Professional Authors

အချစ် = အချစ်

အချစိ ညီမျှခြင်း အချစ် (အချစ် = အချစ်) တဲ့
သူ နဲ့ ကျွန်မ ချစ်ခဲ့ကြတယ် သူကလဲချစ်တယ် ကျွန်မကလဲ ချစ်တယ်
ဒါပေမယ့် အချစ် = အချစ် မဖြစ်ခဲ့ဘူး အချစ် မညီမျှခြင်း အချစိ ဖြစ်ခဲ့
တယ် ကျွနိမချစ်တဲ့ အချစိက ဖြူစင်သန့်ရှင်း တယ် အေးချမ်းတယ်
သူ့အချစ်ကတော့ ပူလောင်တယ် သ၀န်တိုတယ် သံသယ များတယ်
ကျွန်မက သူ့နဲ့ပက်သက်ရင် လေးလေနက်နက်ထားပြီး အရာအားလုံးကိုဖြေရှင်းခဲ့တယ် သူ့ကတော့ ကျွန်မနဲ့ ပက်သက်လာရင် ရန်လိုဒေါသတွေနဲ့ဖြေရှင်းတယ် ကျွန်မက ဖြစ်သင့်တာကိုပြောရင် သူ့က သူ့အယူအဆနဲ့ သူလုပ်တယ် ကျွန်မကို အရမ်းချစ်ပါတယ်တဲ့ ဟုတ်ပါတယ် သူ့အရမ်းချစ်ပါတယ် ဒါကိုလဲ ကျွန်မလဲ သိတယ် အကုန်လုံးလဲ သိတယ် ကျွန်မရဲ့ အချစ်ကိုလဲအမြဲ သံသယ ၀င်တယ်
ကျွန်မကတော့ ချစ်သူကို အေးချမ်းစွာ ချစ်မြတ်နိုးတယ် တန်းဖိုးထားတယ် သူ့ကတော့ အဲဒါကို အေးတီအေးစက်တဲ့ မချစ်လို့တဲ့
တခါတလေပြောခဲ့တယ် မကြိုက်တာရှိရင်ပြောတဲ့ ကျွန်မ ပြောတော့လဲ
ဆင်ခြေများစွာ အကြောင်းပြချက်များစွာနဲ့ ဖြေရှင်းခဲ့တယ် ကျွန်မက မကြိုက်တာ မပြောတော့လဲ မကြိုက်တာ သူ့မှမသိတာတဲ့ သူ့နဲ့ ကျွန်မကတော့ နားလည်မှုတွေလွဲနေကြပြီးလေ ကျွန်မကတော့ သူနဲ့ပက်သက်ရင် မကြိုက်တာရော ကြိုက်တာရော ပြောနေစရာမလိုလောက်အောင် သိထားတယ် ဘာလို့လဲ ကျွနိမစိတ်က အမြဲ သူ့ဆီမှာလေ သူ့နဲ့စကားပြောနေရင်းတောင် ကျွန်မပြောတဲ့ စကားကြောင့် သူ့ပျော်ရွင်လား စိတ်ညစ်လားဆိုတာ သူ့မပြောဘဲနဲ့ သိခဲ့တယ် သူ့စိတ်ညစ်စေတဲ့ စကားဆို၇င် နောက်တခါမပြောတော့ဘူး သူ့ကတော့အဲဒီလိုမဟုတ်ဘူး သူ့ပြောချင်တာ ပြောလိုက်တာပဲ အမြဲတမ်းလိုပါပဲ သူ့စကားကြောင့် ကျွန်မ ဘာဖြစ်သွားမလဲဆိုတာ မသိဘူး တခါတလေ ကျွန်မရဲ့ သိက္ခာကိုပါ ထိခိုက်တဲ့ စကားတွေပြောခဲ့တယ် ကျွန်မ ဘာမှပြန်မပြောဘူး နားထောင်နေလိုက်တယ် သူ့ကတော့ ပြောစရာကိုပြီးအောင်ပြောတယ် နောက်ကျရင် တော့ ချစ်လို့နော်တဲ့
ဘယ်လို နားလည်ရမလဲ ကျွန်မ သူ့အချစ်ကို သူလဲ ကျွန်မကို ချစ်တယ် ကျွန်မလဲ ချစ်တယ် နှစ်ယောက်လုံးချစ်ကြပါတယ် အချစ်ချင်းကတော့ မတူခဲ့ကြဘူး……. ကြာတော့ ကျွန်မရဲ့ သည်းခံစွမ်းအားတွေ လျော့နည်းလာတယ် သူ့ကို မချစ်တော့တာလား
ဘာလို့လဲတော့ မသိဘူး သူ့အသံတောင်မကြားချင်လောက်အောင်ဖြစ်ခဲ့တယ် ဒါပေမယ့် သူ့ကတော့ ကျွန်မကို ချစ်တယ်တဲ့ ကြိတ်မှိတ်ပြီး အချစ်ကိုခိုင်မြဲအောင်
ကြိုးစားခဲ့တယ် ဒါပေမယ့် မအောင်မြင်ခဲ့ဘူး သူ့ဆီက ဒီထက်ဆိုးတဲ့ စကားတွေပဲကြား နေရတယ် သူ့ နဲ့ ကျွန်မ လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့တယ် စိတ်ထဲကတော့ မကောင်းဘူး နှလုံးသားလဲ နာကျင်ပါတယ် ဒါပေမယ့်….
လမ်းခွဲဖို့ စကားကို ကျွန်မကပဲ စပြောခဲ့တယ် သူ့ကတော့ သူ့မှာဘာအပြစ်ရှိလို့လဲတဲ့ ကျွန်မ ဘယ်လိုပြောရမလဲ သူ့မှာက သူများတွေလို အပြစ်ရှိလို့လားတဲ့ သူ့ကကျွန်မကိုပဲ ချစ်တာလေတဲ့ ဟုတ်ပါတယ် သူ့ ကျွန်မကိုပဲ ချစ်ခဲ့တာပါ ကျွန်မကလွဲလို့ ဘယ်သူ့ကို
မှမချစ်ပါဘူး သိပါတယ် ဒါပေမယ့် သ့ အခုထိမသိသေးတာက ချစ်သူတွေမှာ အချစ်အပြင် နားလည်မှုပါ စတင်တည်ဆောက်ထားသင့်တယ် ဒါမှလဲ ဘ၀ တလျောက်လုံးလက်တွဲရမဲ့အချိန်မှာ အဆင်ပြေမှာလေ လူချင်းကတော့ နားလည်မှုတွေဘယ်တူကြမလဲ အချိန်ပေးပြီး ညှိုယူရမှာပေါ့ တထပ်ထဲမကျရင်တောင် တူညီသင့်တယ်လေ ကျွန်မသူ့ကို နားလည်မှုရှိပါလို့ ပြောခဲ့တယ် သူ နားလည်ပါတယ်တဲ့
ဘာကိုနားလည်တာလဲတော့ မသိဘူး နောက်ကျတော့ အရင်အတိုင်းပါပဲ သူနဲ့နောက်ဆုံး လမ်းခွဲတော့ သူ့ကပြောတယ် အရမ်းရက်စက်တယ်တဲ့ တနေ့သူ့လိုဖြစ်လိမ့်မယ်တဲ့ ကျွန်မကို ကျိန်သွားတယ် ကျွန်မ ဘာမှမပြောခဲ့ပါဘူး ကျွန်မရဲ့ အမှားပါလို့ပဲပြောခဲ့တယ် ကျွန်မအရမ်းဝမ်းနည်းခဲ့ရတယ် အရမ်းချစ်ပါတယ်ဆိုတဲ့ လူက နောကိဆုံးမှာ ကျွန်မကို ကျီန်စာ တိုက်သွားတယ် အဲဒီအထိ တကိုယ်ကောင်းဆန်တဲ့လူပါ ကျွန်မလေ မခွဲချင်ပါဘူး ဒါပေမယ့် ဆက်လက်ပြီးလဲ သည်းမခံနိုင်တော့ဘူးလေ ချစ်တဲ့စိတ်နဲ့ သည်းခံချင်ပေမယ့်လဲ မရတော့ဘူး ကျွန်မရင်တွေပေါက်ထွကိကုန်ပြီးလေ….ဒါ ကျွန်မ အမှားလား သူ့အမှားလား ……….
ကျွန်မကလဲ သူ့ကို ချစ်တယ်…
သူ့ကလဲ ကျွန်မကိုချစ်တယ်…
အရမ်းချစ်ကြတဲ့ ချစ်သူတွေဖြစ်ခဲ့တယ်…
အချစ် ညီမျှခြင်း အချစ် (အချစ် = အချစ်) ပေါ့
ဒါပေမယ့်…..
အချစ်နဲ့ မပက်သက်တဲ့ ပြသာနာနဲ့ လမ်းခွဲခဲ့တယ်…
အချစ် မညီမျှခြင်း အချစ် တဲ့

In: ဝတ္ထု Posted By: Date: Jun 2, 2010
Comment #1

လူများစွာအတွက်
အချစ်စစ်ရှာ
အချစ်ငတ်လူသားတွေအဖြစ်
တွေ့မြင်နေရင်း
ငါလေ…
တစ်ကိုယ်တည်း
တိုးတိတ်စွာ
ရေရွတ်နေမိပါတကား……

commentinfo By: manawphyulay at Jun 2, 2010
Comment #2

အချစ်=အချစ် ဖြစ်နေပေမယ့်
တစ်ယောက်နဲ့တစ်ယောက်နားလည်မှုမပေးနိုင်ရင်
ရှေ့ဆက်ရမယ့်ဘ၀ခရီးလမ်းကဘယ်လိုလုပ်ဖြောင့်ဖြူးမှာလဲနော်………………….
အချစ်=အချစ် နဲ့ တည်ရှိနေသူများ
အချင်းချင်းနားလည်းမှုပေးနိုင်ပါစေ………..

commentinfo By: ချစ်တတ်သူ at Sep 4, 2010
Comment #3

အချစ်တစ်ခုတည်းနဲ့လဲ မပြီးသွားဘူး…နားလည်မှုက ချစ်သူဖြစ်ပြီးရင် ပိုအရေးပါလားတယ်…

commentinfo By: owl at Jun 13, 2011
Comment #4

ဟုတ်တယ်နော်………. တစ်ကယ့်လက်တွေ့မှာ ချစ်တာ တစ်ခုတည်းလဲမပြီးသေးဘူးးးးးးးးးးးးးးးးးးးးးးးးး။
သူနဲ့ကိုယ် ညီမျှဖို့ ညီမျှခြင်းတွေ အများကြီးလိုသေးတယ်………..

commentinfo By: chanmyae at Sep 15, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment