Professional Authors

စဉ်းစားပါ

တခါတုန်းက ပင်စင်ယူခါနီး လူတယောက် ကားလေးတစီးနဲ့ လေညှင်းခံထွက်လာတာ ရထားသံလမ်းတခုနားရောက်လာခဲ့တယ်။
သူကားလေးကို ၇ပ်လိုက်ပြီး ကားပေါ်ကဆင်းလာခဲ့တယ်။သံလမ်းအတိုင်းလမ်းလျှောက်သွားရင်းနဲ့
 စိတ်ထဲမှာလဲအတွေးတွေအများကြီးနဲ့ပေါ့။ပင်စင်ယူရတော့ မယ်ဆိုတော့ အလုပ်မရှိတော့ ဘူး။
ပင်စင်လာစာလေးနဲ့နောက်ပိုင်းစားဝတ်နေရေးအဆင်ပြေပါ့မလား စဉ်းရင်းနောက်တော့ ကားကိုသတိရလိုက်တယ်။
အော် ငါ့ မှာကားလေးရှီသေးတာဘဲ။ဒါကိုရောင်း ရတာကိုအလုပ်တခုခုထဲ ထည့် ၊ရတဲ့ငွေနဲ့ ဆိုရင်တော့ လင်မယားနှစ်ယောက်စားလောက်ပါရဲ့ပေါ့။အဲဒီလိုတွေးနေတုန်းမှာဘဲ ရှေ့နားကအသံတစ်သံကြားလို့ သေချာနားထောင်ကြည့် လိုက်တော့ ရထားဥသြဆွဲသံဖြစ်နေတယ်။ထူးဆန်းလိုက်တာပေါ့၊ဒီနားရထားမလာတာကြာပြီလေ၊သေချာကြည့် လိုက်တော့ရထားကလာနေပြီ ရထားသွားမဲ့လမ်းကိုကြည့် လိုက်တော့  ဟားးးးးးး တော်တော်လန့်သွားတာ၊ရထားသွားမဲ့လမ်းမှာအသက် တနှစ်အရွယ်ကလေးလေးတယောက် ထိုင်နေတာတွေ့ရတယ်၊အော်ပြောလို့ လဲနားလည်မဲ့အရွယ်မဟုတ်၊ငါဘာလုပ်ရမလဲ သေချာစဉ်းစားလိုက်တော့  အနီးမှာ ရထားလမ်းလွှဲ မဲ့မောင်းတံကိုတွေ့ လိုက်တယ်၊အဲဒီကိုပြေးသွား မောင်းတံကိုသေချာကိုင် ချမယ်အလုပ် သေချာပြန်ကြည့် လိုက်တော့  သွားမဲ့လမ်းက သူ့ ကားလေးရပ်ထားတဲ့နေရာ ကိုဖြစ်နေတယ်၊သူဘာလုပ်ရမလဲ။
မောင်းတံကိုချလိုက်ရင် ကလေးလေးအသက်ကိုကယ်နိုင်မယ်၊ဒါပေမဲ့သူ့ ကားကတော့ ပျက်စီးသွားမယ်၊
မောင်းတံကိုမချရင် သူ့ ကားဘာမှမဖြစ်နိုင်ပေမဲ့ ကလေးလေးအသက်ကိုတော့ ကယ်နီုင်မှာမဟုတ်ဘူး၊ သူဘာလုပ်ရမလဲ…………………။

အခုဒီစာကိုဖတ်နေတဲ့သူငယ်ချင်းကိုလဲမေးကြည့် ချင်ပါတယ်၊သူ့ နေရာမှာသူငယ်ချင်းဆိုရင်ရော ဘာလုပ်မလဲ။
သူကတော့ မောင်တံကိုလွှတ်ချလိုက်ပါတယ်။ သူငယ်ချင်းရဲ့အမြင်ကိုလဲသိချင်ပါတယ်။ဆန္ဒရှိမယ်ဆိုရင်တော့ တခုခုဖြေကြည့် ပေးပါလား။ သူငယ်ချင်းရဲ့အဖြေကိုကြည့် ပြီးနောက်ထပ်မေးခွန်းလေးတခုလောက်မေးကြည့် ချင်လို့ ပါ။ဒီကမဖြေချင်ဘူးဆိုလဲ ဖြူအကောက်ထဲမေးလ်ပို့ ပြီးဖြေလဲရပါတယ်၊ အားလုံးကိုကြိုဆိုပါတယ်၊
အခုလို့ အချိန်ပေးပြီးဖတ်ပေးတာ ကျေးဇူးတင်ပါတယ်၊ 
(မှတ်ချက်။      ။ ဒီပုံပြင်ကတကယ်အဖြစ်အပျက်မဟုတ်ပါဘူး၊စိတ်ကူးယဉ်းသက်သက်ပါ၊ဖြူလဲနားထောင်ရလို့ တဆင့့်ပြန်ပြောပြတာပါ၊)

In: ဆောင်းပါး Posted By: Date: Dec 8, 2010
Comment #1

မစဉ်းစားဘူး
တစ်ခါတည်းဖြေမယ်
ကလေးကို ကယ်မယ်ဗျ

Comment #2

ကလေးကို ကယ်မယ်……ပျက်စီးသွားတဲ့ ကားက တစ်ချိန်မှာ အသစ်ပြန်ရနိုင်ပါတယ်…..

commentinfo By: Shane Khant at Dec 8, 2010
Comment #3

ဟင့်အင်း ယတိဖြတ်ပြောနိုင်မယ်မထင်ဘူး သူကပင်စင်ယူပြီးအလုပ်ရှိတော့မယ်မဟုတ်ဘုးပြီးတော့သူငယ်ချင်းပြောသလိုဆိုသူ မချမ်းသာဘူး
နောက်ဆုံးသူ့ရဲ့ အလင်းကို သူကိုယ်တိုင်ဖျက်နိုင်မယ်လို့ သိပ်မထင်ဘူး ကလေးကိုကယ်မယ်တို့ တို့
ပြောရင်တောင် တကယ်လက်တွေ့ကြုံလာရင် ကားကိုပဲ တို့ရွေးမိမလားပဲ လူဆိုတာ အတ္တသားကောင်တွေလေ ကိုယ့်အတွက်သာအရေးကြိးတယ်ထင်မိကြမှာ တကယ့်လက်တွေ့မှာ
အားးလုံးတော့မဟုတ်ပါဘူး ဒါပေမယ့်အများစုကတော့ တကယ်ကြုံလာရင်ကားကိုရွေးမယ်ထင်တယ်

commentinfo By: Han at Dec 11, 2010
Comment #4

အားလုံးကိုဖြူ ကျေးဇူးတင်ပါတယ်။ဖြူမေးချင်တဲ့မေးခွန်းက
ကလေးကိုကယ်မယ်ဆိုပါတော့ အခုလက်ရှိအချိန်မှာ ရော
ကလေးဘယ်နှစ်ယောက်ကိုကယ်ပြီးပြီလဲ..?
ကလေးဘယ်နှစ်ယောက်ကိုရော သူတို့လိုနေတဲ့မေတ္တာတွေပေးပြီးပြီလဲ…?
ကလေးဘယ်နှစ်ယောက်ကိုရော ကူညီပြီးပြီလဲ…?
ဖြူတို့ ဆီမှာမိဘမဲ့ကလေးတွေအများကြီးရှိနေပါတယ်။သူတို့ လိုအပ်နေတဲ့မေတ္တာတွေကိုသာဖြူတို့ ပေးနိုင်မယ်ဆိုရင်………။အားလုံးကိုစာနာတတ်တဲ့မေတ္တာလေးနဲ့ကြည့် တတ်ကြမယ်ဆိုရင်…………….။ငြိမ်းချမ်းသာယာတဲ့ဘ၀လေးတွေဖြစ်ခဲ့မယ်ဆိုရင်……….။

commentinfo By: phyuphyu at Dec 16, 2010
Comment #5

အင်း ခုလက်ရှိ အချိန်မှာ ကလေး (၂)ယောက်ကို အသက်အန္တရာယ်က ကယ်ဖူးတယ်။ မေတ္တာပေးတာတော့ သာမန်ပါဘဲ။ အမျိုးမတော် သားမစပ် မိဘမဲ့ ကလေးတစ်ယောက်ကို ကျောင်းစာရိတ်ထောက်ပံ့ပေးနေပါတယ် ခင်ဗျာ…. ဖြူပြောသလို အားလုံး အဲဒီလို စိတ်လေးတွေ ရှိရင်တော့ ကောင်းတာပေါ့ဗျာ ။ အတ္တတွေ ကြီးစိုးနေကြတဲ့ ဒီလောကကြီး ငြိမ်းချမ်းတာကို ကျွန်တော်လိပ်ပြာလည်း လိုချင်တောင့်တနေတာ ကြာပါပြီ ခင်ဗျာ။

Comment #6

အဲဒီအချိန်မှာ တကယ်စဉ်းစားစရာပါပဲဗျာ……………..ကလေးကိုကယ်လိုက်ရင် ကိုယ့်ဘ၀နောင်ရေးကမှေးမိန်သွားလိမ့်မယ်။။ ဒါပေမယ့်ဗျာ ကျွန်တော်ကတော့ နောင်အရေးနောက်မှတွေး ဆိုပြီးကယ်လိုက်မှာပါ။ ။ လူ့အသက်တစ်ချောင်းလေ ကယ်ရကျိုးနပ်ပါတယ်။

commentinfo By: မိုးသီး at Dec 17, 2010
Comment #7

သက်ရှိလူသားတယောက် နဲ့ သက်မဲ့ပစ္စည်း ကား ယှဉ်ပြီးစဉ်းစားဖို့ တောင် မလိုပါ ကလေးကိုသာ ကယ်ကြမှာပါ။

commentinfo By: dan at Dec 26, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment