Professional Authors

အမှန်… အမှား

လူတွေဟာ မှန်တာတွေ လုပ်တတ်ကြသလို မှားတာတွေလည်း လုပ်တတ်ကြတယ်။ မှန်တာတွေဟာ တစ်ခါတစ်လေမှာ မှားသွားသလို မှားသလိုလို မှန်သွားတတ်ကြတဲ့ ကိစ္စတွေကိုလည်း စာဖတ်သူတို့ ကြုံတွေ့ခဲ့ဖူးမှာပါ။

အမှန်တရားကို လူတိုင်းလိုလို ပါးစပ်က ကြိုက်ပါတယ်။ (ဒါပေမယ့် စိတ်ကတော့ မကြိုက်)ကြပါဘူး။ အမှန်ကို အမှန်အတိုင်းသာ ပြောကြည့်ပါလား ချစ်သူခင်သူတွေ အားလုံး အနည်းအများတော့ ရန်သူတွေ ဖြစ်သွားကြမယ်ထင်တယ်။ ခု ဒီဆောင်းပါးကို ရေးနေတဲ့ ကျွန်တော်လိပ်ပြာကိုယ်တိုင် အမှန်တရားကို မနှစ်သက်ပါဘူး။ ခုနေ တစ်စုံတစ်ယောက်က လိပ်ပြာ မင်းရေးနေတဲ့ဟာတွေ အားလုံး အဆင့်မရှိဘူးလို့ တစ်စုံတစ်ယောက်က ပြောလာရင် လိပ်ပြာ ခံနိုင်မယ်လို့ ထင်ပါသလား။ ဘာမှ ပြန်မပြောတောင် ရင်ထဲ တော်တော် အောင့်သွားမယ်။ ပုထုဇဉ်ကိုဗျနော်။ အတတ်နိုင်ဆုံးတော့ အမှန်တရားကို လက်ခံကျင့်သုံးသင့်တယ်လို့ ကျွန်တော်ထင်တယ်။ ဒါမှလည်း ကျွန်တော်တို့ လမ်းမှန်ရဲ့ အနီးအနားကို ရောက်မယ်ထင်တယ်။

ဥပမာပြောမယ်ဗျာ ရုပ်ဆိုးနေတဲ့ မိန်းကလေးတစ်ယောက်ကို ညီမလေးက အရမ်းလှတယ်လို့ ပြောမယ့်အစား သူ့ဆီမှာ ရှိတဲ့ တကယ့် အမှန်ကောင်းကွက်လေးတွေကို ထုတ်ဖော်ပေးသင့်တယ်။ ဒါမှ သူ့ရဲ့ အားသာချက်လေးတွေက ပိုပြီးအားသာလာလိမ့်မယ် လို့ ထင်တယ်။ အဲလိုမှ မဟုတ်ပဲ ညီမလေးက အရမ်းလှတယ်လို့ ဇွတ်ပြောနေရင် သူမကိုယ်တိုင်က သူ့ကိုယ်သူ အဟုတ်ကြီးထင်ပြီး စွတ်ရမ်းတွေ လျှောက်ပြင်ရင် အဆိုးဘက်ကို ဦးမတည်တာတောင်မှ အကောင်းမဖြစ်သွားဘူးဆိုတာ စဉ်းစားစရာမလိုပါဘူး။ အဲ …. တစ်ခုတော့ ရှိတယ်ဗျနော် မှန်တိုင်းလည်း မကောင်းဘူး ဒါလေးလည်း မှတ်ထားဦး။ ငါ အမှန်တရားတွေပဲ ပြောမယ် ဟဲ့ ကောင်မလေးနင့် ရုပ်က ဘယ်လိုမှ သုံးစားလို့မရအောင် ဆိုးတာတို့ ဘာတို့ သွားပြောလိုက်ရင် သူများသားသမီး မှိုချိုးမျှစ်ချိုး ပြောတယ်ဖြစ်မယ်။ အမှန်တော့ ဒါက အမှန်တရားပဲ ဒါပေမယ့် မှားသွားပြီ။ ဒါကြောင့် ကောင်းသော အမှန်တရားဖြစ်ဖို့ အရေးကြီးတယ်။

တစ်ချို့တွေ ရှိတယ် ငါ မှန်ရင်ပြီးရော ဆိုပြီး ဇွတ်တင်ကြတော့တာပဲ။ ဒါတွေက မဖြစ်သင့်တဲ့ အရာတွေပါ။ စာဖတ်သူတွေလည်း ကြားဖူးကြမှာပါ ခုပြောမယ့် ပုံပြင်လေးကို အရင်တုန်းကတဲ့ လူအုပ်စုတစ်စုဟာ မြွေရုပ်ပြိုင်ဆွဲကြတယ် ပထမဆုံးနဲ့ အမြန်ဆုံး ပြီးတဲ့သူကို အရက်အ၀တိုက်ကြေးပေါ့နော် .. .. အဲဒီထဲက လူတစ်ယောက်က အရင်ပြီးတယ်တဲ့ သူက အချိန်တွေ ပိုလွန်းတော့ ငါ့အကြောင်းပြမယ်ဆိုပြီး မြွေကို ခြေထောက်လေးတွေ ထည့်ပေးလိုက်တယ်တဲ့ (အချိန်တွေ ပိုကြောင်းပြချင်တဲ့သဘောပေါ့လေ)
ဒါပေမယ့် ပြိုင်ပွဲလည်း ပြီးရော သူရှုံးတယ်တဲ့။ ဘာလို့လဲ? မြွေမှာ ခြေထောက်မရှိဘူးတဲ့ ခြေထောက်ပါတဲ့ မင်းအကောင်က မြွေ မဟုတ်ဘူးဆိုပြီး ပယ်ချလိုက်တယ်တဲ့ဗျာ။ အမှန်ကနေ အမှားဖြစ်သွားတာဗျ။ သင်္ခန်းစာယူဖို့ ကောင်းတဲ့ ပုံပြင်လေးပါ။ ဒါကြောင့် ကိစ္စတိုင်းကို သတိလေးထားသင့်ပါတယ်။ မိမိကြောင့်ပဲ မိမိအမှန်တရားဟာ အမှားတရားဖြစ်သွားတတ်တာပါ။ ကိုယ့်အမှန်တရားကို သူများတွေ အမှားလုပ်လို့မရတာကိုတော့ အပြည့်အ၀ယုံကြည်ဖို့လိုတယ်ဗျာ။

မှန်တော့ ဘာလုပ်ရမှာလဲ မင်းထမင်းကျွေးမလားလို့ မေးတဲ့ လူများခင်ဗျား။ မှန်ရင် သစ္စာဖြစ်ပါတယ်ဗျာ။ သစ္စာဆိုတဲ့ ဝေါဟာရကို ဒီခေတ်လူတွေ ကြားဖူးကြပေမယ့် တန်ဖိုးသိပ်မသိကြပါဘူး။ တချို့နက်နဲတဲ့ ကိစ္စတွေမှာ သစ္စာဆိုတာ အသုံးဝင်တဲ့ ပစ္စည်းတစ်ခုပါ။
ခိုင်းနှိုင်းလို့ရတဲ့ ပုံပြင်လေးတစ်ပုဒ်တော့ ရှိတယ် ဒါပေမယ့် မချပြတော့ဘူးနော် ဒီကောင် တော်တော်လက်ရှည်တဲ့ကောင်ဆိုပြီး စာဖတ်သူတွေ စိတ်မရှည်မှာစိုးလို့ ဒီမှာတင် ရပ်လိုက်ပါပြီဗျာ။

အမှန်…အမှား ခွဲခြားယုံကြည် ကျင့်သုံးတတ်ကြပါစေဗျာ။

(28-12-2010)
လိပ်ပြာ

Comment #1

စိတ်ကူး….ကောင်း၏

commentinfo By: moehtetaung18 at Dec 28, 2010
Comment #2

မိုးထက်အားပေးနေပါတယ်……

commentinfo By: moehtetaung18 at Dec 28, 2010
Comment #3

အင့်……..ရေးပုံကြီးကလည်း ဖိအားပေးလို့ အားပေးနေရသလိုပဲ ……………

Comment #4

ကောင်းတယ်ဗျာ
၃ မိနစ်အချိန်ယူ
ဖတ်သွားတယ်

commentinfo By: မင်းခန့်သူ at Dec 28, 2010
Comment #5

ဘာလို့ မိနစ်တွေ ထည့်သုံးရတာလဲ ကိုမင်းခန့်သူ သိချင်လို့မေးတာပါဗျာ

Comment #6

ကိုလိပ်ပြာ ကောင်းတယ် ဗျာ…

commentinfo By: genius.jinx28 at Dec 28, 2010
Comment #7

လိပ်ပြာ မင်းရေးနေတဲ့ဟာတွေ အားလုံး အဆင့်မရှိဘူး……
အဲလိုပြောရမှာလား ငမွှေထိုးလေးးး တစ်နေ့လုံးကိုလိုက်မွှေနေတာ…… 🙁
…………………………………………………………………………………………
အကိုမိုးဇက်ရေ….အဲဒီ့လိပ်ပြာတစ်မနက်လုံးကျွန်တော့်ကိုမွှေနေတာဗျ..
………………………………………………………………………………………….
အေးအစ်ကိုလည်းသူ့ကိုပြန်မွှေလိုက်ပြီ …. မင်းရေးနေတဲ့ဟာတွေမကောင်းဘူးဆိုပြီး…..
ဘယ်လိုလဲညီလေး မိုးထက်ကျေနပ်ရဲ့လား။။။
……………………………………………………………………………………………….

commentinfo By: moezat at Dec 28, 2010
Comment #8

ကျေးဇူးတင်ပါတယ် ကိုကြီးမိုးဇက်ရာ ခုလို လာရောက်အားပေးဖတ်ရှု့သွားလို့ အစ်ကို မပြောလည်း ညီသိပါတယ်ဗျ…. ….. ညီ နောက်တာတွေကို ဗွေမယူတဲ့ ကိုမိုးဇက်နဲ့ ကိုမိုးထက်ကို ညီ မှားတာတွေ ရှိရင် ခွင့်လွှတ်ဖို့ တောင်းပန်ပါတယ်ဗျာ….ခွင့်လွှတ်ကြနော်

Comment #9

တောင်ပံမဲ့လိပ်ပြာသာပြောတယ်…………. ပျံသန်းမှုက ထိပ်ဆုံးမှာပဲနော်…………။

commentinfo By: အောင်ရဲသူ at Jul 5, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment