Professional Authors

မြတ်ဆရာ (ဇာတ်သိမ်း ပိုင်း) ဇော်ပြည့် . ဂုဏ်ပြုရေးသားသည်

ပထမပိုင်းမှ အဆက်

အနုပညာသမား စစ်စစ်ကြီး တစ်ဦး

စာရေး ၊ စာဖတ်ခြင်းစသည့် စာပေ ၀ါသနာထုံလှသော ကျွန်တော်သည် တနေ့ သောအခါ သတင်းစာထဲတွင် စိတ်ဝင်စားစရာ ကြော်ငြာတစ်ခုကိုတွေ့ မိသည်။

ဝတ္တု ၊ ဇာတ်ညွှန်းရေးနည်းသင်တန်း ဖြစ်သည်။ ထို့ ကြောင့် သင်တန်းသို
့သွားရောက်စုံစမ်းကြည့်၏ ။ ကျွန်တော် ထင်ထားသည်က စာရေးဆရာဆိုသည်မှာ
တိုက်ပုံအကျီ င်္ကြီးကို ၀တ်လျက် မျက်မှန်ထူထူကြီးဖြင့် မိန့် မိန်
့ကြီးထိုင်ကာ နေမည့်သူ ဟုတွေးထင်ထားမိ၏ ။

သို့ သော သင်တန်းသို့ ရောက်သောအခါ သင်တန်းချိန် စပြီး ဆယ်မိနစ်အထိ သင်မည့် စာရေးဆရာ ကို
ရှာမတွေ့ သေး ။ အတန်ကြာသော ကျွန်တော့် အနားမှ ဆံပင် ဂုတ်ဝဲနှင့် အရပ်
အမောင်း မမြင့်မားလှသော လူငယ်တစ်ဦးက White Board ရှေ့ ဆရာထိုင်ခုံတွင်
ထိုင်ကာ သင်ခန်းစာ စာအုပ်များကို လှမ်လျှက်ရှိနေသည်။ ခြေထောက်တွင်
အခန်းတွင်းစီးရလေ့ရှိသည့် အမွှေးမွ ဖိနပ်ကြီးကို စီးကာ ၊ ကောဖီခွက်
ကိုင်ရင်း ကျွန်တော်တို့ ကိုကြည့်လိုက်၏ ။

ကျွန်တော်ထင်သည်ကား . စာရေးဆရာကြီး ၏ တူ သော်လည်းကောင်း ၊ သား သော်လည်းကောင်းဖြစ်မည်ဟု မှတ်ထင်မိ၏။

သို့ သော် အဆိုပါ လူငယ်လေးမှ ယနေ့ စ.သင်မည့် သင်ခန်းစာ ဟု ဆို လိုက် လေသည်။

ဒီတော့မှ သြော် . ငါတို့ ကို သင်မည့် စာရေးဆရာဆိုတာ သူ ပါလား ဟု နားလည်မိ၏ ။

ဆရာသည် သူ၏ အသက်နှင့်စာလျှင် သူ၏အနုပညာ အရှိန်အ၀ါက ပိုကြီးမည်ဟု ယူဆနိုင်သည်။
ရန်ကုန်မြို့ တွင် နာမည်ရ အနုပညာ လုပ်ငန်းစု တစ်ခုကို ဦးဆောင်လျက်ရှိသည်။
မအားလပ်သည့်ကြားထဲမှ နေ၍ သူ၏၀ါသနာအရ သူတတ်ထားသည့် စာပေအနုပညာကို
တဆင့်ပြန်လည်ပို့ ချနေခြင်းဖြစ်သည်။

ယခုလို အခြေအနေ မျိုးရောက်ရှိအောင် သူ ရုန်းကန်ခဲ့ရပုံများကလည်း အားကျဖွယ်ရာပင်။ အနုပညာ
လောကထဲသို့  မည်သည့်အဆက်အသွယ် အထေက်အပံ့ မှ မရှိ ၊ မိဘများကို
အတိုက်အခိုက်ပြုကာ သူ ယုံကြည်ရာကို စွဲကိုင်ခဲ့သည်။ ပင်ကိုယ်ကြိုးစားမှူ
့ဖြင့် ထို အခြေအနေအောင်မြင်မှု့ မျိုးကိုရောက်အောင် အတော့်ကို
ကြိုးစားခဲ့ရသည်။

ယခုလို အနုပညာ ၀ါသနာရှင်များကို ပညာလှူ ကာ မြေတောင်မြောက်ပေးချင်သည် ဆရာ့ စေတနာကား သာဓုခေါ်ဖွယ်ရာပင်။

ဇာတ်လမ်းတည်ဆောက်ပုံ ၊ ဇာတ်အိမ်ခွဲပုံ နှင့် ထင်ပေါ်ကျော်ကြားသော စာရေးဆရာ . အနုပညာသည်တို
့အကြောင်းကို စိတ်ဝင်စားဖွယ် ရှင်းလင်းပြောပြ၏ ။

တရုတ်သွေးပါသော ကျွန်တော့် ပုံစံကိုကြည့်ကာ ဆရာက . ဂျပန် ကင်ပေတိုင် နှင့်တူသည်ဟု
ဆိုပြီး…ကင်ပေတိုင် ဟု အမည်ပြောင်ချစ်စနိုးခေါ်တတ်သည်။

ကျွန်တော်သည် ထိုသင်တန်းကို သုံးလ မျှသာ တတ်ရောက်နိုင်ခဲ့သော်လည်း စာပေနှင့်ပတ်သက်လျှင် အတော်အတန်တီးခေါက်မိလာသည်။

ဇာတ်လမ်းတစ်ပုဒ် ၊ ရုပ်ရှင်တကားကို ယခင်ကလို ပေါ့ပေါ့တန်တန်မကြည့်တော့ပဲ ၊ ဇာတ်လမ်း
အချိတ်အဆက်နှင့် အနုပညာသည်တို့ ၏ ပြကွက်ကောင်းများကို သေချာစွာကြည့်ရျူ
့တတ်လာသည်။

ဆရာသည် Harry Potter ဟုဆိုသည့် အနောက်တိုင်း မှော် တစ္ဆေ ၀တ္တုကြီးကို ဖတ်ခိုင်းပြီး ဇာတ်လမ်းခွဲခိုင်းသည်။ ကျွန်တော်သည် အစ
.ပထမတွင် ကလေး ကြိုက်ဟု ပေါ့ပေါ့တန် တွေးထင်ထားသော စာအုပ်သည် . တကယ်တမ်း
ဖတ်ကြည့်သောအခါ ခိုင်မာသော ဇာတ်အိမ်နှင့်
စိတ်ဝင်စားဖွယ်ဖြစ်အောင်တင်ဆက်ထားသည်ကို တွေ့ ရသည်။

ဆရာကိုယ်တိုင်ကလည်း အဆိုပါ . တစ္တေ ၊ သရဲ ၊ အောက်လမ်း စသည်တို့ ကို ၀ါသနာထုံ သည်။
ဖြစ်နိုင်လျှင် တစ္ဆေနှင့်ပတ်သက်သော ကျမ်းတစ်စောင်ရေးဖွဲ့ ချင်သည် ဟု
ပြောဖူး၏။ ဆရာ ၏ အချစ်ဝတ္တုများသည်လည်း သာမန် မဲပြာပုဆိုး ဇာတ်လမ်းတို့ မှ
ခွဲထွက်နိုင်သူအဖြစ် ပရိသတ်ကလက်ခံထားသည်။

လွန်ခဲ့သော ခြောက်လ ခန့် က . ဂျာနယ် တစ်စောင်တွင် ဆရာပုံနှင့်တကွ အင်တာဗျူးတစ်ခု ဖျတ်ခနဲ တွေ့ လိုက်ရသည်။

ယနေ့ မြန်မာ ၀တ္တုလောက၏ တစ္ဆေ သရဲ ၀တ္တုလိုင်းဘက်တွင် .
အနုပညာကြေးအမြင့်ဆုံးရသည့် စာရေးဆရာတစ်ဦးအဖြစ်
ရပ်တည်နေကြောင်းဝမ်းမြောက်ဖွယ်ရာသိလိုက်ရသည်။ ကလောင်အမည်သစ် ဖြင့်
အောင်မြင်မှူ့ ရနေသော ပြုံရွှင်နေသည့် ဆရာ့ ဓာတ်ပုံကို ကြည့်ကာကြည်နူးရင်း
ဖြင့် အဝေးရောက် တပည့်တစ်ဦး က ဂျာနယ်ထဲမှ ဆရာ့ ပုံအား ဂါရ၀ ပြုလျက်။


တောင်တန်းကြီးသဖွယ် စိတ်ဓာတ်ခိုင်မာရမည် (ရာမတို တာမာချီ)

ဂျပန်လူမျိုးများသည် လွန်စွာစိတ်ဓာတ်ထက်သန်ပြင်းပြသော လူမျိုးဖြစ်သည်။ ထို့ အတူ ကျွန်တော်၏
ဂျပန်ဆရာကြီးသည်လည်း ကျွန်တော့်အား ၄င်းတို့ ၏ စိတ်ဓာတ်မျိုး တစ်နည်း
ဆာမူရိုင်း စိတ်ဓာတ် ဟုဆိုရမည့် ပြင်းပြသော စိတ်ဓာတ်ရှိစေချင်သည်။
ကျွန်တော်သည် ဂျပန်ဘာသာစာ နှင့် စကားကို သုံးလ ကျော်ခန့် မျှ
လေ့လာဆည်းပူးခဲ့ဖူးသည်။ သာမန်သင်တန်းတတ်ခြင်းမျိုးမဟုတ်ပဲ မိုးလင်းမှ
ညနေစောင်းအထိ နေ့ စဉ် အားသွန်ခွန်စိုက်ကြိုးစားပမ်းစားသင်ခဲ့ဖူးသည်။
ဂျပန်ပြည်ကြီးသို့ သွားရန် ကံမပါခဲ့သော်ငြားလည်း လွန်စွာသဘောကောင်းသည့်
ဂျပန်လူမျိုး ဆရာကြီးနှင့် တွေ့ ဆုံခွင့်ရခဲ့လေသည်။

ဆရာကြီးသည် ဂျပန်တို့ ၏ ဥပတိရုပ်အတိုင်း ထူထဲလှသောနှူတ်ခမ်းမွှေးကြီးနှင့်
အရပ်မနိမ့်မမြင့်ရှိလေသည်။ သို့ သော် မျက်လုံးများက မှေးမနေ ။
မျက်ခုံးများက ကောင်းလှ၏ ။

ငယ်စဉ်ကတည်းက အမေရိက နှင့် ဥရောပနိုင်ငံများတွင်နေထိုင်ခဲ့သဖြင့် အင်္ဂလိပ်စကား ပြောလွန်စွာ
အဆင့်မြင့်လေသည်။ ဂျပန်ပြည်မှ မြန်မာနိုင်ငံသို့ တစ်ကိုယ်တည်း လာကာ
အစားဆင်းရဲ အနေဆင်းရဲ ဖြင့် ကျွန်တော်တို့ အား ပညာဖြန့် ဝေပေးသော
လူမျိုးခြား ဆရာကြီး၏ စိတ်ဓာတ်ကား ချီးကျူးဖွယ်ရာပင်ဖြစ်တော့သည်။

ကျွန်တော်သည် ဆရာကြီး၏ သင်ခန်းစာများကို အပတ်တကုပ်ကြိုးစားခဲ့သဖြင့် ဆရာ
ချစ်သောတပည့်တစ်ဦးဖြစ်ခဲ့သည်။ တွေ့ ဆုံရသော သုံးလတာ ကာလတိုလေးအတွင်ပင်

ဆရာသည် ကျွန်တော်တို့ အား အတော့်ကို ခင်မင်ခဲ့သည်။

တက်ကြွစွာ စာသင်တတ်သော ဆရာ ၊ မြန်မာစကား မပီကလာပီကလာ ပြောတတ်သော ဆရာ ၊
သင်တန်းချိန်နောက်ကျလျှင် ခွင့်ပန်ပြီးမှ စာသင်ခန်းသို့ ဝင်စေသော ဆရာ ။

ဆရာသည် ယခုချိန်တွင် ဂျပန်ပြည်ကြီး၌ ရောက်နေသော်လည်း ကျွန်တော်တို
့မြန်မာလူမျိုး တပည့်များအား မမေ့နိုင်သေးပေ။ ကျွန်တော်က
ပြည်ပတွင်ရောက်ရှိနေကြောင်း ၊ ဟိုတယ်တွင် ဧည့်ကြိုကောင်တာတွင်
ဂျပန်ဧည့်သည်များနှင့် ရံဖန်ရံခါ တွေ့ ဆုံလေ့ ရှိကြောင်းသိရသော်အခါ
တတ်သည့်ပညာမနေသာ သောကျွန်တော်၏ ဂျပန်ဆရာကြီးသည် အင်တာနက်မှတဆင့်
ဂျပန်စကားပြောများကို နှူတ်တိုက်ချပေးပါသည်။ ဆရာ့ကျေးဇူးကြောင့်
တိုင်းတပါးတွင် ကျွန်တော်သည် မျက်နှာပွင့်စွာ လုပ်ကိုင်နိုင်ခဲ့ချေပြီ ။

ယခုအချိန်တွင် ကျွန်တော်တို့ ၏ ဆက်ဆံရေးသည် သာမန် ဆရာ . တပည့် ဆက်ဆံရေးမဟုတ်တော့ပဲ .
တကယ့် မိတ်ဆွေရင်းချာပမာ နွေးထွေးလျက်ရှိပါသည်။

ဆရာ အမြဲပြောလေ့ရှိသည့် . ရာမတို တာမာချီ .. တောင်တန်းကြီးသဖွယ်
စိတ်ဓာတ်ခိုင်မာပါစေ ဟူသည့်စကားလေးကို နှလုံးမူလျက် ကျွန်တော်၏ နီပွန်
စန်းဆေးကြီး အား ဂါရ၀ပြုလိုက်ရပါသည်။

အထက်မြက်ဆုံး နှင့် အလွှမ်းမိုးဆုံး ဆရာတစ်ဦး

IELTS ဆိုသည့် အင်္ဂလိပ်စာစွမ်းရည်စစ် စာမေးပွဲ အကြောင်းကို
လူတိုင်းကြားဖူးကြပေမည်။ ထို့ အတူ ရန်ကုန်မြို့ တွင်လည်း IELTS
သင်တန်းပေါင်းမြောက်မြားစွာရှိလေသည်။ ထိုမြောက်မြားလှစွာသော
သင်တန်းကျောင်းများအထဲတွင် ကျွန်တော်၏ ဆရာသည် ရန်ကုန်မြို
့တွင်အစောဆုံး အင်္ဂလိပ်စာသင်တန်းဆရာများ ထဲမှ တစ်ဦးဖြစ်သည်။

ဆရာ့၏ အသက်အရွယ်က လူလတ်ပိုင်းမျှသာ ရှိသေးသော်လည်း IELTS အင်္ဂလိပ်စာ သင်သည့်သက်တမ်းကမူ ဆယ်စုနှစ် နှစ်ခု ကျော် မျှ ရှိလေသည်။

Britian ဗြိတိန်နိုင်ငံမှ Queen Victoria ၀ိတိုရိယ ဘုရင်မကြီးကို ပြည်သူများက (
Born for rule) ဟုဆိုကြသည်။ လူတွေကို အုပ်ချုပ်ဖို့ မွေးဖွားလာသည်ဟု
ဆိုသည်။

သို့ ဆိုလျှင် ကျွန်တော်၏ IELTS ဆရာကိုလည်း (Born for teach) . တပည့်များကို စာသင်ကြားပေးရန် မွေးဖွားလာခဲ့သည်ဟု ဆိုလျှင်
ပိုနိုင်ဖွယ်မရှိပြီ။ ဆရာ၏ လက်ရှိအသက်အရွယ်နှင့် နှိုင်းစာလျှင်
သူရရှိထားသော အောင်မြင်မှူ့ တို့ က အထင်ကြီးလေးစားဖွယ်ရာပင်ဖြစ်သည်။

ကျွန်တော့် ဆရာသည် နိုင်ငံခြားကုမ္ပဏီကြီးတစ်ခု၏ ဘာသာပြန်အဖြစ်တာဝန်ထမ်းဆောင်ခဲ့ဖူးသည် ဟု သိရှိရသည်။

ကျွန်တော် ဆရာနှင့် စတင်ဆုံဆည်းကတည်းက အထူးသတိထားမိသည်က အင်္ဂလိပ်စကားကို တကယ့် အင်္ဂလိပ်ကြီးတစ်ယောက် ပြောဆိုနေသည့်ပုံနှယ်။

အမြဲလိုလို Fashion ဖက်ရှင်ကျနစွာ ၀တ်စားဆင်ယင်ပြီးလူငယ်များနှင့်
လိုက်လျောညီထွေစွာနေတတ်သည်မှာ ဆရာ၏ ပင်ကိုယ် စရိုက်တမျိုးပင်ဖြစ်သည်။

မြန်မာပီသသော လေးထောင့်စပ်စပ်မျက်နှာ ပေါ်ဝယ်အမြဲလိုလို ချိုမြသောအပြုံးလေးဖြင့်
တပည့်များကိုစာသင်ကြားလေ့ရှိသည်။ ညိုညက်သော အသားအရေသည်
အားကစားသမားတစ်ဦးပီသစွာပင် စိုပြေလျက် ညက်လှပြာစင် ဟု ဆိုဖွယ်ရှိသည်။
သန်မာထွားကျိုင်းလှသော ခန္ဓာကိုယ်အချိုးအဆစ်သည်
ကိုယ်ခံပညာများကိုလိုက်စားထားမှန်းသိသာ စေသည်။

ဆရာသည် သူ၏တပည့်များထဲမှ IELTS စာမေးပွဲကို အမှန်တကယ် ဖြေဆိုမည့်သူများကို
အနီးကပ် Special သင်တန်းသဘောမျိုးဖြင့် မိုးလင်းမှ ညနေစောင်း
နေ၀င်မိုးချုပ်ချိန်အထိ ကြပ်မတ်သင်ကြားပေးလေ့ရှိသည်။ ကျွန်တော်တို့ သည်
ဆရာ၏ သင်တန်းကို တနေကုန်နီးပါးခန့် တတ်ရလေ့ရှိပြီး IELTS သင်ခန်းစာများကို
အားသွန်ခွန်စိုက်ကြိုးစားကြရသည။်

ဆရာ၏ ဆုံးမ စကား သည် ဘယ်အရာကို လုပ်လုပ်စိတ်ဓာတ်ပြင်းပြင်းနဲ့ အောင်မြင်အောင်လုပ်ဆိုသည့်အတိုင်း .
ခိုင်းသမျှကို တသွေမတိမ်းလုပ်မှကြိုက်သည်။
ဘွင်းဘွင်းရှင်းရှင်းပြောတတ်ပြီး ၊ တပည့်များကောင်းကျိုး၏နှင့်
ယှဉ်လာလျှင် အမုန်းခံ ပြီး ဆူပူ ဆုံးမတတ်လေသည်။ စာသင်ခန်းထဲတွင်
ကျွန်တော့်အား မင်း ၊ ငါ စသော အသုံးအနှုန်းဖြင့် သုံးလေ့ရှိသော်လည် ၊
နှစ်ဦးတည်း တွေ့ ဆုံချိန်တွင်မူ . ကျွန်တော် ၊ ခင်ဗျာ
စသည့်အသုံးအနှူန်းများကို သင့်လျော်သလို ပြောင်းလဲသွားတတ်သည်။

သူ၏ အတွေ့ အကြုံရှိသောသင်ကြားမှူ့ နှင့် ထိရောက်သော Class Management
များကြောင့် လစဉ်လိုလို ကျောင်းသားများ၏ စာမေးပွဲဖြေဆိုမှူ့ အဆင့်သည်
အထင်ကြီးလေးစားဖွယ်ရာ ရလဒ် များပေါ်ထွက်လေ့ရှိသည်။

IELTS စာမေးပွဲကို ဖြေဆိုကြမည့်သူအများစု၏ ရည်ရွယ်ချက်သည် ပြည်ပနိုင်ငံများသို
့ထွက်ခွာပြီး ပညာဆက်သင်မည့်သူနှင့် အလုပ်လုပ်ကိုင်ကြမည့်သူများသာဖြစ်သည်။

နိုင်ငံခြားသို့ ရောက်လျှင် တပည့်များ ပေါင်းသက်ဆက်ဆံရေးပြေလည်စေရန် ၊
တိုင်းတပါးယဉ်ကျေးမှူ့ ကို နားလည် တတ်စေရန် အနောက်တိုင်း အက ၏ အခြေခံ
များကိုလည်း သင်ကြားစေသည်။ Cultural Shock ဟုဆိုရမည့် ယဉ်ကျေးမှူ့ ပဋိပက္ခ
များကိုနားလည်စေရန် ရည်ရွယ်သည်။ အနောက်တိုင်းလူယဉ်ကျေး
လူကြီးလူကောင်းများ သာ က လေ့ ရှိသည့် Ballroom Dance ဆိုသည်မှာ မိမိ၏
social skill ပေါ်လွင်ထင်ရှားစေသော အကောင်းဆုံးနည်းဖြစ်သည်။

ရေခြားမြေခြားတွင် အရေးကြုံက သက်လုံကောင်းစေရန် . အခြေခံ လက်ဝှေ့ ထိုးနည်းကိုလည်း ကျောင်းသူ
. ကျောင်းသား မရွေး ၀ါသနာပါက တတ်မြောက်စေသည။်

ထို့ ပြင် အနုပညာဆန်သော ဓာတ်ပုံရိုက်ချက်များကလည်း အသက်ဝင်လှသလို ၊ ဓာတ်ပုံ နှင့်ပတ်သက်သည့်မှတ်သားဖွယ်ရာများကိုလည်း ပြောပြတတ်သည်။

ကျွန်တော်တို့ အတွက် ဆရာ သည် သာမန် IELTS အင်္ဂလိပ်စာ သင်တန်းဆရာ ဆိုသည်ထက်ပိုမိုသော အရည်အချင်းများနှင့်ပြည့်စုံသူဟု ဆိုရပေမည်။

ကျွန်တော်သည် ဗေဒင် . လက္ခဏာများကို တတ်ကျွမ်းနားလည်မှူ့ မရှိသော်လည်း . ဆရာ က
လက်ဟန်ခြေဟန်ဖြင့်စကားပြောတိုင်း ညာဘက်လက်ဖ၀ါးရှိ ထီးရိုး ဟုခေါ်သည့်
အောင်မြင်ရေးလမ်းကြောင်းကြီးက ထင်ရှားပြတ်သားစွာ ဖြောင့်တန်းနေသည်ကို
အံ့သြဖွယ်ရာတွေ့ ရသည်။ ရှား မှ ရှားသည့် အရည်အချင်းများနှင့် ပြည့်စုံသော
အောင်မြင်သည့် ဆရာကောင်းတစ်ဦးဖြစ်သည်။

တပည့်များနှင့် ထမင်းလက်ဆုံ စားရမှ ကျေနပ်သောဆရာ ၊ စာ နှင့်ပတ်သက်လျှင် တိကျသော
သံမဏိစည်းကမ်းများနှင့် ထိန်းချုပ်သော ဆရာ ၊ တပည့်များကို အမှန်ပင်
ထူးချွန်စေချင်သောဆရာ ။

ဆရာသည် အင်္ဂလိပ် စကားပြောစွမ်းရည်ကို Debate ခေါ် စကားစစ်ထိုးပွဲများဖြင့် တိုးတက်စေသည်။ အခြားသူတစ်ဦးနှင့် အင်္ဂလိပ်
လို ပြောကာစကားနိုင်လုရသည့် အလုပ်သည် တကယ့်တော့ မလွယ်ကူလှ ။
ဘာသာစကားတတ်ကျွမ်းမှူ့ ၊ ဗဟုသုတ ကြွယ်ဝမှူ့ ၊ မှင်မောင်းကောင်းကောင်းဖြင့်
မကြောက်မရွှံ ပြောနိုင်မှု့ တိုက အဆုံးအဖြတ်ပေးစေသည။်

ဆရာ ၏ ကျေးဇူးကြောင့် ကျွန်တော်သည် စကားပြောလျှင် ချက်ကျ လက်ကျ
ပိုင်နိုင်စွာပြောလာနိုင်သည်။ ပြည်ပတွင်ရောက်ရှိပြီး အင်္ဂလိပ်လို
ပြောရစေကာမူ . ဆွံ့ အမနေပဲ ကိုယ်မှန်သည့်အရာကို
ထင်ရှားအောင်ပြုနိုင်ခြင်းမှာ ဆရာ၏ စကားနိုင်လုပွဲ (Debate)များ၏
အကျိုးကျေးဇူးပင်တည်း။

ပြန်တမ်းတလျှင် အမှန်ပျော်ရွှင်ရသော ရွှေရောင်နေ့ ရက်လေးများပင်တည်း ။ သူငယ်ချင်းအပေါင်းနှင့် လက်ဖက်ရည်ဆိုင်
အတူထိုင်ရသည့် အရသာ ကား ငယ်စဉ် အထက်တန်းကျောင်းကို ပြန်ရောက်သွားသည့်နှယ်။

ဆရာ၏ စီစဉ်မှူ့ ဖြင့် Happy New Year Party တွင်လည်း ကျွန်တော်တို့ တစ်သိုက်
အပျော်ကြီး ပျော်ခဲ့ကြသေးသည်။ Underground Dance ဟုခေါ်သည့်
ဂျွမ်းထိုးမှောက်ခုန် ကရသော အက ကိုလည်း မမောနိုင်မပမ်းနိုင်
ယှဉ်ပြိုင်ခဲ့ဖူးသည်။ အဖွဲ့ အစည်းနှင့် Harmony ရှိစွာ အလုပ်လုပ်တတ်စေရန်
ရည်ရွယ်သော မြန်မာ ယိမ်းအက ၊ တီထွင်ဆန်းသစ် တတ်သောဥာဏ်ရင့်သန် စေရန်
ရည်ရွယ်သော ဟာသပြဇာတ်တိုလေးများကိုလည်း ၀င်ရောက်သရုပ်ဆောင် ကပြ
ခဲ့ကြဖူးသည။်

ကျွန်တော် ဘယ်တော့မှ မေ့နိုင်မည် မဟုတ်သော . ချောင်းသား ပျော်ပွဲစား ခရီးသည် ကား ကျွန်တော့်ဘ၀၏ အမှတ်တရအရှိဆုံး
ခရီးတစ်ခုဖြစ်သည်။ ညဘက်ကြီး ဂဏန်းတွင်းများ လိုက်နှိုက်ခဲ့ကြပုံ ၊
သောင်ပြင်ဘောလုံးပွဲများ ၊ ကျောက်မောင်နှမဆီသို့ ခြေကျင်ခရီး စသည်တို
့သည်ကား နောင်ဘယ်တော့မှ ပြန်ရတော့မည် မဟုတ်သော လူငယ်ဘ၀ အတွေ
့အကြုံများပင်တည်း ။

ကျွန်တော့်ဘ၀တွင် ယခုလို ဘက်စုံပြည့်စုံသော ဆ၇ာသည်ကား လွန်စွာရှားသည့် ပုဂ္ဂိုလ်ထူးတစ်ဦးနှယ် ။ ဆရာသည် Physical and
social development ဟုခေါ်သည့် လူငယ်တစ်ဦး
တွင်ရှိသင့်သည့်အရည်အချင်းများကို အချိန်တိုလေးအတွင်း အထိရောက်ဆုံး
သင်ကြားပေးနိုင်သည့် အာဂ ဆရာ ပင်ဖြစ်တော့သည်။

ထို့ ကြောင့် အာစရိယ ဆရာသခင်များကို မေတ္တာပို့ တိုင်း ဤ IELTS သင်တန်းဆရာသည် ထိပ်ဆုံးမှ ပါဝင်လေတော့သည်။

မြောက်မြားလှစွာ မြတ်ဆရာ

ငယ်စဉ်တုန်းက ပိန်လိန်ကြုံလှီသော ခန္ဓာကိုယ်ဖြင့် လူတကာ အနိုင်ကျင့်မှူ့ ကို ခံခဲ့ရသည်။
ထို့ ကြောင့် Y.M.C.A မှ ကာရာတေး ကိုယ်ခံပညာ သင်ကြားပေးသော ဆရာ၏
ကျေးဇူးကိုလည်း ပြန်ပြောင်းအောက်မေ့မိပါသည်။

ဘုန်းကြီးကျောင်းပညာဒါနမှ စီးပွားဖြစ်စားသောက်ကုန်ထုတ်နည်းသင်တန်း ကိုလည်း တတ်ဖူးသည်။ ရေခဲမုန်
့တစ်ခွက် ဖြစ်လာပုံကို စာတွေ့ လက်တွေ့ လေ့လာဖူးသည်။ သူငယ်ချင်းများနှင့်
စုပေါင်းဝိုင်ဖွဲ့ ကာ တပျော်တပါး ဒံပေါက် ထမင်း ချက်ဖူးသည်။ ဆရာကြီး၏
အိတ်သွန်ဖာမှောက် ဆရာစားမချန်သင်ကြားပေးမှူ့ ကြောင့် .
ဖျော်ရည်မျိုးစုံအကြောင်းကိုလည်း အတော်အတန် တီးခေါက်မိခဲ့သည်။

ငါးဖောင်ရိုး ပလွေရိုး ပုံစံလေးမှ Y.M.C.A မှ အလေးမ (၀ိတ်မ)ဆရာ တို့ ၏
လမ်းညွှန်ပြသပေးမှူ့ ကြောင့် ယနေ့ အချိန်တွင် ကာယဗလမောင်တစ်ဦးနှယ်
ကြွက်သားအဖုအထစ်တို့ဖြင့် ရင်သပ်ရှူမောဖွယ် မဖြစ်သော်လည်း အတော်အတန်
ကြံ့ခိုင်၍ ၊ ယောက်ျားပီသသည့် အချိုးအစားတစ်ခု ကို ရရှိခဲ့လေပြီ။

တိုင်းခြား လူမျိုး ဘာသာစကား တတ်ထားမမှားပေ ဆိုသည့်အတွက် ကြောင့်လည်း ခေတ်စားသော
နိုင်ငံခြားဘာသာစကားတို့ ကို အထိုက်အလျောက်လေ့လာဖူးသည်။

သူငယ်ချင်းများက ပြောလေ့ရှိသည့် .. ဝေါ အိုက် နီ ဆိုသည့် ဘာသာစကားကို
တတ်သိချင်လွန်းသဖြင့် တရုတ်စာ ၊ စကား အခြေခံတို့ ကို သင်ကြားခဲ့ဖူးသည်။

မြန်မာပြည်တွင် ခေတ်စားလျက်ရှိသော ကိုးရီးယားရုပ်ရှင်များကြောင့် . ဂ န ဒ ရ မ ဘ စ ဟူသော
ကိုးရီးယားဘာသာစကားကိုလည်း တီခေါက်လေ့လာမိ၏။

ဝါသနာအရ တတ်ခဲ့သော ချက်ပြုတ်နည်း စာဖိုမှူးသင်တန်းတွင်လည်း သင်တန်းဆရာကြီး၏
အနီးကပ် ပြသပေးမှူ့ တို့ ကြောင့် အရသာ ထူးကဲလှသော ဟင်းအမယ်များကို
ကိုယ်တိုင်စီမံနိုင်စွမ်းရှိလာချေပြီ ။

ထို ဆရာတို့ သည် ကျွန်တော့်အား သူတို့ ၏ ပညာမြတ်ကို လက်ဆင့်ကမ်း ဖြန့် ဝေခဲ့ကြသူများဖြစ်သည့် သင် ဆရာ များဖြစ်ပေသည်။

ထိုသို့ များပြားလှသော ဆရာကောင်း ဆရာမြတ်တို့ ၏ကျေးဇူးကြောင့် ယနေ့ အချိန်တွင် ပညာရဲရင့် ပွဲလယ်တင့် ခဲ့ရပေပြီ။

ယနေ့ ပညာခေတ်တွင် အဆင့်အတန်းရှိရှိ ရပ်တည်နိုင်ရန်မှာ စဉ်ဆက်မပြတ်သင်ယူမှူ
့ဟုခေါ်သည့် Life-Long learning ရှိသင့်သည်။ လေ့လာသင်ယူမှူ့ ဟူသည်
ဘယ်သောအခါမျှ ကုန်ဆုံးသွားခြင်းမရှိစေရ ။

ငယ်စဉ်ကာလ ကလေးဘ၀က ဘောလုံးကန်တိုင်း အနိုင်ကျင့်တတ်ပြီး အမြဲ ဗိုလ်ကျတတ်သည့်
ငယ်သူငယ်ချင်းကို ယခု အချိန်ပြန်စဉ်းစားကြည့်လိုက်သောအခါ သူသည်လည်း
မိမိအား အရှံး ဆိုသည့် သင်ခန်းစာ စာမျက်နှာကို နားလည်စေခဲ့သူ ဟု
မှတ်ယူမိပါသည်။ သူ့ ကြောင့်သာ အနိုင် ရခြင်း၏ ချိုမြိန်မှူ့ နှင့်
ရှံးနိမ့်ခြင်း ၏ ခါးသီးမှူ့ တို့ ကို တွေ့ ကြုံခံစားဖူးလေသည်။ သူသည်လည်း
ဘ၀သင်ခန်းစာ၏ ဆရာ တစ်ဆူဟု မှတ်ယူလိုက်ပါသည်။

တစ်ဦးတည်းသာ ရှိခဲ့ပြီး . တစ်ကြိမ်တည်းသာ ချစ်ခဲ့ဖူးသူ တစ်ယောက်က
နားမလည်နိုင်လောက်အောင်ပြောင်းလဲသွားသောအခါ
ပြင်းပြစွာပူဆွေးဝမ်းနည်းခဲ့ရပါသည်။ သေချာစွာ စဉ်းစားကြည့်ပါမူ သူသည်လည်း
ချစ်ခြင်း ၊ မုန်းခြင်း စသည့် နှလုံးသားသင်ခန်းစာတို့ ကို လက်တွေ
့ပြသပေးသူဟု မှတ်ယူလိုက်ပါသည်။

၁၅၀၀ ကိလေသာ ချစ်ခြင်း၏ ပူလောင်မှူ့ နှင့် ရက်စက်သောအမုန်း ၏ ပူဆွေးမှူ တို့ ကို နားလည်ခဲ့ရပြီ မဟုတ်ပါလော ။
သူသည်လည်း ဘ၀ တက္ကသိုလ်တွင် အရေးပါသော သမုဒ္ဒယ သင်ခန်းစာ ၏ စာမျက်နှာ ၁၅ ကို
ပြသပေးခဲ့သည် မဟုတ်ပါလော။

အချုပ်အားဖြင့် ဆိုပါမူ . ကျွန်တော်တို့ သည် မွေးစ မှ သေသည် အထိ ဘ၀ တက္ကသိုလ်၏ ပညာသင်သားများ ဖြစ်ကြသည်။
အစဉ်သဖြင့် မသိမှူ့ နယ်ပယ် မှ သိမှူ့ နယ်ပယ်ဆီသို
့ကြိုးစားလျှောက်လှမ်းကြရာတွင် နယ်ပယ်အသီးသီး၌ ဆရာ ဟူသည့် လူတန်းစားကြီးက
အနန္တမေတ္တာဖြင့် ဖေးမ ကူညီလျက်ရှိကြသည်။

ထို့ ကြောင့် ကျေးဇူးတော် အသေင်္ချ ဖြင့် မြင့်မြတ်လှသော ကျွန်တော်တို့ ၏ မြတ်ဆရာများကို ဤ
ဆောင်းပါးလေးနှင့် အတူ နှလုံးသားဖြင့် ဂါရ၀ပြုရင်း

ဆရာ့ကျေးဇူးမြင့်မိုရ်ဦး အထူးကျေအောင် ဆပ်ပါမည်။

ကောင်းသထက်ကောင်းအောင်ကြိုးစားနေမည့်

ဇော်ပြည့်

In: စကားပြေ Posted By: Date: Nov 8, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment