Professional Authors

မှားပြီးရင်းမမှားရအောင်

 လူတိုင်းအမှားနဲ့မကင်းကြပါဘူး။  လုပ်ရင်းမှားရင်းပြန်ပြင်ရင်းနဲ့ဘဲ ဘ၀ကိုဖြတ်သန်းသွားရမှာပါ။
အဓိကကတော့  မှားနေတာမှားမှန်းသိပြီး  ပြန်ပြင်နိုင်ဖို့ပါဘဲ။  မှားနေတာကအပြစ်မဟုတ်ပါဘူး။
မှားမှန်းသိပြီး  မပြင်မိဘူးဆိုရင်တော့  အပြစ်တစ်ခုကိုကျူးလွန်မိနေပြီဆိုတာ  သိသင့်ပါတယ်။
လူတယောက်ရဲ့အမှားကိုကဲ့ရဲ့နေတဲ့လူတွေလည်းရှိပါတယ်။  မေးကြည့်ချင်ပါတယ်။
ကဲ့ရဲ့တဲ့လူတွေရော မမှားဖူးဘူးလား။  သူတို့မှားရင်ရော ဘယ်လိုပြောကြမလဲ။  ကိုယ့်ဘက်
ကြရင်တော့  ကိုယ်ကြည့်တတ်ကြမှာပါ။  ကိုယ့်ကိုကိုယ်တော့စာနာတတ်ကြမှာပါ။  စာနာတယ်ဆိုတာ
ကိုယ်စိတ်ချမ်းသာဖို့၊ ကိုယ်လုပ်ရပ်တွေမှန်ကန်ဖို့  တယူသန်စိတ်မျိုးကို ပြောတာလို့တော့မထင်ပါဘူး။
ကိုယ်စိတ်ညစ်မခံနိုင်သလို သူတပါးကိုလဲစိတ်ညစ်အောင်မလုပ်တာ၊ ကိုယ်တိုင်လဲမလိမ်သလို သူများကိုလဲမလိမ်တာ၊ ရိုးသားတာတွေဟာ  စာနာစိတ်ကြောင့်ဖြစ်လာတာလို့တော့ထင်ပါတယ်။  လက်ဝါးဖြန့်ပြီးကြည့်ကြည့်ပါ။
ကိုယ့်ဘက်ကကြည့်ရင်တော့  လက်ဖ၀ါးဖြစ်နေတတ်ပေမဲ့ တခြားတဖက်ကကြည့်ရင်တော့လက်ဖမိုး
ဖြစ်နေတတ်ပါတယ်။  ဒါကိုသိပြီး  လူတိုင်းမှာအမြင်ခြင်းမတူသလို  အမှားခြင်းလဲ  တူနိုင်မှာမဟုတ်ပါဘူး။
ကိုယ်မှားတာကိုလဲပြုပြင်ရသလို  သူတပါးရဲ့အမှားကိုလဲ  ကြည့်ပြီးတော့  ကိုယ်တိုင်မမှားအောင်ဆင်ခြင်ရမှာပါ။
ကဲ့ရဲ့ရမှာမဟုတ်ပါဘူး။  အမှုားတခုဖြစ်ပြီဆိုရင် ဘာကြောင့်ဖြစ်ရတယ်၊  ဘယ်လိုမမှားအောင်လုပ်သင့်တယ်၊ အမှားကိုဘယ်လိုပြန်ပြင်ရမယ်  ဆိုတာကိုစဉ်းစားရမှာပါ။  မှားနေတာကိုဘဲပြန်စဉ်းစားပြီး  နောင်တရနေရမှာမဟုတ်ပါဘူး။
ကိုယ်ဘက်ကအမှားတခုလုပ်မိပြီဆိုတာ သိရင်အရင်ဦးဆုံးသေချာစဉ်းစားရမှာပါ။  ဘယ်လိုကြောင့်
့်ဒီလိုအမှားမျိုးလုပ်မိတာလဲဆိုတာ သိအောင်တော့လုပ်ရပါမယ်။  အမှားလုပ်တယ်ဆိုတာ အများအားဖြင့်တော့
ကိုယ်စိတ်ကို ကိုယ်မထိန်းတာကြောင့် လုပ်မိတာ များပါတယ်။  စိတ်ကိုထိန်းနိုင်ဖို့ဆိုတာလဲ  လွယ်တာတော့မဟုတ်ပါဘူး။
စိတ်ကိုထိန်းနိုင်ဖို့ဆိုတာ  အသိတွေရှိနေဖို့တော့လိုမယ်ထင်ပါတယ်။  အသိတွေဆိုတာကတော့ စာသိရော၊
လက်တွေ့ရောပါမှာပါ။  စာဖတ်ခြင်းဟာလဲ လူတွေကိုအမှား၊ အမှန် ခွဲခြားနိုင်အောင်၊  ပတ်ဝန်းကျင်ရဲ့ဖြစ်ပျက်မှု
တွေကိုသိရှိအောင်ဖော်ပြပေးနေတာပါ။  စာဖတ်ခြင်းအားဖြင့် ကိုယ့်ရဲ့အချိန်တွေလဲ တန်ဖိုးရှိလာမှာပါ။
စာဖတ်တာတော့လွယ်ပါတယ်။  တွေ့တဲ့စာတိုင်းတော့ ဖတ်သင့်တယ်လို့မဆိုလိုပါဘူး။  ကိုယ့်ရဲ့စိတ်ခံစားမှုပေါ်
မူတည်ပြီးဖတ်သင့်တယ်လို့တော့ထင်ပါတယ်။  ကိုယ်ဖတ်တဲ့စာအုပ် ကိုယ်စိတ်ဝင်စားမှလဲအသိမြင်တွေရလာမှာပါ။
ဖတ်ပြီးရင်ပြီးရော သဘောမျိုးမဟုတ်ဘဲ စာအုပ်တအုပ်ဖတ်ပြီးတိုင်း  အသိအမြင်တခုရလာမယ်ဆိုရင
်အဲဒီအသိအမြင်တွေကနေ မှားတဲ့အလုပ်ကိုမလုပ်မိအောင် ကာကွယ်နိုင်မယ်ဆိုတာ ကိုယ်တိုင်စာဖတ်နေတဲ့လူတေ
ွလက်ခံမယ်လိုတော့ထင်ပါတယ်။  နောက်တခုက အမှားလုပ်မိပြီဆိုရင်တော့  ရိုးသားစွာနဲ့တောင်းပန်ပြီး နောက်ထပ်မမှားအောင်ကြိုးစားနေဖို့ပါဘဲ။  ကိုယ်ကအမှားလုပ်မိတာဘဲဖြစ်ဖြစ်၊ ကိုယ့်ကိုအမှားလုပ်မိတာ
ဘဲဖြစ်ဖြစ် မမှားသောရှေ့နေ၊ မသေသောဆေးသမားဆို တဲ့စကားလေးကိုနှလုံးသွင်းပြီး နားလည်၊ စာနာပေးကြပါလို့ အားလုံးကိုတောင်းဆိုချင်ပါတယ်။

In: ဆောင်းပါး Posted By: Date: Jan 14, 2011
Comment #1

စာလုံးတွေကို နည်းနည်းစီ ခြားရေးပါ……

commentinfo By: မာယာမင်းသား at Jan 14, 2011
Comment #2

ဖတ်ရတာ ခေါင်းမူးတယ်..

commentinfo By: မာယာမင်းသား at Jan 14, 2011
Comment #3

ဟုတ်ကဲ့ပါ။ အမနောက်ဆိုသတိထားပြီးရေးပါ့မယ်။ ခေါင်းမူးသွားတဲ့အတွက်အမတောင်းပန်ပါတယ်နော်။
ဒီစာကိုရေးရတာ 1နာရီကျော်ကြာသွားတာ။အမက မြန်မာ typing မရဘူးလေ။
အခုလိုဖတ်ပေးတာကိုဘဲကျေးဇူးတင်ပါတယ်။

commentinfo By: phyuphyu at Jan 15, 2011
Comment #4

ပြန်ပြင်ထားပါတယ်။အဆင်မပြေရင်ပြောပေးကြပါ။

commentinfo By: phyuphyu at Jan 15, 2011
Comment #5

ကောင်းပါတယ်။

commentinfo By: ကက်စပါ at Jan 15, 2011
Comment #6

100 right.
100% agree.
.Koh a hmar ko kou win khan Ye ya me.
.koh a hmar ko Thu myar ko ma hlwe cha ne
Law ka g hmar a hmar ma loak phu de Thu ma Shi bu.
Koh kyaunt Thu myar doke kha ma yout say ne.
Wit le tat de.
A ku to myar de.

commentinfo By: ei lay at Oct 12, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment