Professional Authors

ပြီးပြည့်စုံတဲ့ မိန်းမတစ်ယောက်ရဲ့ အရှုံး

လောကမှာ ပြီးပြည့်စုံတဲ့ မိန်းမတစ်ယောက်ရဲ့ အရှုံးကို ရှင်တို့မြင်ဖူးကြလား။

ရုပ်ချောတယ်၊ ချမ်းသာတယ်၊ မျိုးရိုးကောင်းတယ်၊စာတော်တယ်၊ လူရာဝင်တယ် ၊အသိုင်းအ၀ိုင်းကြီးတယ်၊ ဘ၀အကျိုးပေးကောင်းလွန်းလို့ လူတိုင်းအားကျမနာလိုဖြစ်ရတဲ့မိန်းကလေး။

စိတ်ထားလေးမဆိုးတဲ့အပြင်မာနမကြီးတတ်လို့ အဘက်ဘက်ကပြောစရာမရှိတဲ့ ကောင်မလေး။

သူရဲ့ကျရှုံးခန်းကို တွေ့ဖူးကြလား ။

 

တော်တော်သိချင်မှာပဲနော်။ ဘယ်လိုအရာကများ သူကိုစိတ်ဆင်းရဲမှုတွေပေးနိုင်မလဲလို့။ သိကြတဲ့အတိုင်းပဲ။ အချစ်ဆိုတဲ့ ဂြိုလ်ကောင်ပေါ့။

ကြွားတာတော့ မဟုတ်ပါဘူး … ကျွန်မက အရာရာ ပြီးပြည့်စုံနေတဲ့ မိန်းကလေးတယောက်လို့ လူတွေက သတ်မှတ်ကြတယ် …. ဟုတ်ပါတယ် …. ကျွန်မဘ၀ဟာ ပြည့်စုံခဲ့ပါတယ် …. မိဘက ချမ်းသာလို့ ကောင်းကောင်းမွန်မွန်နေရတယ် …. ဥာဏ်လေးကောင်းတာရယ် … ကြိုးစားတာရယ်ကြောင့် … ကျွန်မ စာတော်တဲ့ လူ စာရင်းထဲဝင်ပါတယ် … သူငယ်ချင်းတွေကိုခင်တတ်လို့ … အားလုံးကလဲ ၀ိုင်းချစ်ခင်ကြတယ် …. အဲ့တော့ ကျွန်မမှာ ဘာမှ အပူဆိုတာမရှိဘူးပေါ့ … အဲ …. အဲ့ဒါကောင်လေးကိုမတွေ့ခင်အချိန်က အရာတွေပါ ….

 

 

ကျွန်မ အဲ့ဒီကောင်လေးကိုစတွေ့ခဲ့ပုံက မဆန်းပါဘူး။ သူငယ်ချင်းတစ်ယောက်က မိတ်ဆက်ပေးတာပါ။ကောင်လေး ရဲ့ ပုံစံက ကျွန်မလိုမဟုတ်ဘူး။ ရိုးရိုးရှင်းရှင်း စတိုင်လေးနဲ့လေ။ ကျွန်မကတော့ စကတ်တိုတို ဘောင်းဘီတိုတိုနဲ့ ရောင်စူးစူး crazy ရောင်လေးတွေ ၀တ်ပြီး eye-liner တင်ပြီး မျက်လုံးကိုထင်းနေ မဲနေအောင် ပြင်တတ်သူလေ။ ကျွန်မက ဖက်ရှင် နဲ့ပတ်သတ်ပြီး အရမ်း ဂရုစိုက်တယ် … လက်ရှိခေတ်စားနေတဲ့ အီမိုပုံစံကို ချစ်စရာကောင်မလေး ကလေးလေးအပြင် အဆင်နဲ့ မအပ်စပ်တာတွေကို ဂဟေစပ်ပစ်တတ်သူပေါ့ ….. ကျွန်မ ချစ်သူထားတဲ့ နေရာမှာလဲ အဲ့လို ဂဟေစပ်မိတယ် …..

 

ကျွန်မနဲ့ကောင်လေးဟာ လုံးဝမအပ်စပ်မဲ့လူနှစ်ယောက်ပါ။ဒါပေမဲ့ ဆန့်ကျင်ဘက်ချင်းဆို ဆွဲငင်တတ်တယ်ဆိုတဲ့ စကားကိုရှင်တို့ကြားဖူးမှာပါ။ ကျွန်မတို့ အပြန်အလှန် စိတ်ဝင်စားခဲ့ကြပါတယ်။ ရှင်းရှင်းပြောရင် ကျွန်မသူနဲ့ကြိုက်သွားကြတယ်။ ကျွန်မကိုသူဘယ်တော့မှထားမသွားလောက်ပါဘူးလို့ အပြည့်အ၀ယုံကြည်ခဲ့ပါတယ်။ ဟုတ်တယ်လေ ကျွန်မကို ကျွန်မ ယုံကြည်မှုရှိပါတယ် …. ဘယ်နေရာမှာမှ ကျွန်မ သာမန်မိန်းကလေးတယောက်ထက် မသာလွန်စရာ အကြောင်းမရှိဘူး….. ဒီလောက်ပြည့်စုံတဲ့ မိန်းမကို ပစ်သွားတဲ့ယောကျာင်္းက ရူးလို့ပဲ။

 

တကယ်ပဲ သူရူးသွားတယ်လို့ထင်တယ.်။ သူ ကျွန်မကို အဆက်အသွယ်ဖြတ်ပြီး ကျွန်မထက် ဘာမှမသာတဲ့ အို……..အဘက်ဘက်မှာ နိမ့်ကျနေတဲ့ သာမန်ကောင်မလေးနဲ့ ချစ်ကြိုက်သွားတယ်တဲ့လေ။ ကျွန်မရင်နာပါတယ်။ သူကျွန်မကိုထားသွားတဲ့အတွက် နည်းနည်းပါ။ ဒိထက်ပိုဆိုးတာက ကျွန်မရဲ့ ပြိုင်ဘက်မိန်းမဟာ ကျွန်မလောက်ပြီးပြည့်စုံမှုတွေ အရည်အချင်းတွေ ကို မပိုင်ဆိုင်ထားလို့ပါ။
ဒါပေမဲ့ ကျွန်မကိုသူနဲ့မိတ်ဆက်ပေးခဲ့တဲ့ သူငယ်ချင်းကကျွန်မဆီ သတင်းတစ်ခုမယူလာခင် အထိ ကျွန်မ၇ဲ့ ပြည့်စုံမှုတွေအပေါ် ဂုဏ်မောက်ပြီး သာယာနေခဲ့ ရင် သူနဲ့ဟိုကောင်မလေးကို တစိမ့်စိမ့်မုန်းတီး နာကြည်းနေခဲ့ပါ တယ်။

 

တကယ်တမ်းမှာ …………………………

 

သူကျွန်မကို ထားသွားခဲ့တဲ့ အကြောင်းအရင်းက ကျွန်မရဲ့ပြည့်စုံမှုတွေကြောင့်တဲ့။ ကျွန်မဘေးမှာ သူရပ်နေရင် အရာရာ သူက သေးနုပ်သိမ်ငယ်နေတယ်လို့ခံစားရတယ်တဲ့။ လူတွေက ကျွန်မကိုရထားလို့ အားကျတဲ့အကြည့်နဲ့ကြည့်တာဟာ သူကိုတစ်နည်းတစ်လမ်းနဲ့ နှိမ်နေတယ်လို့ မြင်မိပါတယ်တဲ့။ ပြီးတော့ ရည်းစားရှိတာ ကာမပိုင်လင်ယောင်္ကျားရှိတာမှမဟုတ်ဘဲ ဆိုပြီး တန်းစီနေတဲ့ကောင်တွေကိုလဲ သူ ကြည့်မရခဲ့ဘူး။ အဆိုးဆုံးက လူတောတိုးလွန်းတဲ့ အသိုင်းအ၀ိုင်းကျယ်လွန်းတဲ့ကျွန်မကို သူ့မသိစိတ်ကနေ မုန်းမုန်းလာလို့တဲ့။ ကောင်လေးဟာ ကျွန်မရဲ့ဘေးမှာ ရပ်နေရင်း အဲ့လောက် ပြင်းပြင်းထန်ထန်ခံစားနေရတာကို မသိ မရိပ်မိတာ ကျွန်မညံ့တာလား သူဟန်ဆောင်ကောင်းတာလား မသိဘူး။ အဲ့ဒိ အကြောင်းတွေသိပြီးနောက်မှာ ကျွန်မရဲ့ ပြည့်စုံ မှုတွေကျွန်မ စက်ဆုပ်လာခဲ့တယ်။ ကောင်လေးနဲ့ကျွန်မကိုခွဲခဲ့တဲ့အကြောင်းတရားများအဖြစ်ကျွန်မမုန်းတယ်။ ပိုဆိုးတာက … ကျွန်မ အဲ့ ဒါတွေကို မလိုချင်တော့တာပဲ …… ဒါပေမဲ့ ….. ကျွန်မကို သူငယ်ချင်းတယောက်က အကောင်းဆုံး ဝေဖန်ခဲ့တယ် …..

“နင် ကျန်တာတွေကို အကုန် ရောချင်သလိုရောလုပ်ချင်သလို လုပ်လို့ရတယ်နဲ့ …… အချစ်ဆိုတာကတော့ သူဘာသာသူ သီးသန့်လေး …. သူအထာနဲ့ သူ ထားတာ အကောင်းဆုံးပဲတဲ့ ….. ပြီးတော့ အရင်ကနင်ဟာ ပြည့်စုံမှုကို ဂုဏ်ယူနေတဲ့အတွက် … နင်အမှားတွေကို နင် ၀ိုးတ၀ါးပဲမြင်ရတယ် … .အခုဆို နင် အရင်ထက်ပိုမြင်ရမှာပါ …. အဲ့ဒါနင့်အတွက်သူပေးခဲ့တဲ့ အကောင်းဆုံးနဲ့တန်ဖိုးအရှိဆုံးလက်ဆောင်ပဲ …….”

ဟုတ်ကဲ့ …. အခုတော့ အားလုံးကို ကျွန်မ ကြည်လင်စွားမြင်တတ်နေပါပြီ …. အဲ့ဒါနဲ့နီးတူ

ကောင်လေးကိုသနားမိတယ်။ သူကိုကျွန်မဆီ ပြန်လာပါလို့တောင်းပန်ချင်တယ် … သူကို့ ကျွန်မ အကောင်းဆုံး အတတ်နိုင်ဆုံး ပျော်အောင် ထားချင်မိတယ် …..

 

သူပြန်လာဖို့ ဖြစ်နိုင်ချေ ၁%တောင်မရှိပင်မဲ့ မျှော်လင့်နေခဲ့ပါတယ်

 

 

 

ကဗျာချို

In: ဝတ္ထု Posted By: Date: Mar 30, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment