Professional Authors

ကိုကိုဖရီးနှင့် အိုလံပစ်

ကိုကိုဖရီးနှင့် အိုလံပစ် 

အားကစားဝါသနာရှင် မိတ်ဆွေများခင်ဗျား။ ယခုဆိုရင်လန်ဒန်ရွှေမြို့တော်ကြီးမှာ အိုလံပစ်ပွဲကြီးခြိမ့်ခြိမ့်သည်း  ကျင်းပတော့မှာဖြစ်ပါတယ်။ သို့ပေသည့် ကိုကိုဖရီးခမျာ အိုလံပစ်ဆိုတိုင်း ခိုးလို့ခုလုဖြစိနေ ရပါတယ်။ဘာကြောင့်လဲဆိုတော့အိုလံပစ်ပွဲကြီးကိုပြိုင်ချင်လွန်းလို့တစ်ယောက်တည်း                                           ကျိတ်ကျင့်နေတာ ကြာလှပေါ့။ ဒါပေမယ့်ကိုယ့်မြေကိုယ့်ပရိသတ်ရှေ့မှာဂုဏ်ဆောင်ချင်လွန်းလို့ မြန်မာနိုင်ငံ                            အိမ်ရှင်ဖြစ်မှ ၀င်ပြိုင်ဖို့၊ တခြားမြေတွေမှာဆိုရင်ဝင်မပြိုင်ဘူးလို့ဆုံးဖြတ်ထားတယ်လေ။(အင်း-အရိုးဆွေးတာတောင် ၀င်ပြိုင်ရဖို့လဲမမြင်ပါဘူး)။ တကယ်ပါဗျ။ကိုကိုဖရီးကအားကစားဆိုရင်သိပ်ဝါသနာပါတာလေ။အားမှကစားတာ၊ မအားရင်လုံးဝကစားတာမဟုတ်ဘူး။အားကစားလုပ်နေရရင်လည်းထမင်းမေ့ ဟင်းမေ့ပဲလေ။ ဟင်းမကောင်းတဲ့ နေ့တွေမျိုးပေါ့..အဟီး)။အားကစားထဲမှာဖရီးဝါသနာအပါဆုံးကဘောလုံးလေ။ ဘီနဲ့စတဲ့                     ဘောလုံးပြီးရင် ကိုကိုဖရီး အကြိုက်ဆုံးက ဘီယာသောက်အားကစားနည်းဗျ။ ကိုကိုဖရီးက မြန်မာနိုင်ငံသာ                         အိမ်ရှင်ဖြစ်ရင် ဒီအားကစားနည်းကို အိုလံပစ် အားကစားနည်းအဖြစ် အဆိုတင်သွင်းမလားလို့စဉ်းစားနေတာ။                             ဒါကြောင့် ကိုကိုဖရီး ကျိတ်ကျင့်နေတာ။ ရလဒ်ကတော့ ဗိုက်လေးတောင် ဘီဘီဗိုက်လို့ နာမည်ထွက်နေပြီခင်ဗျ ။

ကိုကိုဖရီးရည်ရွယ်လေ့ကျင့် နေတာကတော့ “အိုလံပစ်အမျိုးသားအလွတ်တန်းဘီယာသောက်ပြိုင်ပွဲ”ပါ။ အင်း..ခက်တာကအိုလံပစ်အားကစားနည်းတွေထဲမှာလည်း ဒီကစားနည်းမပါသေးတော့ စပွန်ဆာရှာရတာတယ် ခက်သကိုး။ဘာပဲဖြစ်ဖြစ် ကိုကိုဖရီးကတော့.မြန်မာနိုင်ငံအိမ်ရှင်ဖြစ်မယ့် အိုလံပစ်ပွဲ တြော်ကီးမှာ အိမ်ကွင်း..အဲ..အိမ်ရှင်ဆိုတော့..ခု..မျိုးချစ်စိတ်ပြည့်ဝစွာ မြန်မာဘီယာနဲ့ပဲ ထရိန်နင်ဆင်းနေပါကြောင်း ။ ။ အားလုံးကိုလေးစားလျက်..ကိုကိုဖရီး

 နောက်ဆက်တွဲအိုလံပစ်သတင်း 

တရုတ်နိုင်ငံမှာ အိုလံပစ်ပွဲတော်ကြီး ခမ်းခမ်းနားနား ကျင်းပပြီးဆုံးသွားပေမယ့် ကိုဖရီးကတော့ အားကစားသမားကောင်းပီသစွာ မြန်မာနိုင်ငံမှာ ကျင်းပမဲ့ အိုလံပစ် open beer drinking ပြိုင်ပွဲအတွက်                                     ထရိန်နင်ကို မလျှော့ဘူးခင်ဗျ။ ခုဆိုရင် ကိုကိုဖရီးချိန်ထားတဲ့ ရွှေတံဆိပ်ကို လုမဲ့သူတွေလည်း များလာတယ်လေ။                   ထွန်းမောင် ခေါ် ဖင်ကုန်းမောင် တို့၊ မိုးမောင်(happycloud) ၊ကိုမော်စီတို့ က ပြိုင်ပွဲဝင်ဖို့ ကြိုတင်ပြင်ဆင်နေကြ                        ပြီတဲ့ခင်ဗျ။ ဒါတောင် ကိုသင်ကာတို့၊ ကိုဟန်သစ်ငြိမ်တို့က လယ်ဗယ်နိမ့်တယ်ဆိုပြီး ၀င်မပြိုင်သေးဘူးလေ။                     ကိုစတန်လေဆိုသူ ကလည်း ၀င်ပြိုင်ချင်ပေမယ့် သူ့ခမျာ နီးရာဓားကြောက်နေရတော့ လေသံတောင်                           မဟရဲတော့ဘူးခင်ည။ ကိုယုသာ ဆိုတဲ့လူကြီးကတော့ ၀င်ပြိုင်ချင်ပေမယ့် စိတ်သွား တိုင်းကိုယ်မပါဖြစ်နေလို့                             ဟိုဆေးတွေ မှီဝဲနေရတယ်လေ။ (သိချင်ရင် သူ့သာ မေးကြည့် ကြဗျာ..အဟင့်)။ ဒါပေမယ့်…ဒီမိတ်ဆွေတွေ ပြိုင်ပွဲဝင်နိုင်မယ်မထင်ပါဘူးဗျာ။ အဲဒီ အချိန်ကျရင် ဘယ်လိုက်ရှာရမှန်း တောင်မသိတော့ပါဘူး။ ခုကတည်းကအသက်ရှည် အောင်ရေခဲတောင်ကြာပွင့်စားထားမှ တော်ကာကျမှာလေ။ ကိုကိုဖရီးကတော့                                 တရုတ်ကား ထဲက မင်းသားဆီမှာ ဘီအီးတစ်လုံးနဲ့ လဲထားပြီးပြီလေ။ ငှဲ.. ငှဲ…ငှဲ….။ အင်း..တကယ်တော့ ပြိုင်ပွဲ လေ့ကျင့်စရိတ်က ထောင်းတယ်ဗျာ။ ဘယ် ဘီယာcompany ကမှ စပွန်ဆာမပေး တော့အိတ်စိုက် လေ့ကျင့်ရတာ မတတ်သာဘူးလေ။ ဟော..ပြောရင်းဆိုရင်း မိုးရွာလာပြီ။ ဒါ အားကစားသမားတွေ အကြိုက်ပဲ။ အချိန်ရှိတုန်း ဆိုင်ပြေးပြီး ကစ်..အဲ…အဲ..လေ့ကျင့်လိုက် ဦးမှ.။ ….တာ့…တာ။ အားလုံးဆီက စပွန်ဆာမျှော်လင့်လျက်..ကိုကိုဖရီး…ဟီး။

ခင်မင်ရင်းနှီးစွာဖြင့် မူလလက်ဟောင်း ကိုကိုဖရီး

 

 

In: ဝတ္ထု Posted By: Date: Jun 15, 2012
Comment #1

ha,,ha,,.
kwi,,kwi,,
rofl,,
really nice.
really funny,
really interesting, 😛
both of u & all of ur fris r drinkers?

commentinfo By: ei lay at Jun 20, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment