Professional Authors

2012 Analysis

ခင်ဗျားလား ကျွန်တော်လား

လူပုံကိုမိတ္တူပွားတာ

clone ပေါ့ဗျာ။။။။။။။။

 

ကမ္ဘာပျက်တော့မှာတဲ့

ပြားသွားမှာလား လုံးလျက်ပဲ လား

ဘယ်လိုပျက်မှာလဲ

ခင်ဗျားသိလား မင်းသိလား သူသိလား ငါသိလား

(ခေါင်းခါကြတယ်)။။။။။။။။။။။

 

ငရဲကတဲ့ အသံတွေ ဗလံတွေကြားရတယ်

” ကူပါ ကယ်ပါ ယူပါ” အက်ရှရှ တစ်ဆို့ဆို့ညှီသံတွေ

ခင်ဗျားကြားတာလား၊ သူကြားရလား ၊ ကျွန်တော်ရော?

အဲဒိမှာရော ဗမာတွေချည်းပဲလား။။။။။။။။ (ပြူးကြောင်ကြောင်ပြန်မကြည့်နဲ့လေ)

 

ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါး

ပုတီးစိပ် တရားထိုင် ရိပ်သာဝင်

နိဗ္ဗာန်ကိုအလိုရှိလို့လာ သေမှာဆိုးလို့လား စီးပွားတက်အောင်လား

ခင်ဗျား ကျွန်တော် သူ မင်း ငါ သူတို့ ရော။ (ဘာကြောင့်လဲ)

 

ခင်ဗျားကဗျာက စက္ကူစုတ် တစ်သျှူးစုတ်ပီးတော့ အိမ်သာသုံးစက္ကူတစ်ရွက်ပဲတဲ့

 

ဘာဗျ   ပါးစပ်ပိတ်ထား

တောရောက်တောင်ရောက်တွေလျှောက်မပြောနဲ့

 

ကမ္ဘာကိုဖမ်းချုပ်တော့မှာ

ဝိဇ္ဇာ နဲ့ သိပ္ပံ ရန်ပွဲကြောင့်

 

။။။။။။။။။။။။။။။အိမ်မက်လမ်းသင့်တော့မည်။။။။။။။။။။။။။။။

In: ကဗျာ Posted By: Date: Dec 2, 2011
Comment #1

ခစ်ခစ်…..

commentinfo By: Than Yaw Zin at Jan 22, 2012
Comment #2

Like thie poem…

commentinfo By: အသဲကွဲမိုး at Jan 22, 2012
Comment #3

ခင်ဗျားကဗျာက စက္ကူစုတ် တစ်သျှူးစုတ်ပီးတော့ အိမ်သာသုံးစက္ကူတစ်ရွက်ပဲတဲ့

ဘာဗျ ပါးစပ်ပိတ်ထား

တောရောက်တောင်ရောက်တွေလျှောက်မပြောနဲ့

ကမ္ဘာကိုဖမ်းချုပ်တော့မှာ

ဝိဇ္ဇာ နဲ့ သိပ္ပံ ရန်ပွဲကြောင့်

commentinfo By: ဇော်သက်ဦး(Ayatekalay) at Jan 23, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment