Professional Authors

လွမ်းမိတဲ့ ခဏတာ

စာလုံးတစ်လုံး ချရေးလိုက်ဖို့  အဲလောက်ခက်ခဲမှန်း အခုမှသိတော့ တယ်….
note pad အလွတ်လေးတစ်ခုဟာ delete အကြိမ်ပေါင်းများစွာနဲ့  အခုထိဖြူလွနေတုန်းးးး
စောင့် နေတယ်လို့ ပြောရအောင်လည်း သူပြောတဲ့ စကားထဲမှာ စောင့် ပါလို့ တစ်ခွန်းမှမပါဘူး…..
မျှော်နေတယ်လို့ လဲမဟုတ်ပေမယ့် …… ညတိုင်းတော့ အိပ်ရာဝင်နောက်ကျတာအမှန်ပဲ…..
စိတ်ဝင်စားတယ်လို့ ပြောလာတဲ့ သူတစ်ယောက်အဖို့ ကျွန်မမှာ ပေးစရာအဖြေမရှိခဲ့ ပါ…..
ဒါဖြင့် သူ့ ကို…………………………..
နားလည်ရခက်ဆုံးအရာတစ်ခုကိုပြပါဆိုလျှင် ကျွှန်မစိတ်ပဲဖြစ်လိမ့် မည်……     
 ဘာတွေပျောက်ဆုံးပြီး ဘာတွေထိရှလွယ်မှန်းမသိသော ကျွှန်မနှလုံးသားကရော…သွေးတို့ ပုံမှန်လည်ပတ်နေပါရဲ့ လားးးးး
သူလိုင်းပေါ်ရောက်နေပြီလားလို့ ခဏခဏ ပြန်ကြည့် မိတဲ့ လက်ကိုဘယ်အရာကမှမတားဆီးနိုင်ခဲ့ ဘူးးး
နောက်ဆုံးတော့  ကျွန်မကိုယ်ကျွှန်မ မကျေနပ်ခြင်းတွေနဲ့ ပဲ…..
missed call ပေးတတ်တဲ့ ဖုန်းလေးကိုမုန်းတီးစွာငေးကြည့် နေမိတယ်……
good night လို့ လာနှုတ်ဆက်တဲ့ သူငယ်ချင်းကို အိပ်မက်လှလှမက်ပါစေလို့ ပြန်ပြောရင်း  ဒီညကျွှန်မရဲ့ အိပ်မက်ရော….လှမှာတဲ့ လားးးးး
ဟော…ပြောရင်းနဲ့ လက်က အလိုလို click ပြီးသားဖြစ်သွားတဲ့ အကောင့် မှာ သူရှိမနေပါ…..
ရင်ထဲမှာတစ်မျိုးဟာတာတာဖြစ်သွားတဲ့ တစ်ခဏကိုဘယ်လိုလက်သင့် မခံချင်ဘူးးးးးးးးးးးးးး
သူ့ ကိုမုန်းတယ်လို့ အော်ဟစ်ပြောလိုက်ရအောင်လည်း အစကတည်းမှချစ်မနေခဲ့ တာ……
ဘယ်လိုအဆုံးသတ်ရမှန်းမသိတော့ လို့ အကြာကြီးစဉ်းစားနေပြီးကာမှ
သက်ပြင်းတစ်ချက်ခပ်လေးလေးချမိတော့  
တိမ်ညိုတစ်အုပ်ကစဉ့် ကလျှားလွင့် ပြေးသွားကြလေရဲ့ ၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊

In: ဝတ္ထု Posted By: Date: Aug 31, 2011
Comment #1

ဟော…ပြောရင်းနဲ့ လက်က အလိုလို click ပြီးသားဖြစ်သွားတဲ့ အကောင့် မှာ သူရှိမနေပါ =(

commentinfo By: mayviolet at Nov 8, 2012
Comment #2

ဘယ်လိုအဆုံးသတ်ရမှန်းမသိတော့ လို့ အကြာကြီးစဉ်းစားနေပြီးကာမှ
သက်ပြင်းတစ်ချက်ခပ်လေးလေးချမိတော့ 
တိမ်ညိုတစ်အုပ်ကစဉ့် ကလျှားလွင့် ပြေးသွားကြလေရဲ့  ၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊

commentinfo By: maypyo22889 at Nov 8, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment