Professional Authors

ရည်းစားဦး

အချစ်ဟာ ရေမဟုတ်။ အချစ်ဟာ အချစ်ပဲဖြစ်သည်။

ဘာရယ်မဟုတ်။ ခုတလောရည်းစားဦးကို တော်တော်လွမ်းနေသည်။

သူအိမ်ထောင်ကျသွားတာ သုံးနှစ်ပြည့်တော့မည်၊

ပီ ကလွမ်းလို့ကောင်းဆဲ၊ ငရဲကြီးမှာလည်း ကြောက်သည်။

စိတ်သည် အတော်ခက်သည်။ ကိုယ်ပိုင်လျက် ကိုယ်မပိုင်သောအရာမှာ စိတ် ဖြစ်မည်ထင်သည်။

ထိန်းချုပ် ရင်း ထိန်းချုပ်ရင်း စိတ်ရှုပ်ရသောအရာ။ စိတ်ရာဂါ။

ရည်စားဦိး ပြီတော့ နောက်သုံးလေးဦး…လေးယောက်မြောက်ရည်းစား ပြီးတော့ စိတ်လျော့လိုက်သည်။

အချစ်သည် အချစ် နှင့် ကု၍ မရ။ ဘ၀အကျိုးပေး အချစ်ကြွေး ပေးလိုက်ရသည်ပဲ။ သည်လိုမှတ် ဟိုလိုမှတ်…အမျိုးမျိုးမှတ်။ 

ချစ်သူတိုင်းလည်းညားကြပါစေ။ ညားသူတိုင်းလည်း ချစ်ကြပါစေ။ ချစ်ဦးသူတိုင်း သက်ဆုံတိုင်းချစ်နိုင်ကြပါစေ။

ပီ က သူအတွက် အချစ်ဦးမဟုတ်ခဲ့။ အချစ်ရူးလေးပီအတွက် သူ သည် အချစ်ဦး ၊ အချစ်ထူး..

မတည်မြဲသောအရာ .. လေထဲမှာရှိသောစကား.. အချစ်ကား လူကိုမူးစေ၏ ။ ရူးစေ၏။

မေ့ဖျောက် ၍မရသောအရာ။

ချစ်သူ ကား အဝေး မှာ၊ ဘယ်တုန်းကမှလည်း မနီးခဲ့၊ မမြင်ခဲ့ရ။

နှစ်ဆယ်ကျော်အရွယ် နုနုနယ်မှာ online မှာတွေ့ခဲ့၊ online မှာချစ်ခဲ့၊ ဒီလိုနဲ့ဝေးခဲ့၊

အချစ်က ဘာမှအရေးမကြီးဘူးသီချင်းနဲ့ထားခဲ့၊

ငါ အဆွေးကြီးဆွေး၊

အဆိုတော်လည်းငါမသိ၊

တေးရေးသူလည်းငါမသိ၊

ဘာကြောင့်အချစ်ဦးကစွန့်ခဲ့တာလည်းငါမသိ။

မသိတာအများကြီးမှာ အချစ်ဆိုတာ က ငါ့ရင်ကို ထိုးနှက်ခဲ့………….

………….နစ်နစ်သီးသီးလွမ်းရင်း….ငရဲကြီးမှာကြောက်ရင်း…လောကကြီးကိုအံကြိတ်ရင်း….

အချစ်ဟာ ရေလိုစီးဆင်းသွားရင်း သိပ်ကောင်းမှာပဲလိုတွေးမိတယ်။

 

 

Comment #1

ကြိုက်တယ်
တထပ်တည်းကိုတူတယ်
အီဖေကို အဖြစ်နဲ့လေ
ဒါပေမဲ့ သူက တော့အိမ်ထောင်ကျဘို့  ငါ့ကိုစောင့်နေတုန်းဟ မကျသေးဘူး
ခုတော့ ဝေးဆဲ ပေါ့

commentinfo By: Flora White at May 10, 2011
Comment #2

🙂

Comment #3

ငါကတော့ရည်းစားဦးကိုလွမ်းကိုမလွမ်းတာ

commentinfo By: wityee at May 12, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment