Professional Authors

အမေကပြောတော့ 

ငယ်ငယ်က အမေအမြဲပြောတတ်တယ်…
ပညာတတ်အောင်သင် သမီးတဲ့ 
ပညာတတ်မှသူများခိုင်းဖက်မဖြစ်မှာတဲ့

ခုတော့ ပညာတတ်ကြီးပါဆိုပြီး
B.Sc Nursing ဘွဲ့ ကြီးယူပြီး
လူရိုသေ ရှင်ရိုသေနဲ့  သူနာပြုဆရာမကြီးဖြစ်သွားပြီးမှ
အမေပြောတာ တလွဲ ကြီးပဲလို့ ထင်လာမိတယ်

ဒီလိုလေ
အလုပ်လုပ်တာက ကလေးဆေးရုံ  private Hospital မှာပေါ့
အဲဒီမှာစတွေ့ တာက
ဆရာမ ရေ ကလေးက ဆေးမသောက်လို့ လာတိုက်ပေးပါဦး
ဆေးကြိတ်ပေးပါဦးလား..
ဆရာဝန်ကလဲ ညီမ ဟိုဟာလေးလုပ်ပေးပါဦး
ဒီဟာလေးလုပ်ပေးပါဦး
နောက်ကလေးအမေတွေက ကလေးတွေကိုခြောက်ရင် ဆရာမ ဆေးလာထိုးလိမ့်မယ်နော်တဲ့ 
ပြီးတော့ တခါတရံ ဘုကလန့် တိုက်တတ်တဲ့ သူတို့ 
စာနဲနဲ တတ်တာနဲ့ ဂျာနယ်တွေဖတ်ပြီးသိသလို တတ်သလိုနဲ့ ဆရာလုပ်ချင်တဲ့ သူတို့ 
အဲဒီလိုမျိုးတွေကိုလည်း စိတ်ရှည်ရှည်ထားပြီး ဆက်ဆံ ရ ပြောရနဲ့ 

တခါ စကားအမှားလည်းမခံ ဘူး သိတယ်ဟုတ်
Private လေ
အချိန်မရွေး အလုပ်ပြုတ်သွားနိုင်တယ် ဆိုတော့ 
တကယ် ပါ အမေပြောတဲ့ ပညာတတ်ဘ၀ ဆိုတာ ဒါလားလို့ သာ အော်မေးလိုက်ချင်တော့ တာ

ဒါတွေက တကယ်ဖြစ်ပျက်နေတာတွေကို
ဟာသ သဘောနဲ့ မြင်ကြည့် တွေးမိတာတွေကို ပြောပြတာပါ

ဘယ်လို ပဲပြောပြောပါ
ကိုယ်ရဲ့ Nursing Care ကြောင့်ကလေးတွေကျန်းမာစွာနဲ့  ဆေးရုံကနေပြန်သွားတော့ လည်းစိတ်ချမ်းသာရတာပဲ

ဒီလိုပြောလို့ မကောင်းတဲ့ ရှုထောင့် Negative View ကနေကြည့်တယ်လို့ တော့ မထင်ပါနဲ့ 
ရိုးရိုးလေးတွေးမိတာကို
ရေးကြည့် တာပါ

In: ဆောင်းပါး Posted By: Date: Oct 12, 2010
Comment #1

ဟုတ်တော့လဲ ဟုတ်ပါတယ် ……ဒါပေမယ့် သူ့နေရာနဲ့သူ တန်ဖိုးရှိကြမှာပါ………..

commentinfo By: yuki at Oct 15, 2010
Comment #2

သူ့ နေရာရဲ့ တန်ဖိုးကို သိပါတယ်လေ
ဒါပေမဲ့  ဒီလို ပဲတွေးမိတာလေးကိုရေးကြည့်တာပါ

commentinfo By: Blar at Oct 25, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment