Professional Authors

ခံစားချက်တွေ အတည်တကျ မွေးမြူရတာ ပျင်းလို့ ရှိသလောက်နဲ့ပဲ ရေးလိုက်တယ်။ မကြိုက်လည်း မတတ်နိုင်ဘူး။

ခံစားချက်တွေ အတည်တကျ မွေးမြူရတာ ပျင်းလို့ ရှိသလောက်နဲ့ပဲ ရေးလိုက်တယ်။ မကြိုက်လည်း မတတ်နိုင်ဘူး။

 

 

သစ်ရွက်ကြွေတာမြင်ရင်တောင် ရင်ခုန်တတ်တဲ့ အရွယ်တော့မဟုတ်။ သစ်ပင်ကြီးလဲမှ ရင်ခုန်တတ်တဲ့အရွယ်။

လေပြေလေးလို တိုးတိုးညှင်းညှင်းလေးပဲ အချစ်က ငါ့ နှလုံးသားထဲကို ၀င်ရောက်သွားလေရဲ့။

အံ့သြစရာပါ့။ ဘယ်လိုမျိုးပါလိမ့်။ အချစ်တဲ့။ အချစ်လား သူဖျားနေတယ် သီချင်းနာမည်လား စာအုပ်နာမည်လား မသိ ကြားဖူးတယ်။ ရောက်တတ်ရာရာ ရောက်တတ်ရာရာ ရောရော ယောင်ယောင် ထွေကာလီကာ ကွေ့ချည်ပတ်ချည် လိမ်ဖယ်လိမ်ဖယ် အဓိပ္ပာယ်ပျောက်ဆုံးခြင်း အဖြစ်အပျက်။

ဆယ့်ခြောက်နှစ်သားလည်း ချစ်တယ် ပြောတယ်။ နှစ်ဆယ်နှစ်သားလည်း ချစ်တယ် ကြွေးကြော်တယ်။ နှစ်ဆယ့်ရှစ်နှစ်သားလည်း ချစ်တယ် အော်ညည်းတယ်။ သုံးဆယ့် ငါး နှစ်သားလည်း ချစ်တယ် တောင့်တတယ်။ လေးဆယ်ကျော် ငါးနှစ် ထဲက လူကြီးကလည်း ချစ်တယ် ချစ်တယ် ချွဲချွဲနွဲ့နွဲ့ ပြောတယ်။ ငါးဆယ်ကျော် ခြောက်ဆယ်လောက် ဘဘကြီးကလည်း ချစ်နေလျက်ပါကွယ်လို့ ဝေေ၀ရီရီ ပြောတယ်။

ခက်ပြီ အချစ်။

 

*  * **

 

အိုစမာ ဘင်လာဒင် ပြီးတော့ ကဒါဖီ။ သူ့ဆီက အကြွေးတွေ ငါ မရသေးဘူး။ ဘာလဲ ..ဘာရယ်.. ဘာတဲ့။

ရူးပါပေ့ မဗေဒါရယ် … မျက်ရည်တွေနဲ့များ က နေသေးတယ်။ ခက်ပါပေ့ မမြ၀င်းရယ်.. ကိုအောင်ဒင် ကိုအောင်ဒင် ခေါ်ခေါ်နေပြီးမှ ရည်းစားဟောင်းရင်ခွင်ထဲ ပြေးဝင်တယ်။

မက်ဒါမွန်ကတော့ အိုဘားမားကို မကြိုက်ဘူးတဲ့။ အေမီဝိုင်းဟောက် သေဆုံးခြင်းက ကိုယ်တို့ မြို့ ကွန်နက်ရှင် လေးပင်မှုနဲ့ သက်ဆိုင် နေသလား။

လွယ်သလား ခက်သလား ရာမ..။ ဆယ်နှစ် ဆယ်နှစ်။ အကြွေးတွေ။ အတိုးတော့ မပါဘူး။

ရွာတောင်ပိုင်းက ချောင်း ရေလျှံတော့ တို့ တစ်ရွာလုံး စုန်းစုန်းမြုပ်။ ကိုရင် မြဟန် တဲကြီးဆို ရေထဲ မျောလို့။

လွယ်သလား ခက်သလား ရာမ။

 

******

 

ကဗျာ သေပြီတဲ့။ နာရေးကြေငြာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က အနောက်နိုင်ငံတွေမှာ ပွက်လောရိုက်ခဲ့တဲ့ သတင်း။

မောင်ချောနွယ် သေပြီတဲ့။ တာ၇ာမင်းဝေ သေပြီတဲ့။ ကြည်မောင်သန်း သေပြီတဲ့။

ကဗျာ သေပြီတဲ့။ တစ်ကြောင်းကျော်က စာကြောင်းကို ပြန်ဖတ်ပါ။

ကဗျာပြားပြီတဲ့။ လှော်တက်ကြီးကို ကြိုက်တယ်။ တဘမ်းဘမ်းနဲ့ ရိုက်ပစ်လိုက်တာ ဦးနှောက်တွေ ပိန်ရှုံ့လို့။

ဆေးလိပ်တွေလည်း တို ကုန်ပြီ။ နေတွေလည်း ညိုကုန်ပြီ။

ကမ္ဘာပြားပြီတဲ့။ မနေနိုင် မထိုင်နိုင် တစ်ကမ္ဘာလုံးလှုပ်ရွကြလို့။ေ၇ှ့ တစ်ကြောင်းကျော်က သုံးခုမြောက် ၀ါကျကို ပြန်ဖတ်ပါ။

မြန်မာနိုင်ငံမှာ ကဗျာဆရာရယ် သီချင်းအဆိုတော်ရယ် မော်ဒယ်လ်ရယ် အပေါဆုံးပဲ။ နိုင်ငံခြားတင်ပို့လို့ရရင်….။

 

** *** ****

 

လွမ်းရပါတယ် အချစ်ရယ်။ ဘယ်နေ့ ဘယ်ဝယ် ဘယ်ဆီမှန်းမသိ ကံကော်ပင်တွေ မမြင်ဖူးပေမယ့် ပိတောက်ပွင့်ရင်လည်း မလွမ်းဘဲ မနေနိုင်ခဲ့ဘူး။

အိပ်မက်တွေ ဟုတ်ခဲ့လို့လား အချစ်ရယ်။ အတိတ်တွေလည်း ပေ၀ါး ။ ဆင်ခြင်ခြင်းရဲ့ အပြင်ဘက် ရောက်ခဲ့ရင်လည်း ပျော်ပျော်ကြီးပဲ ငါ သွားမယ်။

စကားသံတွေ ဟာ ပျံတက်လာတယ်။ ငါ့ရင်ကို ထိုးစိုက် နှလုံးသားထဲက စကားသံတွေနဲ့ အထိအတွေ့မှာ ရှောခ့်တွေ ဖြစ်လို့။

ဘာ လို သေး သ လဲ… မောင်ရေခဲ။

ရေခဲပဲ လိုတယ် အချစ်၇ယ်။ ပူလောင်လွန်းလှတယ်။ မင်းကြောင်တော့မဟုတ်ပါဘူး။ ကိုယ်တို့ အညာနွေက အရမ်းပူတယ်လေ။

 

*** *** ** ***

 

အနုပညာသစ် ဟာ ဘယ်သူတွေရဲ့ လက်ထဲမှာလဲ။ ရပ်တန့် မနေဘူးလို့ ပြောပြောပြီး နေရာက မရွေ့။

ခက်တော့ခက်နေပါပြီ ဒီခေတ်လူတွေနဲ့။ ဒီခေတ်လူတွေက ခက်တယ်ဆိုတော့ ဘယ်ခေတ်လူတွေကကော လွယ်လို့တုန်း။

မဆိုနိုင်ပါဘူး ကဗျာ သီချင်းတွေ။

သေဆုံးပြီးရင် ဘယ်အချိန်ထိ ကျန်နေနိုင်မှာ မို့လို့လဲ။ ဘာမှ လွမ်းမနေနဲ့။

အသစ် မထွင်လို့ ဘယ်သူမှ သေဒဏ်လာမပေးဘူး။ မရဘူး ။ မရဘူး ။ မရဘူး။

သစ်ကြပါ ။ သစ်ကြပါ ။ သစ်ကြပါ ။

မျက်နှာတွေသစ်တိုင်း စိတ် သစ်ခဲ့သလား။

အဲဒီလိုသစ်တာကို ပြောတာမဟုတ်ဘူး။ ခေတ်သစ်မှာ အနုပညာအသစ်ကို မြင်ဖူးချင်တာ။

သစ်ကြပါ အနုပညာတွေ ။ သစ်ကြပါ ကဗျာတွေ ။ သစ်ကြပါ စကားပြေတွေ ။ သစ်ကြပါ ဝေဖန်ရေးတွေ ။ သစ်ကြပါ လက်ခုပ်သံတွေ။

 

** *** ****

 

မဆိုင်တောတွေ သိပ်ပြောတာပဲ ။ ရူးနေလားမသိဘူး။

လာမပြောနဲ့ မဆိုင်တာတွေလုပ်တတ်တာ မိုးအိမ်လူ ရဲ့ အကျင့်ပဲ ။

ကြိုက်ချင်ကြိုက် မကြိုက်ချင်နေ ။ အဲ အလကားပြောတာ။

မဟုတ်ဘူး တကယ် ကြိုက်ချင်ကြိုက် မကြိုက်ချင်နေ ။

ကြိုက်ချင်ကြိုက် ကြိုက်ချင်နေ ။ မ ဆိုတဲ့ ဗျည်းတစ်လုံး ကျန်ခဲ့တယ်လို့ မထင်စေလို။

အတည်ပြောတာ

အခု ကို ကြိုက်ချင်ကြိုက် ကြိုက်ချင်နေ နေ နေပြီ။

ကြိုက်ပြီးရင်း ကြိုက်ချင်နေပြီ။

ကြိုက်နေပြီ။

ကြိုက်သွားပြီ။

ကြိုက် ကြိုက် ကြိုက်… အဲ

ကြိုက်တယ် ဆိုတာ ဘာတုန်းဗျ။

မြန်မာစကားလုံးတွေက လွယ်မလိုလိုနဲ့ တယ် ရှုပ်သကိုး။ မယုံရင် စိတ်ထဲပေါ်တဲ့ စကားလုံးတစ်လုံးကို အကြိမ်ကြိမ်ရေးကြည့်။

အဓိပ္ပာယ်ပျောက်သွားလိမ့်မယ်။

ယုံဘူးလား။ ယုံဘူးနော်။

ယုံဖူးနော်။

ဖရုံဖူးနော်။

အမယ်လေး

ခလုတ်တိုက်

ဖားပြုတ်ကိုက်

တရုတ်ရိုက်…

စကားတွေ ကားတာမဟုတ်ဘူး

တကယ်ရိုက်သွားတာ..။

 

*******

 

 

မိုးအိမ်လူ

စကားပြေ / အရေးအသား

In: စကားပြေ Posted By: Date: Feb 15, 2012
Comment #1

အင်း ကောင်း တာ ပဲ …………………….အင်း ကောင်း တာ ပဲ ………………… ပီးလည်း ပီး ရောာာာ
ကောင်းနေတုန်းပဲဗျ 😀

commentinfo By: မောင်မြတ်သူ at Feb 16, 2012
Comment #2

brainကတော့ ရွာသာကြီးကကိုဆင့်ခေါ်ရမယ့်brainမျိုး ~~ ( just kidding)
အရေးအသားကို ဖတ်သွားပါကြောင်း ။

commentinfo By: X - ray at Feb 16, 2012
Comment #3

ei lay 1 khar hma ma phat phu bu,,
mike de naw,,
writing style ka sann de,

commentinfo By: ei lay at Feb 16, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment