Professional Authors

ပထမဆုံးအသဲကွဲဇတ်လမ်း…

ကောင်မလေးရေ……ဘ၀အစက သိပ်ချစ်ခဲ့ကြလို့
ပြောင်းလဲခြင်းတရားကို မသိခဲ့ကြဘူး.
အတွေးထဲပြန်စဉ်းစားကြည့်လိုက်တော့
ရင်ခုန်သံစုန်ချည်ဆန်ချည်နဲ
ဆေးပြယ်လွင့်သွားတဲ့ ပန်းချီကားတစ်ချပ်လိုဘဲ့……

ကောင်မလေးရေ…..ဘ၀ဇတ်ခုံပေါ် ကိုယ့်ရာဇ၀င် ရေးနေကြလည်း
အကြိမ်ကြိမ်ပြင်ဆင်ပြီးလည်း မှားတုန်းပါဘဲ့..
လူတွေရဲ့ ရည်ရွယ်ချက်ဟာ ဘ၀ထဲမှာ ဆက်လက်ရှင်သန်
နိုင်ဖို့အတွက်ဆိုရင် ဘ၀ ကို စတေးရဲကြပါ့မလား…

ကောင်မလေးရေ…..ဘ၀ အနုတ်လက္ခဏာတွေကြားထဲ ဆွဲမခေါ်ရက်ဘူး
ငါ့အတ္တထက် မင်းကို ပိုပြီးချစ်တာသိပါမလား…
ဝန်အလေးတွေကို အဝေးကြီးထမ်းသွားရသလိုဘဲ့
အချစ်ကို ခွဲဝေချစ်လို့ မရဘူး…
အချစ်တန်ဖိုးကို ဘာနဲ့ တိုင်းတာမလဲ.. ဒါပေမဲ့..


ကောင်မလေးရေ…..ဘ၀ဟာ အိပ်မက်ကဗျာ မဟုတ်ခဲ့လို့
ငါ့ကို မေ့ဖို့ ရက်စက်တဲ့ စကားငါပေးခဲ့တာ
မင်းကို ချစ်လို့ဘဲ့…..ဘာမှမသေချာတဲ့ လေကကြီးထဲ
အားလုံးမှားယွင်းနေတယ်…
အစကတည်းက မသေချာလို့ အားလုံးမှားယွင်းသွားတာဘဲ့..
ဆေးမှင်ထိုးသလို ရင်ထဲမှာ စွဲထင်ဖျောက်ဖျက်မရတော့ဘူး…


ကောင်မလေးရေ….အားကိုးမဲ့တဲ့ နယ်ကျွံနှလုံးသားလည်း

နွမ်းနယ်စွာ သွေးပျက်လို့ ရုန်းထွက်ဖို့ ကြိုးစားရင်း

ဇတ်လမ်းက သည်မှာ ဆုံးသည်ဘဲ့ ရွှေကောင်မလေးရေ…့ 

 
In: ကဗျာ Posted By: Date: Aug 7, 2010
Comment #1

ကောင်မလေးရေ…..ဘ၀ဇတ်ခုံပေါ် ကိုယ့်ရာဇ၀င် ရေးနေကြလည်း
အကြိမ်ကြိမ်ပြင်ဆင်ပြီးလည်း မှားတုန်းပါဘဲ့..
လူတွေရဲ့ ရည်ရွယ်ချက်ဟာ ဘ၀ထဲမှာ ဆက်လက်ရှင်သန်
နိုင်ဖို့အတွက်ဆိုရင် ဘ၀ ကို စတေးရဲကြပါ့မလား…

ကောင်းလိုက်တဲ့ အပိုဒ်လေးဗျာ
တော်တော်ထိတယ်ဗျာ…
ဆက်ပြီးရေးပါဗျာ အားပေးနေပါတယ်

commentinfo By: nayminnthway at Aug 7, 2010
Comment #2

ကောင်မလေးရေ…..ဘ၀ဟာ အိပ်မက်ကဗျာ မဟုတ်ခဲ့လို့
ငါ့ကို မေ့ဖို့ ရက်စက်တဲ့ စကားငါပေးခဲ့တာ
မင်းကို ချစ်လို့ဘဲ့…..ဘာမှမသေချာတဲ့ လေကကြီးထဲ
အားလုံးမှားယွင်းနေတယ်…
အစကတည်းက မသေချာလို့ အားလုံးမှားယွင်းသွားတာဘဲ့..
ဆေးမှင်ထိုးသလို ရင်ထဲမှာ စွဲထင်ဖျောက်ဖျက်မရတော့ဘူး…
ကျွန်တော်အရမ်းကြိုက်တယ်ဗျာ အားပေးနေပါမယ် ဆက်လက်ရေးပါဦး

commentinfo By: Gipsy Lay at Aug 7, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment