Professional Authors

ဝမ်းစာ

        တီ…..
        တီ…..
        တီ….. ကားဟွန်းသံလို့ ထင်ချင်ထင်လိမ့် မယ်။ ဒါမှမဟုတ်ဆိုင်ကယ်ဟွန်းသံဖြစ်ချင်လည်းဖြစ်မယ်။ မိန်းမလှလေးတစ်ယောက်တီးနေတဲ့  key board ကအသံလည်းးဖြစ်ချင်ဖြစ်မယ်။ ကလေးတစ်ယောက်နိပ်နေတဲ့ အပေါစားဂိမ်းစက်ကအသံလည်းဖြစ်ချင်ဖြစ်မယ်။ နာရီနှိုးစက်သံလည်းဖြစ်နိုင်တယ်။ အိမ်တစ်အိမ်မှာတတ်ထားတဲ့  bell သံလည်းဖြစ်နိုင်တယ်။ ဒါမှမဟုတ်ဘူးဆိုရင်အင်္ဂလိပ်အက္ခရာ ‘ T ‘ လည်းဖြစ်နို

င်တယ်။

                                          ———————–

        တီ….
        တီ….
        တီ…. ကျွန်တော်ပြောမယ့် ‘ တီ ‘ ကအဲ့ ဒီလောက်တောင်အရေးပါချင်မှပါမှာပါ။
ကျွန်တော်ပြောချင်တဲ့  ‘ တီ ‘ ကမြေကြီးထဲနေတဲ့  ‘ တီ ‘ ပါ။ လူသေအခေါင်းထဲမှာလည်းနေချင်နေမှာပေါ့။ ကျွန်တော်အိမ်ခေါင်းရင်းမှာလည်းရှိချင်ရှိနေနိုင်တာပဲ။ ထားပါ…..အခုကျွန်တော်ပြောမယ့် ‘ တီ ‘ ကအဲ့ ဒီ ‘ တီ ‘ ပေါ့။

                                                       ———————-

          တစ်နေ့ မှာပေါ့(ဒီနေ့ လည်းဖြစ်ချင်ဖြစ်မယ်) လူငယ်လေးတစ်ယောက်ပေါက်တူးတစ်လက်နဲ့ နို့ ဆီခွက်လေးကိုင်ပြီးထွက်လာတယ်။ သူဘာလုပ်မယ်ထင်သလဲ။ ဟုတ်တယ်….သူ ‘ တီ ‘ တူးမလို့ ထွက်လာတာ။ သူ့ ကြည့်ရတာ အေးဆေးပဲ ‘ တီ ‘ တွေရှိတဲ့ နေရာကောင်းကောင်းကြီးသိတဲ့ ပုံမျိုးပေါ့။
တစ်နေရာရောက်တော့ကောင်လေးကသွားနေတာရပ် ၊ နို့ ဆီခွက်ကိုဘေးမှာချပြီးပေါက်တူးကိုပေါက်ချလိုက်တယ်။ မြေကမြေပျော့။ ပေါက်တူးပြန်နုတ်လိုက်တော့မြေကြီးထဲကနေ ‘ တီ ‘ တွေထွက်လာတယ်။
‘ တီ ‘ တွေဘာကြောင့်မြေမာမှာမနေကြတာလဲ။ ဦးနှောက်မရှိလို့ လား။ သူ့ တို့ ကိုယ်ထည်ကပျော့  လို့ ထင်တယ်။ ဟုတ်ချင်မှလည်းဟုတ်မှာပေါ့။ တွေးကြည့်တာပါ။ အင်း…..တစ်ခုခုတော့တစ်ခုခုပဲ။
          ကောင်လေးကထွက်လာတဲ့  ‘ တီ ‘ တွေကိုလက်နဲ့ ကိုင်ပြီးနို့ ဆီခွက်ထဲကိုကောက်ထည့်တယ်။ ရွံရှာတာတွေမရှိဘူး။ အသည်းယားတာတွေလည်းမရှိဘူး။ ရွံရှာမှုမရှိတာကမကောင်းဘူး။ အခုပဲကြည့်လေ။ ကောင်လေးရွံရှာမှုမရှိလို့  ‘ တီ ‘ တွေ သေတဲ့ကောင်သေ၊ နို့ ဆီခွက်ထဲရောက်တဲ့ ကောင်ရောက်ကုန်ပြီ။ နို့ ဆီခွက်ထဲ ရောက်တဲ့ ကောင်တွေကိုလည်းပြန်လွှတ်ပေးမယ့်ပုံမပေါ်ဘူး။ သေမှာပါပဲ။
          နောက်တော့ကောင်လေးက ‘ တီ ‘ ခွက်ယူ ၊ ပေါက်တူထမ်းပြီးပြန်လာတယ်။ အိမ်ရောက်တော့ပေါက်တူးကိုချပြီး ငါမျှားတံကိုကိုင်ကာငါးတွေ နေတဲ့ ချောင်းကိုပြန်ထွက်လာခဲ့တယ်။
ချောင်းကိုရောက်တော့ ‘ တီ ‘ ခွက်နဲ့ ငါးမျှားတံကိုခဏချထားတယ်။ အကြောဆန့် ပြီးချောင်းအနေအထားကိုတစ်ချက်ကြည့်တယ်။ မကြာခင်မှာဘဲသူအသက်တစ်ချောင်းကိုသတ်ပြီးနောက်တစ်သက်ကိုမျှားယူတော့မယ်လေ။
ချောင်းအခြေအနေကိုကြည့်ပြီးတော့ကောင်လေးကထိုင်ပြီးငါးမျှားတံကငါးမျှားချိတ်မှာ ‘ တီ ‘ တစ်ကောင်ရဲ့ အသက်ကိုဖြည်းဖြည်းချင်းတပ်ပြီးအေးအေးဆေးဆေး ကုန်ဆုံးစေလိုက်တယ်။ အဲ့ ဒီနောက်မှာတော့သူငါးစတင်မျှားတယ်။
            အဲ့ ဒီချောင်းထဲကငါးတွေကခပ်လည်လည်နဲ့ တူတယ်။ ကောင်လေးငါးမျှားတုံကိုပြန်မ, ကြည့်တော့ ‘ တီ ‘ မရှိတော့ဘူး။ အဲ့ ဒီတော့ ကောင်းလေးနောက်ထပ် ‘ တီ ‘ တစ်ကောင်ထပ်တပ်ရပြန်ရော။ ဒီတစ်ခါလည်းဒီလိုပဲ။ အဲ့ ဒီလိုနဲ့  ‘ တီ ‘ တွေတောင်တောတောအသေအပျောက်များလာကုန်ပြီ။
            ကောင်လေးကငါးလိုချင်လို့ ငါးမျှားတံနဲ့ မျှားနေတာ။ ငါးတွေကငါးမျှားတံမှာမညိုဘဲ ‘ တီ’ တွေပဲစားစားသွားတော့ ‘ တီ ‘ တွေသေပေးရတာအလာကားသေပေးရသလိုဖြစ်နေတော့တယ်။ ‘ တီ ‘ဆိုတာသဘာဝကြီးကပေးထားတဲ့ အတိုင်းငါးရဲ့ အစာမဟုတ်ပါဘူး။’ တီ ‘ကမြေကြီးထဲနေတယ်။ ငါးကရေထဲနေတယ်။ အခု ငါးကမမိတော့’ တီ ‘ တွေရဲ့ သေခြင်းဟာအလကားဖြစ်ကုန်ပြီလား။
            နောက်တော့ငါးတစ်ကောင်ဟာ’ တီ ‘ တွေကိုပဲသနားလို့ နောက်ထပ် ‘တီ’ တွေထပ်မသေအောင်လား ၊ ငါးစာကိုပဲမြင်ပြီးငါးမျှားချိတ်ကိုမမြင်လို့ လားတော့မသိဘူး။ ငါးတစ်ကောင်ငါးမျှားချိတ်မှာမိသွားတယ်။
ငါးတစ်ကောင်ရသွားတော့ကောင်လေးကငါးကိုယူပြီးအိမ်ပြန်ခဲ့ တယ်။ ငါးတစ်ကောင်ရဲ့ အသက်ဟာလည်းကောင်လေးရဲ့ လက်ထဲမှာပဲကုန်ဆုံးခဲ့ တယ်။ ကောင်လေးကမျက်နှာတစ်ချက်မပျက်ဘူး။ ကောင်လေးကတော်တော်ရက်စက်တယ်လို့ မထင်ဘူးလား။

————————

        ” ကိုကြီးမကျက်သေးဘူးလား”
        ” ကျက်ပြီ….ငါ့ညီမတို့ လည်းဆာနေရောပေါ့…သွားထမင်းစားပွဲချထားကိုကြီးအဘွားကိုခေါ်ပြီးထမင်းပွဲပြင်ပေးမယ် “
ကောင်လေးကနေမကောင်းတဲ့ အဘွားကိုထမင်းဝိုင်းဆီတွဲ လာပြီးဟင်းတစ်ခွကိုချလိုက်တယ်။ အဲ့ ဒီဟင်းကငါးဟင်းပေါ့။

In: ဝတ္ထု Posted By: Date: Nov 10, 2012
Comment #1

တီတူးတဲ့ကောင်လေးကဦးထုပ်လေးနဲ့မဟုတ်လား။ပညာရေးလေးလည်း စဉ်းစားဦးပေါ့။ဟုတ်ပါ့။
ကိုယ့်ဘ၀ကိုယ်ရပ်နေတာဆိုတော့လေးလည်းလေးစားပါတယ်။သတိ လက်မလွတ်စေနဲ့ပေါ့ဗျာ။

commentinfo By: way nge at Jan 1, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment