Professional Authors

ဗန်ကောက်ည ရဲ့ တစ်နေရာ (၂)

ထိုင်းများက မြန်မာကိုမုန်းသည်ဟု ကြားရသည်။ မြန်မာဆိုသည်နှင့်

ခါးသီးသောသမိုင်းကြောင်းကို တွေးမိကြသည်ဆို၏။ ထို့ကြောင့်

မြန်မာဆိုနှိမ်ချင်သည်။ တိုးတက်နေသော လူမှုစီးပွားရေးက မြန်မာနှင့်ထိုင်းအကြား

ကွာဟမှုတွေဖြစ်စေခဲ့သည်။ သို့သော် မြန်မာနှင့်ကင်း၍မူမရ…။

နယ်စပ်တစ်ရက်ပိတ်၍ ပိုနစ်နာသည်က သူတို့ပင်။ ဒါပေမယ့်

ထိုင်းနိုင်ငံ၏လူမှုစီးပွားရေးတိုးတက်မှုတွင် မြန်မာတွေ ဘယ်လောက်

ခေါင်းပုံဖြတ်ခံခဲ့ရပြီလဲ။ မြန်မာအများစုက ဗန်ကောက်ရှိ အစွန်အဖျား

အလုပ်ရုံများတွင် လုပ်ကိုင်လျက်။ မြို့လယ်တွင်တွေ့သည့်မြန်မာဆိုသည်ကား

အနည်းအကျဉ်း။ သူတို့ခမျာလည်း မြန်မာဘောစိမိသားစု ထဲမှ

ကျောင်းလာတက်သူ သို့မဟုတ် စကောလာရှစ်ဖြင့် ကျောင်းလာတက်နေသူများ

ဖြစ်ဖို့များသည်။ ပတ်စ်ပို့သာဆောင်၍အပြင်သွားပါ။ မြန်မာဆိုသည်ကို

မပြောလျှင် မသိကြ။ ဘယ်သူမှလဲ စိတ်မ၀င်စား။ ထို့အတူ ဗန်ကောက်ညတွေမှာလဲ

မြန်မာတွေ စီးမျောပျော်ဝင်ဖို့ အခွင့်အရေးတွေ များမည်မဟုတ်ဟု ထင်မိသည်။

ဗန်ကောက်မြို့တွင် ကျော်ကြားသည့် နေရာများစွာရှိသည်။ မြဘုရား၊

ဘုရင့်နန်းတော်၊ လွတ်လပ်ရေးအထိမ်းအမှတ်ရင်ပြင်၊

ဈေးဝယ်ရှော့ပင်းစင်တာကြီးများစွာ…စသည်ဖြင့်..။ အခြားနေရာများကို

အရင်မသိရင်နေမည်..ပတ်ပုန်းနှင့် နာနား..ဆိုသည့်နေရာများကတော့…။

သည်နေရာတွေကို သိသူလဲရှိမည်။ မသိသူလဲရှိမည်။ သိခြင်းမသိခြင်းက

အရေးမကြီး။ ယင်းနေရာများက မည်သို့သောနေရာများလဲ ..? စည်ကား

လှသော လိင်ဖျော်ဖြေရေးဆိုင်ရာ နေရာများဟု ဆိုရင်ရော မှားနိုင်မလား ။

တငြီးငြီးတောက်လောင်နေသော ရမ္မက်နန်းတော်များဟု အမည်နာမ ပေးရင်ရော

မှန်နိုင်မလား..။ပတ်ပုန်းဟု နားလည်လိုက်သည်က လမ်းမကြီးတစ်ခု။

ဘေးနှစ်ဘက်တွင် လိင်အသားပေး ဖျော်ဖြေရေး ကခန်းများ ။

လမ်းမထဲ ချိုးဝင်လိုက်သည်နှင့် ရောထွေးနေသည့် ဂီတသံမျိုးစုံ ၊

သားကောင်းကိုအချဉ်ဖမ်းမည့် ကျားရဲလိုလို မုဆိုးများ၊ တစ်စုံတစ်ရာ

တပ်မက်မှုကိုဖြေဖျောက်မည့် ရမ္မက်၏သားကောင်များ.၊ အိတ်ကပ်ထဲမှ

ပိုက်ဆံအတွက် ခေါက်ရိုးကျိုး အငှားခံစားမှုပေးမည့် ဘ၀များ……

စသည်ဖြင့် ပတ်ပုန်း၏ရင်ခွင်ထဲ  ထိုပုဂ္ဂိုလ်တွေ မွေ့လျော်ကြသည်။

ကျင်လည်ကြသည်။ မှေးစက်ကြသည်။  ပတ်ပုန်းလမ်းတစ်လျှောက်

ကျွန်တော် လျှောက်လာရင်း  လူသည် သာမန် သတ္တ၀ါတစ်ကောင်သာဖြစ်သည်ဟု

ပိုမိုယုံကြည်မိခဲ့သည်။

In: စကားပြေ Posted By: Date: Jun 12, 2011
Comment #1

nice

commentinfo By: ei lay at Aug 8, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment