Professional Authors

တစ်ဖက်သတ်

ငါ့နှလုံးသား  တစ်ချက်ခုန်လိုက်တိုင်း
မြင်ချင်နေတာ  မင်းမျက်နှာ…..
ငါ့ပါးစပ်တစ်ချက်ဟတိုင်း  ပြောချင်နေတာ
မင်း  အကြောင်းတွေ…..
ငါ့ခြေလှမ်းတစ်ချက်ရွေ့တိုင်း  သွားချင်နေတာ
မင်း…ဆီ….. ။
ဒါ  ပေ  မယ့်
ငါ့နှလုံးသား တစ်ချက်ခုန်လိုက်တိုင်း
မင်းပုံရိပ်တွေ  ငါ့အမြင်အာရုံကနေ  ဆွဲထုတ်နေရတယ်… … …
ငါ့ပါးစပ်တစ်ချက်ဟတိုင်း
မင်းအကြောင်းတွေ  ဖယ်ပြောနေရတယ်… … …
ငါ့ခြေလှမ်းတစ်ချက်ရွေ့တိုင်း
မင်းဆီ  မသွားမိအောင် ထိန်းချုပ်နေရတယ်… … …
ဒါဟာ  မင်း..မ..သိ..တဲ့
ငါ့..ရဲ့  တစ်ဖက်သတ်  ရူးသွပ်ခြင်းပေါ့ ။
ဟုတ်တယ်… … …
ဘယ်သူတွေ  ဘာပဲပြောပြော
ငါ့ဘက်ကဘဲ  မင်းကို
သိ.……တယ်
ငါ့ဘက်ကဘဲ  မင်းကို
ရူး…….တယ်
ငါ့ဘက်ကဘဲ  မင်းကို
လွမ်း.……တယ်
ငါ့ဘက်ကဘဲ  မင်းကို
မျှော်...လင့်….တယ် ။

အတောင်ကျိုးနေတဲ့ ငှက်မို့
လေဟုန်မှာ
တောင်ပံဆန့်ခွင့်မရှိတော့ပေမယ့်
မြေပေါ်မှာ
လျှောက်လှမ်းလို့တော့  ရပါသေးတယ် ###
ငါ့အချစ်တွေကလည်း
မင်းရင်ဘတ်ဆီ
ဘယ်တော့မှ  မရောက်နိုင်တော့ပေမယ့်
သိ…အောင်
ကြိုးစားခွင့်လေးတော့  ရှိပါသေးတယ် ###

ဟူး… !@#$% ပင်ပန်းတယ်
တစ်..ဖက်..သတ် ချစ်ရတာ
တစ်ဖက်သတ်အချစ်  ဆိုတာ
တစ်..ဖက်..က..ချစ်..ရ..သူ..ကို..သေအောင်..ကို..သတ်..နိုင်..တဲ့..အချစ်..မျိုး..ဘဲ
တကယ်  နာမည်နဲ့လိုက်တဲ့  အချစ်ပဲဗျာ…. …. …. ။

( ၂၀၁၀ အောက်တိုဘာ ၃ ရက်နေ့ကရေးထားတဲ့ ကဗျာလေးပါ တော်တော်လေးကြာနေပါပြီ ။)


In: ကဗျာ Posted By: Date: Aug 28, 2011
Comment #1

အားပေးသွားပါတယ်

Comment #2

တယ်ကောင်းပါလားကွ

အားပေးလျက်
မေသူ

commentinfo By: MayThu at Aug 28, 2011
Comment #3

hote bu,,,fri,,,

ta bhat tat yaw hnak phat tat yaw,,,tu tu par be kwe.
1500 a chit ka dot pu hmar pe.
pu hman ti yat ne kaing kyi chin tar koh a pyit ne ko par pe.
ma tay khin lay hmar,,
sate chan tar ko chan mar phyit yin p tar par be.

commentinfo By: ei lay at Aug 28, 2011
Comment #4

ငါ့ဘက်ကဘဲ မင်းကို
ိသိ.……တယ်
ငါ့ဘက်ကဘဲ မင်းကို
ရူး…….တယ်
ငါ့ဘက်ကဘဲ မင်းကို
လွမ်း.……တယ်
ငါ့ဘက်ကဘဲ မင်းကို
မျှော်…လင့်….တယ် ။
အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Aug 28, 2011
Comment #5

အားပေးသွားတဲ့ လုလင်ငယ်သွေး ၊ မေသူ ၊ အိလေး ၊ genius တို့အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ် ။

commentinfo By: X - ray at Aug 28, 2011
Comment #6

အရမ်းကောင်းတယ်ဗျ ခင်ဗျားပြောချင်တဲ့အရာကိုမြင်လိုက်ရသလိုပဲ
ကဗျာကောင်းပါဗျာကြိုက်တယ်။

commentinfo By: myatthuraaung at Aug 28, 2011
Comment #7

အားပေးတဲ့ ကိုမြတ်သူရအောင် ကျေးဇူးပါဗျာ ။

commentinfo By: X - ray at Aug 28, 2011
Comment #8

hote lar?
ko myat thu ra aung,bar tway myin like tone?
he,,he,,

commentinfo By: ei lay at Aug 28, 2011
Comment #9

huh,,,,,,,,,,
really pain

commentinfo By: ei lay at Jan 10, 2012
Comment #10

ကဗျာကို အားပေးသွားတဲ့အတွက် ကျေးဇူးပါ မအိလေး ~~

With respect,
RAY

commentinfo By: X - ray at Feb 25, 2013
Comment #11

အင်းကျွန်တော့ကိုစောင်းပြီးရေးထားသလိုပဲဗျာ
အားပေးသွားပါတယ်ဗျာ

commentinfo By: Aryone Oo at Feb 25, 2013
Comment #12

ကဗျာကို အားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဗျာ
ခင်ဗျားကို စောင်းရေးထားတာတော့မဟုတ်ပါဘူး ကိုအရုဏ်ဦးရေ
ကဗျာနဲ့ ခင်ဗျားခံစားချက်က တိုက်ဆိုင်သွားတာပါ ~

With respect,
RAY

commentinfo By: X - ray at Jul 12, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment