Professional Authors

လှခြင်း

ကျွန်တော် အမှန်တော့ ဒီရက်ပိုင်းတွေမှာ စာရေးရတာ ပျင်းနေမိတာတော့ အမှန်ပဲ။ ခုတော့ ကိုဒန်ရဲ့ အားပေးမှုကြောင့်နဲ့ ကျွန်တော်ကိုယ်တိုင်လည်း ရေးချင်တာလေးတစ်ခုရှိလို့ဗျ။

အလှ
အလှဆိုတာ နာမည်မဟုတ်ဘူးဗျနော်။ လှခြင်းလို့ပြောတာပိုကောင်းမယ်ထင်တယ်ဗျ။
လှခြင်း အမျိုးမျိုးရှိတယ်ဗျ…. စိတ်၏ လှခြင်း၊ ရုပ်၏ လှခြင်း၊ အသားအရေ၏ လှခြင်း၊ ဆံပင်၏ လှခြင်း စာဖွဲ့ရင် ကုန်နိုင်မှာ မဟုတ်ဘူးဗျို့ အလှတွေကို ဖွဲ့ဆိုရမယ်ဆိုရင်လေ။ ဒီမှာ ကျွန်တော် ပြောချင်တာက အဲဒီအလှများစွာထဲမှာမှ စိတ်၏ လှခြင်းဟာ မြင့်မြတ်ဆုံးဖြစ်မယ်ဗျ။ စိတ်ဆိုတဲ့ သဘောမျိုးဟာလည်း လူမြင်တာနဲ့ သိနိုင်တာမဟုတ်တော့၊ လူတွေက အပေါ်ယံ လှတဲ့ သူတွေကိုပဲ ပဏာပြုကြတာ ဓမ္မတာပါ။ အမှန်တော့ ကျွန်တော်တို့ မျက်မှောက်ခေတ်မှာ မလှတဲ့ မိန်းကလေးဆိုတာ မရှိတော့ဘူးဗျ။ သူ့အနေအထားနဲ့ သူ ပြင်တတ် ဆင်တတ်ရင် လှတဲ့သူချည်းပါဘဲ။ အလှကုန်ပစ္စည်းတွေ များများ သုံးနိုင်လေ လှလေ၊ ခေတ်ပေါ်အ၀တ်အစား ၀တ်နိုင်လေ ပေါ်ပြူလာဖြစ်လေ ဒါနဲ့ဘဲ ခုခေတ်မှာ ရှင်သန်နေကြတဲ့ လူငယ်အချို့ဟာ ဒီသံသရာထဲ တ၀ဲလည်လည်ဖြစ်နေကြတာ သိပ်တော့ မဆန်းပါဘူး။ အမှန်တော့ အပေါ်ယံတွေပေါ်မှာ သာယာနေကြတာဆိုရင် မမှားဘူးလို့ ကျွန်တော်ထင်တယ်။  ဒါပေမယ့် ဒီလို အပေါ်ယံတွေ လှကြတာရော ဘာလုပ်ရမှာလဲဗျ။ ခဏတာဝတ်ဖို့ ပြဖို့ အတွက် ဘ၀ပျက်သွားကြတဲ့ မိန်းကလေးတွေကလည်း ဒုနဲ့ ဒေးပဲဗျို့။ အမှန်တော့ သူတို့ တပ်မက်တဲ့ အသုံးအဆောင်တွေဟာ ခဏတာပါဘဲ။ သူတို့ကို ကြည့်တဲ့ သူတွေကလည်း ခဏတာပါပဲ။ ပြီးရင် ပြီးသွားတာပါဘဲဗျာ။

ကျွန်တော် စာပိုဒ်လေးတစ်ပုဒ် ဖတ်ရတယ်ဗျ… တော်တော် မှတ်သားစရာ ကောင်းတဲ့ အဖြေလေးတစ်ခု ရသွားတယ်.. မိန်းကလေးတစ်ယောက်က မေးထားတာ… သူမဟာ အရမ်းကို လှတယ်တဲ့… ဒါကို သူမကိုယ်တိုင်လည်း သိတယ်။ ဘေးပတ်ဝန်းကျင်ကလူတွေလည်း သိတယ်တဲ့။ စိတ်ဝင်စားတယ်ဆိုရင် သူမ ဓါတ်ပုံလေးတွေ ပို့ပေးလို့ရတယ်။ ဒါပေမယ့် သူမလက်ထပ်ချင်တဲ့သူဟာ တစ်လကို ဒေါ်လာ ၅၀၀၀ လစာရတဲ့ သူတစ်ယောက် ဖြစ်ရမယ်တဲ့ဗျာ။
အဲဒီမှာ လူတစ်ယောက်က ဘယ်လို ပြန်ဖြေသလဲဆိုရင် မိန်းကလေးတဲ့ မင်းဟာ အရမ်းလှတယ်ဆိုတာ မှန်ချင်ရင် မှန်မယ်တဲ့ ဒါပေမယ့် ငါမင်းကို ငါ့ရဲ့ ဒေါ်လာ 5000 လည်း မအပ်နိုင်သလို မင်းကိုလည်း မယူနိုင်ပါဘူးတဲ့။ ဘာလို့လဲဆိုရင် ငါ့ရဲ့ ပိုက်ဆံတွေဟာ ပမာဏများလာတာနဲ့အမျှ တန်ဖိုးလည်းတက်လာမှာမို့လို့တဲ့။ မင်းရဲ့ အလှကတော့ တစ်ရက်ထက်တစ်ရက်
ဆုတ်ယုတ်လာမှာမို့လို့ မင်းရဲ့ အလှကို ပိုက်ဆံပေးဝယ်ရလောက်အောင် ငါ မိုက်ရူးရဲ မဆန်သေးဘူးတဲ့။ တကယ်လို့ မင်းရှာချင်ရင် ခပ်တုံးတုံးငနဲတစ်ကောင်တော့ ရချင်ရလိမ့်မယ်၊ တကယ်လို့ စိတ်ဝင်စားရင်တော့ ငါ့ရဲ့ အပျော်ရည်းစားတစ်ယောက်တော့ မင်းဖြစ်နိုင်ပါတယ်လို့ ပြန်ဖြေသွားတယ်ဗျ။ တကယ်ကို ကောင်းတဲ့ အဖြေမျိုးဖြစ်သလို ကျွန်တော်တို့လို အလှကြိုက်တဲ့သူတွေအတွက် သင်္ခန်းစာလေးတော့ ရသွားတာတော့ အမှန်ပဲဗျ။

နောက်ပြီး ဘုန်းဘုန်းတစ်ပါး ဟောဖူးတာလေးလဲ ရှိသေးတယ်ဗျ။ ကိုယ်ကိုတိုင်လည်း မကျူးလွန်ရဘဲနဲ့ စိတ်နဲ့ ပစ်မှားလည်း အကုသိုလ်ရတာပဲတဲ့ဗျ။ ခုခေတ် မြန်မာနိုင်ငံမှာ ခေတ်စားနေတဲ့၊ ကိုရီးယား မင်းသမီးတွေ ကိုရီးယား မင်းသားတွေ ကြိုက်လိုက်ကြတာ ၀က်ဝက်ကွဲပဲတဲ့။ စိတ်တွေနဲ့လည်း ပစ်မှားလိုက်ကြတာ၊ ဟိုမှာ သူများက ယောက်ျား ဘယ်နှစ်ယောက်ရှိလို့ မိန်းမဘယ်နှစ်ယောက်မြောက်တွေနဲ့လဲ မသိဘူး။ ဒီမှာတော့ စိတ်တွေနဲ့ သူများမယား သူများယောက်ျားကို ပစ်မှားနေလိုက်ကြတာ အကုသိုလ်တွေ အလကားနေရင်း ထိုင်ရင်းတက်နေကြတယ်လို့ ဟောသွားတယ်ဗျ။ မှတ်သားစရာလေးဗျာ။
ပြောရင်းနဲ့ တောင်ရောက်မြောက်ရောက် ရောက်ကုန်ပြီဗျို့။
အဲ… ပြန်ဆက်မယ်…
ဒါကြောင့် ရှေးလူကြီးတွေက ပြောတဲ့ စကားတစ်ခွန်းရှိတယ်ဗျ လှတာမက်ရင် ညစာခက်မယ်ဆိုတဲ့ စကား၊ ကျွန်တော်တော့ လက်ခံတယ်ဗျ။ ရှေးစကားတွေက တန်ဖိုးရှိသလို မှန်တာတွေလည်း များတယ်ဗျ။ မိန်းကလေးတွေ လှချင်ကြတာ မဆန်းပါဘူး။ ဒါပေမယ့် ဘ၀နဲ့ရင်းပြီးတော့ မလှချင်သင့်ဘူး။ ပြီးရင် ပြီးသွားမှာမို့လို့ပါဗျာ။ လှပ လူကြိုက်များတာ ဈေးကောင်းရတာပေါ့တော့လို့ ပြောချင်ကြတဲ့ သူများကိုလည်း ကျွန်တော် လိပ်ပြာတစ်ခု ပြောချင်တယ်ဗျ။ လှမှ ဟော့မှ ကြိုက်တယ်ဆိုမှတော့ အဲဒီကောင် ဘယ်လိုမှ သစ္စာရှိတဲ့သူ မဖြစ်နိုင်ဘူး၊ လက်ကြောတင်းတဲ့ကောင် မဖြစ်နိုင်ဘူး၊ ကျွန်တော်လိပ်ပြာ လောင်းရဲတယ်။
ပြီးတော့ လှလွန်းအားကြီး၊ ပြင်လွန်းအားကြီးရင် အပေါစားဆန်သွားတယ်လို့ ကျွန်တော်ထင်တယ်။ ဘယ်လောက် ပစ္စည်းကောင်းတွေ သုံးသုံး branded တွေပဲ ၀တ်ဝတ်ဗျာ။ လုံးဝ အပေါစားဆန်သွားတယ်ဗျ။ သူများတော့ မသိဘူး။ ကျွန်တော့်အတွက်တော့ အပေါစားဆန်တယ်ဗျာ။ သူများတွေ အခါခါငမ်းဖူးတဲ့ ကျွန်တော်လည်း ငမ်းဖူးတဲ့ မိန်းမတစ်ယောက်ရဲ့ ဘယ်နေရာကမှ ကျွန်တော့်ရဲ့ ရင်ကို ခုန်စေအောင် မစွမ်းဆောင်နိုင်တာတော့ အမှန်ပဲဗျ။ တစ်ခါတစ်လေ ကျွန်တော် စဉ်းစားတယ်ဗျ။ အိုမင်းသွားမယ့် ပျက်စီးသွားမယ့် လွင့်ပစ်လိုက်ရမယ့် အ၀တ်အစား အသုံးအဆောင်တွေအတွက် ဘာလို့ ဘ၀ပျက်ခံပြီး သုံးချင်ကြရတာလဲ။ လှချင်ကြရတာလဲ လို့ပေါ့ဗျာ။ အလှမပြင်ပါနဲ့လို့ မဆိုလိုပါဘူးဗျာ။ တော်ရုံသင့်ရုံပေါ့ ကိုယ့်မှာရှိတဲ့ အလှတရားလေးတွေကို ထိန်းသိမ်းရုံပေါ့ဗျာ။ ခုတော့ အလှကြောင့် နာမည်ပျက်၊ ဘ၀ပျက်တဲ့သူတွေလည်း အများကြီး။ အလှရဲ့ ဆွဲဆောင်မှုတွေကြောင့် ပြစ်မှုတွေ ဖြစ်သွားတာလဲ အများကြီး။ လှတယ်ဆိုတာ မင်္ဂလာတစ်ပါးပါ၊ ဒါပေမယ့် အပူတွေနဲ့ အမင်္ဂလာဖြစ်ဖြစ်သွားတာ မကောင်းဘူးပေါ့ဗျာ။ သူများတွေ sexy ဆိုတာနဲ့ လိုက်ပြီး မဖြစ်ချင်ကြပါနဲ့ နိုင်ငံကွာသလို ဘာသာ အယူအဆကွာပါတယ်ဗျာ။ ဟိုနိုင်ငံက sexy တွေ ရွဲတာ ပြသနာ မရှိဘူး နိုင်ငံကောင်းတယ် ဆေးကောင်းတယ်၊

မြန်မာနိုင်ငံဆိုရင်တော့ စဉ်းစားသာကြည့်ပေါ့ဗျာ ဘာဖြစ်သွားမလဲလို့။  သူများတွေ လှတယ်ဆိုရင် လှတာတစ်ခုတည်းကို အရသာခံမကြည့်ပါနဲ့၊ သူဒီလို ပြင်ဖို့အတွက် ဘယ်လောက်တောင် အချိန်ယူထားရသလဲ၊ ပိုက်ဆံတွေ ဘယ်လောက်ကုန်သလဲ၊ ဘာတွေများ ရမှာမို့ ဒီလောက်တောင် အပင်ပန်းခံရသလဲ၊ သူများတွေ ကြည့်ဖို့ ပြစ်မှားချင်တိုင်း ပြစ်မှားဖို့ကို အလှပြနေရတဲ့ ဘ၀ပါလား တော်တော်သနားစရာ ကောင်းပါလားဆိုတဲ့ အတွေးမျိုးတွေနဲ့ပဲ ကြည့်စေချင်တယ်၊ ဒါမှ ကိုယ်လည်း အကုသိုလ်မဖြစ်ဘူး၊ မိန်းကလေးဆိုရင်လည်း သူ့လိုမျိုး လိုက်လုပ်ချင်စိတ် နည်းနည်းလျော့သွားမယ်။ ခု ကျွန်တော်ပြောတာ စော်ကားချင်တဲ့စိတ်နဲ့ ပြောတာ လုံးဝ မဟုတ်ပါဘူးဗျာ။ လိပ်ပြာမှာ အစ်မလည်း ရှိပါတယ်။ ညီမလည်း ရှိပါတယ်ဗျာ။ အားလုံးကို ကိုယ့်ဆွေမျိုးရင်းချာလို့ သဘောထားလို့ ပြောတာပါဗျာ။

စိတ်လေးတွေ စင်ကြယ်အောင်ထားပြီး၊ စိတ်လေးတွေပဲ လှအောင် ကြိုးစားကြပါ။ ကျန်တာ သူ့ဟာသူ အလိုလို လှလာပါလိမ့်မယ်ဗျာ။

(စိတ်ဓါတ်မလှတဲ့သူဟာ ဘယ်လောက်ပဲလှလှ ဘယ်လောက်ပဲပြင်ပြင် နိမ့်ကျသူတစ်ယောက်ပါပဲ၊ မလှခြင်းတရားတွေ ပေါ်ထွန်းရာ ရပ်ဝန်းတစ်ခုပါပဲဗျာ)

အားလုံးကို လေးစားလျှက်
(6-1-2011)
လိပ်ပြာ

Comment #1

ငါ့ရဲ့ ပိုက်ဆံတွေဟာ ပမာဏများလာတာနဲ့အမျှ တန်ဖိုးလည်းတက်လာမှာမို့လို့တဲ့။ မင်းရဲ့ အလှကတော့ တစ်ရက်ထက်တစ်ရက်
ဆုတ်ယုတ်လာမှာမို့လို့ မင်းရဲ့ အလှကို ပိုက်ဆံပေးဝယ်ရလောက်အောင် ငါ မိုက်ရူးရဲ မဆန်သေးဘူးတဲ့။………… အဲ့ဒီစာကြောင်းကိုရင်ထဲထိတယ်

commentinfo By: linn at Jan 6, 2011
Comment #2

ကျေးဇူးတင်ပါတယ် လင်းရေ …. အမြဲအားပေးလို့…. အားတွေလည်း ရပါတယ်ဗျာ..

Comment #3

သင်ခန်းစာ ယူသင့်တဲ့ဆောင်းပါးလေးပါ ,,, ကောင်းပါတယ် ,,,

commentinfo By: rabbit at Jan 6, 2011
Comment #4

လှတာဟော့တာကိုကြိုက်မှတော့ဘယ်လိုလုပ်အစစ်ဖြစ်နိုင်မှာလဲနော် အကို
အရမ်းကောင်းတယ်……………

commentinfo By: mainkalay at Jan 6, 2011
Comment #5

ကိုလိပ်ပြာ … ကောင်းတယ် ….. စိတ်လှတာ အကောင်းဆုံးးပဲ

commentinfo By: genius.jinx28 at Jan 6, 2011
Comment #6

ကျေးဇူးပါပဲ ။ ကိုလိပ်ပြာ ဆောင်းပါးများများ ရေးနိုင်ပါစေ ဆုတောင်းနေပါတယ်။

commentinfo By: dan at Jan 6, 2011
Comment #7

အမှန်တိုင်းပြောရရင်လိပ်ပြာကိုဆောင်းပါးတွေမှာပိုကြိုက်တယ်…:D

commentinfo By: ရွှေငါး at Jan 12, 2011
Comment #8

စိတ်ထားလှရင်အပေါ်ယံမလှတာတောင်မှသူ / သူမရဲု့ရုပ်အလှအလိုလိုချစ်ဖို့ကောင်းတာပဲ …. အဲံ့ဒီအပေါ်မှာအပြုံးလေးဆင့်ထားရင် အတိုင်ထက်အလွန် သူ/ သူမ ကို ဘယ်သူယှဉ်လို့တုပ်ါတော့နိုင်လေ….

commentinfo By: May Kha at Jan 13, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment