Professional Authors

အမေများနေ့  အမှတ်တရ

အ မေများနေ့  အမှတ်တရ.
ဒီနေ့က အမေများနေ့ဆိုတော့ လူသားတိုင်းရဲ့ ရင်မှာ အေးချမ်းမှု ပျော်ရွင်မှု့ တွေ နွေးထွေးမှ့ တွေ ကြာနူးမှု့ တွေ ၀မ်းနည်းမှ့ တွေ တွေပေါင်းများစွာထဲမှ ခံစားမှု့ တွေကို လူတိုင်းခံစားနေကြမှာပါ..
အဲ့ဒီထဲမှာ ကျမလည်း အမေကို ကိုယ်ချင်းစာ စိတ်များစွာနဲ့ အရမ်းသတိရနေမိပါတယ်.
ကျမ အခုတင်ထားတဲ့ ပုံလေးတွေကို အရမ်းကြည်နူးမိပါတယ်. မျက်စိထဲမှာတော့ ကျမကို ကျမ အမေက ချီပိုးထားသလိုလေး ကျမကြည်နူးမှု့ နဲ့ အတူ ၀မ်းနည်းစွာလည်း မျက်ရည်ကျမိပါတယ်
ကျမကိုယ်တိုင်လည်း ကျမရဲ့ သမီးလေးသုံးယောက်စလုံးကို အဲ့ဒီလို ကလေးလေးတွေ အရွယ်က ဘယ်သွားသွား ချီသွားခဲ့ပါတယ် ကျမမှာ သမီးလေးသုံးယောက်ရှိပါတယ် ကျမဟာ အသက်ငယ်ငယ်နဲ့ အိမ်ထောင်ကျခဲ့ရတော့ ဘ၀ဆိုတဲ့ ဆိုးမွေတွေရော ကောင်းမွေတွေရော
ကျမ ဖြတ်သန်းခဲ့ဘူးပါတယ် ဘယ်လိုဆိုးတဲ့ ဘ၀တွေဖြတ်သန်းခဲ့စဉ်တုံးကလည်း ကျမ ကျမသမီးလေးတွေကို ကြင်နာစွာချီပိုးပြီး ပျော်နေခဲ့တာပါဘဲ ခုချိန်ကျမ သမီးလေးတွေက
အရွယ်ရောက်လို့ အိမ်ထောင်ကျသူကကျနေပြီ မကျသေးသူလေးတွေလည်း ကျမအနားမှာ
အတူနေထိုင်ကြပါတယ် ကျမအရမ်းပျော်ပါတယ် ပြီးတော့ ဘုရားသခင်က ကျမကို ပေးထားတဲ့
ကျေးဇူးတော်ကြာင့် ကျမခုချိန်ထိ ကလေးတွေနဲ့ အေးချမ်းစွာ နေခွင့်ရပါတယ် ကလေးတွေဆီကလည်း ကျမကို ခုချိန်ထိ ကြင်နာမှု့ တွေပေးနေတာကို ကျမ ကြည်နူးစွာခံစား
ရပါတယ် အဲ့ဒီလို ကျမဘ၀ကို ကျမတွေ့ကြုံရတိုင်း ကျမ အမေကို ကျမပိုသတိရပါတယ်
အော်ငါလည်း ငါ့အမေကို သူတို့လို အသက်အရွယ်ထိ အတူတူနေရပြီး အမေကို ပြုစုချင်မိတယ်
သူတို့ကိုလည်း ကျေးဇူးတင်ပါတယ် ကျမကိုဂရုစိုက်ကြတယ် လေးစာကြတယ် ချစ်ကြတယ်.
ဒါကြောင့် ကျမလေ ကျမပတ်ဝန်းကျင်က သူငယ်ချင်းမိတ်ဆွေတွေရဲ့ မိသားစုမှာ အဖေရယ် အမေရယ် စုံရှိနေရင် အမေက ကလေးလေးချီပြီး လမ်းရှောက်လာရင် အဖေက ဘေးကနေပြီး ကလေးကို မြူရင်း အတူသွားလာမေပုံလေးကို မိသားစုတခုဆီတိုင်း ရရျိကြပါစေလို့ ကျမ ဆုတောင်းပေးပါတယ် တကယ်တော့ ကလေးဆိုတာ အင်မတမ်မှ နူးညံ့တဲ့ အသည်းနှလုံးတွေပါ ဖယောင်းလိုပါဘဲ ငယ်သေးတဲ့အချိန်မှာ ပျော့ပျောင်းတဲ့ သူတွေဆိုတော့ အဓိက သူတို့ရဲ့ နှလုံးသားလေးတွေကို မနာကြင်စေဘူး ဒါကြောင့်မိသားစု
ရှိရင် အတူတကွ အေးချမ်းမု့ ပေးကြပါ ကလေးတွေငယ်ငယ်ရွယ်ရွယ်မှာ မိဘဆုံရက်နဲ့ အဖေတယောက်ထဲ အားကိုးနေရတာတွေ အမေတယောက်ထဲ အားကိုးနေ ရတာတွေဟာ ကလေးတွေမှာ အရမ်းအားငယ်စေပါတယ် ပြီးတော့ သူတို့ရင်ထဲမှာ လည်း အရာရာကို မကျေနပ်ခြင်းတွေ ဖြစ်တပ်ပါတယ် ပြီးတော့ အရေးကြီးဆုံးက နာကျည်းစိတ်တွေ ဖြစ်ပြီး
ဆိုးမိုက်သွားတပ်ကြပါတယ် အဲ့ဒီလို ဖြစ်သွားတဲ့ ကလေးမျိုးတွေ ကျမ မကြာခန တွေ့နေရပါတယ် … ဒီနေ့အမေများနေ့မှာ သားသမီးတွေက မိဘကို ချစ်ကြောင်း လွမ်းကြောင်းတွေ ဖတ်ရလို့ ကျေးဇူးတင်ပါတယ် ၀မ်းသာပါတယ်..ဒါကြောင့် မိဘတွေကလည်း သူတို့လေးတွေအတွက် မိဘတွေဖြစ်တဲ့ မိခင်ကလည်း ကိုယ့်ရဲ့ လင်ယောကျားနဲ့ အကြောင်းအမျိုးမျိုးကြောင့် အဆင်ပြေသည်ဖြစ်စေ မပြေသည်ဖြစ်စေ
ကိုယ့်သားသမီးလေးတွေရဲ့ ဘ၀ရှေ့ရေး ခွန်အားပြည့်စု့စွာ ဖြစ်ဘို့အတွက် မဖြစ်ဖြစ်ဖြစ်
မိသားစု ပေါင်းစည်းစွာနဲ့ ကလေးလေးတွေကို အချိန်ရသလောက် ကြိုးစားပြီး ခွန်အားပေးကြပါစို့လို့ ကျမတိုက်တွန်းရင်း အမေများနေ့ ကို အမျိုးမျိုး ဂုဏ်ပြုပေးတဲ့ ကလေးများအားလုံးတွက် လက်ဆောင်ပြန်ပေးကြဘို့ ပြောချင်လို့ ဒီဆောင်းပါးလေးကို
ရေးမိပါတယ်…..( မိဘတိုင်းကိုယ့်ဘ၀ကို ဦးစားမပေးဘဲ သားသမီးဘ၀ကိုဦးစားပေးပြီး မိမိတို့ တာဝန်ကို ကျေပြွန်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်ရှင်)(ကျမ..ဒေါ်ဖြူဖြူစိုး)(11.5.2014)
အမေများနေ့ တွက် အမှတ်တရ….

In: ဆောင်းပါး Posted By: Date: Jul 20, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment