Professional Authors

မြတ်ဆရာ (ပထမပိုင်း ) ဇော်ပြည့် . ဂုဏ်ပြုရေးသားသည်

မြတ်ဆရာ

ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်မြန်မာ လူမျိုးတိုင်း အစဉ်သဖြင့်
အလေးဂရုပြုမြတ်နိုးတန်ဖိုးထားသော အနန္တော အနန္တ ငါးပါးတွင် မြတ်ဆရာ သည်လည်း
တစ်ပါး အပါအ၀င်ဖြစ်သည်။

ရှင်တော်ဘုရားနှင့် တစ်ဂိုဏ်း တည်းထားလောက်အောင် ကြီးကျယ်သော ဆရာတို့ ၏ ဂုဏ်ကျေးဇူးကား ကြီးမားလှပေစွ ။

လောကတွင် မိမိတတ်သိထားသော အရာအား အခြားတပါးသူကို သင်ကြား ပြောပြ ပေးသူကို ဆရာ ဟု မည်၏။

လူတိုင်းတွင် သူဖြတ်သန်းရာ ဘ၀တလျှောက်တွင် ကြုံဆုံရသော ဆရာ တို့ ကား များပြားလှပေစွ ။
သို့ သော် အကြမ်းဖျင်း အားဖြင့် ဆရာ ဟူသည့် ပုဂ္ဂိုလ်ကို သုံးမျိုး
ရှိသည်ဟု နားလည် မိသည်။

မိမိအား အသိပညာ အတတ်ပညာတို့ ကို ဂရုတစိုက် ကိုယ်တိုင်သင်ကြားပေးသော သူကို သင်ဆရာ မည်၏။

မိမိ အလိုရှိအပ် သော အတတ်ကို မျက်စိရှေ့ မှောက်တွင် ပြုလုပ်ပြသော သူ (သို့ )
၎င်း၏ နည်းနာများကို မိမိက မြင်ရုံမျှဖြင့် အတုခိုး ရသော သူအား မြင်ဆရာ ဟု
မည်၏။

သူ၏ အတတ်ပညာကို မိမိက တနည်းနည်းဖြင့် ကြားလျှင်သော်လည်းကောင်း ၊ မိမိအား ပြောပြပေးလျှင်သော်လည်းကောင်း ထို သို
့သော ပုဂ္ဂိုလ်ကို ကြားဆရာ ဟု မည်၏ ။

လောကတွင် ဆရာ သုံးမျိုး ရှိသည့်အနက် သင်ဆရာ ဆိုသည်ကား ကျွန်တော်တို့ အပေါ်တွင်
ဂုဏ်ကျေးဇူးအထူးမြတ်ဆုံး ဆိုသည်ကိုတော့ မည်သူမျှ မငြင်းနိုင်ပေ။

ဝါသနာ ၊ စေတနာ ၊ အနစ်နာ ၊ ဂရုဏာ ဟုဆိုအပ်သည့် နာ လေးနာနှင့် ပြည့်စုံသော ဆရာများ ဖြစ်ကြသည်။

အတတ်လည်းသင် ပဲ့ပြင်ဆုံးမ

သိပ္ပမချန် ဘေးရန်ဆီးကာ

သင့်ရာအပ်ဖို့ ဆရာတို့ 

ကျင့်ဖို့ ဝတ်ငါးဖြာ

ဟူသည့် ဆရာ့ဝတ် ငါးဖြားနှင့် ပြည့်စုံသော ဆရာမျိုးကား အရာခပ်သိမ်းထက်ပင် သာလွန် မြင့်မြတ်ပေစွ ။

ကျွန်တော်အတွက် မူ ငယ်စဉ်ကလေးဘ၀ မှ စတင်ကာ ယနေ့ အချိန်အထိ အထူးထူး အမျိုးမျိုးသော ဆရာတို
့နှင့် တွေ့ ဆုံခဲ့ရသည်။ လူတိုင်းသည်လည်း ကျောင်းသား အရွယ်မှ စတင်ကာ နေ
့စဉ် ဆရာပေါင်းများစွာဖြင့် တွေ့ ဆုံရလေသည်။ သို့ သော် များပြားလှသော ဆရာ
တို့ တွင် မိမိအား ဂရုစိုက်သော သူ ၊ မိမိအပေါ်တွင် စေတနာပိုသောသူ ကို သာ
ပိုမို၍ အော်မေ့ သတိရကြမည်သာ။

မူကြိုတွင် ၀လုံး.ကလေးများ ၀ိုင်းစက်စေရန် လက်ကလေးကိုကိုင်ကာသင်ကြားပေးသော ဆရာမများကိုလည်း
သတိရမိပါသည်။ F ဟူသော အင်္ဂလိပ်စကားလုံးသည် လွန်စွာအသံထွက်ရခက် လှသည်ကို
လွယ်ကူအောင် ဆိုပြပေးသော သူငယ်တန်းမှ ဆရာမ ကိုလည်း ကျေးဇူးတင်ပါသည်။

မူလတန်းကျောင်းသာအရွယ်က စာ မရ၍ ရိုက်ခဲ့ဖူးသောဆရာ့ ကျေးဇူးကြောင့် စာမေးပွဲတွင် ရမှတ်ကောင်းကောင်းဆွတ်ခူးခဲ့ပါသည်။

ဂဏန်းသချာင်္ အမြောက်အလီပေါင်းကို အထစ်အငေါ့ မရှိ ဆရာမ ၏ ရှေ့ တွင် ဆိုပြခဲ့ဖူးသည်မှာ
ပြန်စဉ်းစာလိုက်လျှင် ကြည်နူးစရာ။ စာမေးပွဲတွင် အဆင့် တစ် ရသဖြင့် ဆရာမ
ဆုချ ထားသော ခဲတံ လေးကလည်း ယခု အချိန်အထိ အသစ်စက်စက်ပင်။

သမိုင်းဘာသာ ကို ကျောင်းသားများစိတ်ဝင်စားအောင် ပုံပြင်လေး တစ်ပုဒ် သဖွယ်ပြောပြပေးသော
ဆရာမ ၏ မျက်နှာကိုလည်း ယနေ့ အထိပြန်မြင်ယောင်ဆဲပင်။

ရှေ့ ရှု့ မေတ္တာ ဂရုဏာနှင့် နာနာကျင်ကျင်အပြစ်မြင်က

ဝမ်းတွင်းမသို ဟုတ်တိုင်းဆို၍ ကျိုးလိုစိတ်က

ဆုံးမတက်သူ ဆရာမည်၏ ။

ဆရာတို့ ၏ တပည့်အပေါ်ထားရှိသော မေတ္တာနှင့် စေတနာကို အထိရောက်ဆုံး ထင်ဟပ်စေသော ဆောင်ပုဒ်လေးဖြစ်သည်။

ကိုးတန်းတုန်းက ဆရာမ

အထက်တန်းကျောင်းသားဘ၀ တွင်ပညာနို့ ချိုတိုက်ကျွေးဖူးသော ဆရာ ၊ မ ပေါင်းများစွာရှိသည့်အနက်
အမှတ်တရ အရှိဆုံး ဆရာမ ကိုပြောပါဆိုလျှင် န၀မတန်း – ခ မှ ကျွန်တော်၏
အတန်းပိုင်ဆရာမ ကိုသာပြောပြချင်ပါသည်။ ဆရာမသည် အသားညိုညို ၊ မျက်လုံး
မျက်ခုံးကောင်းကောင်းဖြင့် အရပ်အမောင်းမနိမ့်မမြင့် ရှိပါသည်။

ဆရာမ ၏ ဥပတိရုပ်ကို အနီးကပ်ဆုံးပုံဖော်ရလျှင် ၂၀၁၀ ပြည့်နှစ်၏ အမေရိက တွင်
သြဇာအာဏာ အကြီးမားဆုံး အမျိုးသမီး ဟု တင်စားထားသည့် အမေရိကန်သမ္မတ Obama
အိုဘားမား၏ ကတော် First Lady ဟုခေါ်သည့် Mrs.Mitchell Obama (မီချယ်
အိုဘားမား) နှင့် ခပ်ဆင်ဆင်တူပါသည်။

စိတ်နေသဘောထားတည်ကြည်ဖြောင့်မတ်ပြီး ကျောင်းသားများအပေါ် နားလည်မှူ့ အပြည့်ရှိသော အတန်းပိုင်ဆရာမ
ဖြစ်သည့်အတွက် ကျွန်တော်တို့ အားလုံးက လေးစားခင်မင်ရသည်။

ယောကျာ်းလေးများ သာစုထားသည့် စိန်ပေါလ် ဟူသော ကျောင်းတွင် မ.တစ်ထောင်သားများကို
ထိန်းသိမ်းရသော အလုပ်သည် တကယ်တော့ မလွယ်ကူလှပါ။ အခြားသော ဆရာ ၊ မ များက
အတန်းအုပ်ချုပ် ရာတွင် လက်စွဲတော်ကြိမ်စင်္ကြာကိုသာ အားကိုးလေ့ရှိသည်။
ကျောင်းသားတစ်ယေက်၏ လိုအပ်ချက်ကိုသေချာနားထောင်ပြီး ဖြေရှင်းပေးမှူ
့အပိုင်းတွင်မူ အားနည်းချက်များရှိကြသည်။ စာသင်ခန်းထဲသို့ ဝင်လာပြီး
ကျောက်သင်ပုန်းကြီးကို တဖုန်းဖုန်းရိုက်ကာ အတန်းထိန်းသည့် ကြိမ်လုံးဗျူဟာ
ကိုသာ ဆရာမ အများစုက အသုံးပြုကြသည်။

သို့ သော်ကျွန်တော်၏ အတန်းပိုင်ဆရာမ ကမူ ထိုသို့ ပြုခဲ၏ ။ မလွဲသာ မှသာ ကြိမ်လုံးကိုင်သည်။
ပြသနာတစ်ရပ်ကို အများလက်ခံအောင် သေချာစွာဖြေရှင်းပြသည်။ ပြီးမှ
အပြစ်ရှိသူကို ထိုက်သင့်သည် အပြစ်ဒဏ်ဖြင့် ဆုံးမသည်။

အတန်းထဲတွင် နာမည်ဆိုးဖြင့်ကျော်ကြားလှသော ကျောင်းသားကြီးများ၏ ချစ် ကြောက် ရိုသေ မှူ့ ကို အပြည့်အ၀ အခံရဆုံးသူ တစ်ဦးဖြစ်ပါသည်။

ကျွန်တော့် ဘ၀အတွက် အထူးခြားဆုံးဖြစ်ရပ်ကတော့ သီတင်းကျွတ်ကျောင်းပိတ်ရက်တွင် ဆရာမက
သူ ၏ အတန်းသားများထဲမှ ကျောင်းသားအချို့ ကို ရဟန်းခံရှင်ပြုပေးကာ
သူကိုယ်တိုင်က ရဟန်းအမ အဖြစ်ခံယူလေသည်။

သား သမီးမရှိသော အပျိုကြီးဖြစ်သောငြားလည်း သူ၏တပည့်များကို ကိုရင် ၀တ်ပေးကာ သာသနာ့ဒါယိကာမ
ဘွဲ့ ကိုရည်မှန်းသော ဆရာမ ၏ စိတ်ကူးသည် မြင့်မြတ်ထူးခြားလှပေစွ။ ဆရာမ ၏
မြင့်မြတ်လှသော အလှူဒါနကို ကျောင်းအုပ်ဆရာကြီးက သိရှိသောအခါ
သာဓုခေါ်ရုံမျှမက စိန်ပေါ်လ်ကျောင်းကြီးတစ်ကျောင်းလုံးအတိုင်းအတာဖြင့်
အထက်တန်းကျောင်းသားများကို ဆယ်ရက်ဝိပသနာ တရားစခန်းသို့ အရောက်ပို
့ဆောင်ပေးနိုင်ခဲ့သည်။

ထို့ ကြောင့် ကျွန်တော်တို့ ကျောင်းသားများသည် အထက်တန်းကျောင်းသား အရွယ်ကပင် မိုးကုတ် တရားစခန်း
ဝင်ဖူးကြသည်။ ၀ိပသနာ ထွက်သက်ဝင်သက်ကို ကျနစွာ တရားအားထုတ်တတ်ကြသည်။
ပဋိစ္စသမုပ္ပ စက်ရဟတ်ကြီးကို သင်ကြားဖူးခဲ့သည။်

ဆရမ က မျိုးစေ့ချပေးခဲ့သော ၀ိပသနာတရားအလုပ်သည် ကျွန်တော့်အတွက် ဘ၀ ၏ ရှေ
့ဆောင်လမ်းပြဖြစ်ရုံမျှမက လောကီ ၊ လောကုတ်
နှစ်ဖြာအကျိုးအတွက်အကျိုးများလှပေသည်။

မိမိရရှိသော ပမာဏ မများလှသည့် ချွေးနည်းစာလေးဖြင့် တပည့်များအား ကျောင်းသင်ခန်းစာ လောကီ ပညာ နှင့်
လောကုတ္တရာသာသနာ့အမွေ ပေးခဲ့ပုံသည် . တပည့် မရှား တစ်ပြားမရှိ ပီတိကိုစား
အားရှိပါ၏ ဟူသော စကားအလေးအတိုင်းပင်။

ထို့ ကြောင့် များပြားလှစွာသော ကျောင်းဆရာမ ထဲတွင် ကျွန်တော့်အတွက် အမှတ်တရ အရှိဆုံး
သည် ကိုးတန်းတုန်းက ဆုံခဲ့ရသော အတန်းပိုင်ဆရာမ သာဖြစ်တော့သည်။

ကျောင်းအုပ်ဆရာကြီး တစ်ဦး

ကျောင်းသားဘ၀ အရွယ်တွင် ကြုံခဲ့ဖူးသော ကျောင်းအုပ်ဆရာကြီးများအနက်
အထူးခြားဆုံးပုဂ္ဂိုလ်သည် ကျွန်တော် အထက်တန်းကျောင်းသားဘဝ
တွင်စတင်ကြုံဆုံခဲ့ရသော ဆရာကြီးဖြစ်သည်။ ဥပတိရုပ်ခန့် ငြားသလို
အမြဲလိုလို တိုက်ပုံအကျီ င်္ အဖြူရောင်နှင့်တွဲဘက်မြင်ရလေ့ရှိသော ဆရာကြီး
သည် စကားပြောလွန်စွာကောင်းသည်။

ဆံပင်အလယ်ခွဲကို ပိပြားသပ်ရပ်စွာဖြီးလေ့ ရှိပြီး ကြက်တောင်ရိုက်ခြင်းကို နှစ်ခြိုက်သော အားကစားကိုအထူးအားပေးသော ဆရာကြီးဖြစ်သည်။

ကျွန်တော်တို့ ကျောင်းသာများကို လည်း တိုင်းပြည်ချစ်တတ်လာအောင်၊
ကိုယ့်အမျိုးသားသီချင်း အမျိုးသားဝတ်စုံကို မြတ်နိုးတတ်လာအောင် အပတ်စဉ်
သောကြာနေ့ တိုင်း ကျောင်းသားတိုင်း တိုက်ပုံဝတ်ကာ Assembly ပြုလုပ်ပြီး
သြ၀ါဒ စကားမြွက်ကြားလေ့ရှိသည်။ သူ၏ ဘ၀အတွေ့ အကြုံများနှင့် ယှဉ်ကာ
ကျောင်းသားများစိတ်ဝင်စားအောင် ပုံတိုပတ်စ များ ၊ အဆိုအမိန်
့များကိုးကားပြောကြားလေ့ရှိသည်။

ကျောင်းသားများကို ပညာရဲရင့် ပွဲလယ်တင့် လာအောင် ၊ လူအများရှေ့ ထွက်ပြီး ရဲရဲဝံ့ဝံ့
စကားပြောရဲဆိုရဲရှိစေရန် အမြဲလိုလိုတွန်းအားပေးတတ်သည်။

ဆရာကြီးလက်စွဲပြုသည်စကားတစ်ခွန်းသည် မန္တလေး ၊ အမရပူရ တောင်မြို့ ရှိ မဟာဂန္ဓရုံ ဆရာတော်ကြီး ရှင်ဇနကာ ဘိဝံသ ၏
ဆောင်ပုဒ် ဆယ်ချက်ကိုလက်ကိုင်ပြုသည်။

ကျောင်းသာတစ်ဦးသည် စာတော်တိုင်း ၊ စာတတ်တိုင်း သူနှင့် သူ့ လူမှူ့ ပတ်ဝန်းကျင်ကို
အကျိုးမပြုနိုင် ။ လောကတွင် အရေးအကြီးဆုံးက စိတ်နှလုံးကောင်းမွန်ရေး
ဟုဆိုသည့် စိတ်ထားကောင်းဖို့ က ပထမ ဟု ဆိုလေသည်။

ဆရာကြီး၏ ထူးခြားသော အရည်အချင်းတရပ်မှာ ကျောင်း ဟူသော နေရာကိုအဓိပ္ပာယ်ဖွင့်ဆိုခြင်းပင်ဖြစ်သည်။

ငယ်စဉ်ကတည်းက ကျောင်း လာသည့်ကိစ္စသည် စာသင်ရန်အတွက်ဟူ၍ သာ ခပ်ပေါ့ပေါ့တွေးထားမိ၏။
ဆရာကြီးကမူ ထိုထက်ပိုမိုသော အဓိပ္ပယ်ကို ရှင်းပြသည်။

ကျောင်းတတ်ခြင်းသည် စာသင်ကြား ရန်ဟူသည့်ရည်ရွယ်ချက်တစ်ခုတည်းအတွက်မဟုတ် ။ လူတစ်ယောက်၏
အကျင့်စာရိတ္တ ၊ ကိုယ်ရည်ကိုယ်သွေး ၊ အတွေးအခေါ် စသည်တို့ ကိုပါ
လေ့ကျင့်သင်ကြားပေးသော နေရာဖြစ်သည။်

ထို့ ကြောင့် ကျောင်းတတ်ခြင်းသည် လူ ဖြစ်နည်း သင်တန်းကို တတ်ရောက်နေခြင်းဟု မှတ်ယူရမည် ဟု ဆိုလေသည်။

ကျွန်တော်သည် ဆရာကြီး ၏ လူဖြစ်နည်းသင်တန်းကို ယနေ့ ထက်တိုင် ပြန်ပြောင်းအောက်မေ့ဆဲပင် ။

အင်္ဂလိပ်စကား ပြောကြမယ်

ကျွန်တော်သည် ငယ်စဉ်က အင်္ဂလိပ်စာတွင် လွန်စွာအားနည်းခဲ့ပါသည်။ ဆယ်တန်းအောင်သောအခါ ပြည်ပ
သို့ ထွက်ခွာကာ ပညာခရီးရှေ့ ဆက်မည့်အစီအစဉ်တွင် လည်း အကြီးမားဆုံးအဟန်
့အတားသည် အင်္ဂလိပ်စာ စွမ်းရည်မပြည့်ဝ ခြင်းပင်ဖြစ်သည်။

ထိုအခက်အခဲ ကြီးကို ရင်ဆိုင်ကျော်လွှားရန် ပထမဦးဆုံးတွန်းအားပေးခဲ့သည့် နေရာသည်
ဆိပ်ကမ်းသာလမ်းရှိ Y.W.C.A အဆောက်အအုံးရှိ
ရန်ကုန်အင်္ဂလိပ်စာသင်ကြားရေးကျောင်း ဖြစ်သည် ။

(မှတ်ချက် ၊ လွန်ခဲ့သော ဆယ်နှစ်ခန့် က အဆိုပါနေရာတွင် ရန်ကုန်မြို့ ၏ အစောဆုံးနှင့်
နာမည်ကြီးဆုံးအင်္ဂလိပ်စာသင်တန်းကျောင်းတစ်ခုရှိပါသည်။ ယခု အချိန်တွင် မူ
အခြားသော အင်္ဂလိပ်စာ သင်တန်း ကျောင်းမှ အဆိုပါအဆောက်အအုံတွင်
ပြောင်းလဲဖွင့်လှစ်ထားပါသည်။)

ကျွန်တော် ငယ်စဉ်က သင်ကြားခဲ့ဖူးသောကျောင်း စာသင်ခန်း များနှင့် မည်သို့ မျှ ဆက်စပ်၍ မရသော သင်တန်းကျောင်းကြီးဖြစ်သည။်

အင်္ဂလိပ်စာ သင်တန်းဆရာကြီး၏ ဥပတိရုပ်ကပင် ဥရောပ သားတစ်ယောက်နှင့်တူလှပါသည်။
အထူးခြားဆုံးသော အမှတ်လက္ခဏာ မှာ ကျောအထိအောင်ရှည်လျားလှသည့် တွန့် ကြေကြေ
ရှိသော ကြေးနီရောင်ထ နေသည့် ဆံပင်များဖြစ်ပါသည်။ အစ ပထမရက်များတွင် ဆရာ
ကို ခပ်ရွံ့ ရွံ့ ရှိလှသည်။ သို့ သော် ဟာသဥာဏ်ရွှင်ရွှင်ဖြင့်
စာသင်ကြားတတ်သော ဆရာ၏ ခင်မင်နှစ်လိုဖွယ်စရိုက်ကြောင့်
မကြာမီအချိန်အတွင်းပင် အကြောက်ပြေကာ ဆရာ့အား ခင်မင်လျက်ရှိလာသည်။

ခပ်တုံးတုံးဓားတစ်လက်ကို နေ့ စဉ်လိုလို ဓားသွေးကျောက်ပေါ်တွင် တမြမြသွေး ပါက ထက်မြက်လာသလို
ကျွန်တော်၏ အင်္ဂလိပ်စာ စွမ်းရည်သည်လည်း သင်တန်းကာလ ခြောက်လ ခန့် အကြာတွင်
အတော်အတန် ပြောနိုင်ဆိုနိုင်သော အနေအထားသို့ ရောက်ရှိလာပါသည်။ ဆရာသည်
တပည့်တစ်ဦးကို ပြောဆို ၊ ဆိုရဲ ရှိလာအောင် သင်ကြားပေးသည့်နေရာတွင်
သူမတူအောင် ထူးချွန်လှပါသည်။

ဆရာသည် အမေရိက တွင်ပညာသင်ခဲ့ဖူးသည့်အတွက် သူ၏ သင်ကြားပုံနည်းစနစ်များမှ
ကျွန်တော့်အတွက်အထင်ကြီးလေးစားဖွယ်ရာများပင် ။ The Art of Teaching
ဟုခေါ်သည့် သင်ကြားမှူ့ အနုပညာ ဆိုသည်ကို
တပည့်များနားလည်အောင်သင်ကြားနိုင်စွမ်းရှိသည်။

အဆိုပါ အင်္ဂလိပ်စာသင်တန်းသည် ကျွန်တော့်ဘ၀ အတွက် အင်္ဂလိပ်စာ စွမ်းရည်ကိုသာမက ၊
အတွေးအခေါ်နှင့် ပင်ကိုယ်စရိုက်တို့ ကိုပါ ပြောင်းလဲ သွားစေခဲ့ပါသည်

ကျွန်တော်သည် အထက်တွင်ဆိုခဲ့သည့်အတိုင်းယောကျာ်းလေးများသာ တတ်ရသည့်
စိန်ပေါလ်ဟုခေါ်သော ယောကျာ်းလေးကျောင်းတွင်သာ နေခဲ့ရသည်။ ကျွန်တော်တွင်
ညီအစ်ကို နှစ်ယောက်သာ ရှိသည်။ မောင်နှမ ၀မ်းကွဲများနှင့်လည်း
ဖက်လှဲတကင်းနေလေ့မရှိပါ။ ထို့ ကြောင့်ကျွန်တော်သည် တစိမ်း
မိန်းကလေးများနှင့်ပြောဆိုဆက်ဆံရာတွင် လွန်စွာမှ အရှက်အကြောက်ကြီးသော
ခပ်တုံးတုံး ခပ်အအ ကုပ်ကမြင်းဘွဲ့ ခံ လူငယ်လေးတစ်ဦးသာဖြစ်ခဲ့ပါသည်။

ထိုစဉ်က ကျွန်တော့်ခံစားချက်သည် တစိမ်း မိန်းကလေးတစ်ဦးနှင့် စကားပြောမည်လော ၊
ကျား အမြီး ပြေးဆွဲမည်လော ဟု ဆိုလျှင် .ကျွန်တော်သည် ကျားအမြီးကိုသာ
ကျေကျေနပ်နပ်ကြီး ပြေးဆွဲလိုက်ချင်ပါသည်။ အဘယ်ကြောင့်မှန်းမသိ
မိန်းကလေးများနှင့် စကားပြောရပြီဆိုလျှင် လက်ဖျား ခြေဖျားများ အေးစက်ပြီး
ရင်ထဲတွင်လည်း တလှပ်လှပ်ဖြစ်လာပါသည်။ ရင်တုန် ပန်းတုန် ရှိလိုက်လေခြင်း ။

ထို အချက်ကို သိသော ဆရာက ကျွန်တော့်အား အမြဲလိုလို မိန်းကလေးများနှင့်သာ ယှဉ်တွဲစကားပြောစေပါသည်။

မလွဲသာ မရှောင်သာ ပဲ ဆရာ့အမိန့် ဖြင့် စကားပြောရပြီ ဆိုလျှင်လည်း အနှီ
မိန်းကလေးငယ် ၏ မျက်နှာကို မကြည့်ဝံ့သဖြင့် ကျွန်တော်သည်
မျက်နှာကျက်ကိုမော့ကြည့်လိုက် ၊ ကြမ်းပြင်ကို ငုံ့ ကြည့်လိုက်ဖြင့်
စကားပြောလျှင် အထစ်ထစ် အငေါ့အငေါ့ ဖြစ်လျှက်ရှိပါသည်။ Paring ဟုခေါ်သည့်
နှစ်ယောက်မျက်နှာချင်းဆိုင် အင်္ဂလိပ်စကားပြော English Conversation
ပြုလုပ်ရာတွင် အမြဲလိုလိုကျွန်တော်နှင့်တွဲသော မိန်းကလေးများကသာ
ကျွန်တော့်ကို ဦးဆောင်ပြီး ပြောခဲ့ရသည် ချည်းပင်။ (..အော်… ယောက်ျားလေး
က.စ.. ရမှာလား ခင်ဗျား)

ဆရာသည် ကျွန်တော်၏ လူတောမတိုးသည့် စိတ် .( တစ်နည်း ) မိန်းမ ကြောက်သည့်စိတ်ကို လျော့ပါးပျောက်ကွယ်စေရန် မှားယွင်းသော
စိတ်နေသဘောထား (wrong attitude) ကို ပြုပြင်ရန်ဖြောင်းဖျပြောဆိုသည်။
လောကတွင် ယောက်ျားနှင့် မိန်းမ နှစ်မျိုးသားရှိသည့်အတွက် ကိုယ်သည်
ယောကျာ်းများနှင့်သာ ပြောဆိုဆက်ဆံပါမည်ဟု စိတ်ပိုင်းဖြတ်ထား၍ မရစကောင်းပေ။

ထို အချိန်မှ စတင်၍ ကျွန်တော်၏ မှားယွင်းသော အတွေးအခေါ်များကို
မြေလှန်ခဲ့ပါသည်။ ယနေ့ အချိန်တွင် ကျွန်တော်၏ သူငယ်ချင်းစာရင်းကို
စစ်တမ်းကောက်ယူကြည့်ပါလျှင် မိန်းကလေး သူငယ်ချင်း များသည်
ရှစ်ဆယ်ရာခိုင်နှူန်း ( ၈၅%) ခန့် ရှိနေသည်ကို အံ့အားသင့်ဖွယ်ရာ တွေ
့ရလေသည်။ မိန်းကလေးများနှင့် စကားပြောလျှင်လည်း ဟိုးယခင်ကလို ခွေးအ ကြီး
လှည်းနင်း သလို မဟုတ်တော့ပဲအာသွက် လျှာသွက်နှင့်
ပြုံပျော်ရယ်ရွှင်စွှာပြန်ပြောနိုင်ခြင်းသည် အမှားသိ၍ အမှန်ပြင်ခဲ့ခြင်း၏
ရလာဒ် ပင်မဟုတ်ပါလော။

ထို့ ကြောင့် . အဆိုပါ အင်္ဂလိပ်စာသင်တန်းကျောင်းမှ ဆရာသည် ကျွန်တော့်ဘ၀ အတွက် အင်္ဂလိပ်စာ ကိုသာမက
ပေါင်းသင်းဆက်ဆံရေး သဘောတရားများကိုပါသင်ကြားပေးခဲ့ ပါတကား ။

ကွန်ပြူတာ ဟု ဆိုရာဝယ်

ကျွန်တော် ငယ်စဉ်က ကွန်ပြူတာ ဆိုသည့်အရာကို လွန်စွာမြင်ဖူးချင်သည့်အတွက် .
ကျောင်းရှိ ကွန်ပြူတာ ခန်းသို့ ပြတင်းပေါက်မှ
ချောင်းမြေင်းကြည့်ရှုခဲ့ဖူးပါသည်။

ကွန်ပြူတာ ဆိုသည်မှာ လက်နှိပ်စက် နှင့် တီဗွီ ကို ပေါင်းစပ်ထားခြင်းပင်ဖြစ်သည်ဟု ထိုစဉ်က
မိမိဘာသာ နားလည်ခဲ့ပါသည်။ ဆယ်တန်းအောင်ပြီးသော်အခါ ရန်ကုန်မြို့ ရှိ
နာမည်အကြီးဆုံး ကွန်ပြူတာ သင်တန်းကျောင်းကြီးကိုတတ်ရောက်ခဲ့ပါသည်။
ပြီးနောက် ထိုသင်တန်းကျောင်းတွင်ပင် နည်းပြဆရာ (Instructor)အဖြစ်
အလုပ်ဝင်ခဲ့ပါသည်။ ထို ကွန်ပြူတာကျောင်းကြီး၏ ကျေးဇူးကြောင့် ကျွန်တော်သည်
ကွန်ပြူတာနှင့် ပတ်သက်လျှင် အတော်အတန် တီးမီးခေါက်မိရှိသော အခြေအနေသို
့ရောက်ခဲ့ပါသည်။

ကျွန်တော်တို့ ရဲ့ ကွန်ပြူတာ သင်တန်းကျောင်းသည် ရန်ကုန်မြို့ တွင် အစောဆုံးပေါ်ပေါက်ခဲ့သော ကျောင်းဖြစ်ပြီး
မြန်မာနိုင်ငံတွင် လည်း အကြီးဆုံး ကွန်ပြူတာသင်ကြားရေးစင်တာကြီးဖြစ်ပါသည်။

သင်တန်းကျောင်း၏ အမည်ကို တချို့ က ကဗျာဆန်ဆန် (Kiss Me Darling) ဟုသမုတ်ကြသည်။ တချို
့ကလည်း ဟာသဥာဏ်ရွှင်ရွှင်ဖြင့် ကိုမိုးဒီ (Ko Moe Di) ဟု
ကျယ်စယ်နောက်ပြောင်ကြသည်။ မည်သို့ ပင်ဆိုစေ ကျွန်တော်တို
့သင်တန်းကျောင်းကြီးကတော့ သစ်တစ်ပင်ကောင်း ဌက်တစ်သောင်းနား ရ
ဟူသည့်စကားအတိုင်းပင်။

ရောက်ရှိလာသူ ခုနစ်ရက်သားသမီးအပေါင်းတို့ ကို ခေတ်မီ ကွန်ပြူတာ နည်းပညာ ကြီးများ ဝေဌ ဖြန့် ဖြူးလေ့ရှိပါသည်။ ထို့ အတူ
ကျွန်တော်တို့ သင်တန်းဆရာ ၊ မ များသည်လည်း နေ့ စဉ်နှင့်အမျှ
တိုးတက်ပြောင်းလဲနေသော နည်းပညာများကို မျက်ခြေမပြတ် ဆည်းပူးလေ
့လာခွင့်ရကြပါသည်။ အကျီ င်္လက်ရှည်အဖြူနှင့် ယေပုဆိုး အညိုရောင်ကလေးကိုဝတ်ကာ
ကျက်သရေမင်္ဂလာရှိလှသော ဆရာ ဟူသည့်ဘ၀ကို ရရှိခဲ့ဖူးသည်။

ထို့ ကြောင့် ငယ်စဉ်ကျောင်းသား ဘ၀၌ အခြားသူများက ကွန်ပြူတာကြီးကို
နှိပ်ပြလျှင် မျက်စိသူငယ် နားသူငယ် . ပါးစပ်အဟောင်းသားနှင့်
ငေးကြည့်နေရသော ဘ၀မှ ယခုအချိန်တွင် ကွန်ပြူတာရှေ့ စမတ်ကျကျထိုင်ကာ
အခြားသူများကိုပင် ပြန်လည်၍ ပညာပြန်သင်ပေးနိုင်သော ဆရာ ဘ၀ သို
့ရောက်ရှိခဲ့ပါသည်။ နံနက်ပိုင်းတွင် ပညာ ၀မ်းစာ ဖြည့်တင်းပြီး
ညနေပိုင်းတွင် သင်တန်းသားများကို တတ်သိနားလည်သမျှ ပြန်လည်သင်ကြားပေးရင်
မိမိ၏ ပင်ကိုယ်အရည်အချင်းများပါ တိုးတက်လာခဲ့ရပါသည်။

သင်တန်းကျောင်းကြီးသည် ကျွန်တော့်ကို ကွန်ပြူတာစွမ်းရည်သာမက လူမှူ့ ပေါင်းသင်းဆက်ဆံရေးကိုပါ
သင်ကြားပေးခဲ့လေသည်။ နေ့ စဉ်ရာချီသော သင်တန်းသူ ၊ သင်တန်းသားများ
နှင့်သာမက မိမိနှင့် ဘ၀တူ သင်တန်းဆရာ ၊မ များနှင့်လည်းထိတွေ့ ဆက်ဆံရသည်။
ထို့ ကြောင့် ယခင်က မိန်းကလေးများနှင့် စကားပင်မပြောရဲ လောက်အောင်
လူတောမတိုးရဲသောဘ၀မှ နေ့ စဉ် သူငယ်ချင်းဆရာမငယ်လေးများ နှင့် တပည့်
မိန်းကလေးပေါင်းများစွာနှင့် ပြောဆိုရလေတော့သည်။

ထို နေ့ ရက်များသည် ကျွန်တော့်ဘ၀၏ ရွှေရောင်နေ့ ရက်များဖြစ်သည်။ အလှချင်းပြိုင်ကာ
အစွမ်းကုန်ဖူးပွင့်ပန်းကလေးများနှယ် သင်တန်းသူ နှင့် ဆရာမငယ်လေးများ အကြား၌
ဝိုင်းဝိုင်းလည်နေသော ကျွန်တော်၏ ဘ၀သည် ပန်းမြိုင်လယ်က ဥယျာဉ်မှူးကြီး
ပင်တည်း ။ ဤသို့ စန်းပွင့်လိုက် ပုံများ ဋီကာချဲ့ လျှင်
အတော်အတန်ထူထဲပြီး ဖတ်လို့ ကောင်းသော ၀တ္တုတစ်ပုဒ်ဖြစ်ဖွယ်ရှိ၏။

ဘ၀၏ ကျေးဇူးရှိလှသော ဆရာများ စာရင်းတွင် အဆိုပါ သင်တန်းကျောင်းကြီးနှင့်တကွ
သင်တန်းကျောင်းမှ ဆရာ ၊ မ များ ၊ မိမိအားလမ်းညွှန်ပြသပေးသော
မိတ်ဆွေသူငယ်ချင်းများကိုလည်း ချန်လှပ်ထား၍ မရနိုင်ပေ။ ထို သင်တန်းကြီးကို
အောင်မြင်ကြီးပွားအောင်တည်ထောင်ခဲ့သည့် ဆရာ ဟုခေါ်သည့် ပုဂ္ဂိုလ် ကြီး၏
ကျေးဇူးကလည်း အနန္တပါတကား ။

တွေ့ ဆုံ ကြုံ ကွဲ ဆုံမြဲဓမ္မတာမို့  . သင်တန်းကြီးနှင့် ဝေးကွာခဲ့ရသော်လည်း . ကွန်ပြူတာခလုတ်ကို နှိပ်လိုက်တိုင်း
သူတထူး ၏ ကျေးဇူးတရားကို ပြန်ပြောင်းအောက်မေ့ လျှက် လက်အုပ်ချီမိုး
ရိုကျိုးလျက်ပါ။

ဆက်ရန်

အနုပညာသမား စစ်စစ်ကြီး တစ်ဦး
တောင်တန်းကြီးသဖွယ် စိတ်ဓာတ်ခိုင်မာရမည် (ရာမတို တာမာချီ)
အထက်မြက်ဆုံး နှင့် အလွှမ်းမိုးဆုံး ဆရာတစ်ဦး
မြောက်မြားလှစွာ မြတ်ဆရာ

အစရှိသည့် ဆရာများအကြောင်းကို ဆက်လက် ဖတ်ရှူ့ အားပေးကြပါရန်

ဆရာ့ကျေးဇူးမြင့်မိုရ်ဦး အထူးကျေအောင် ဆပ်ပါမည်။

ကောင်းသထက်ကောင်းအောင်ကြိုးစားနေမည့်

ဇော်ပြည့်

In: ဆောင်းပါး Posted By: Date: Nov 8, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment