Professional Authors

မကြည်ပြာ ၏ အတွေး အပိုင်းတစ်စ

       မကြည်ပြာက တက္ကသိုလ်ပထမနှစ် ကျောင်းသူ။မြို့ နယ်အဖွဲ့ အစည်းတခုမှ ထောက်ပံ့မှူနှင့် တက္ကသိုလ်မှာ ငွေကြေးပူပန်မှူ ကင်းစွာ ပညာသင်ယူနေသူ..ကျောင်းပိတ်သဖြင့် နယ်ပြန် နယ်မှာ ရှိစဉ် မကြည်ပြာတို့ ပညာသင်ထောက်ပံ့ ကြေး နှင့် ကျောင်းတတ်နေသော ကျောင်းသူကျောင်းသားများအား အထက်အ၇ာ ၇ှိကြီး မှ တွေ့ ဆုံ ဆုံးမချင်ကြောင်း အမှာစာရပါသည်။
       ကျောင်းသူ၎ယောက်နှင့် ကျောင်းသား၁ယောက် စုစုပေါင်း ၅ယောက် တွေ့ ဆုံပွဲက တိတ်တိတ်ဆိတ်ဆိတ်တော့ ရှိလှပါသည်။ အစည်းဝေးစတင်ပြီး အရာ၇ှိကြီးမှ ဆုံးမစကားပြောတဲ့ အချိန်ရောက်လာပါသည်။ကျောင်းသူကျောင်းသားတဦးချင်းစီရဲ့ အနာဂတ်စိတ်ကူးရည်ရွယ်ချက်တွေကို မေးပါသည်။ မကြည်ပြာ အလှည့်ေ၇ာက်လာသည် စဉ်းစားမထားတဲ့ အနာဂတ်ရည်ရွယ်ချက်ကို ဖြေမိဖြေ၇ာဖြေပါသည်။
      ” အန်ကယ်ကြီး ပြူံးနေပါလား ငါဖြေလိုက်တာ အတော် သဘောတွေ့ သွားသလား” မကြည်ပြာ တွေးနေမိသည်။
     
      “အန်ကယ်အခုပြောမှာကို သေချာနားထောင်ပါ သားတို့ သမီးတို့ ကျောင်းပြီးသွား ၇င် ဘာလုပ်ကြမလဲဆိုပြီး ရည်ရွယ်ချက်ကိုယ်စီ ရှိကြတယ် လုပ်ပါ ဖြစ်အောင် လုပ်ကြပါ အဲဒီ အခါ မှာ စဉ်းစား၇မှာက ကိုယ့်အတွက် ကိုယ် အရင် လုပ် ပါ ပြီးရင်ကိုယ့် ပတ်ဝန်းကျင်အတွက် ပြီးရင် ကိုယ့်ရွာ ကိုယ့်မြို့ ကိုယ့်ပြည်နယ် ကိုယ့်တိုင်း နောက်ဆုံး ကိုယ့်နိုင်ငံ အတွက် လုပ်ကြပါ” မကြည်ပြာ ငါးမိနစ်ခန့် ငြိမ်သက်သွားပါသည်. မကြည်ပြာ တွေးနေမိသည်။ “ကိုယ့်အတွက် ကိုယ်အရင်လုပ်ပါ” အစည်းအဝေးပြီးသွားပါသည်။သို့ သော် မကြည်ပြာအတွေးမဆုံး  လက်ရှိအချိန်ကို အာရုံ မေ၇ာက်ပဲ ရှိနေသည်။” ကိုယ့်အတွက် ကိုယ်အ၇င်လုပ်ပါ” ငါတို့ ၇ဲ့ အ၇ာ၇ှိကြီးက ကိုယ့်အတွက်ကိုယ်အ၇င်လုပ်ပါတဲ့ ငါဘွဲ့ ၇ပြီး၇င် လုပ်ငန်းခွင် ၀င်မယ် နိုင်ငံ ၀န်ထမ်းအဖြစ်ခံယူသည်ဖြစ်စေ အပြင်private မှာ လုပ်သည်ဖြစ်စေ နိုင်ငံအပြင်ထွက်လုပ်သည်ဖြစ်စေ ဘယ်နေ၇ာမှာဖြစ်ဖြစ် အဓိကက ကိုယ့်အတွက် အ၇င်လုပ်၇မှာလား” မကြည်ပြာ အိမ်ကိုတောင်ေ၇ာက်လာပါသည် အဖြေက မထွက်နိုင်သေးပါ။
    
          မကြည်ပြာ စဉ်းစားမိနေသည်။ “အ၇ာရှိကြီး ကေ၇ာ နိုင်ငံ တာဝန်ထမ်းဆောင်နေသော အ၇ာရှိ ကြီးက နိုင်ငံ အတွက် အ၇င်လုပ် ကိုယ့်မြို့ကိုယ်၇ွာ ပြီးတော့ ဆွေမျိုး ပြီးတော့ မိသားစု အဲလိုများ လုပ်သလား မသိဘူး အင်း ဒါတော့ ငါလဲမသိနိုင်ဘူး”
      အရာရှိကြီးရဲ့ စကားက အခြားသူများ ကတော့ ကိုယ့်အတွက် ကိုယ်စုလိုအပ်တာဝယ်လုပ်ချင်တာတွေ စိတ်တိုင်းကျ လုပ်လို့ ယူဆကြနိုင်ပါသည် ။သို့ သော် မကြည်ပြာခံယူ မိတာက တမျိုးဖြစ်နေပါသည်။ နောင်သံသရာ အဆက်ဆက် အတွက် ကောင်းဖို့ လှူပါတန်းပါ ထမင်းနပ်မှန်နေရင် ရပြီ ကျန်တာအားလုံးကို အကူညီလိုနေသူ လိုအပ်နေတဲ့နေရာတွေမှာ အကုန်လှူပါ ဒါက ကိုယ့်အတွက်ကိုယ်အ၇င်လုပ်ခြင်းပဲ လို့ မကြည်ပြာအတွေးဖြစ်သည်။
      ကိုယ့်ဆီမှာ ပိုလျံစွာ စုဆောင်းထားသည်ဆိုက ထိုအတွက် တပ်မက်ခြင်းနှင့် စဉ်းစားမိတိုင်းအကုသိုလ်ပွားနေမည် ဘယ်အ၇ာမှ အမြဲမရှိလေတော့ အပိုအလျံမထား လိုအပ်နေတဲ့ နေ၇ာမှာ လှူတန်းပေးခြင်းသည်သာ အကောင်းဆုံးဖြစ်သည်။တဖက်မှ ကြည့်လျှင် ထိုသို့ ခံယူလှူတန်းခြင်းဖြင့် ၇ပ်၇ွာအကျိုး လူမျိုး အကျိုးထမ်းဆောင် ခြင်းလည်း မည် သည်။
      မကြည်ပြာ တခါမှ မစဉ်းစားမိခဲ့သော အနာဂတ် ရည်မှန်းချက် ကို မကြည်ပြာထင်ထင်ရှားရှား တွေ့ ရှိသွားပါသည်။လူမျိုးစုံ စိတ်မျိုးစုံမှ အမျိုးမျိုး ခံယူနိုင်တဲ့ “ကိုယ့်အတွက်ကိုယ်အ၇င်လုပ်ပါ” ဆိုတဲ့ စကားက မကြည်ပြာ ရဲ့ စိတ်တစ်ဆင့် ချိုးလို့ ပြောရင် မှားမည်မထင်။

Dan
11:47pm
12/15/2010

In: ဆောင်းပါး Posted By: Date: Dec 15, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment