Professional Authors

မျှော်လင့်သူ

ကောင်မလေးရေ..အကြိမ်ကြိမ်ကံမကောင်းမှုတွေနဲ့ အသားကျနေတတ်တဲ့ငါ့အဖို့

မင်းကို ချစ်ခဲ့မိခြင်းကတော့ ကံကောင်းပါတယ်။ အရိုးသားဆုံးသော အိပ်မက်တစ်ခုကို

တပ်မက်ရင်းနဲ့ အနာဂတ်ကိုလည်း မင်းနဲ့ တည်ဆောက်ဖို့ မျှော်လင့်နေခဲ့သူပါ။

ကောင်မလေးရေ..ယုံကြည်ဖို့ အခါခါမတောင်းဆိုခဲ့ဘူး၊ နားလည်ဖို့လည်း အကြိမ်ကြိမ်

မတိုက်တွန်းခဲ့ဘူးနော်။ ဖြစ်လာခဲ့သော အကြောင်းတရားတွေအတိုင်း .

..ငါ့ဘာသာ ဖြစ်ချင်ခဲ့တာတွေကိုသာ ယုံကြည်ကြိုးစားနေခဲ့တာပါ။ နီးလိုက်ဝေးလိုက်.

.. …နိမ့်လိုက်မြင့်လိုက်နဲ့…မင်းဆီကတစ်စုံတစ်ရာကို တိတ်တိတ်ဆိတ်ဆိတ်

နားလည်စောင့်စားရင်း ချစ်ခြင်းတရားတွေနဲ့ ရစ်ပတ်နှောင်ဖွဲ့မိခဲ့သူပါ။ ငါ့အတွက်

လိုအပ်ချိန်တိုင်း မဖြစ်နိုင်ခဲ့တဲ့ လက်တွေ့တရားတွေက နှလုံးသားကို ဖျောင်းဖျ

ဦးနှောက်ကို အနားပေးဖို့ တောင်းဆိုဖူးတယ်။ ဒါပေမယ့် အသိစိတ်မဲ့နေတဲ့

ခြေလှမ်းတွေနဲ့ ဟိုး…အဝေးဆီကိုပြေးထွက်ဖို့ကြိုးစားတိုင်း …..ကောင်မလေးရေ

…ငါဦးတည်ချက်တွေ ကျောက်ချခိုင်မြဲနေဆဲပါပဲကွာ။ ဘာပဲဖြစ်ဖြစ် လိုအပ်ရင်

ပျံသန်းသွားလိုက်ပါ ငါငိုနေတာမင်းလှည့်ကြည့်မနေပါနဲ့။ ဖြစ်နိုင်ရင်

အဆုံးမရှိတဲ့ခရီးတစ်ခုတော့..ငါနဲ့လိုက်နိုင်ရင်လိုက်ခဲ့ပေးပါ။ ခေါ်ပိုင်ခွင့်မရှိ

ပျော်ပိုင်ခွင့် မရှိသေးသူအတွက် မင်းဆုံးဖြတ်ချက်တိုင်းမှာ ငါ့အသက်ရှူသံတွေ

ခြောက်ကပ်နေဆဲပါ။ လိုအပ်ရင်လည်း နာကျင်မှုတွေပေးခဲ့လိုက်ပါ။

ငါကြင်နာတာတွေ မင်းအမှတ်မရလိုက်ပါနဲ့။ ဘ၀ဆိုတာငိုချင်းတစ်ပုဒ်မဟုတ်ဘူး။

ကဗျာတစ်ပုဒ်တစ်ပုဒ်မဟုတ်ဘူး။ တကယ်တော့ မျှော်လင့်ချက်တွေနဲ့ စီးဆင်းနေတဲ့

မြစ်တစ်စင်း။ မင်းကိုချစ်ခဲ့မိခြင်းက …ကောင်မလေးရေ …ငါ့ကိုငါ အရေးမယူနိုင်တဲ့

အမှန်တရားတစ်ခုပါကွာ။ ရှင်သန်လာခဲ့တဲ့ သံယောဇဉ်မြက်ရိုင်းတွေကြား

နီးကပ်လာခဲ့တဲ့ ရင်ခုန်သံတစ်စုံတော့ရှိနေခဲ့ပြီ။ ဒီတော့…ငါတို့နှစ်ဦးရဲ့

နားလည်ခြင်းသစ်ပင်အတွက် ..ချစ်ခြင်းတရားဆိုတဲ့ အစေ့အညှောင့်လေးတစ်ခုတော့

ပျိုးထောင်ခွင့်ပေးပါကွာ။  တစ်စုံတစ်ရာ ပြောင်းလဲမှုတွေကြား သေချာခဲ့တာ ငါမင်းကို

သိပ်ချစ်မိပြီဆိုတော့ …ကောင်မလေးရေ…..ကျေးဇူးပြု၍

တခြားသူကိုချစ်ဖို့တော့မပြောလိုက်ပါနဲ့ကွာ။ ကျန်တာတွေ မင်းတောင်းဆိုနိုင်တယ်။

တားမြစ်နိုင်တယ်။ ဖျက်ဆီးပစ်နိုင်တယ်။ ငါ့ရင်ဘတ်ထဲကရင်ခုန်ခြင်း

သစ်သီးတစ်လုံးအတွက်တော့ ငါကိုယ်တိုင်ခူးဆွတ်ခွင့်မရှိသေးလို့ပါ။

ဒါဟာလည်း ငါကိုယ်တိုင် အရေးမယူနိုင်တဲ့ အမှန်တရားတစ်ခုဖြစ်နေလို့ပါ။

ဘာပဲဖြစ်ဖြစ်..ကောင်မလေးရေ…တစ်နေ့မှာ ငါတို့တွေ ထပ်တူညီတဲ့

အိပ်မက်တစ်ခုရှိလာဖို့  မျှော်လင့်ပါတယ်။

(http://yuthar.2kool4u.net တွင် တင်ထားဖူးသည်)

 

In: စကားပြေ Posted By: Date: Nov 16, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment