Professional Authors

နားမလည်နိုင်လို့ပါ…..

ဟုတ်ကဲ့…..
မေလေး နားမလည်နိုင်လို့ပါ….
နားလည်တဲ့သူများ….ပြောပြပေးနိုင်မလားလို့….

အွန်လိုင်းမှာ စာတွေရေးဖြစ်တာ…၁၇ ၁၈ လောက်ထဲကပါ….
ဖိုရမ်တွေမှာပဲရေးရေး….ဘလော့မှာပဲရေးရေး….
ကိုယ့်အတွေးနဲ့….ကိုယ့် စိတ်ကူးကိုပဲရေးတတ်တယ်…

နောက်ပြီး…..
အားလုံးလဲမြင်နိုင်တယ်ထင်တာပဲ….
မေလေးကဗျာတွေအားလုံးက….တစ်စုံတစ်ယောက်ကိုရည်ရွယ်တာပါ….
ချစ်သူရည်းစားလဲဖြစ်ရင်ဖြစ်မယ်….သူငယ်ချင်းဖြစ်ရင်ဖြစ်မယ်….မိဘဖြစ်ရင်ဖြစ်မယ်…
အဲဒီတော့…..တရားဝင်ကြေငြာမထားပေမယ့်….ပိုင်ရှင်ရှိတယ်လို့ပြောရမလားပဲ…..
သူများတွေကိုလဲ…အဲဒီလိုပဲ ယူဆပါတယ်…
အဲဒါကြောင့်….ကြိုက်တဲ့ကဗျာ…ကြိုက်တဲ့စာရှိလို့…ကူးချင်ရင်တောင်….
ပိုင်ရှင်ကိုတတ်နိုင်သရွေ့ခွင့်တောင်းပါတယ်….

မေလေးသိချင်တာ….
အွန်လိုင်းပေါ်မှာတင်လိုက်သမျှစာတွေဟာ….
လိုချင်သူယူကြကြေးဆိုပြီး အလှူကြီးပေးလိုက်တာလား…
ရေးတဲ့သူကို ခွင့်မတောင်းပဲ….ကိုယ်ယူသုံးချင်တိုင်းသုံးခွင့်ရှိလား…..
တစ်ခါတစ်လေ….တစ်ချို့…ဆိုဒ်တွေမှာ….ဘာရယ်မဟုတ်ဘူး….
ခံစားချက်ပေါ်လာလို့….ကဗျာရေးလိုက်မိပါတယ်….
နောက်မကြာခင်ပဲ…တစ်ခြားဘလော့တစ်ခုမှာ….ကိုယ့်ကဗျာကြီးပြန်တွေ့ရပါလေကော….

အဲလို ယူလိုက်တာကို….
နားလည်ပေးရမှာလား ……
မေလေး သိချင်တာ…..အွန်လိုင်းမှာရေးလိုက်သမျှစာတွေက….
ဘယ်သူ့စာ…ဘယ်ဝါ့စာပြောစရာမလိုပဲ….ကိုယ်လိုချင်သလို…ယူလို့ရတယ်လား….
ရပါတယ်ဆိုရင်တော့….
နောက်တစ်ခါ…မေလေး တစ်စုံတစ်ယောက်အတွက်သီးသန့်ဆိုပြီး….ခံစားချက်နဲ့ရေးသမျှကဗျာတွေကို….
အွန်လိုင်းပေါ်မတင်ရဲတော့ဘူး….

နားမလည်နိုင်လို့…..ရှင်းပြကြပါ……

In: ဆောင်းပါး Posted By: Date: Jul 24, 2009
Comment #1

အင်းဗျ .. Copyright Issue က Online ပေါ်မှာဆိုတော့ အပြင်မှာထက် နည်းနည်းလုပ်ယူလို့ ပိုခက်တာပေါ့။ တစ်ကယ်တော့ လူတွေက အသိစိတ်ဓာတ်မရှိတာပါ။ ယူပြီး ရင် Credit ပြန်ပေးချင်စိတ်မရှိကြဘူး။ သူများ ဖန်တီးမှု့ကို ကိုယ့်ဖန်တီးမှု့ အယောင် လုပ်လိုက်ကြတာ။ ဒါမျိုးတွေကတော့ ကြုံတွေ့နေရမှာပဲ။ တွေ့သွားခဲ့ရင် တင်တဲ့ ကာယကံကို ဆက်သွယ်ပြီး ပြောကြည့်ပေါ့။ သူ့ဘက်က အရှက်တရားရှိတယ်ဆိုရင်တော့ ပြန်ဖြုတ်ပေးပြီး တောင်းပန်မှာပေါ့။ အဲဒါမှမဟုတ် ဘူးဆိုရင်တော့ ခွင့်လွှတ်ပေးလိုက်ပါ .. သူတို့မှာ ဖန်တီးနိုင်မှု့ ပါရမီမှ မပါလာကြတာ။

commentinfo By: thettwe at Jul 24, 2009
Comment #2

တကယ်တော့ copy right က အင်တာနက်မှာ ရေးသမျှအတွက်လည်း အကျုံးဝင်ပါတယ်။ ကိုယ် ဖန်တီးထားတဲ့ အနုပညာဟာ ကိုယ့်ရဲ့ intellectual property ပဲလေ။ စာရွက်ပေါ်မှာရေးမှ၊ စာအုပ် ထုတ်မှရယ်လို့ မဟုတ်ပါဘူး။
တကယ်တော့ သူများရေးတာကို ခပ်တည်တည်နဲ့ ကိုယ်ရေးသလိုလို ဘာလိုလိုလုပ်ပြီး ယူတာဟာ ခိုးတာပါပဲ။ အဲဒီလို လူမျိုးကို သူခိုးလို့ပဲ သတ်မှတ်ရပါလိမ့်မယ်။
ကျင့်ဝတ်သိက္ခာမစောင့်စည်းတဲ့ ဒီလိုလူတွေ သူတို့တရား သူတို့ စီရင်ပါလိမ့်မယ်။ အမှန်ဟာ ဘယ်တော့မှ မမှားသလို အမှန်တရားဟာလည်း မပျောက်ကွယ်ပါ။ ဒါပေမဲ့ အချိန်တခုတော့ စောင့်ရပါတယ်။ ကိုယ့်ဘလော့မှာဖြစ်ဖြစ်၊ ၀က်ဘ်ဆိုက် တခုခုမှာဖြစ်ဖြစ် ကိုယ်တင်ထားတဲ့စာဟာ နေ့ရက်၊ အချိန် အတိအကျ ရှိပြီးသားပါ။ ဒါကို အထောက်အထားအနေနဲ့ ယူပြီး ပြောမယ်ဆိုရင်တော့ ဖြစ်နိုင်ပါလိမ့်မယ်။ ကော်ပီ ကူးယူတာကို တော့ အင်တာနက်မှာ တားဖို့ မလွယ်ပါဘူး

commentinfo By: harry at Jul 25, 2009
Comment #3

နားမလည်နိုင်လို့…..ရှင်းပြကြပါ……ဆိုတဲ့ သူငယ်ချင်းရေ..
နားလည်သလို ပြောပြကြည့်ဖို့ ကြိုးစားကြည့်တာပါ..
သူငယ်ချင်းပြောတဲ့ အထဲမှာ…သူငယ်ချင်းရေးထားတဲ့ကဗျာတွေ၊ စာတွေကို သူများတွေက ကူးယူထားတဲ့အကြောင်း ပါတယ်မဟုတ်လား။
သူငယ်ချင်းက အစကတည်းက ဘယ်လိုစိတ်ထားမျိုးနဲ့ အွန်လိုင်းပေါ်ကို တင်ထားတာလဲပဲ သိချင်ပါတယ်။ တစ်ချို့တလေကျတော့ ဘယ်သူပဲ ကူးယူယူ၊ မယူယူ သူ့စာလေးတွေကို လာဖတ်လို့ သူငယ်ချင်းတွေကြား ပြန့်နှံ့သွားရင် ကျေနပ်ဆိုတဲ့ ပုံစံမျိုးနဲ့ တင်ထားကြတာလေ။ အဲဒီလိုလူမျိုးအတွက်ဆိုရင်တော့ သူရေးထားတဲ့ စာကို ကူးကူး ယူယူ၊ ကျော်စားစား ချက်စားစားပေါ့.
တစ်ချို့တလေကျတော့လည်း သူတင်ထားတဲ့စာလေးတွေကို သူ့ကလောင်နာမည်သေသေချာချာ မြတ်မြတ်နိုးနိုးနဲ့တင်ထားပြီး တကယ်လို့ ကူးယူမယ်ဆိုရင် ကလောင်နာမည်တပ်ပေးဖို့ပါ ပွင့်ပွင့်လင်းလင်းတောင်းဆိုထားကြတယ်လေ။
သူငယ်ချင်းက သူငယ်ချင်းစာကို ဘယ်သူကူးကူး၊ လွတ်လပ်စွာကူးယူလို့ရပါသည်ဆိုတဲ့ အထဲမှာပါတာလား။
ဒါမှမဟုတ် ကူးရင်တောင်မှ ကလောင်နာမည်လေးတော့ တပ်ပေးသင့်တယ်ဆိုတဲ့ အထဲမှာ ပါတာလားဆိုတာလေးပဲ စဉ်းစားလိုက်ပေါ့။
ကိုယ်မြင်တာကိုယ်ပြောတာပါနော်။ နောက်လည်း သူငယ်ချင်းနဲ့ တရေးတယူစကားပြောချင်ပါသေးတယ်။ ဘိုင်…….

commentinfo By: ကိုမိုးအောင် at Oct 11, 2009
Comment #4

hi fri,

i like this poem site so much
i read so many from this site
especially this site has my favourites
i am happy to read poems
but this post , i feel little something wrong (as my view)
everybody has right
be happy

commentinfo By: moe net at May 15, 2010
Comment #5

မေလေးရေ
အကိုပေါက်ကတော.သည်ကိစ္စကိုကြောက်လို.
အကိုပေါက်ရေးသမျှကို တစ်ပြိုင်ထည်းမှာဘဲ
အကိုပေါက် ၀င်ထားသမျှဆိုဒ်တွေအဖွဲ.တွေထဲကို
အကိုပေါက်က် ရောက်အောင်ကော်ပီကူးလို.ပို.
အကိုပေါက်ကိုယ်တိုင်ပို.ထဲ.လိုက်ပါတယ်။
အကိုပေါက်စာကိုနောက်တယောက်ကထပ်ပွားမယ်ဆိုရင်ဖြင်.
ဒန် ဒန်. ဒန်
ခံ ခံ. ခံဘို.သာပြင်ပေတော.လို.ကြုံးဝါးလိုက်ပါတယ်။
ခံဆိုတာကိုယ်ကို ကိုယ်ပြောတာပါ ။
ဒေါင်းလုပ်လုပ်လို. ရတဲ.နေရာ ကော်ပီကူးလို.ရတဲ.နေရာမှာဝင်ရေးမိမှတော.ကူးရင်လဲခံပေတော.မေလေးရေ။
အကူးခံနိုင်ရင်ရေး အကူးမခံနိုင်ရင်မရေးနဲ.လို.
အကိုပေါက် က အကြံကောင်းလေးပေးလိုက်ပါတယ်။
အကိုပေါက်ဆိုရင် ကူးယုံဆိုတော်သေး အကိုပေါက်ဆိုဒ်ထဲကိုဝင်လို.နာမည်တောင်ပြောင်းသွားပါသေးတယ်။
အဲဒီအကောင်းစားလေးရဲ.နာမယ်က နေမင်းခေါင်ပါတဲ.ဗျာ
့မြန်မာသူငယ်ချင်းများထဲမှာ ခံလိုက်ရတာပါ။

commentinfo By: kopauk mandalay at May 15, 2010
Comment #6

ညီမလေးရယ်
ကုသိုလ်ရတာပေါ့ကွယ်
တချို့ညီမလေးလိုမရေတတ်ကြလို့ပါကွယ်

commentinfo By: joy at May 17, 2010
Comment #7

အဓိက ကတော့ စိတ်ပါဘဲ

commentinfo By: SETT MAW at Aug 7, 2010
Comment #8

ကိုမိုးအောင် ပြောတာ သဘာဝကျပါတယ်….
တချို့က သူတို့နှစ်သက်တဲ့ စာသားလေးတွေကို ကူးယူတတ်ကြတာ သဘာဝပဲလေ..
အားလုံးကို ၏ / သည် မရွေး copy ကူးပြီး နာမည်ပြောင်းတင်တာဆိုရင်တော့ ကူးတဲ့သူက လွန်ပါတယ်..
ကိုသက်ထွေးပြောသလို ကာယကံရှင်ကို တိုက်ရိုက်ပြောတာက ပိုကောင်းလိမ့်မယ်လို့ အကြံပေးချင်ပါတယ်…

commentinfo By: နှိုင်းခ at Aug 7, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment