Professional Authors

ကတ်သီး ကတ်သတ်

ကတ်သတ်–အင်း ကိုကတ်သီးရေ ကျုပ်ကအင်္ဂလိပ်စာမကျွမ်းတော့ ရန်ကုန်က စတိတ်ရှိုးကြော်ငြာတွေက အဆိုတော်တွေနာမည်ဖတ်ရင် အသံထွက်မရတော့ ဂွကျတယ်ဗျာ။
ကတ်သီး–ဘယ်လိုများလဲဗျ။
ကတ်သတ်–တချို့နာမည်တွေများကျောချမ်းစရာကြီးဗျာ။ ဘာတဲ့ “အိတ်စမ်းပလိုက်”ဆိုလား ။ တချို့နာမည်တွေကျတော့ ရယ်စရာကြီးတွေ… “ဘီလူးပါရယ်၊ဒီလိုရယ်၊ကိုဘာယာတဲ့၊ချာပါတီတဲ့၊ပက်လက်အိုး ”တဲ့ဗျာ။
ကတ်သီး–ဟာ “Examplez, Blue Berry,Theory, Cobra, Chapter, Black Hole ” တွေပါဗျ။ ခင်ဗျားကလည်း။
ကတ်သတ်–ပြီးရှိသေးတယ် တိရစ္ဆာန်နာမည်တွေ .ဘာ..“.ခြင်ပေါက်၊ ဖားပေါက် နဲ့ ကြက်မ” ဆိုလားဘဲ။ ပြီးတော့“ ကွိကွိ၊ ကိကိ”    တဲ့ ဘာသံတွေလဲမသိဘူး။
ကတ်သီး— ဟာ….“ဆင်ပေါက်နဲ့ ကျားပေါက် ၊ ကြက်ဖ”လုပ်စမ်းပါ ကိုကတ်သတ်ရယ် ။
ကတ်သတ်— ဒီကြားထဲ “သားဆိုးတို့၊ ရင်မီ တို့ ၊ဂင်ချီ တို့၊ ပဲလေး” တို့ကပါသေး။ ပြီးတော့ ဓာတုဗေဒ နာမည်တွေ ဘာ.“.အိတ်တူးအို၊ အိုတူး” တဲ့ဗျာ။
ကတ်သီး–သြော် သားစိုး၊ ဂျေမီ နဲ့ ဟဲလေး တို့ထင်တယ်။ ဓာတုဗေဒနာမည်… သြော် ..ဓာတုဗေဒ ဘာသာရပ် ချစ်လို့နေမှာပေါ့ဗျာ ကတ်သတ်–ပြီးတော့ ဘာဖုန်း ညာဖုန်း တွေရှိသေးတယ်ဆို။ လူကနေဖုန်းဖြစ်ရတယ်လို့ဗျာ။
ကတ်သီး–ရှင်ဖုန်း၊ ခင်ဘုဏ်း ပါဗျာ ခင်ဗျားကလည်း။
ကတ်သတ်–မသိပါဘူးဗျာ။ ဦးဖိုးကျားရဲ့မိတဆိုးရှင်ပြုထဲက“လှုပ်လီလှုပ်လဲ့သော်မော် အရည်ပျော်”ဆိုကလို ဒီခေတ်နာမည်တွေက ဆန်းသကိုး။
ကတ်သီး–အင်း ဟုတ်ပါတယ်။ ဒါပေမယ့် ခင်ဗျား အင်္ဂလိပ်စာ ညံ့တာလဲထည့်ပြောအုံးလေ။
ကတ်သတ်–ဟုတ်ပြီ ဒါဆို အလကားရတဲ့ အင်္ဂလိပ်စာ ပညာဒါနသင်တန်းတွေ လိုက်တက်ဦးမယ်ဗျာ။
ကတ်သီး–တက်ပါ။ ပညာကတော့ ဒါနနဲ့ပါ။ ဒါပေမယ့်…ကျန်တာကတော့…ဟဲဟဲဟဲ..သဘောပေါက်ပါတယ် ။  ။

မိတ်ဆွေများရယ်မောပျော်ရွှင်နိုင်ကြပါစေ။ 
မူလလက်ဟောင်းဂန္ထ၀င်ဖရီး

In: ဝတ္ထု Posted By: Date: Dec 22, 2011
Comment #1

😛
😛
million thz,

commentinfo By: ei lay at Jun 20, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment