ရိုးသားသည်။ ထိုအရာက ပင် ကျွန်တော့်အား စွဲဆောင်နေပါသလော။ ကျွန်တော်မသိ

ပါတော့ချေ။ တကယ်တော့ကျွန်တော်နှင့် ကြည်ဖြူ သည် နှလုံးသားချင်း နားမလည်ခဲ့ပေ။ ကျွန်တော်ကသာ တစ်ဖက်သတ် ဆန်ခဲ့သည်။ သူမက မသိတာလား။ မသိချင်ရောင်ဆောင်နေတာလား။မြင်လျှက်သိလျှက်နှင့်

မသိဟန် ဆောင်ထားသည်လား ကျွန်တော်မသိပါချေ။သို့သော် ကျွန်တော် ဖွင့်ဟ ပြောဖို့ စွံအနေခဲသည်။

မဖြစ်လာသေးသော အရာများအား တွေးပူမိသည်။ တွေးကြောက်မိသည်။ ကျွန်တော် သူမနှင့် ပတ်သက်၍

အသည်းမကွဲလိုပါ။ မနာကျဉ်ချင်ပါ။ သို့သော် တစ်ဖက်သတ်စွဲလန်းမှုကြောင့် ကျွန်တော်ခံစားရပါသည်။ လက်ရှိ

                                                                                    ကျွန်တော်နှင့်ကြည်ဖြူ (၁၅)

 

 ခင်မင်လျှက် ရှိသော အခြေအနေများအား မပျက်စီးစေလိုပါ။ တွေးရင်းနှင့် စိတ်ဆင်းရဲရသည်မှာအခါအခါပင်။

ထို့ကြောင့် ကျွန်တော် မေ့ပစ်ချင်သည်။ သို့သော် အတော်ပင်ခက်ခဲပါသည်။ ကျွန်တော့်အတွက် အတော်ပင်

ခက်ခဲလှပါသည်။

            “ကို…” 

“ကြည်ဖြူ တို့ အချစ်ကို ခိုင်မြဲ အောင် တည်ဆောက်ကြမယ်နော်… ပြီးတော့ ကို ကြည်ဖြူကို ခွဲမသွားရဘူး”

“ကြည်ဖြူ့အနားမှာပဲနေရမယ်… ဘယ်မိန်းကလေးကိုမှ စိတ်မ၀င်စားရဘူး…နော်..ကြည်ဖြူ သ၀န်တိုတယ်..

ကြားလား ကို”

            “ဟုတ်ပါပြီ ကြည်ဖြူရယ်….ကိုယ် ကြည်ဖြူက လွဲပြီးတော့ ဘယ်မိန်းကလေးမှ မချစ်ပါဘူး..ကြည်ဖြူက

ကိုယ့်နှလုံးသားထဲကို နေရာ ယူထားမှတော့ ဘယ်သူ့ကို အစားထိုးလို့ရမှာလဲ စိတ်ချနေပါ…ကြည်ဖြူသာ ကိုယ့်

ဘ၀ပါ ..ကြည်ဖြူက ကိုယ့်ဘ၀ရဲ့ အလင်းရောင်လေးပါ..အရမ်းချစ်တယ် ကြည်ဖြူရယ်….”

            ကြည်ဖြူ့ကို ကြင်နာစွာ ထွေးပွေ့ထားမိသည်။ တီတီတာတာ စကားလေးတွေကြောင့် ကျွန်တော့်ရင်ခုန်

ရပါသည်။

            “ကို..ဟိုး..က ကောင်းကင်ကြီးကို ကြည့်လိုက်..နီညိုရောင် ပုံစံလေးက ညနေခင်းဆည်းဆာကို အလှ

တွေ ဖန်တီးပေးနေသလိုပဲနော်….အရမ်းကြည့်လို့ကောင်းတာပဲ ကိုရယ်…”

            “အင်း..ဟုတ်တယ်နော်…”

“ကြည်ဖြူရယ်..ဖြစ်နိုင်ရင်ကိုယ်လေ..အဲဒီ့ အနီရောင်တိမ်စိုင်တွေနား ကို ခေါ်သွားလိုက်ချင်ပါတယ်..”

အဲဒီ့နောက် ကျွန်တော်တို့ ချစ်သူနှစ်ဦးကြား ဆည်းဆာလေပြေလေးက တိုးတိုး ညင်သာစွာ တိုက်ခတ်လို့လာ

ခဲ့ပါသည်။

            “ချမ်းလိုက်တာ…အေးလိုက်တာကွာ…” ရုတ်တရက် ချမ်းလို့ လန့်နိုးတော့ ညဉ့် သုံးနာရီခွဲ..

“ကြည်ဖြူရယ်..အိမ်မက်ထဲထိတော့ လိုက်နှောက်ယှက်ဖို့ မကောင်းဘူးကွာ…မင်းကြောင့် ကိုယ် စိတ်သောက

တွေ ဖြစ်နေရပြီကွာ…မင်းလေး အရမ်းဆိုးတယ်….” ။ ကျွန်တော် အိပ်မရတော့ပေ။ တကယ်တော့ အချစ်ဆိုတာ အခက်သား။ ဖွင့်ဟဖို့ကြတော့လည်း သတ္တိမရှိ။ စွန့်လွှတ်ရမှာလည်း ကြောက်နေမိသည်။ ဝေးမှာလဲ စိုးသည်။

ကြည်ဖြူရယ် ငါ့ရင်ထဲက ထွက်မသွားပါနဲ့နော်…. ငါတောင်းပန်ပါတယ်… ကျွန်တော့်နှလုံးသားကို ထိန်းချုပ်ထားခဲ့

ပေါင်းလဲများလှပါပြီ ။ ရင်မောရပေါင်းလဲ များပြီ။ သူသိလာပါစေတော့။ တိတ်တိတ်လေး ချစ်နေရတဲ့ ကျွန်တော့်

ဘ၀လေးကို သူမ မြင်လာနိုင်ပါစေလို့ ကျွန်တော် ဆုတောင်းရင်းနဲ့..ကျွန်တော်တို့ နှစ်ယောက် ကွာဝေးတော့မလို

ခံစားရလို့…အတူဆုံဖို့ အကြိမ်ကြိမ် ဆုတောင်းရင်း အချစ်နေ့ရက်တွေ ရောက်ရှိဖို့ ကျွန်တော်စောင့်မျှော်ရင်းနဲ့

ကြည်ဖြူနဲ့ ကျွန်တော် ဒီလိုပဲ ခရီး ဆက်ရဦးမယ်ထင်ပါရဲ့….နောက်ဆုံးတော့ သူမ တစ်ချိန်ချိန် သိလာမှာပါလေ

ဆိုပြီး ထင်မှတ်ရင်း ကျွန်တော့် အချစ်ကို သူမနဲ့ ဝေးဝေးမှာ ထားဖို့ ကြိုးစားရန်ကျွန်တော်အားမွေးခဲ့ပါတော့သည်။

ယခုအချိန်သူမလည်း အိပ်မောကျနေလောက်ပြီပေါ့….ချစ်သူလေးရယ်…မင်းဘ၀လေး သာယာပါစေ လို့…..

ဆုတောင်းခြွေရင်း…တစ်ဖတ်သတ် ဆန်ခဲ့တဲ့ ကျွန်တော် သက်ပြင်းလေးတွဲ့တွဲ့ချမိပါသည်။ နှလုံးသားအား သော့

ခတ် သိမ်းဆည်းထားဖို့ ကျွန်တော်ကြိုးစားရပါတော့မည်။ တကယ်တော့ လွယ်မည်ဟု ကျွန်တော်မထင်ပါချေ။

သို့သော်လည်းပဲ….ကျွန်တော်အတွက် ဆေးမရှိတော့မှန်းကျွန်တော် နားလည်သဘောပေါက်နေသောကြောင့်

တစ်နေ့နေ့ ရဲ့ အချိန်ကို မျှော်ရင်း သူမ နားလည်မြင်သာနိုင်မဲ့အချိန်လေးတွေကိုစောင့်စားရင်းနဲ့  ကျွန်တော့်ရဲ့

သိမ်ငယ်တဲ့ဘ၀ထဲမှာ ကျွန်တော် နစ်မျောခဲ့ရပါတော့သည်။

                       

            ပြီး။

 

                                                                                    ကျွန်တော်နှင့် ကြည်ဖြူ(၁၆)

 

                   

 

 

 

                        တစ်ယောက်တည်းပဲပေါ့

                  ——————————

တစ်ယောက်တည်းပဲပေါ့….

ခရီးဆက်နေဆဲပါပဲ…

အရှုံးတွေလဲ ငါရခဲ့ပြီ

အလွမ်းတွေလဲပိုင်ဆိုင်ခဲ့ပြီ

မပိုင်ဆိုင်တာ တစ်ခုက

မင်းမျက်ဝန်းက နူးညံ့တဲ့

ငဲ့ညာမှုတွေ….။

တစ်ယောက်တည်းပဲပေါ့…

ဆူးခင်းလမ်းထဲ ရှေ့ဆက်နေဆဲပါပဲ

ကြင်နာမှုတွေနဲ့လည်း ဝေးခဲ့ပြီ

မင်းရဲ့ဥပေက္ခာတွေလည်း ငါရခဲ့ပြီ

မရနိုင်တာ တစ်ခုက

မင်းနှုတ်ခမ်းဖျားက စာနာမှုတွေ…။

တစ်ယောက်တည်းပဲပေါ့…

မင်း ငါ့အနား မရှိတဲ့အချိန်

ငါတစ်ယောက်တည်းပါပဲ

အချစ်ရဲ့ ချိန်မြိန်ခြင်းတွေလဲ ငါသိခဲ့ပြီ

ခါးသီးခြင်းတွေလည်း နားလည်ခဲ့ပြီ

မဖြစ်နိုင်တာကို ဖြစ်နိုင်အောင် ဖန်တီးယူဖို့ပဲ လိုအပ်တာပါ..

ဒါပေမဲ့…ငါ

တစ်ယောက်တည်းပဲပေါ့….

                        (ဒဏ်ရာ)

 

 

 

 

 

 

 

 

 

                                                                                                            ကျွန်တော်နှင့်ကြည်ဖြူ(၁၇)

 

 

 

 

                        စိတ္တဇ အချစ်

            ————————–

 

 

တိတ်တစိတ် မျက်ရည် စက်လက်….

အချစ်ကံခေ သည်းကြွေလွင့်တာတောင်

မရုန်းနိုင်တဲ့ ချစ်သံသရာဝဲဂယက်မှာ

တ၀ဲဝဲလည်…….

ခဏတာ မဟုတ်တဲ့ တစ်သက်သာ စွဲလန်းမှု

ထိုမျှမကသော မြတ်နိုးမှုတွေ အန်တုလို့လာ

ငါ့နှလုံးသား မခံနိုင်ပြီ

အချိန်တန် နေသာနိုင်မယ်

ထင်ခဲ့တာတောင် မေ့မရ

အတိတ်ကလဲ မဟုတ်ခဲ့..

ဒီဘ၀ ဒီမျှနဲ့ ပြီးသွားမှာတဲ့လား..

မိုက်ရူးရဲဆန် ဘယ်သူ ပြိုင်စံ မတုနိုင်ပြီ

တိတ်တခိုး ကျိတ်ပိုး မိတဲ့ငါ

မသေချာ မရေရာခဲ့ပြီ….

                                    (ဒဏ်ရာ)

 

 

 

 

 

 

 

 

 

 

 

 

 

 

 

                                                                                                            ကျွန်တော်နှင့်ကြည်ဖြူ(၁၈)

 

 

 

 

                        သူ့ အတွက်

            ——————————-

 

 

 

သူ့အတွက်ပဲပေါ့….

ဘာမဆို သူလိုအပ်တိုင်း အမြဲ အနားမှာ

အသင့်ရှိနေချင်ခဲ့တယ်…

သူ့အတွက်ပဲပေါ့…

ဘာမဆို သူ့ စိတ်ကူးအတိုင်း

အမြဲလက်တွေ့ဖန်တီးပေးချင်ခဲ့တယ်..

သူ့အတွက်ပါပဲ…

သူပျော်ရွှင်မယ်ဆိုရင်

သူလုပ်သမျှ သူခိုင်းသမျှတွေ

ဘာမဆို အလိုလို လိုက်လျော မိတယ်.

သူ နာကျဉ်မှာ မလိုဘူး….

သူ ကြေကွဲမှာ မလိုဘူး…

သူ သိမ်ငယ်မှာ မလိုဘူး..

ဘာမဆို အရာရာ သူ့အတွက်

စတေးချင်မိတယ်..

အရာရာ ဟာ သူ့အတွက်ပါပဲ…..

                                    (ဒဏ်ရာ)

 

 

 

 

 

 

 

 

 

 

In: ဝတ္ထု Posted By: Date: Feb 15, 2012
Comment #1

this is my first time i read long story.

commentinfo By: ei lay at Feb 27, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment