Professional Authors

ကမ္ဘာ ပျက်မဲ့နေ့ (Dooms day)…..2012

အခုတလော ဟုတ်သည်ဖြစ်စေ မဟုတ်သည် ဖြစ်စေ ကြားနေရသော သတင်းများစွာရှိ ကြလေသည်…။မည်သို့ ပင်ဆိုစေကာမူ
ကျွန်ုပ်တို့ သည် တို့ သတင်း များ ကို ခွဲခြမ်းစိတ်ဖြာပြီး  မှားသည်မှန်သည် ကို ပိုင်းခြားဝေဖန် ချင့်ချိန်စဉ်းစားသင့်သည်…။
သို့ မှ သာ အမှား အမှန် အကောင်း အဆိုး များ ကို တွေ မြင်ခံစားနိုင်မည် ဖြစ်သည်…။အခု တလော နာမည် ကြီးနေသည်မှာ
၂၀၁၂ တွင် ကမ္ဘာ ပျက် မည်ဆိုသော အကြောင်းများပင် ဖြစ်လေသည်…။
             ကျွန်တော် တို့ သည် ကမ္ဘာ ကို မှီခိုနေသော သက်ရှိလူသားများ ဖြစ်လေသည် မိမိ အိမ်လေး တစ်ခုခု ကြောင့် ပျက်ဆီးသွား မည်ဆို လျှင် တစ်ခြားတစ်နေ ရာ တစ်ခြား ဆွေမျိုး သားချင်း ဆီ ခတ္တတည်း ခိုလို့ ရသည် ပြန် တည်ဆောက်လို့ ရနိုင်သည်…။
အကယ်လို့  ကမ္ဘာ ကြီး သာဆိုရင် ကျွန်ုပ်တို့ ဘယ်လို လုပ်မည်နည်း  …..?
            အော်…  ကမ္ဘာ ပျက်မဲ့ရက် အတိအကျကို ပြောရအုံးမယ်… ကျွန်တော် ပြောတာမဟုတ်ဘူး နော် scientist တွေ ပညာရှင် တွေ က Mayan calander လို့ ခေါ်တဲ့ ရှေး ပြက္ခဒိန်ကြီး ကို ကြည့် ပြီးခန့် မှန်းပြောဆိုထားတာပါ..။ ရက်အတိအကျကတော့…
၂၁.၁၂.၂၀၁၂ တဲ့ …။ ဘယ်လိုလုပ်မလဲ တစ်နှစ်ပဲ လိုတော့တာ…..။

မေရန်ပြက္ခဒိန်

                  မေရန်ဆို တာ က လူမျိုးတစ်မျိုး ပဲ ဗျ  ကျွန်တော်တို့ ဗမာတွေလို ပဲ ကိုယ်ပိုင်ပြက္ခဒိန်နဲ့ဗျ  ….။ ဒါပေမဲ့ သူတို့ ပြက္ခဒိန်က အကန့်အသက်ရှိတယ်…။ အဲ့ဒီ ပြက္ခဒိန်က နှစ်ပေါင်း ၅ထောင်ကျော်နဲ့ ဖွဲ့စည်းထားတာ…။အပါတ်ပေါင်း က ၁၃ပါတ်ပါတယ် သူတို့ တွေ ရဲ့ပြက္ခဒိန် ကနောက်ဆုံး အပါတ် ဟာ ကမ္ဘာ ပျက် မဲ့နေ့တဲ့  သူတို့ မှာ ဗျာဒိတ်တော် တွေ ရှိတယ်လေ..။
အဲ့ ဒီ နေ့ မှာ တမန်တော် တပါး ဖွားမြင်မယ်တဲ့… အဲ့ ဒီ တမန်တော် ရယ် ဘုရားသခင် ရွှေး ချယ်ထားတဲ့လူတွေပဲ အသက်ရှင်လွတ်မြောက်နိုင်မှာတဲ့……ယုံကြရဲ့လား အဲ့ ဒီနေ့ က ၂၁.၁၂.၂၀၁၂ တဲ့…။

Climate Change

                   ဟို တစ်လော က ပဲ ပညာရှင် တွေ က ထုတ်ဖော် ပြော ကြားခဲ့တဲ့လတ်လတ်ဆတ်ဆတ် သတင်းတစ်ပုဒ်ပါ ကမ္ဘာတစ်ဝန်း မှာ လာနီညာလို့ ခေါ်တဲ့ ရာသီဥတု  ကြောင့် ရာသီဥတုဖောက်ပြန် ပြီး ကမ္ဘာတစ်ဝန်း လူပေါင်းသန်းနဲ့ချီပြီး သေဆုံးကြလိမ့်မယ်တဲ့……ပူ ရင် အရမ်း ပူပြီး အေး ရင် အရမ်း အေးတာမျိုးပေါ့……ထူးထူး ဆန်းဆန်းတွေပေါ့မိုး မရွာတဲ့ နေရာ မိုးတွေ ရွာ တဲ့ ပုံစံမျိုးပေါ့ နှင်းမကျတဲ့ နေရာ လည်း နှင်းကျတဲ့ပုံစံမျိုးပေါ့….။

Nibiru(planet-X)
                        ပညာရှင်တွေ နာမည် ပေး ထားတဲ့ အိတ်ခ်ျ ဆိုတဲ့ ဂြို လ် တစ်ခု ဟာ ကျွန်တော် တို့ နေအဖွဲ့ အစည်း ထဲ ကို ချဉ်းကပ် လာတယ် လို့ ဖော်ပြကြပါတယ် တစ်ချို့တွေက တော့NIBIRU လို့ ကင်ပွန်းတက်ကြတယ်..။ အဲ့ ဒီ ဂြိုလ် ဟာ ကျွန်တော် တို့
ကမ္ဘာြ ဂို လ် ကို ၀င် တိုက် မယ် လို့ ဖော် ပြကြတယ်…။ဒါ ပေမယ့်လည်း ၂၀၁၂ တော့ မဟုတ်လောက်ဘူးလို့လည်း တစ်ချို့တွေ က အလင်းနှစ်နဲ့ တိုင်းပြကြတယ် …။ ဘယ်လို ပဲ ဖြစ်ဖြစ် ပါ အရွယ် အစားကြီးမားတဲ့ ဒီ ဂြိုလ် ဟာ ကမ္ဘာကို ဖျက်နိုင်တာတော့ သေချာပါတယ်…..။
Armaggadon(ကမ္ဘာဖျက်စစ်ပွဲကြီး)
                       ယင်း အကျပ်အတည်း ဟာ နိုင်ငံတကာမှာ ကြုံတွေ့နေကြပါတယ် ကမ္ဘာမှာ နူကလီးယားလက်နက် တွေ က ကမ္ဘာတစ်ခုလုံးကို ပျက်ဆီးစေဖို့ လုံလောက်ပါတယ်…။နောက်ပိုင်း မှာ နိုင်ငံ ကြီးတွေ အပြင် အီ ရန်နဲ့ မြောက်ကိုရီးယားတို့ ပါတိုးလာပြီဆိုတော့ ပို လုံလောက်ပါတယ်…။ဒီတစ်ခါဆိုရင် အရင် ပထမနဲ့ ဒုတိယကမ္ဘာစစ်ပွဲ့တို့ ထက်ပြင်းထန်ပြီး အပျက် အဆီး က သက်ရှိတွေ အကုန် သေနိုင်တဲ့ အနေအထားရှိတယ်တဲ့….။
 
ဘယ်လို ပဲ ဖြစ်ဖြစ်ပါ   တစ်နေ့ တစ်ခြား သေဆုံးနေတဲ့ လူအရေအတွက် ကလည်း မထင်မှတ်အောင်ပါပဲ စနေပြီလို့တောင်ပြောလို့ရပါတယ်  သဘာဝဘေးအန္တရယ်တွေ က အရင် ကထက်ပို များပြားလာတာတော့ အမှန်ပဲ ကျွန်တော်တို့ ပြီးခဲ့တဲ့လေးနှစ်မေ၂ ရက် တုန်း ကနာဂစ် မုန်တိုင်း ကို မျက်မြင်ကိုယ်တွေ့ကြုံ ခဲ့သေးတာပဲ သိန်းချီတဲ့လူတွေ သေဆုံးခဲ့တယ်လေ…
ဘယ်လိုပဲဖြစ်ဖြစ် တစ်နေ့ လူဆိုတာသေရမှာပဲလေ…

In: ဆောင်းပါး Posted By: Date: Jan 27, 2011
Comment #1

အကြောင်းအရာတွေ အများကြီး ရှိပါသေးသည် အချိန်ရရင် ထပ်ဖော်ပြပါမည်…..
မိုးကြီး

Comment #2

ကျွန်တော်တို့  မြတ်စွာဘုရားရဲ့ ဗျာဒိတ်တော် အရတော့
သာသနာ သက္ကရာဇ်က ၅၀၀၀ နီးပါရှိမယ်လို့ ကြားဖူးပါတယ်
ခုမှ သာသနာသက္ကရာဇ်က ၂၅၀၀ ကျော်ပဲရှိသေးတော့…….

commentinfo By: ကိုဇင် at Jan 28, 2011
Comment #3

အင်း လေ
ဗုဒ္ဒဘာ သာ အယူအဆ
ခရစ်ယာန် အယူအဆ
ဟိန္ဒူအယူ အဆ
အစ္စလာမ် အယူ အဆ တွေ မထည့် ကသေးပါဘူး
ဒါကြောင့် တစ်ခြား အကြောင်း အရာ တွေ ရှိပါသေးတယ်လို့ပြောတာပါ
သာသနာသက္ကရာဇ်နဲ့ တွက်မယ်ဆိုရင်တော့ဟုတ်ပါတယ်
အခု နောက်ပိုင်း လူတွေ ရဲ့ အပြုအမူ အမူအကျင့်
တွေ ပေါ် မူ တည်ပြီး
တစ်နှစ်ခံရမဲ့ အရာက
နှစ်လ လောက်နဲ့ ပျက်တာမျိုးပေါ့
သိပ်တိတိကျကျ ကြီး တော့ မဟုတ်ဘူး
ကုန်ဆုံးရက် သက်တမ်း ရှိပေမယ့်လဲ
စည်းကမ်း ရှိမှပါ
ဒါကို အဓိက ပြောချင်တာပါ
ကျေးဇူးတင်ပါတယ် ကိုဇင်ရေ………………..။

Leave Comments

Name*

Email*
Website
Email me whenever there is new comment