Professional Authors

အမှတ်တရ

အမှတ်တရ ၂၀၀၁

ကွန်ပျူတာတက္ကသိုလ်ဆိုတဲ့ ကျောင်းတော်ကြီးမှာ
ကျွန်မတို့ ခင်မင်မှုသံယောဇဉ်တွေ စတင်ခဲ့ကြတယ်

အမှတ်တရ ၂၀၀၄

သံယောဇဉ်တွေ တဆင့်တိုးလို့ ချစ်သူတွေဖြစ်ခဲ့ကြတယ်
ကိုက ကျွန်မအတွက် သူငယ်ချင်းဆိုလည်း ဟုတ်၊ အကိုဆိုလည်းဟုတ်၊ ချစ်သူဆိုလည်း ဟုတ်ခဲ့တယ်
မိသားစုနဲ့ အဝေးမှာ နေရတဲ့ ကျွန်မအတွက် တိုင်ပင်အားကိုးရာ ဖြစ်ခဲ့တယ်
ကျွန်မလိုအပ်တာတွေကိုလည်း သူစွမ်းသမျှ ဖြည့်ဆည်းပေးခဲ့ရှာတယ်

အမှတ်တရ ၂၀၁၁
ကျွန်မ အရမ်းပျော်ခဲ့ပါတယ်
သာယာတဲ့ မိသားစုဘ၀လေးကို မျှော်မှန်းပြီး ဘ၀နှစ်ခုကို ဘ၀တစ်ခုအဖြစ် ပေါင်းစည်းနိုင်ခဲ့ကြတယ်
အဲဒီအချိန်က ကျွန်မနဲ့ ကျွန်မအချစ်ဆုံး ကို့ရဲ့ ကမ္ဘာသစ်လေးလည်းရှိနေခဲ့ပြီလေ
ကိုလည်း အရမ်းကို ပျော်နေခဲ့တာပေါ့

ကျွန်မဘ၀ရဲ့ အပျော်ရွှင်ရဆုံးအချိန်တွေပါပဲ
ဒါပေမယ့် ကံကြမ္မာက ကျွန်မတို့ ကို ကြာကြာ မျက်နှာသာမပေးခဲ့ပါဘူးကွယ်

ကိုနဲ့ ကျွန်မကို (၂၆) ရက်ပဲ ဆုံဆည်းခွင့်ပေးခဲ့တယ်

ကြားလိုက်ရတဲ့ ကျွန်မ ကိုယ့်နားကိုယ်တောင်မယုံနိုင်ဘူး
အသက်ရှူတောင်တန့်ပြီး ခဏတာ ဆွံ့အသွားခဲ့တယ်

သွားပြီ.. ကျွန်မတို့ရဲ့ ကမ္ဘာလေး တ စ် စ စီ ပြို လဲ သွား ခဲ့ ပါ ပြီ

ကံကြမ္မာကို ပဲ အပြစ်တင်ရတော့မယ်ထင်ပါရဲ့ လေ

အဲဒီနောက်ပိုင်း ကျွန်မရဲ့ နေ့ရက်တွေက အရမ်းကိုခါးသီးခဲ့တယ်
တစ်ခုခု စိတ်ထိခိုက်စရာရှိတိုင်း ကြိတ်မှိတ်ခံနိုင်ရည်ရှိအောင် ကြိုးစားခဲ့ပါတယ်
ကျွန်မတို့ရဲ့ ကမ္ဘာသစ်လေးအတွက် ကျွန်မသတ္တိရှိရမယ်လေ

ခုတော့လည်း ကိုမရှိတော့တဲ့ ဘ၀မှာ ကို့ကိုယ်ပွားလေးနဲ့ ကျွန်မနေသားကျလာပါပြီ
ဘ၀ကိုလည်း တည်တည်ငြိမ်ငြိမ် ရင်ဆိုင်နေနိုင်ပါပြီ
ဘယ်လို အခက်အခဲမျိုးကိုမှ ကျွန်မ မမှုတော့ဘူးလေ.
ကို ဘယ်တော့မှ ကျွန်မတို့ ကို စိတ်မပူရဘူးနော်.

ဒီအချိန် ကိုဘယ်နေရာမှာ ရှိနေမှာပါလိမ့်
ကျွန်မတို့ကို တစ်နေရာကနေ ကြည့်နေမလားဆိုတာ သိချင်မိတယ်

ဝဋ်ကြွေးတွေ ဒီဘ၀ ဒီမျှနဲ့ ကြေပါစေလို့ ဆုတောင်းရင်း

In: စကားပြေ Posted By: Date: Jan 25, 2013
Comment #1

ကွန်ပျူတာတက္ကသိုလ်ဆိုလို့ ….. စိတ်ဝင်စား ဖတ်သွားပါတယ်
ကျောင်းတူတူပဲ

commentinfo By: အသဲကွဲ မိုး at Jan 25, 2013
Comment #2

thanks for reading sis.
have a nice day!!!

commentinfo By: HORIZON at Jan 25, 2013
Comment #3

:'(
Sorry to read.

commentinfo By: ei lay at Jan 25, 2013
Comment #4

မမရယ် ကေ စိတ်မကောင်းလိုက်တာ…..

commentinfo By: ကေသရီ at Jan 25, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment