Professional Authors

အားပေးစကား

ကျောင်းမှာ အတန်းအားချိန်မှာ လောလောလတ်လတ် မိခင်ကိုဆုံးရှုံးထားရတဲ့ သူငယ်ချင်းတယောက်နဲ့ စကားလက်ဆုံကျမိခဲ့တယ်။သူ့အမေကို သတိရစိတ်နဲ့

သူ့၇ဲ့လုပ်ငန်းဆောင်တာအချို့က စည်းချက်နည်းနည်းပျက်ချင်နေတဲ့အကြောင်းကိုပြောမိကြတယ်။အဓိက ကတော့ စာမေးပွဲတွေရှိနေရက်နဲ့ စာမကျက်နိုင်တာမျိုးပေါ့။အဲဒီ့ အခါမှာသူ့ရဲ့ရင်ဖွင့်စကားတွေကိုနားထောင်ပေးပြီး ကျွန်မက အားပေးစကားတခွန်းကိုပြောခဲ့မိတယ်။”လူဆိုတာက သေမျိုးချည်းပါပဲ….သိပ်ပြီးမခံစားပါနဲ့”လို့ပါ…။ဒါပေမယ့် အိမ်ကိုပြန်ေ၇ာက်ပြီးတော့မှ ကျွန်မ ပြောခဲ့တဲ့ အားပေးစကားက သိပ်ပြီးတော့ခံစားချက်မဲ့လွန်း ၊မစာနာလွန်းရာကျနေမလားလို့တွေးမိတယ်…။ဘာလို့လဲဆိုတော့ ကျွန်မကိုယ်တိုင်လည်း မြင်းမိုရ်တောင်လိုမျိုး ကိုယ့်ရဲ့အားကိုးရာမိခင်ကို လောလောလတ်လတ်ဆုံးရှုံးထားရတယ်ဆိုရင် ကျွန်မအတွက် အဲလိုအားပေးစကားက မစာနာရာကျမှာပါ…။အမှန်အတိုင်း ၀န်ခံ၇မယ်ဆိုရင် ကျွန်မဟာမိခင်ကိုလုံးလုံးမှီခိုရသူပါ..။ကျွန်မမေမေဟာ ကျွန်မကိုအငယ်ဆုံးသမီးဖြစ်တဲ့အတွက်အစစအရာရာမှာ ဂရုစိုက်လှပါတယ်…။ဒီတော့ ကျွန်မသာ သူ့နေရာမှာဆိုရင် သူ့လိုပဲခံစားရမှာပါပဲ…။ဒါကြောင့် ကျွန်မရဲ့အားပေးစကားဟာ ဒီ့ထက် စာနာတတ်တဲ့ ဒီထက်ကောင်းတဲ့ အားပေးစကားမျိုးဖြစ်ခဲ့ဖို့ကောင်းပါတယ်။ဥပမာ-နင့်ကိုစာနာနိုင်ပါတယ် ဒါပေမယ့် နင့်မေမေကတော့ နင့်ကိုလုပ်ငန်းဆောင်တာတွေပျက်မှာကိုလိုလားမယ်မထင်ဘူး။ဒါကြောင့် နင့်မေမေကိုလွမ်းရင်းနဲ့ပဲ နင့်မေမေဖြစ်စေချင်တဲ့ ကိုယ့်တာဝန်ကိုယ်ကျေတဲ့သူမျိုးဖြစ်အောင်ကြိုးစားပါလား…..ဆိုတာမျိုးပေါ့…။ဒါဆိုရင်တော့ ကျွန်မရဲ့ အားပေးစကားဟာ အားပေးခြင်းနှင့်အတူ စာနာရာလည်းရောက်မှာပါ…။ကျွန်မတို့လူသားတွေဟာ အမျိုးမျိုးသောခံစားချက်တွေနဲ့ စိတ်ညှိုးငယ်ရတဲ့အချိန်တွေရှိတတ်ကြပါတယ်…။အဲဒီအခါမှာ အားပေးစကားပြောပေးမယ့်မိတ်ဆွေဆိုတာကိုလည်း တောင့်တမိတတ်ပါတယ်…။ကျွန်မတို့ကလည်း မိတ်ဆွေတွေကို အားပေးစကားပြောပေးတတ်ကြပါတယ်..။ဒါပေမယ့် ကျွန်မတို့ရဲ့ အားပေးစကားတွေဟာ မစာမနာနဲ့ ပြောမိနေတာမျိုး မဖြစ်ဖို့လိုပါတယ်…။ငတ်မွတ်မှုဆိုတာကို တကယ်ငတ်မွတ်နေတဲ့သူတွေလောက် အပြင်လူကမသိနိုင်ပါဘူး။ကျရှုံးခြင်းဆိုတာကလည်း ကျရှုံးရတဲ့သူကပဲ တကယ်ခံစားသိရှိတာမျိုးပါ…..။ဒါကြောင့် ကျွန်မတို့ရဲ့အားပေးစကားတွေဟာ စိတ်ဓာတ်မြှင့်တင်ရေးသက်သက်ဆိုတဲ့ရည်ရွယ်ချက်မျိုးနဲ့ပဲ မဟုတ်ဘဲ စာနာမှုတွေ ၊နားလည်ပေးမှုတွေပါ ပါဝင်နေမယ်ဆိုရင် အားပေးခံရသူအတွက် ပိုပြီး ကျေးဇူးတင်စရာကောင်းမယ်ထင်ပါတယ်…..။ဒါကြောင့် ကျွန်မသူငယ်ချင်းအတွက် စာနာပေးမှုတွေပါဝင်တဲ့ အားပေးစကားအသစ် တခုနဲ့အတူ ကျွန်မ သူ့ရဲ့ စိတ်ကိုသက်သာရ ရအောင်လုပ်ပေးပါဦးမယ်……။

PS-လူတိုင်းဟာ အယူအဆတွေ မတူကြပါဘူး…။ဒါကတော့ ကျွန်မရဲ့ ကိုယ့်ဘက်ကအယူအဆကိုတင်ပြခြင်းသက်သက်ဖြစ်ပါတယ်….။အယူအဆမတူသူပဲဖြစ်ဖြစ်၊တူသူပဲဖြစ်ဖြစ် ဒီ noteကို ဖတ်ပေးရင်ကိုပဲ ကျေးဇူးတင်ပါတယ်…။

In: စကားပြေ Posted By: Date: Jun 25, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment