Professional Authors

သူငယ်ချင်းလေးသို.-၂

သူငယ်ချင်းလေးရေ
ရှင်းပြဖို. ကြိုးစားရင်း
မင်းကိုငါ စွန်.ခွာခဲ့တာပါ
လျှင်သူ သာသူစား ဆိုပြီး
မေတ္တာကို ကျားထိုးခဲ့တာ မဟုတ်ပါဘူး။

ယုံချင်မှယုံပါ
မာန ဆိုတဲ့ တရားက
နားလည်မှုကို ကန်.သတ်တယ်
ဖြစ်တတ် ပျက်တတ်တဲ့တရားကို
ငါဘယ်လိုရှင်းနိုင်မှာလဲ။

တကယ်တမ်းဆိုရင်
နွံအရင်နစ်သူက ငါပါ
ကူပါကယ်ပါ ငါဖမ်းဆွဲရင်း
နွံထဲကို မင်လည်းကျခဲ့ပါသလား။

တစ်က ပြန်စလို. မရအောင်
နောက်ကျခဲ့ပါပြီ
ဒီလို ဖြစ်ခဲ့မယ် ပျက်ခဲ့မယ်
ဘယ်သူ ဘယ်လိုတွေးတတ်ခဲ့မှာလဲ။

ရိုးသားတဲ့သူငယ်ချင်းအသိ
ငါ့မှာတကယ်ရှိဘူးပါတယ်
ကွယ်ပျောက်မှာ မဟုတ်တဲ့ အမှန်တရား
မင်း နားပိတ်ပြီး ငြင်းချင်ငြင်းပါ။

အေးမြသန်.ရှင်းခြင်းနဲ.
မင်းနဲ.ငါ ခင်တွယ်ခြင်းအရိပ်
အတိတ်မှာနေရာတကျ
တည်ငြိမ်စွာကျန်ခဲ့ရပြီဆိုတာကို
မင်း….. ဖယ်ရှားလိုပါသလား။

သြော်……
ဒါတွေပြောချင်တဲ့စိတ်ဟာ
အတိတ်မှာ လှမ်းမြင်တဲ့
သံယောဇဉ်ကို လှုပ်နှိုး
အရင်ဘ၀ကို မျှော်ကိုးလို.တော့မဟုတ်ဘူး။

တစ်စုံတစ်ခုသော အကြောင်းတရားကြောင့်
ပြောင်းသွားနိုင်တဲ့ ခင်မင်ခြင်းကို
မင်းသိသလို ငါသိတယ်
ဖယ်ရှားလို.မရတဲ့ အတိတ်
အရိပ်လိုပဲ ရှိပါစေတော့။

ရိုးသားခြင်း ဆိုတဲ့စိတ်
တိတ်ဆိတ်စွာပြောင်းလဲခြင်းကို
မင်းကြုံဘူးပါသလား
စကားမဲ့စွာ မနောဓာတ်နဲ.
ထင်ဟပ်ပြီးနားလည်ပါသလား။

စကားလုံးတို.ရဲ. အနက်က
ငြိမ်သက်စွာမနေအပ်လို.လား
ရှုတတ်မြင်တတ်တဲ့ ထောင့်ကိုလိုက်လို.
စိတ်ကြိုက် အဓိပ္ပါယ် ထွက်ကြရဲ.။

အဓိပ္ပါယ်တင် ယဉ်ရထားဖြစ်တဲ့
ငါ့ရဲ.စကားတွေလည်း
ဘယ်နေရာ မှားခဲ့ပြီလဲ
ရင်ထဲမှာ….. သူငယ်ချင်းရယ်………

သစ်စေ့လေး အပင်ပေါက်ချင်တယ်ဆို
အစေ့ခွံ အရင်ပျက်စီးရသလို
မြိုသိပ်မရတဲ့ တစ်စုံတစ်ရာကို အကြောင်းပြု
နင်နဲ့ငါ ခင်မင်မှုဟာ
တစ်ခုခု လွဲချော်ခဲ့ပါပြီ။

တိတ်တိတ်လေးမျော်ကိုး
ဖြည်းဖြည်းချင်းပျိုးခဲ့တဲ့
ပုန်းလျှိုးကွယ်လျှိုး သစ်တစ်ပင်ကို
နင်ဘယ်လို သဘောထားမှာလဲ
အတွေးထဲမှာပဲ မေးမိတယ်။

ပြောကြစတမ်းဆိုရင်
နင်မမြင်ပေမယ့်
ရှိတဲ့အရာဟာ ရှိခဲ့တယ်
ပျက်တဲ့အရာဟာ ပျက်ခဲ့တယ်
တကယ်တော့ အမှန်တရားဟာ
ဖယ်ရှားလို.မရဘူးကွယ်။

နင်မသိရပေမယ့်
ကျခဲ့တဲ့ သိက္ခာနဲ.
လိပ်ပြာက နာချင်ပါတယ်
သူငယ်ချင်းရယ်
ငါဘယ်လိုမှ အပြစ်မမြင်တတ်ဘူး။

ရူးမိုက်ခြင်းက အမှားဆိုရင်
အဲဒီ အမှားကိုပွေ.ဖက်
တနင့်တပိုး အိပ်မက်နေဦးမယ်
ဘယ်သူမှ ခြောက်ပြစ်မကင်းပါဘူး။

နင်တွေးနိုင်တတ်ခဲ့ရင်
လတ်လတ်ဆတ်ဆတ် ကာလများက
စကားတွေကို သုံးသပ်ကြည့်ပါ
ငါဘယ်လို ဖြစ်ခဲ့သလဲ
မြင်ရဲရင် မြင်လို.ရပါတယ်။

တို.ကြားက ခင်မင်မှုကိုလည်း
ကောင်းကင်ထဲက တိမ်တွေလို
အမှန်တကယ်ဆိုပေမယ့်
ဘယ်လိုမှ ဖမ်းကိုင်လို.မရပါဘူး။

စကားတစ်ခွန်းနဲ.တောင်
ငါမချည်နှောင်ခဲ့တာဟာ
ငါပေးချင်တဲ့လွတ်လပ်ခြင်း
မင်း ရစေချင်တာပါ
အထင်မလွဲပါနဲ.။

တစ်ယောက် ကိုတစ်ယောက်က
အသုံးချဖို. မလိုသလို
ပေးဆပ်ဖို.လည်းမလိုပါဘူး
ရူးခဲ့မိုက်ခဲ့မိရင်
ဒီဖြစ်စဉ်မှာ…သူ “တရားခံ”

ကိုယ့် ကို ကိုယ် လက်ညှိုးထိုးပြီး
အငြိုးကြီးကြီးပြောလိုက်တာပါ
ဟုတ်ပါတယ်…ငါက
တစ်ခဏနဲ. တစ်ဘ၀ကို
နောင်တမဲ့စွာ လဲခဲ့သူပါ။

သူငယ်ချင်းဖြစ်စဉ်မှာ
တစ်သက်စာနေချင်လည်း
အရင်လို မဟုတ်တော့တဲ့ အတွင်းစိတ်
ဘယ်သူလှောင်ပိတ်ထားချင်မှာလဲ။

ပြောင်းလဲလို.ရတဲ့ ခင်မင်ခွင့်ကို
နင့်လက်ကို ငါအပ်ပါတယ်
ဖယ်ချင်ဖယ် ဖျက်ချင်ဖျက်
နင် ဆက်လက် ဆောင်ရွက်ပါ။

ရိုးသားမှု ဆိုတဲ့ သဘောဓာတ်
အရောင်ပြောင်းတတ်တာတွေ.ဘူးရဲ.
မပြောင်းလဲခဲ့ရင်လည်း အပြစ်မရှိ
ကိုယ့်အဖြစ် ကိုယ်သာသိတယ်။

ဖြူစင်ခြင်း ဆိုတာထက်
မှန်ကန်ခြင်းကို ပိုနှစ်သက်ခဲ့တာပါ
တကယ့်တကယ်တမ်းမှာ
ဘယ်အရာမှ မတည်မြဲပါဘူး။

ပွင့်နေတဲ့ တံခါးတစ်ချပ်
သိချင်တိုင်း မ၀င်အပ်လို.
ရပ်တန်.ပြီး ခေါ်မိတာပါ
ဘာမှတော့ မဟုတ်ဘူးကွယ်။

ငါနင့်ကို တစ်ဖက်သတ်
မပြောအပ်တာတွေ ပြောမိသလား
အပြစ်ရှိသူကငါပါ
ငါလည်းသိ နင်လည်းသိ
ယဉ်ကျေးမှုမရှိတာ ငါလေ။

စော်ကား သိက္ခာချလိုစိတ်
ငါ့မှာ အရိပ်တောင် မရှိပါဘူး
အဦးဆုံးပြောခဲ့သလို
စကားကို မပြောတတ်တာပါ။

အကျိုးတရားတစ်ခုဟာ
အကြောင်းတရားများစွာကြောင့်လည်း
ပြောင်းလွဲတတ် မှားတတ်ပါရဲ.
မင်းနဲ.ငါနဲ. နှစ်ဦးကြားမှာ
ဘာမှားခဲ့သလဲကွယ်။

သူငယ်ချင်းလေးရယ်
မင်းနဲ.ငါဟာ
ရန်ဘက်မဟုတ်ခဲ့ပါဘူး
တိုက်ပွဲတစ်ခုလိုမျိုး
ငါ့ကို ချောင်ပိတ်မသတ်ပါနဲ.ကွယ်။

နင်ရှိရာကိုငါ
မလာဝံ့ခဲ့ပါ
တခါတခါ မြင်လိုစိတ်ကို
ရူးမတတ် မြိုသိပ်ခဲ့ပါတယ်။

ဘယ်သူမှ မတားပေမယ့်
ငါ့စိတ်ငါ စည်းခြားလိုက်တယ်
အခိုက်အတန်.များစွာကိုလည်း
အိပ်မက်ထဲ ပို.လိုက်တယ်။

အတွင်းစိတ်ကို ထိန်းသိမ်း
ကြိုးစားပြီး စိမ်းခဲ့တယ်
လွယ်တော့မလွယ်ကူခဲ့ပါ
ငါသိပ်ကို နာကျင်ခဲ့ပါရဲ.။

စိတ်ကူးနဲ. ရှောင်ပုန်းပြီး
စိတ်ကူးနဲ.ရှူံးခဲ့တယ်
တကယ်တမ်းဆုံးရှူံးခြင်းကို
ငါဘယ်လို ရင်ဆိုင်မှာလဲ။

ရှေ.ကိုမတက်သလို
နောက်ဖက်ကိုမလှည့်
ခေါက်ခဲ့တဲ့ တံခါးရှေ.မှာ
ငါ…ရပ်နေသေးတယ်။

မဖိတ်ခေါ်ပဲနဲ.
ငါ မ၀င်ရဲခဲ့ပါဘူး
စိတ်ကူးတွေ တပွေ.တပိုက်ရှိတိုင်း
ငါမိုက်ဖို.သင့်ရဲ.လား။

ပတ်ဝန်းကျင် တိုင်းတာတဲ့စံ
ပေတံတွေနဲ. မကိုက်ညီလို.
ငါမိုက်တယ် ပြောချင်ပြောပါ
ရင်ရောကျောရော စည်းခံပါ့မယ်။

တစ်နေရာထဲကရပ်ကြည့်
တစ်ခုထဲ သိတဲ့အသိ
နင့်မှာ မရှိစေချင်ပါ
မာန၊ဒေါသ ပိတ်ဖုံးတဲ့
မျက်လုံးတို.နဲ. ကြည့်ရင်
အမှန်ကို မြင်ပါ့မလား။

ဖြစ်သင့်လား ဖြစ်ထိုက်လား
တရားတွေ အခါခါမေးလည်း
အတွေးထဲမှာ မှုန်မှိုင်း
ပိုင်းဖြတ် မဝေဖန်တတ်ခဲ့ဘူး။

မထူးခြားတဲ့နိမိတ်ပုံ
နင်ငါ့လို ကြုံရင်
နင်ဘယ်လိုဆုံးဖြတ်မှာလဲ
ရဲရဲဖြေကြည့်စမ်းပါ။

နင့်ဆီမှာ
ဖြူစင်ခွင့် ရှိပါသေးတယ်
ဖယ်ရှားခွင့် ပြင်ဆင်ခွင့်
နင်သင့်ရာ ဆုံးဖြတ်နိုင်တယ်။

ငါဆိုတဲ့ ဟောဒီကောင်ကတော့
မရှောင်နိုင်တဲ့ ကြိုးတစ်ချောင်းနဲ.
ရိုးသားစွာရစ်ပတ်
ကိုယ့်ကိုကိုယ် တုတ်နှောင်တတ်ခဲ့ပြီ
မဖြည်ချင် မဖြည်သင့်
နင့်လက်ကို ကြိုးစပေးပါတယ်။

သြော်……
ရင်ဘတ်ထဲက တရားက
စကားတွေကျွံခဲ့ပြီပဲ
တွင်းထဲကမြွေလို
ပြန်ကွေ.ဖို.ဆိုတာ
မလွယ်တော့ပါဘူး။

သက်တံ့ဖြစ်စဉ်လိုပေါ့လေ
နေခြည်နဲ. မိုးမြူမှုန်
ခဏဆုံခိုက် ပေါ်ထွက်ခဲ့
အိပ်မက်ကမ္ဘာထဲက ခင်မင်မှု
အခုလိုအချိန်မျိုးမှာတော့……..

ရင်ထဲက ဖြူစင်ခြင်းတရားကို
အခြားတစ်ခု အစားမထိုးခဲ့ပါ
ရှိနေတဲ့ ဖြူစင်မှုအပြင်
နောက်တစ်ခုယှဉ်ပြီး ဖြစ်ထွန်းခဲ့တာ။

အခန်းတစ်ခုလုံးလုံအောင်ပိတ်
တိတ်ဆိတ်စွာနေဘူးပါတယ်
ကွယ်ဝှက်မရတဲ့စိတ်အစဉ်ကို
မမြင်ပါစေနဲ. ဆုတောင်းဘူးတယ်။

နင်နဲ.ငါ ကြုံဆုံတွေ.တိုင်း
နှုတ်ခမ်းကို တင်းတင်းစေ့လို.
ကြိုးစားမေ့ခဲ့ရတဲ့ အကြောင်းတွေ
အခုနေအခါမှပြောပြလည်း
စကားပဲ အဖတ်တင်တော့မယ်။

ကိုယ့်ကိုကိုယ် တရားပြ
နားချဖို. ကြိုးစားရင်း
မင်းမသိတဲ့ အမှားတွေ
ခွဲခြားမရအောင် ဝေခဲ့တယ်။

ဘ၀ရဲ. အခိုက်အတန်.တို.က
ဘယ်တော့မှ အကန်.လိုက်မရှိခဲ့
နံရံနဲ. ပိုင်းဖြတ်
သတ်သတ်စီ ထည့်မထားပါဘူး။

ရောယှက်ရှုပ်ထွေးတဲ့
အတွေးတို.ရဲ.ဖြစ်စဉ်တိုင်းမှာ
ရိုးသားခြင်း ဘယ်လောက်လို. ပိုင်းခြားပြ
ခင်မင်ခြင်း ဘယ်မျှလို. ပိုင်းခြားပြ
ဖြူစင်ခြင်း ဘယ်သို. လို. ပိုင်းခြားပြ
ဘယ်တော့မှ မရဘူး။

နင်နဲ.ငါ့ရဲ. အခင်အမင်
ဘယ်လောက်ဖြူစင်တယ်ပြောပြော
တရံရော ကာလများမှာ
အခြား တပါးသောအတွေး
သေးသေးမွှားမွှားလေးတောင်
နင် မတွေးခဲ့ဘူး ဖူးလား။

အချိန်ကာလ တို.ရဲ.အကျိုး
တိုးတက်မှုဆိုတာ ရှိတယ်
ဘယ်သူမှ ပုန်းမရခဲ့ပါ
ဘ၀ရဲ. စက္ကန်.တိုင်းမှာ
အရာမှားစွာ ပြည့်လျှံလာနေတယ်။

သစ်တစ်ပင်ရဲ. ရှင်သန်မှုသဘော
မသီး မပွင့်နဲ.ပြောမှာလား
စဉ်းစားပါကွယ်
ဘယ်လို ဒြပ်မဲ့တရားကမှ
သူ.ကိုတားလို.မရပါဘူး။

အရိပ်နေ အခက်မချိုးခဲ့ပါဘူး
နူးညံ့တဲ့ သိမ်မွေ.မှုကို
တစ်ခုခု မဖြစ်စေချင်ပါ
ကြာမြင့်ခဲ့တဲ့ ငါ့စိတ်ထား
စကားအဖြစ် ပြောခဲ့တာပါ။

မူလမသိတဲ့ ပြောင်းလဲခြင်းကြောင့်
မင်းအပြစ်တင်ရင်လည်း
ဘယ်အထဲမှာ သွားပြင်ဆင်မလဲ
ဘယ်နေရာက “စ” လွဲသလဲ
ငါလည်းမသိပါဘူး။

ခင်မင်မှုဟာ ဖြစ်စဉ်တစ်ခုပါ
ရေတံခွန်လို စီးဆင်းမှုလေ
ရေမရှိရင်မရှင်သန်ဘူး။

ရေတံခွန်ကို ထောက်ပံ့ထားတဲ့
အောက်ခံကျောက်သား ပကတိ
အဲဒါအမှန်တကယ်ရှိတယ်
မင်းသိတဲ့ ရေတံခွန် ရေပန်းလို
မလှပပဲ ကြမ်းတမ်းမယ်
ဘယ်အခါမှ ပျောက်ကွယ်မှာတော့ မဟုတ်ဘူး။

မင်းရင်ထဲက ခင်မင်မှု
သူ.အတိုင်းထားလိုက်ပါ
ငါပြောတဲ့ စကားတွေကိုလည်း
ရင်ထဲမှာ သိမ်းချင်သိမ်း
မသိမ်းချင်မေ့လိုက်ပါ။

ငါကတော့
ကြောင်းကျိုးမဲ့ အမြင်တွေကို
မပြင်ဆင်တော့ပါဘူး
ရူးတယ်ပဲပြောပြောလေ
အက္ခရာမဲ့စွာ ငါ ကြွေမယ်။

သူငယ်ချင်းလေးရယ်
တကယ်တော့ မင်းဘက်မှာ
ဘာတစ်ခုမှ မမှားခဲ့ပါဘူး
အဦးဆုံးပြောင်းလဲခဲ့တာ
ငါပါ………

အခုတော့
ကာလများစွာ ရင်ထဲထည့်
ငါခြေစုံ ရပ်နေခဲ့တယ်
နင်ဘယ်လို ဆုံးဖြတ်မှာလဲ
လွဲချော်နေတဲ့ တံခါးတစ်ချပ်
တို.
ကြား
မှာ
ကန်.
သတ်
လို. ။ ။

In: ကဗျာ Posted By: Date: Jun 22, 2010
Comment #1

ဟူး….နဲနဲတော့မောသွားတယ်ဗျာ…။တော်တော်ဖတ်လိုက်ရတယ်။
ကိုမော်နီ ရေ ကျွန်တော် ကြိုက်တဲ့အပိုဒ်လေးတွေရွေးမယ်ဆိုပြီးလိုက်ကြည့်လိုက်တာ မျက်စိတောင်
လည်သွားတယ်ဗျာ…တစ်ပုဒ်လုံး ကအပြစ်ပြောစရာမရှိအောင်အကုန်လုံးကိုကောင်းနေတော့တာပဲ..။ဖတ်ရတာ
တကယ်ကိုရင်ထဲထိရောက်ပါတယ်ဗျာ။အရမ်း အရမ်းကို ကောင်း၏

commentinfo By: naynyo23 at Jun 22, 2010
Comment #2

အားကျလိုက်တာ…အဲလိုကဗျာရှည်မျိုးတွေ..။။

commentinfo By: အမရာ at Jun 22, 2010
Comment #3

ဟုတ်ပ တော်တော်လဲ စကားကြွယ်တာပဲ

ဖတ်ရတဲ့လူတောင် မောတယ်

commentinfo By: favourite2me at Jun 23, 2010
Comment #4

very like!

commentinfo By: Zar Ni at Jun 24, 2010
Comment #5

ရှည်လိုက်တာ
ဒါပေမယ့်ကောင်းတယ်

commentinfo By: angel at Jul 1, 2010
Comment #6

တမေ့တမောနဲ့ကို လှိုက်ဖိုမောပြီး ခံစားလိုက်ရပါတယ်ရှင်….
တကယ်ကို ကောင်းတာကိုး……

commentinfo By: မှုံရွှေရည် at Jul 15, 2010
Comment #7

very very nice.

commentinfo By: angel at Jul 16, 2010
Comment #8

ဖတ်ရတာ စာသားလေးက အရမ်းကောင်းပါတယ် — ဖတ်ရင်းနဲ့ပဲ ရင်ထဲမှာ တော်တော်လေး ခံစားရတယ် — အစကနေ အဆုံးအထိ — အကုန်လုံးက တစ်ခုမှ ပြောစရာမရှိအောင် ဖတ်လို့ကောင်းပါတယ်

commentinfo By: wahwah at Jul 29, 2010
Comment #9

အများကြီးဘဲနော်ကောင်းပါတယ်

commentinfo By: kokoin at Aug 7, 2010
Comment #10

ဟုတ်တယ်နော်..စကားကြွယ်တယ်နော်..သူ.ကဗျာ၂ပုဒ်ဖတ်တာ..အရှည်ကြီးတွေ…ဒါပေမဲ့ကောင်းတယ်..:)

commentinfo By: Shwe Ngar at Aug 25, 2010
Comment #11

ကောင်းပါတယ် စကားလုံးကြွယ်တယ်

အကောင်းဆုံးက ၀ါကျ အထားအသိုပဲ

နောက်ဆုံးရလဒ်က ခံစားမှူကဗျာရှည်တစ်ပုဒ်အဖြစ်

မှတ်တမ်းတင်လိုက်ပါတယ် ကွန်ကရက်ကျူလေးရှင်းပါ

ကဗျာဆရာ

commentinfo By: ei phyu at Aug 29, 2010
Comment #12

အရမ်းကောင်းပါတယ် ညီမကအသက်၆နှစ်လောက်ကတည်းကစာဖတ်ခဲ့တာမို့အကို့ကိုသိတာပါ ရယ်စရာထဲကတဆင့်ဆိုပိုမှန်ပါမယ်ရှင့် ညီမမေးကscholargirl2010@ပါ အကိုနဲ့ခင် ချင်ပါတယ်

commentinfo By: စုနိုင် at Jan 9, 2011
Comment #13

ငါကတော့
ကြောင်းကျိုးမဲ့ အမြင်တွေကို
မပြင်ဆင်တော့ပါဘူး
ရူးတယ်ပဲပြောပြောလေ
အက္ခရာမဲ့စွာ ငါ ကြွေမယ်။

သူငယ်ချင်းလေးရယ်
တကယ်တော့ မင်းဘက်မှာ
ဘာတစ်ခုမှ မမှားခဲ့ပါဘူး
အဦးဆုံးပြောင်းလဲခဲ့တာ
ငါပါ………

commentinfo By: ရနံ့ at May 28, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment