Professional Authors

ကျွန်မချစ်သော တစ်ချိန်က ကျွန်မချစ်သူ

ဒီဇင်ဘာလ ရဲ့ မနက်ခင်းတစ်ခုမှာ
ကျွန်မ အရမ်းခင်ရတဲ့ သူငယ်ချင်း သူက ကျွန်မ လက်ကို ဆွဲပြီး
ဘယ်တော့ မှ လက်တွဲမဖြုတ်ဘူး….
ဘ၀တစ်သက်စာ အတွက်ရည်စူးပြီး လက်တွဲသွားမယ်လို့ ဂတိတွေ အထပ်ထပ် ပေးခဲ့တယ်…
သူပြောခဲ့တယ်… ဘယ်တော့မှ ကျွန်မ မျက်ရည်မကျရပါစေဘူးလို့ပေါ့….

အဲလိုနဲ့ ကျွန်မ နဲ့သူနဲ့ ချစ်ခဲ့ကြတယ်…
ပျော်ခဲ့ကြတဲ့ အချိန်တွေ ရှိသလို… ရန်ဖြစ်တဲ့ အခါလဲရှိခဲ့ပါတယ်…
အမြဲတမ်းဂရုစိုက်ခဲ့တဲ့သူက ကျွန်မ ကို သိပ်ချုပ်ချယ်ခဲ့တယ်…
ONline မတက်ရ… ယောကျာ်းလေး သူငယ်ချင်းမထားရ…. စသဖြင့်
သူတစ်ယောက်တည်း နဲ့ ကျွန်မ ပတ်ဝန်းကျင်ကို ထိန်းချုပ်ထားခဲ့တယ်….
ကျွန်မအတွက်တော့ သူက ပထမဆုံးချစ်သူပေမဲ့….
သူအတွက်တော့ နံပါတ်စဉ်တောင် ရေလို့ရမှာမဟုတ်ပါဘူး…..
သူငယ်ချင်းသံယောဇဉ်နဲ့ ရှေ့ဆက်ခဲ့ကြတယ်….
အဲလိုနဲ့ နှစ်နှစ် မပြည့်ခင် သူ့ဘက်က စပြီး ပြောင်းလဲ လာခဲ့တယ်….
ကျွန်မကို ဂရုမစိုက်တော့သလို သူ့ ကို ရစ်တယ်ဆိုပြီး ကျွန်မကို စိတ်ကုန်တယ်လို့ ပြောလာခဲ့တယ်…
တကယ်တမ်းတော့ သူက နောက်တစ်ယောက်ရှိနေခဲ့တယ်ဆိုတာ ကျွန်မ နောက်ကျ မှသိခဲ့ရတာ….
ဖြတ်လိုက်ပြီလို့ ယုံအောင်ပုံတွေပြောခဲ့တယ်…
ဒါပေမဲ့ နောက်ထပ်ဆက်တွဲနေခဲ့တယ်…..
သြော်… လောက ကြီးက သိပ်ရက်စက်ပါလား… တချို့တချို့သော မိန်းကလေး တွေကလဲ ဒီလိုမျိုး လိုက်ကပ်တတ်ပါလားလို့
ပထမဆုံးအကြိမ် လောက ကြီးကို သိပ်ကြောက်သွားမိတယ်…..
သူက ကျွန်မ ကို လုံးဝမချစ်တော့ပါဘူး…. နောက်တစ်ယောက်ကို ဘဲ အရမ်းစွဲလမ်းပြီး ချစ်မိသွားပါပြီတဲ့….
ဒီစကားတွေဟာ ကျွန်မ အဖို့ တော့ ကမ္ဘာ ပျက်သလိုပါဘဲ…..
အချစ်ဆိုတာ ခုမှ တွေ့ဖူးတာ.. သူ့အတွက် အချစ်စစ်ပါတဲ့…
ကျွန်မကိုက သူငယ်ချင်းတစ်ယောက်လို ညီမတစ်ယောက်လို ဒီထက်မပိုပါဘူးတဲ့….
ဟိုက သူ့ကို လိမ်နေညာနေ ရှုပ်နေတဲ့ လူပေမဲ့ သူက ချစ်တယ်တဲ့..
သူစိတ်တိုင်းကျ အရုပ်လို နေခဲ့တဲ့ ကျွန်မ ကျတော့ မချစ်နိုင်တော့ပါဘူး….
နှစ်နှစ်ဆိုတဲ့ သံယောဇဉ်လဲ မထောက်တော့ဘဲ…….
လူတွေ အကုန်တားနေတဲ့ကြားက သူထွက်သွားခဲ့တယ်….
ကျွန်မ ကတော့ သူပျော်ပါစေ ဆိုပြီး အားလုံး ခွင့်လွှတ်ပေးခဲ့ရတယ်…
ကြေကွဲနေယုံကလွဲလို့ ဘာမှ မတတ်နိုင်ခဲ့ဘူး….
ဒါတောင် သူနောက်ထပ်တွဲတဲ့တစ်ယောက်က မကျေနပ်နိုင်ဘူး….
ကျွန်မကို သူတို့ ရှေ့မှာ တရားဝင်ဖြတ်ပေးမှ ကျေနပ်နိုင်မယ်တဲ့….
ဘယ်လို မိန်းကလေးမျိုးလဲ စဉ်းစားလို့ မရခဲ့ဘူး…
ကိုယ်ချင်းမစာရင်တောင် ဒီတိုင်းထားလိုက်ပါတော့လား…. ချစ်သူ တစ်ယောက်လုံး အပါ
ယူသွားပြီးမှ ဘာတွေ ထက်လို ချင်နေသေးလဲဆိုတာ…….
အရာအားလုံးကို စိတ်ကုန်လို့ အဝေးဆုံးကို သွားလိုက်ချင်တယ်… ဒီ ဒဏ်ရာတွေ နဲ့ နှလုံးသားက ဘယ်လို ရှေ့ဆက်ရဦးမှာလဲ…
အချိန်က ကုစားပေးမဲ့ ဒဏ်ရာပေမဲ့ အရမ်းချစ်ခဲ့ တဲ့သူအတွက်တော့ နှုတ်မရတဲ့ ဆူးလိုပါဘဲ….
အသက်မပါတော့တဲ့ ဟန်ဆောင်အပြုံးတွေ နဲ့ နောက်တစ်နေ့ ဆက်ဖို့ ငါခွန်အားရှိပါစေ…

In: ဝတ္ထု Posted By: Date: Apr 3, 2011
Comment #1

အသက်မပါတော့တဲ့ ဟန်ဆောင်အပြုံးတွေ နဲ့ နောက်တစ်နေ့ ဆက်ဖို့ ငါခွန်အားရှိပါစေ…

commentinfo By: nanpyisoke at Apr 4, 2011
Comment #2

I am sorry If this is a true story … but this surely is the best one … with full of memorable emotions …Keep Up the good work
Keep writing ..
And I will keep supporting you 🙂

commentinfo By: KyawLay at Apr 5, 2011
Comment #3

It’s the worst truth I ever faced. Thz For Your Encouraging…. 🙂 I will keep on going.

commentinfo By: Renaissance Hom at Apr 5, 2011
Comment #4

အချိန်က ကုစားပေးမဲ့ ဒဏ်ရာပေမဲ့ အရမ်းချစ်ခဲ့ တဲ့သူအတွက်တော့ နှုတ်မရတဲ့ ဆူးလိုပါဘဲ…. ဒီဝထ္တုထဲကလိုမျိုးအပြင်မှာတကယ်ရှိခဲ့ပါတယ်။ဒါကကောတကယ်ထင်တယ်

commentinfo By: purple at Apr 21, 2011
Comment #5

အားပေးဖတ်ရူသွားပါတယ်
လူ့စိတ်ဆိုတာ သိပ်ကြောက်စရာ ကောင်းပါလား
နောက်ကွယ်က နစ်နာမူတွေကို ပြုသူများ သိကြပါစေ။

commentinfo By: မယ်မနော at Apr 21, 2011
Comment #6

ကောင်း၏…။

commentinfo By: အောင်ရဲသူ at Jul 7, 2011
Comment #7

This article can remind me of my past… 🙁

commentinfo By: Hsu Myat at Jul 7, 2011
Comment #8

အရမ်းကို တိုက်ဆိုင်ပါတယ် “ကျွန်မကိုက သူငယ်ချင်းတစ်ယောက်လို ညီမတစ်ယောက်လို ဒီထက်မပိုပါဘူးတဲ့….
ဟိုက သူ့ကို လိမ်နေညာနေ ရှုပ်နေတဲ့ လူပေမဲ့ သူက ချစ်တယ်တဲ့..
သူစိတ်တိုင်းကျ အရုပ်လို နေခဲ့တဲ့ ကျွန်မ ကျတော့ မချစ်နိုင်တော့ပါဘူး….” ကျွန်မကိုတော့ အစ်မတယောက်လိုပါပဲတဲ့ ……

commentinfo By: YM at Jul 7, 2011
Comment #9

စိတ်မကောင်းဖြစ်မိပေမဲ့ တစ်ဘ၀လုံးအတွက်တော့ ၀မ်းနည်းစရာမဟုတ်ပါ ။ သစ္စာမရှိမှုကို စောစီးစွာသိခွင့်ရခဲ့တဲ့ အတွက်ပေါ့။

commentinfo By: yadanar at Jul 8, 2011
Comment #10

အချစ်ဆိုတာကိုခုတုံးလုပ်ပြီး ရက်ရက်စက်စက် လှည်ဖြားနေတဲ.လူတွေပိုများလာပါလားလို.တွေးမိတယ်။
အားတင်းထားပါနော်။အဆိုးတွေထွက်သွားတာမို.အကောင်းဆုံးတွေကိုတွေ.ရတော.မှာပါ။

commentinfo By: sakura at Dec 11, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment