Professional Authors

သင်္ကန်း နှင့် စီဝိုင်စီ(cyc)

သင်္ကန်း နှင့် စီဝိုင်စီ(cyc)
အင်း ဗုဒ္ဓဘာသာဝင်တွေအတွက်တော့ ၀ါဆိုလရောက်ရင်ဖြင့်ဝါ၀င်တော့မယ်ဖြစ်ရင်ဖြင့် ၀ါဆိုသင်္ကန်းကပ်ရင်း ဆွမ်းလှူဖို့ လုပ်မယ့်သူတွေများတဲ့လပေါ့။ကထိန်လည်းဘာထူးလည်း ကထိန်သင်္ကန်းကပ်ချင်သူတွေပေါမှပေါဘဲ……..ဒါပေမယ့် သင်္ကန်းလှူမယ်ဆိုရင် သင်္ကန်းဝယ်တော့မယ်ဆိုရင် ဘူးကိုဖောက်ကြည့် ဖြန့်ကြည့်တဲ့သူတွေ တအားကိုနဲပါတယ်….ဘယ်က ဘယ်လိုကြော်ညာထားသလဲမသိပါဘူး….သင်္ကန်းဆို စီဝိုင်စီ အသားမှ စီဝိုင်ဝီအသားဖြစ်နေကြတာ အသားတကာ့အသားတွေထဲမှာ စီဝိုင်စီဆိုတာ ပါးပီးလွှာနေတာ ၀တ်ဖူးတဲ့ ဘုန်းတော်ကြီးတွေသာ အသိဆုံးဆိုတာလဲဘယ်သူမှ သိပုံမပေါ်ဘူး……သရီးရိုင်ဖယ်(သေနပ်သုံးလက်)၊တက်ထွန် စသည့်အသားတွေလည်း တစ်ပုံကြီးပါ ဘာဖြစ်လို့ စီဝိုင်စီကိုမှရွေးဝယ်ကြသလဲ ….မှတ်ထားပါ အဲသည့် အသားက ပါးတာမှ လွှာနေတာပဲ ……ကိုယ့်ဘာသာကိုပဲ စဉ်းစားကြည့် ငါကောဒီလောက်ပါးတဲ့အသားကိုဝတ်လိုက်ရင်ဘယ်လိုနေမလဲ လူထဲ (နေပူ)ထဲလျှောက်သွားရင်း ဘယ်လိုနေမလဲဆိုတာ ….လှူရကျိုးနပ်စေချင်လွန်းလို့ပြောတာပါ…..ဒီတစ်ခါသင်္ကန်းလှုဖြစ်ရင်တော့ ဘူးဖွင့်ကြည့်သင်္ကန်းသား ထူရဲ့လား ရုံမကောင်းအောင်ထူလွန်းတာလဲရှီပါတယ် ဒါပေမယ့် စီဝိုင်စီဆိုရင်တော့ မြင်ဘူးအောင် နေရောင်လေးနဲ့ထောင်ကြည့် …….အကျိုးများသော အလှူဖြစ်နုင်ပါစေလို့ ဆန္ဒပြုရင်း
နေ့သစ်
9.6.13
9.28pm

In: စကားပြေ Posted By: Date: Jul 9, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment