Professional Authors

မမျှော်လင်.သော ………………………………………………….

solar90: “အမရေ မာကလာပင်”
ဟော ကောင်လေးလိုင်းပေါ်ကိုရောက်လာပါပြီ။
သူက စကားပြောရင် ခပ်နောက်နောက်ပါ ။
သူပြောတဲ.မာကလာပင်ဆိုတာ “မင်္ဂလာပါ”လို.နုတ်ဆက်တာပါ။

honey85: “ကောင်လေးရေသည်နေ. အမ ပြင်ဦးလွင်ကနေ ညနေပိုင်းဆင်းလာမယ်
ညနေ 7နာရီလောက်ကို 35လမ်းက စိန်သောင်းစာပေရှေ.ကနေ စောင်.နေပါ။
အပြာရောင်တီရှပ်ကလေးဝတ်ထားမယ် မင်းကရောဘာရောင်ဝတ်လာမှာလဲ
သေသေချာချာစောင်.နော် မင်းမလာရင် အမတစ်ယောက်ထဲဒုက္ခရောက်နေမယ်
ညနေစာကိုတူတူစားမယ် ထမင်းစားမထားနဲ.နော်”

solar90: “ကောင်းပြီ ကျွန်တော်အခုကတည်းက ရင်တွေခုန်နေတယ်နော်
ထမင်းစားဘို.မပြောနဲ. အခုတောင်ရင်တွေပြည်.နေပြီ
အလုပ်က လာမှဆိုတော. သဘောပေါက်
အမရေ ညနေမှတွေ.မယ်နော် “
ကောင်လေးနဲ.ကျမ စတွေ.တာကလည်းပြသနာနဲ.စတယ်လို.ဆိုရမှာပါ။
ကျမ သူငယ်ချင်း”လူနီမ”ရှပ်ပြာပြာနိုင်လို.ကြောင်.ပေါ.။
တစ်နေ.”လူနီမ”နဲ.လိုင်းပေါ်မှာ ထုံးစံအတိုင်းရောက်တတ်ရာရာ စကားပြောနေပါတယ်။
တစ်ခုရှိတာက ကျမက ၀ါသနာ အရ blog တွေ ရေးပါတယ်။
ချက်တင်က တော. သူငယ်ချင်းတွေနဲ.သာ ပြောတတ်ပါတယ် ကိုယ်မသိသောသူနဲ.ပြောခဲပါတယ်။
သူငယ်ချင်းနဲ.ပြောပြန်ရင်လဲသူတို.က ကျမကို စိတ်ရှည်ရပါတယ်။
ဘာလို.လဲဆိုတော. ကျမက blog လေးရေးလိုက် သူတို.ကို တစ်ခါပြန်ပြောလိုက်ဆိုတော. ပြတ်တောင်းပြတ်တောင်းနဲ.ပါ။
သူတို.က ကျွန်မကို ဘယ်လိုကောက်ချက်ချသလဲဆိုရင် “နင်နဲ. စကားပြောရတာ မင်္ဂလာဆောင်မှာရေခဲမုန်.စားရသလိုဘဲတဲ. “
တစ်ပွဲကုန်သွားလို.နောက်တစ်ပွဲလိုချင်ရင် လာမချမခြင်းစောင်.ရတာကိုဆိုလိုတာပါ။
ထားပါတော.အဲသည်နေ.က မှတ်မှတ်ရရ တပေါင်းလပြည်.နေ.ဖြစ်ပါတယ်။
ကျမ blog ရေးနေတုန်း “အမ လက်ဖက်ချီးစပ်စားမလား”ဆိုပြီး g talk ကနေ တက်လာပါတယ်။
ကျမလဲစိတ်ပေါက်ပေါက်နဲ. “အဲဒါနင်ဘဲစား”လို.ချက်ချင်းစာပြန်ရိုက်ပေးလိုက်ပါတယ်။
ဒါပေမဲ. ကျမ ချက်ခြင်းသတိရလိုက်တာက “လူနီမ”က ဒီလိုညစ်တီးညစ်ပတ်မပြောတတ်တာကိုပါ။
ဒါနဲ. “လူနီမ”အကောင်.ထဲကို တယောက်ယောက်က ၀င်နောက်နေပြီဆိုတာပါ။
ကျမတို.က အင်တာနက်သုံးရင် အလုပ်လုပ်တဲ. company မှာတင်မကဘဲ အားတယ်ဆိုရင် အင်တာနက်ဆိုင်မှာပြောလေ.ရှိပါတယ်။
“လူနီမ”ကလည်းအင်မတန်မှ မေ.တတ် လော တတ်ပါတယ်။
သူအင်တာနက်ဆိုင်က Singout မလုပ်ဘဲ ပြန်လာလို. သူ.အကောင်.ကနေ၀င်ပြီး လျှောက်အရေးခံရတာလဲ ခဏခဏပါဘဲ။
အခုလဲသူခါတိုင်းလိုရှပ်ပြာနိုင်တာနေမှာပါ။
“မင်းသူများအကောင်.ထဲကိုဘာလို.လျှောက်ရေးတာလဲ “လို.မေးလိုက်တော.
“အမရေ စိတ်မဆိုးပါနဲ.ကျွန်တော် လဲ G talk ထိုင်နေတုံး လက်ဖက်စားရ ရင်ကောင်းမယ်ဆိုတဲ.စာလေးတက်လာတာကို ကျွန်တော်နဲ.ပြောလက်စလူမှတ်လို. လက်ဖက်ချဉ်စပ်စားမလားလို.မေးချင်တာကို လက်ကွက်မှားရိုက်မိတာ တောင်းပန်ပါတယ်
အမ ကျွန်တော်.မှာလဲ ကိုယ်ပိုင်အကောင်.တွေရှိပါတယ် add လိုက်မယ်နော် “ဆိုပြီးကျမ အကောင်.ထဲကိုသူဝင်လာပါတယ်။
အဲဒီနေ.ကနေပြီးကျမဘ၀ထဲကိုသူစတင်ဝင်လာခဲ.ပါတယ်။
ကံကောင်းချင်တော. သူလိုင်းပေါ်တက်လာသောအချိန်မှာ ကျမကလဲ ရေးလက်စ စာပြီးသွားလို.သူနဲ.ဆက်စကား
ပြောဖြစ်ပါတယ်။
အဲဒီနေ.ကစလို. သူနဲ.မကြာမကြာကနေ နေ.စဉ် လိုင်းပေါ်မှာတွေ.ဖြစ်ပါတယ်။
ရောက်တတ်ရာရာပြောနေရင်းကသူ.အကြောင်းကိုယ်.အကြောင်းပြောဖြစ်ကြပါတယ်။
ပြောရင်းသိလာတာက သူဟာ အတော်နောက်တတ်တဲ.သူတစ်ယောက်ဆိုတာကိုပါ။
သူ.ရုံးက တော်တော်လေးပဲများတဲ. မမကြီးတစ်ယောက်နေ.လည် စားပွဲခုံပေါ်အိပ်ငိုက်နေတာကို mp4 နဲဓါတ်ပုံရိုက်ပြီးလိုက်ပြရုံတင်မက ဘဲ ရုံးက ကွန်ပြူတာတွေရဲ. desktop ပေါ်မှာတင်ထားလိုက်တာတရုံးလုံးကကြည်.ကြည်.ပြီးဟားကြလို. မမကြီးကစိတ်ဆိုးပြီး ပိုင်ရှင်ကိုတက်တိုင်တာ
ကျေနပ်လောက်အောင်ကိုတောင်းပန်လိုက်ရတာတဲ.စမိတာနဲ.တောင်မကာမဘူးဆိုဘဲ။
ကံကောင်း အလုပ်ထုတ်တာမခံရတာပါတဲ.။
တစ်ခါကျတော.လဲ ယောင်တတ်တဲ.မန်နေဂျာ အကိုကြီးအလုပ်လုပ်နေတဲ.အချိန်မှာ ဧည်.သည်ဝင်လာတဲ.ပုံစံမျိုးနဲ.သူက “မာကလာပင် “လို.ခပ်တိုးတိုးလေးထအော်လိုက်ရင်ဟိုမန်နေဂျာကလည်းယောင်တဲ.ပြီးမတ်တတ်ထရပ်လို.
” မာကလာပင်”လို.ထအော်လိုက်ရုံးထဲကလူတွေက ရီလိုက်နဲ.။
သူက ဒီလိုခပ်နောက်နောက်ကလေးပါ။
ဒါပေမဲ.သူကို တစ်ရုံးလုံးက ချစ်သလို အလုပ်လုပ်တဲ.နေရမှာလည်းစေ.စပ်သေချာတာရယ် ကြိုးစားတာရယ်ကြောင်.
သူပထမနှစ်တက်စက အရောင်းသမားဘ၀ ကစလိုက်တာ အခုသူကျောင်းပြီးတဲအချိန်မှာသူ.ပိုင်ရှင်က တော်တော်လေးကို အားထားတဲ.လက်ရုံးတစ်ယောက်ဖြစ်နေပါပြီ။
ဒါတောင်သူက ဘယ်လိုပြောတယ်မှတ်လဲ”အမ ကျွန်တော်ဘောစိက အမြင်တွေမှားနေတာ ။ကျွန်တော် အိမ်မှာမနေချင်လို.
အလုပ်ထဲကိုစောစောလာ ညမိုးချုပ်မှပြန်တာကို အရမ်းကြိုးစားတယ်ဆိုပြီးစွတ်အထင်တွေကြီးနေတာ “တဲ.လေ။
သူဘာလို.အိမ်မနေချင်ရသလဲဆိုတာကိုမေးကြည်.တော.သူ.ရဲ.မေမလေးနဲ.မျက်နှာချင်းမဆိုင်ချင်လို.ပါတဲ.။
သူငါးတန်းအရောက်မှာ သူ.မေမေက ကွယ်လွန်သွားပါသတဲ.။
သူရှစ်တန်းအရောက်မှာ သူ.ဖေဖေနဲ.မေမေတို.ရဲ.သူငယ်ချင်းဖြစ်တဲ. “အန်တီမေ “က သူ.ရဲ.မေမေလေးဖြစ်လာပါသတဲ.။
သူတို.သားအဖ နေရေးထိုင်ရေး အဆင်ပြေအောင်ဆိုပြီးလူကြီးတွေက စီစဉ်တာကို သူ.အဖေနဲ.အန်တီမေတို.ကလဲ လိုလိုလားလားလက်ခံခဲ.ပါတယ်။
ဒါကိုသူကဘာပြောတယ်မှတ်လဲ ” ဖေဖေက ငယ်ငယ်လေးထဲကအန်တီမေကိုကြိုက်နေတာ”နေမှာပါတဲ.။
သူ.မေမေလေးက ရုပ်ရှင်တွေ ၊ဇာတ်လမ်းတွေ၊၀တ္တုတွေထဲကလိုဇာတ်နာအောင်ဖန်တီးတတ်ကြတဲ.မိထွေးများနဲ.တော.
လားလားမှမဆိုင်ပါတဲ.။
သူ.မေမေလေးက ပညာတတ်တစ်ယောက်ဖြစ်သလို စိတ်သဘောထားနူးညံ.ရုံတင်မကဘူးသူ.ကိုလဲ အလိုလိုက်တဲ.အပြင် ငယ်ငယ်လေးကထဲကချစ်လဲချစ်ပါသတဲ.။
သုံးယောက်ထဲသာရှိတဲ.အိမ်ကလေးက ပြသနာမရှိပါဘူး။
ခက်တာက သူက သူ.အမေနေရာကို အစားထိုးလို.မရတာပါတဲ.။
ဒီတော. သူက သူ.အချိန်တွေကို အိမ်အပြင်မှာ ဘဲကုန်လွန်စေပါတယ်။
ဆယ်တန်းအောင်တော.လဲ နေ.ကျောင်းတက်ခိုင်းတာကိုမတက်ဘဲ အဝေးသင်ကိုတက်ရင်းအလုပ်လုပ်ပါတယ်။
ကျောင်းတက်ရင် ကျောင်းဆင်းချိန်ဆိုအိမ်ပြန်ရမှာတဲ. အလုပ်လုပ်ရင် အလုပ်မပီးလို.ဆို အိမ်မပြန်ဘဲနေလို.ရတယ်တဲ.လေ။
သူက စီးကရက်တွေဖြန်.တဲ.company မှာ အလုပ်လုပ်တာပါ။
သူတို.companyက မန္တလေးမှာပါ။
ဒါတွေကိုသိလာတော. သူ.ကို သနားတာအပြင် သံယောဇဉ်တွေပါ ပိုလို.တိုးလာပါတယ်။
သူနဲ.ကျမက ဘ၀ခြင်းကတော. ပြောင်းပြန်ပါ။
ကျမတို.က 35လမ်း 84-85ကြားက မီးရထားတိုက်ခန်းမှာနေတာပါ။
သူ.ကိုတော.မေမြို.ကပါလို.ညာထားတယ်။
ဖေဖေရယ် မေမေရယ် မေမေ.အမေရယ် အကိုနှစ်ယောက် နဲ.ကျမ စုစုပေါင်းခြောက်ယောက်သာရှိတဲ.မိသားစုလေးမှာကျမကအိမ်ဆွဲလဲလေး အချစ်ခံရဆုံး အလိုလိုက်ခံရဆုံး ဆိုတဲ. ဂုဏ်ပုဒ်တွေနဲ.ပြည်.စုံနေတဲ.သူပါ။
ဖွားဖွားကလွဲရင် အားလုံးအလုပ်ကိုယ်စီနဲ.ဆိုတော.ငွေရေးကြေးရေးပူပင်စရာမလိုပါဘူး။
နောက်အိမ်သားအားလုံးက အေးအေးဆေးဆေးနေတတ်သူတွေဆိုတော. home sweet home. ဆိုတာ ကျမတို.အိမ်အတွက်သက်သက်ရည်ညွှန်းတယ်လို.တောင်ထင်မိပါတယ်။
ဒီလိုအေးချမ်းတဲ.ဘ၀မှာနေရတဲ.သူအဖို. ချစ်သူရှာဖို.ဆိုတာ မလိုအပ်တဲ.ကိစ္စတစ်ခုပါ။
နောက်ပြီးကျောင်းတက်ကတည်းက အိမ်ကလိုက်ပို.လာကြို သူငယ်ချင်းတွေကလည်းအေးအေးနေတတ်သူတွေဆိုတော.
ကျောင်းပြီးလို.အလုပ်ထဲသာရောက်လာတယ် ဒီလိုကိစ္စတွေနဲ.က ခပ်ကင်းကင်းပါဘဲ။
နောက်ပြီးမေမေတို.က မြန်မာဗုဒ္ဒဘာသာ ဖေဖေက ခရစ်ယာန်ပါ။
ဒီတော.ဖေဖေက ပွင်.လင်းတယ် ခေတ်မှီတယ် မေမေတို.က ယဉ်ကျေးအေးဆေးတယ်လေ။
သူနဲ.ဆုံတာတစ်နှစ်လောက်အတွင်းမှာ နေ.စဉ် G-tlk မှာပြောနေရင်း ပိုလို.သံယောဇဉ်တွယ်လာပါတယ်။
သူက ကျမထက်ငါးနှစ်တိတိငယ်ပါတယ.်။
သူ.အကြောင်းကိုသိတော.သနားလာသလိုသူပြောပြတဲ.ဟာသတွေကိုလည်း နားထောင်ရင်းသူ.ကိုနားလည်လို.လာပါတယ်။
သူက စိတ်ညစ်စရာမပြေလည်တာတွေကို ရီမောစရာအဖြစ်ဖန်တီးလို.ဘ၀ကိုနေသာအောင်နေသူတစ်ယောက်ပါ။
ကြာတော.လည်းသူ.စိတ်ကလေးက ကျမအပေါ်မှာဆန်းကြယ်လာတာ တဖြည်းဖြည်းပြောင်းလာတာကို သိပေမဲ. မငြင်းဆန်မိသလို့လုံးဝလက်ခံတယ်လဲမဟုတ်ပါ.ဘူး။
တစ်ရက်တော.စကားပြောနေရင်းကျမက သူ.ကို sweety လေးလို.ခေါ်လိုက်မိတဲ.အခါ။
သူစကားပြောနေရာကတော်တော်ကြာကြာရပ်သွားပါတယ်။
ကျမက သူဒီပြင်.တစ်ယောက်နဲ. စကားပြောနေတယ်ထင်လို.” ကောင်လေးဘယ်သူနဲ.ပြောနေလို.ဟန်နီနဲ.မပြောဘဲရပ်ထားတာလဲ”လို.မေးလိုက်တော.
” သူရင်တွေခုန်သွားတယ်”လို.ပြန်ဖြေလိုက်မှကျမပါ ရင်တွေရောခုန်သွားပါတယ်။
ဒါပေမဲ. သူခုချိန်ထိ ကျမမန်းလေးမှာနေတာကိုသူမသိသလို တစ်ယောက်နဲ.တစ်ယောက် တွေ.ဘို.လည်းမကြိုးစားမိပါဘူး။
တစ်ရက်မှာ သူကို. ကျမက ” ကောင်လေးမင်းကသိပ်နောက်တတ်တော.ဟန်နီကိုပြောတာတွေကလည်းနောက်နေတာဘဲလား.”
လို.မေးလိုက်တဲ.အချိန်မှာ သူက “မမ ကိုတော.အတည်အတည် အတည်မှတကယ်ကိုချစ်နေတာ “လို.ပြောလည်းပြောလိုက်ရော ကျမဘာပြန်ပြောရမှန်းတောင်မသိလောက်အောင်ဖြစ်သွားသလို ရင်မှာလည်းကြည်နူးမူ.တွေနဲ.ပြည်.လျံလို.သွားပါတယ်။
ဒါပေမဲ. ဘာမှကိုပြန်မပြောဘဲ sing out လုပ်လိုက်ပါတယ်။
အမှန်ကတော.ရင်တွေသိပ်ခုန်လို.ပါ သူကတော.စိတ်ဆိုးသွားတယ်ထင်ပါတယ်။
နောက်နေ.တွေ.တိုင်း သံယောဇဉ်ဖွဲ.စကားတွေကို စလာလိုက်အဖြေတောင်းလိုက်နဲ.ပါ.။
ကျမအိမ်က ကျမကို မှာထားပါတယ်။
” ဟန်နီလေး ချစ်သူတွေ.ခဲ.ရင် အိမ်ကိုအရင်ဆုံးခေါ်လာပြီး အသိပေးပါ ဟန်နီလေး ရွေးချယ်သူဟာ
ဖေဖေမေမေတို.ရွေးချယ်သူပါဘဲ သမီး လိမ္မာတယ်ဆိုတာ အားလုံးကသိတယ်”တဲ.ပါ.။
” အချိန်တန်ရင် အဖြေပေးမယ် ဟန်နီအချစ်ကိုပေးမယ်.သူဆိုရင် အိမ်ကို အရင်ဆုံးအိမ်ခေါ်မှာ”သူ.ကိုတော.ပြောထားဘူးပါတယ်။
သည်နေ.သူ.ကို အိမ်ကိုခေါ်မယ် အားလုံးနဲ.ပေးတွေ.မယ်လီု.ဆုံးဖြတ်ထားပြီး အိမ်ကိုလည်းဧည်.သည်ပါလာမယ်ညစာထမင်းကြွေ.မယ်လို.ကြေငြာထားတော. အိမ်ကလဲ သဘောပေါက်ပြီးသားပါ။
ဒါနဲ. ကျမ သူနဲ.ချိန်းထားတာ မတိုင်ခင်မှာ ထိုင်နေကျ 37-38 ကြား 84လမ်းပေါ်က ဆိုင်မှာ ရေးလက်စဘလောဂ်.ကို အဆုံးသတ်ဘို.သွားထိုင်နေပါတယ်။
ည7နာရီကျော်မှကျမက သည်ဆိုင်ကနေ စိန်သောင်းကိုလမ်းလျှောက်သွားရင် 5မိနစ်တောင်မကြာပါဘူး။
တော်ကြာသူနောက်ကျနေရင် ကျမအတွက်ခက်မယ်လေ ယောင်ချာချာနဲ.စောင်.နေရလိမ်.မယ်။
စာထဲမှာ စိတ်နှစ်လို.စာရိုက်နေတုန်းကျမ ဟန်းဖုန်းက အလမ်းမြည်လာပါတယ် 7နာရီထိုးဖို.10မိနစ်ဘဲလိုတော.တယ်လို.သတိပေးတာပါ.။
အဲဒီအချိန်ကျမကလဲရေးနေတာကိုလက်စသတ်ဘို.လုပ်နေတုန်းကျမထိုင်နေတဲ.ခုံရဲ.အနောက်ဘက်တစ်ခုံကျော်က ကောင်လေးတယောက်က ၀ုန်းကနဲ ထတဲ.ပြီး ” မိမွန်ရေသွားပြီဟေ. ဒီမှာပိုက်ဆံ”ပြီးဆိုင်ကကောင်မလေးကိုနုတ်ဆက်ထွက်သွားတာက် မြင်လိုက်ရပါတယ်။
ခဏလေးအတွင်းမှာ ဆိုင်အပြင်ဘက်က ကားဘရိတ်အုပ်သံ တစ်ခုနဲ.တစ်ခု အရှိန်ပြင်းပြင်းနဲ.တိုက်သံတွေကိုကြားလို.အားလုံး
ထွက်ကြည်.ကြတဲ.အချိန်က ခုနက ဆိုင်ကထွက်သွားတဲ.ကောင်လေးက သွေးအိုင်ထဲမှာ လဲနေပါတယ်။
အားလုံးက ၀ိုင်းအုံလာပြီး ဝေဖန်သံတွေပွက်လောရိုက်နေပါတယ်။
” တောင်ဘက်က လမ်းပြောင်းပြန်ကို မီးမဖွင်.ဘဲမောင်းလာတဆိုင်ကယ်ကိုရှောင်လိုက်လို.ဖြစ်တာ”
“ကောင်လေးက လမ်းမှန်တယ် ကံဆိုးတာ ” “မြောက်ကလာတဲ.စစ်ကိုင်းကားက ဆိုင်ကယ်ကိုရှောင်ရင်းဆိုင်ထဲကထွက်လာတဲ.ဆိုင်ကယ်ကိုဝင်တိုက်တာ ” “ပြောမနေနဲ.ဟေ. ယာဉ်ထိန်းသွားခေါ်”
” ကောင်လေးကို ဆေးရုံပို.ရအောင်လုပ်ဟေ.”
ကောင်လေးက ဆိုင်ကအထွက် မြောက်ဘက်က အရှိန်ပြင်းပြင်းမောင်းလာတဲ . စစ်ကိုင်းမန်းလေးသွာ.တဲ.လိုင်းကားက
မီးမဖွင်.ဘဲမောင်းလာတဲ.ဆိုင်ကယ်ကိုရှောင်ရင်းကောင်လေးနဲ.မျက်နှာချင်းဆိုင်တိုက်မိတာပါ။
ဆိုင်ထဲက ကောင်မလေးက”ကိုနေရယ် ဖြစ်မှဖြစ်ရလေ “ဆိုပြီးမျက်ရည်တွေဝဲနေပါတယ်။
ကျမကလည်း လူသိပ်မအုံခင်ပြန်ဘို. ကျမ ဖွင်.ထားတဲ. အကောင်.ကိုပိတ်ဖို.စက်နားကိုပြန်အလာ
ခုဏက ကောင်လေး ထိုင်သွားတဲ.စက်ကိုကြည်.လိုက်တဲ.အခါမှာ
sing out ကိုသေချာမလုပ်လို. ကျန်ခဲ.တဲ.စာသားလေးကတော.
solar 90: “ဟေ.ကောင်တွေငါသွားပြီ မမဟန်နီနဲ.7နာရီချိန်းထားတယ်”
ဆိုတဲ.စာတန်းလေးကိုလဲမြင်လိုက်ရော ကျမ ဘာကိုမှ မမြင်နိုင်လောက်အောင်ကအမှောင်ဖုံးသွားပါတယ်။
ဝုန်းကနဲကျမပြီုလဲမသွားခင် ကြားလိုက်ရတာကတော. “မမဟန်နီ သွေးမြင်ပြီးမူးလဲသွားပြီ လုပ်ကြပါအုံး “
ဆိုတဲ.ဆိုင်ကကောင်မလေးအသံပါ။
ကျမသတိရလာတော.ကျမကိုခုံတစ်လုံးပေါ်မှာထိုင်ခိုင်းထားပြီး ကောင်မလေးက ကျမအမူးပြေအောင်ယပ်ခပ်ပေးနေပါတယ်။
ကျမ သိလိုက်ပါပြီ နေမင်းရောင်ဆိုတဲ.solar 90:နဲ. လရောင်ဖြာဆိုတဲ.ကျမhoney85:တို.ဇာတ်လမ်းလေးဟာမစခင်ပြီးဆုံးသွားပြီဆိုတာကိုပါ။
ကျမကိုလာခေါ်ဘို.အိမ်ကိုဖုန်းဆက်လိုက်တဲ.အချိန်ဖုန်းလာကိုင်တဲ.မေမေက “နေမင်းရောင် “မလာဘူးလားလို.မေးလိုက်တာကို
ကျမ ဘယ် လို ပြန် ဖြေ ရ မ လဲ ရှင် ………………………………………………..
ကိုပေါက်လက်ဆောင်အဆွေးပါးပါးလေး q

In: ဝတ္ထု Posted By: Date: May 27, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment