Professional Authors

ကျွန်မ သူ့ကို စွန့်လွတ်ပါသည်…..။

သူပေးသော အချစ် ကျွန်မဘေးတွင်မရှိတော့တဲ့အခါ……
ဆက်သွယ်မှုတချို့ အေးခဲရင်း…..သူလာနေကြ လမ်းက တိတ်ဆိတ်…ရင်ခုန်သံအရိပ်အငွေ့ အနည်းငယ်နှင့်
 ကျွန်မ ရင်ခွင်မှာ နာနေမိသည်…..။
အပြုံးတွေ ဝေဖူးခဲ့ကြသည်…..။စိတ်ကူးတွေ လေမှာ လွင့်ဖူးကြသည်….။
နှစ်ယောက်အတူ တွဲရင်း…..အမြဲရောက်ဖြစ်သော ဗိုလ်တထောင်ကမ်းနားအထက်
ကျွန်မတို့၏ ချစ်ခြင်းတွေနှင့် အမှတ်တရများစွာ ချန်ရစ်ဖူးသည်…..။
နေ၀င်ချိန်ကို အတူငေးရင်း ရှင်သန်ခြင်းတွေ တူညီစေဖို့ မျက်ဝန်းတွေ ဆုံမှတ် ၀င်လုဆဲ နေမင်းကြီးအား တိုင်တည်ဖူးသည်….။
သူ့အတွက် စိုးရိမ်မှုအမြောက်အမြား…..ခံစားချက်တွေများပြားစွာဖြင့်
အိပ်ရေးပျက်ညတချို့အားလည်း တရင်းတနှီး မိတ်ဆွေဖွဲ့ဖူးသည်…..။
ကျွန်မအချစ်တွေ စစ်နေသကဲ့သို့
တန်ပြန်မှုတွေ မျှတနေစေဖို့  သူ့ထံကတိတောင်း……သူခေါင်းငြိမ့်တိုင်း….
ဒီကမ္ဘာပေါ်တွင် ပျော်ရွှင်စရာဟာ သူ့ရင်ခွင်လို မှတ်ယူရင်း…..ကျွန်မ၏ သစ္စာတရားကို သူတစ်ယာက်ထံအပ်နှံခဲ့ဖူးသည်….။
သူ့ဖုန်းသံတွေတိုင်း ကျွန်မ၏ အသက်…….
မအားလပ်တဲ့ အချိန်တွေထဲ  သူ့ကိုလွမ်းဖို့ တဒင်္ဂအခိုက်အတန့်လေးဖြစ်ဖြစ် ကျွန်မ ခိုးယူဖန်တီးဖူးသည်….။
သူတခြားသူနှင့် ပျော်ရွှင်နေသည့်အချိန်များတွင်
သူ့စကားအာရုံစိုက်ရင်း……အခန်းထောင့်မှာ တိတ်တဆိတ် နှုတ်ခမ်းတွေကို ဖိကိုက်ရင်း
သူအဆင်ပြေနေစေဖို့ မျက်ရည်များကြားက အခါခါ ဆုတောင်းပေးဖူးသည်……။
သူ ရက်စက်လွန်းခဲ့သည်…..။
သူသိပ်ချစ်ပါသည်ဟု အကြိမ်ကြိမ် ကြွေးကြော်ဖူးသော ကျွန်မအား
လှပစွာ လမ်းခွဲခဲ့သည်…..။
အေးဆေးစွာ ထားရစ်ခဲ့သည်….။
လက်ခံနိုင်လောက်သော ဆင်ခြင်တချို့အသုံးပြုရင်း…… ယောင်္ကျားတို့ ပရီယာယ် ပိုင်နိုင်စွာသုံးရင်း
ကျွန်မ၏ ကြေကွဲမှုများအား သူ စားသုံးခဲ့သည်….။
နားမလည်နိုင်သည့် သူ့လုပ်ရက်တွေအား တအံ့တသြ စူးစမ်းကြည့်ရင်း
ကျွန်မ၏ မှားယွင်းမှု တွေကို ဦးနှောက်ပျက်မတက် ကျွန်မ ဖွေရှာမိပါသည်….။
အမှားမပြုခဲ့ဖူးသော…….ကျွန်မ၏ ရပ်တည်မှုများအား သူထားခဲ့ခြင်းအတွက်
သံသယများစွာဝင်မိသည်…..။
အပြစ်ကင်းခဲ့သော သူ့အပေါ်ချစ်ခြင်းအလုံးစုံအား ချို့ယွင်းမှု အနာအဆာ ပြုမိလေသလားဟု မယုံသင်္ကာဖြစ်ကာ ….
ချစ်ခြင်းတွေဆုံဖူးသည့် သက်တမ်းအားလည်း ၀မ်းနည်းစွာ ပြန်တွေးမိသည်…..။
သူ ဘာကိုများ အထင်လွဲ……နားလည်မှုတွေပဲ လွဲမှားခဲ့သလား ဟူသောမေးခွန်းများဖြင့်……အချိန်တစ်ခုထဲ ချာချာလည်ရင်း
ကျွန်မအသည်းကြွေကျခြင်းတွေအား……ဘာမှမတက်နိုင်စွာ စိတ်ဆင်းရဲရင်း ထိုင်ကြည့်ခဲ့ရသည်……။
ဒီ့ထက်ပိုရူးလည်း မထူးနိုင်တော့တဲ့
အခြေအနေတွေထဲက အမှားအမှန်မခွဲနိုင်တဲ့ ကျွန်မအား အချိန်က ဆုံးမပေးခဲ့သည်….။
ကံတရားက ဒါအမှန် ဆိုသည့် ထောက်ပြခြင်းမျိုးဖြင့် သူ့ကို မမုန်းနိုင်ဘဲ အရှုံးတွေထဲ တိုးဝင်နေသည့် ကျွန်မအား……ကယ်တင်ပေးခဲ့သည်…..။
သင့်တင့်သော အတွေးအခေါ်များဖြင့်
ကျွန်မ၏ ဒဏ်၇ာများ ရင့်ကျက်သွားသောအခါ……..
သူသည် ကျွန်မ အချစ်နှင့် မတန်သည့်လူ……
ကျွန်မ၏ အနာဂတ်နှင့် မသင့်တော်သည့်လူ……
ကျွန်မ၏ လက်တွဲဖော်မဖြစ်ထိုက်သောလူ…….ဟူသော လုံလောက်သည့် အကြောင်းအချက်များဖြင့်
သူနှင့်မဆုံဖြစ်သည်ကို ကျေနပ် နေတက် ရှေ့ဆက်သွားဖို့ အဆင်သင့်လည်း ဖြစ်နေခဲ့သည်…..။
သူ့ကို ရူးခဲ့သည့် အချစ်များနှင့်
သူနှင့်တန်ရာ နေပျော်သွားသည့်…….သူ့အား တည်ငြိမ်စွာဖြင့်ပြုံးပြနှုတ်ဆက်ရင်း……..
ကျွန်မတစ်ယောက်တည်းသာ…ခရီးဆက်…….သူ့ကို မလိုအပ်တော့သည့် စိတ်ဓါတ်တွေအတွက်
ကျွန်မ သူ့ကို စွန့်လွတ်ပါသည်…………။       ။

27 . Mar .2011
(1:15PM)

In: ဝတ္ထု Posted By: Date: Mar 27, 2011
Comment #1

ဖတ်ပြီးစိတ်ထဲမှာတစ်ခုခုခံစား၇တယ်
အားပေးသွားပါတယ်

commentinfo By: genius.jinx28 at Mar 27, 2011
Comment #2

ဖတ်ပြီးတော.စိတ်မကောင်းဖြစ်ရပါတယ်ရဲဝံ.စွာစွန်.လွတ်ခဲ.မိဖူးတယ်။ဒါပေမယ်.တခါတခါသတိရနေမိတတ်ပါ
တယ်

commentinfo By: sawmyawadi at Mar 27, 2011
Comment #3

အရမ်းကောင်းပါတယ် အလွမ်း
အရမ်းချစ်ပေမယ့် ပြတ်သားထားတဲ့ စိတ်လေးက လေးစားစရာ ကောင်းတယ်
တကယ့်ဖြစ်ရပ်တစ်ခုလို မြင်မိတယ်……။
တကယ်ကောင်းပါတယ်။ အရမ်းကြိုက်တယ်…..။ ။

commentinfo By: သျှား at Mar 27, 2011
Comment #4

သူတခြားသူနှင့် ပျော်ရွှင်နေသည့်အချိန်များတွင်
သူ့စကားအာရုံစိုက်ရင်း……အခန်းထောင့်မှာ တိတ်တဆိတ် နှုတ်ခမ်းတွေကို ဖိကိုက်ရင်း
သူအဆင်ပြေနေစေဖို့ မျက်ရည်များကြားက အခါခါ ဆုတောင်းပေးဖူးသည်……။
သူ ရက်စက်လွန်းခဲ့သည်…..။
သူသိပ်ချစ်ပါသည်ဟု အကြိမ်ကြိမ် ကြွေးကြော်ဖူးသော ကျွန်မအား
လှပစွာ လမ်းခွဲခဲ့သည်…..။
အေးဆေးစွာ ထားရစ်ခဲ့သည်….။
လက်ခံနိုင်လောက်သော ဆင်ခြင်တချို့အသုံးပြုရင်း…… ယောင်္ကျားတို့ ပရီယာယ် ပိုင်နိုင်စွာသုံးရင်း
ကျွန်မ၏ ကြေကွဲမှုများအား သူ စားသုံးခဲ့သည်….။
နားမလည်နိုင်သည့် သူ့လုပ်ရက်တွေအား တအံ့တသြ စူးစမ်းကြည့်ရင်း
ကျွန်မ၏ မှားယွင်းမှု တွေကို ဦးနှောက်ပျက်မတက် ကျွန်မ ဖွေရှာမိပါသည်….။
အမှားမပြုခဲ့ဖူးသော…….ကျွန်မ၏ ရပ်တည်မှုများအား သူထားခဲ့ခြင်းအတွက်
သံသယများစွာဝင်မိသည်…..။
အပြစ်ကင်းခဲ့သော သူ့အပေါ်ချစ်ခြင်းအလုံးစုံအား ချို့ယွင်းမှု အနာအဆာ ပြုမိလေသလားဟု မယုံသင်္ကာဖြစ်ကာ ….
ချစ်ခြင်းတွေဆုံဖူးသည့် သက်တမ်းအားလည်း ၀မ်းနည်းစွာ ပြန်တွေးမိသည်…..။
သူ ဘာကိုများ အထင်လွဲ……နားလည်မှုတွေပဲ လွဲမှားခဲ့သလား ဟူသောမေးခွန်းများဖြင့်……အချိန်တစ်ခုထဲ ချာချာလည်ရင်း
ကျွန်မအသည်းကြွေကျခြင်းတွေအား……ဘာမှမတက်နိုင်စွာ စိတ်ဆင်းရဲရင်း ထိုင်ကြည့်ခဲ့ရသည်……။
ဒီ့ထက်ပိုရူးလည်း မထူးနိုင်တော့တဲ့
အခြေအနေတွေထဲက အမှားအမှန်မခွဲနိုင်တဲ့ ကျွန်မအား အချိန်က ဆုံးမပေးခဲ့သည်….။
အရမ်းတိုက်ဆိုင်နေလို့ အရမ်းကြိုက်မိပါတယ်။ အားပေးလျှက်ပါ။

commentinfo By: moonlight at Mar 28, 2011
Comment #5

သူနှင့်တန်ရာ နေပျော်သွားသည့်…….သူ့အား တည်ငြိမ်စွာဖြင့်ပြုံးပြနှုတ်ဆက်ရင်း……..
ကျွန်မတစ်ယောက်တည်းသာ…ခရီးဆက်…….သူ့ကို မလိုအပ်တော့သည့် စိတ်ဓါတ်တွေအတွက်
ကျွန်မ သူ့ကို စွန့်လွတ်ပါသည်

ကြိုက်တယ် ။ စွန့်လွှတ်ခဲ့ဖူးတယ် ။ အားပေးသွားပါတယ် ။

commentinfo By: sundywai at Mar 29, 2011
Comment #6

အရမ်းကောင်းပါတယ်……မိန်းကလေးတိုင်း အသည်းကွဲခြင်းကို ရင်ထဲမထားဘဲ
အမြဲတမ်းဒီလို ပြတ်သားကြရင်ကောင်းမယ်….။
“သူ့ကို မလိုအပ်တော့သည့် စိတ်ဓါတ်တွေအတွက်
ကျွန်မ သူ့ကို စွန့်လွတ်ပါသည်…………။ ။”
ဆိုတဲ့ စာသားလေးကို အရမ်းကြိုက်တယ်

commentinfo By: ပွင့်လွှာ at Apr 1, 2011
Comment #7

Awesome !! it’s a nice one. Keep it up !!

commentinfo By: Phyu at Apr 1, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment