Professional Authors

ကျနော်တို့ ၏ လွတ်လပ်ရေးနေ့ တွင်

ကျနော် ဒီဆောင်းပါးကိုရေးထားတာ အတော်ကြာပါပြီ။ တင်သင့် မတင်သင့် ချင့်ချိန်နေတာနဲ့ အခု ဒီနေ့ ကျနော် တို့ ၏ လွတ်လပ်ေ၇းနေ့ တွင် လွတ်လပ်စွာ တင်ပြခွင့် ရှိချင်လွန်းလို့ ပါ။
တနေ့ က ကျနော် health insurance card ကိုင်ရင်း အတွေးတခုဝင်မိသည် ဖွံ့ ဖြိုးပြီးနိုင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှူ မြင့်မားပုံကို သုံးသပ်မိသည်။မနာမကျန်းဖြစ်လာရင် အမြဲဒုက္ခလို့ လူတွေ မြင်ကြသည် အဘယ်ကြောင့်နည်း ခန္တာနာကျင်ဝေဒနာ အပြင် စိတ်ဝေဒနာ ပါ ခံရလွန်းလို့ ဖြစ်သည်။ဖျားနာရင်ကုန်ကျမည့်ငွေကြေးမှာ အဆမတန်ပါ အိုစာနာစာ စုဆောင်းထားရင်တော်သေးရဲ့ ။
ကျနော်အခုေ၇ာက်နေတဲ့ ဒီနေရာမှာ ဖျားနာရင် ကုန်ကျငွေရဲ့ ၂၀ရာခိုင်နှုန်း ကိုပဲ ပေး၇ပါတယ်။ဒါက ယေဘူယျ အမြင့်ဆုံး အကြမ်းဖျင်းပါ ၂၀ရာခိုင်နှုန်းတွင် discount ရှိသေးသည်။ဥပမာ ပြရရင် ကျနော်ဖျားတုန်းက ဆေးဖိုး၁၀၀ကျတယ် ကျနော်၁၁ကျပ်ပဲ ပေးလိုက်ရတယ်။company အလိုက် class အလိုက် ကွဲပြားမှု ရှိပါသေးတယ် သုညရာခိုင်နှုန်းပဲ ပေးရတဲ့ card မျိုးရှိပါတယ် ထိုကဒ်အများစုကို ဒီနိုင်ငံသားစစ်စစ်တွေ ကိုင်ဆောင်ထားပါတယ်  ထိုကဒ်မျိုးသာပေးလိုက်ပါက သင် ခေတ်အမီဆုံးဆေးဝါး သုံးမလား အတော်ဆုံး ဆရာဝန်များနှင့် ကုမလား တကျပ်မျှပေးစရာမလိုပါ။

ပုံမှန်အားးဖြင့် insurance card ရှိရန် လိုတာတခုပဲ ရှိပါတယ် သင်အလုပ်တခု တော့ လုပ်ဖို့ လိုပါတယ် သင်သာ အလုပ်လုပ်နေတဲ့လူဆို၇င် သင့်အလုပ်ရှင်မှ သင့်ကို I..card ပေးပါမယ် အလုပ်တခုတော့ မဖြစ်မနေ လုပ်ဖို့ လိုတယ်။company တခုရဲ့ တောက်တိုမယ်ရ အလုပ်လေးလဲ ဖြစ်တယ် သင့်တမိသားစုလုံးကို တစ်ယောက်တစ်ကဒ်ဆီပေးပါတယ် ကဒ်က cover မဖြစ်တာ တွေကိုတော့ သိထားရပါမယ်။ ဥပမာ ကိုယ်က လှချင်ပချင်လို့ plastic surgery လုပ်တာမျိုး vitaminအားဆေးများ ၀ယ်သောက်ခြင်း မျိုးcover မဖြစ်ပါ။ အလုပ်ထဲ မတော်တဆ ထိခိုက်ဒဏ်ရာမျိုး ကိုလဲ cover လုပ်မပေးပါ။ နိုင်ငံသားအစစ်များ အစိုးရဆေးရုံတွင် အခမဲ့ကုသနိုင်တယ်ဆေးဝါးမှအစ အခမဲ့ပါ။အခြား နိုင်ငံသားဆိုက အခကြေးငွေပေး၇ပါတယ်။

မည်သို့ ရှိစေ အလုပ်သမားများ၏ကျန်းမာေ၇းပြဿနာကို အလုပ်ရှင်မှ တာဝန်ယူထားသည့် လက်တွေ့ ကျ ကျင့်သုံးမှု တခုရှိနေခြင်းသည် အလွန်အဆင်ပြေ ကောင်းမွန်သော (နိုင်ငံတခု၏ တိုးတတ်မှူ) အခြေအနေကောင်းတခုအဖြစ် မြင်နိုင်သည်။

အနည်းဆုံးတော့ ကျနော်ဆို ကျန်းမာရေး ဆေးစစ်မှု အမြဲ လုပ်နိုင်သည်။အခုလို ပြောနေပေမယ့် အထင်ကြီးခြင်း အထင်သေးခြင်း ဘယ်အရာမျှမရှိပါ ။အကောင်းနဲ့ အဆိုးက အမြဲ ဒွန်တွဲ နေတော့ တိုးတတ်မှုလဲ မရှောင်နိုင်ပါ။
ကျနော်အဓိက ပြောချင်တာက တိုးတတ်သောနိုင်ငံ၏ နိုင်ငံသား အခွင့်အရေး ကိုပါ ။အစိုးရဆေးရုံတွင် အခမဲ့ကုသခွင့် အစိုးရဆေးရုံတွင် မစောင့်နိုင်လို့ အပြင် private ဆေးရုံတွင် ၂၀ရာခိုင်နှုန်း သုညရာခိုင်နှုန်း ICard နှင့် ကုသခွင့် ထိုအခွင့်အေ၇းမျိုးကို နှိုင်းယှဉ်ကြည့်မိသည်။
မြန်မာ အလွန်ရှားသော ဒီနေရာမှာ တနေ့ က မြန်မာတစ်ယောက်နှင့် အမှတ်မထင်တွေ့ သည် ။ပျော်ရွင်စွာနှင့် ဖုန်းနံပါတ်ပေး gmail လိပ်စာေ၇းနှင့် အွန်လိုင်း မှာ တွေ့ တော့ သူပြောပြတာလေး တခု ကျနော်ပြန်ပြောပြချင်တာပါ။
ဒီနိုင်ငံသား အမျိုးသမီးတဦး ၅လနီးပါးနှင့် မီးဖွားသတဲ့ ။ကလေးက အရှင်လေးပါ ဒါပေမဲ့ အလွန်သေးငယ်သတဲ့ တစ်ပေါင်တောင်မပြည့်ပါတဲ့ ခန္တာကိုယ် အစိတ်ပိုင်းအားလုံးပါပါတယ် ကီလိုအတိကျ သူပြောပါတယ် ကျနော်မမှတ်မိပါ။ အဲဒီကလေးကို Incubator လို့ ခေါ်တဲ့ အထူးပြုလုပ် ပုခက်မှာ ထည့်ထားပြီးကုသရသတဲ့။ကလေးက တဖြည်းဖြည်းနှင့်ကြီးလာသတဲ့။ဒီလိုမွေးလာတဲ့ ကလေးအများစုကို ဆေးရုံမှာ ၃လ ၄လ အထိထားရပါတယ် တဲ့ ပြီးတော့ဆေးရုံဆင်းခွင့်ရမယ် အသက်ရှင်လာတဲ့ ကလေးအများစုမှာ ပုံမှန်ကလေးတစ်ယောက်နီးပါး ဖြစ်လာပါတယ်တဲ့။ကျနော်မေးကြည့်တယ် မြန်မာပြည်မှာ ဆို၇င်ေ၇ာ အဲလိုမွေးလာတဲ့ကလေး အသက်ရှင်နိုင်သလားလို့ ။သူက ရာခိုင်နှုန်းအတိကျ မပြောနိုင်ပေမဲ့ ရှင်ဖို့ အခွင့်အရေးက ဒီမှာနဲ့ တော့နှိုင်းယှဉ်လို့ မရအောင် ကွာပါတယ်တဲ့။ လိုအပ်တဲ့ဆေးဝါး စုံလင်စွာ ဒီမှာ ရနိုင်တယ်လေ။ ဆင်းရဲတဲ့ ငွေကြေးမရှိ မိဘဖြစ်လဲ စိတ်မပူပါနဲ့ သင်သာ အလုပ်ရှိနေလျှင် ICard နှင့် လူသားတစ်ယောက် အသက်ရှင်ဖြစ်တည်လာဖို့ အခွင့်အရေး ရှိပါတယ်။

ဘာသာေေ၇း သုံးသပ်ချက်အရမဟုတ်ပဲ လက်ရှိအခြေအနေ ပေါ် မှာပဲ သုံးသပ်ကြည့်ကြ၇အောင်……… လူသားတစ်ယောက် ဖြစ်တည်လာခြင်း ပျက်ယွင်းသွားခြင်းက နိုင်ငံတစ်နိုင်ငံ ၏ ဖွံ့ ဖြိုးမှူပေါ် မူတည်နေတာကို လက်တွေ့ ကျကျသိလိုက်ရတဲ့ နေ့ မှာတော့…………………………………

လူ့ အခွင့်အေ၇း ချိုးဖောက်မှု အမြင့်ဆုံးနိုင်ငံ များ စာရင်းဝင် မြန်မာနိုင်ငံ တွင် မွေးဖွားလာမည့် မျိုးဆက်သစ် ကလေးများ အတွက် ဆုတောင်းရင်း…………….
Dan
4.1.2011
(လွန်တာရှိက ၀န္ဒာမိပါ)

In: ဆောင်းပါး Posted By: Date: Jan 4, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment