Professional Authors

သူမကြောင့် ငါ၏ သေဆုံးမှု

ဒီနေ့မိုးတွေအရမ်းရွာနေတယ်။
သူမနဲ့ကျွန်တော်ကားပေါ်ကဆင်းဆင်းချင်း ဘာစကားမှပြောဘဲ တိတ်ဆိတ်စွာလမ်းအတူတူလျှောက်လာကြတယ်။
ကြေကွဲခြင်းနဲ့ပေါ့
ဒီလိုနဲ့ သူမက တိတ်ဆိတ်မှုကို အရင်ဖြိုခွဲလိုက်တယ်။ “မိနစ်၃၀လောက် အချိန်ရတယ်မလား ကဲန်းတင်းသွားရအောင်တဲ့ “
သူမကအရင်ဦးဆောင်ကာ ထွက်သွားပါတော့တယ်။ (ကျွန်တော်ကတော့ နောက်လိုက်ပေါ့လေ။ သူမပြောသမျှ လုပ်ဆောင်
တတ်တဲ့ နှလုံးသားပါတဲ့ သက်ရှိလူသားတစ်ဦးပေါ့။ ကျွန်တော် ဆိုတဲ့ကောင်က သူငယ်ချင်းတွေကိုဘဲ ဦးဆောင်နိုင်တာ။
မိန်ကလေးတစ်ယောက်ကို ဦးဆောင်နိုင်တဲ့ စွမ်းရည်မရှိဘူး။ )
ကဲန်းတင်းက အပြန်လမ်းမှာ သူမကိုကျွန်တော်လိုက်ပို့လိုက်တယ်။ ဂျစ်ပစီတစ်ယောက်ရဲ့ခြေလှမ်းနဲ့ ပေါ့။
အပြန်လမ်းမှာ ကျွန်တော်တွေးနေမိတယ်။စကားပုံတစ်ခုကိုပေါ့ “မိုင်ပေါင်းများစွာသော ခရီးကို ခြေတစ်လှမ်းကစရတယ်တဲ့“
ဟုတ်ပါတယ်။ ကျွန်တော်ရဲ့ ခရီးတစ်ခုစတင်လျှောက်လှမ်းနေပါပြီ။ ခုချိန်မှစတင်ပြီးတော့ပေါ့။
ကျွန်တော်ရဲ့နောက်ပိုင်းခရီးကို တစ်ကိုယ်တော်လျှောက်လှမ်းမယ်။ သူမရဲ့ ဆုံးဖြတ်ချက်၊သုံးသပ်ချက်တွေကိုလဲ ဂရုမစိုက်တော့ဘူး။
ဘာလို့လဲ …. ကိုယ့်ကိုကိုယ်ပြန်မေးမိတယ်။
သူမကတောင် ကိုယ့်ကိုမချစ်လို့(ကိုယ့်ကိုမသနားလို့)  သူ့ရဲ့ဆုံးဖြတ်ချက်ကိုမပြင်သေးတာဘဲ။
ကိုယ်လဲ ကိုယ့်ရဲ့ပျော်ရွှင်မှုအတွက် အမြဲ ဘယ်သူ့ကိုမှဂရုမစိုက်တော့ဘူး။
အမှောင်ထဲကို တိုးဝင်မှတော့ အလင်းရောင်ကိုတောင်းတနေလို့ ဘယ်ရမလဲ။ လုပ်ချင်တာကိုလုပ်ပြီးရင် အိပ်ရေးဝအောင်အိပ်လိုက်ပါဦး
ပြီးမှ လုပ်သင့်တာကိုလုပ်ပါတဲ့ ကြားဖူးတယ်။ ဟဲ ဟဲ
ဒါကြောင့် ငါ သူမကိုငါ နောက်ဆုံးအနေနဲ့ တောင်းဆိုမိပါတယ်။ ဒါပေမယ့် သူမရဲ့ ဆုံးဖြတ်ချက်ကခိုင်မာနေမှတော့ ကိုယ့်ကိုကိုယ်ဘဲ ပြောင်းလဲလိုက်တော့မယ်။
အရှင်းဆုံးသော အဖြေပါဘဲ။ ငါဆုံးဖြတ်လိုက်သည်။ ငါ၏ပျက်စီးမှုကို သူမတွေ့မြင်ရသော်လည်း ဂရုမစိုက်။လုပ်ချင်တာသာလုပ်လိုက်ပါ။
သူမ၏ မပြောင်းလဲသောဆုံးဖြတ်ချက်ကြောင့် ငါ၏ဆုံးဖြတ်ချက် ခိုင်မာစေသတည်း။
သူငယ်ချင်းများနှင့် လဲ လက်တွဲဖြုတ်ခဲ့သည်။ ကြည်ဖြူစွာဖြင့် ။ အမှတ်တရနေဖြင့် ဓာတ်ပုံများစွာ ရိုက်ခဲ့ကြသည်။
နောက်ဆုံး အားလုံးကပြောခဲ့သော စကား “ Good Lack For You ” တဲ့
ကျောင်းတက်မှုရဲ့ လုပ်ဆောင်မှုအားလုံးကို အမှတ်တရအနေဖြင့် video  ရိုက်ခဲ့သည်။ ငါ၏အမှတ်တရဖြင့် သူငယ်ချင်းများစွာ အမှတ်ရပါစေ။
ငါဆုတောင်းနေမယ်
ငါချစ်သော ၊ သူ၏ချစ်ခြင်းကို ပြန်မရရှိခဲ့သော်လည်း သူမအတွက် ငါဆုတောင်းနေမယ်
ငါ၏ချစ်ခြင်းဖြင့် သူမ အမြဲစိတ်ချမ်းသာနိုင်ပါစေ။ သူမအတွက် အနှောက်အယှက်ဖြစ်စေသောငါ
ယနေ့မှ စတင်ပြီး အဆုံးသတ်ပါပြီ
နောက်ဆုံးတိုင် သူမကိုပြောချင်သောစကားမှာ ငါသူမကို အမှန်တကယ်ပင် မြတ်မြတ်နိုးနိုးချစ်မိခဲ့ပါသည် ။
သူမ ငါ့ကိုသံယောဇဉ်ရှိသည်ဟု ပြောဖူးသည်။ သို့သော်
သံယောဇဉ်မှာ အချစ်မှမဟုတ်တာဟု ကိုယ့်ကိုကိုယ်ငြင်းဖူးသည်။
မှန်တာကို ပြောရရင် သူမနဲ့ ဘာဘဲဖြစ်ဖြစ် တစ်ချိန်တော့ ပြန်ဆုံစည်းချင်သည်။ လက်တွဲချင်သည်။
သို့သော မဖြစ်နိုင်သောဘ၀အတွက် ဒီဘ၀တော့ ဒီမျှနှင့် နှုတ်ဆက်ခဲ့ပါတယ်။ သူမအတွက်နဲ့ ကျွန်ုပ် ပျော်ရွှင်ခဲ့ရဖူးသည်ကို
သေသည်အထိ မေ့ရမည်မထင်ခဲ့ပါ။

ဒီလိုဖြင့် ကျွန်ုပ်ပြောင်းလဲသွားခဲ့မည်။ ဟုတ်သည်။
အနည်းဆုံးတော့ သူမကျွန်ုပ်ကို ခင်ခဲ့ဖူးမည်တော့ အမှန်ပင်ဖြစ်သည်။ဒီထက်တော့ ပိုမည်မထင်။
ဝန်ခံချက် ။                          ။၅.၉.၂၀၁၁ က ကျောင်းမှာရေးထားခဲ့တာပါ။ ဖက်မယ့်ပိုင်ရှင်မရှိလို့ ………ဒီလိုတင်ဖြစ်သွားတာပါ။

                                                                                                             နှင်းဝေမိုးလတ်(ဒုတိယနှစ် သင်္ချာ)

In: ဝတ္ထု Posted By: Date: Sep 9, 2011
Comment #1

hna lone tarr ne khan sarr twar par de,

commentinfo By: ei lay at Oct 4, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment