Professional Authors
ဖတ်ပြီး အကြံပေးပါနော်…………
ကျွန်မ ပြီးခဲ့တဲ့ တပတ်က ဆရာကောင်းသန့်ရေးထားတဲ့ဆောင်းပါးလေးတပုဒ်ကိုဖတ်ခဲ့ရလို့ပြန်ပြီး
ဝေမျွှချင်ပါတယ်.
ဆရာကဒီဆောင်းပါးလေးထဲမှာမြန်မာလူမျိုးတွေစာဖတ်အားနဲတဲ့အကြောင်းလေးကိုတင်ပြသွားပါတယ်….
ကျွန်မအရမ်းနှစ်သက်မိခဲ့တယ်………….
ဆရာကပုံဥပမာလေးနဲ့ပြောသွားပါတယ်……… ဒီထဲမှာမှ ကျွန်မတို့နိုင်ငံမှာစာဖတ်အားဘယ်လောက်နဲသလဲဆိုတာကိုထုတ်ဝေတဲ့စာအုပ်တွေနဲ့ယှဉ်ပြပါတယ်….. သူများနိုင်ငံတွေမှာဆိုရင် စာအုပ်အသစ်ထွက်ရင်ပုံနှိပ်ရတဲ့အရေအတွက်က အုပ်ပေါင်း သန်းနဲ့ချီထုတ်ရပါတယ်.
ကျွန်မတို့နိုင်ငံမှာတော့စာဖတ်တဲ့သူတိုင်းလဲသိမှာပါ …. တခါထုတ်ဝေရင်အုပ် 5000 ထက်မကျော်ပါဘူး … ဒီမှာတင်စာဖတ်အားကွာဟတယ်ဆိုတာသိသာပါတယ်……….. အလိမ္မာစာမှာရှိဆိုတဲ့အတိုင်း စာဖတ်အားကောင်းတဲ့သူနဲ့ စာဖတ်အားနဲတဲ့သူရဲ့ကြီးပြင်းပုံခြင်းလဲကွာခြားပါတယ် ….. ခုနောက်ပိုင်းဆိုပိုပြီးဝမ်းနဲစရာကောင်းလာပါတယ်…. အင်တာနက်တွေ . ဂိမ်းဆိုင်တွေ… ဗီဒီယိုတွေမှာပဲ ယနေ့ခလေး . လူငယ်တွေဟာအချိန်ဖြုန်းလာတာတွေ့ရပါတယ်……… ဒီတော့ စာကြီးပေကြီးထား … စာအုပ်အငှားဆိုင်မှာတောင် ငှားအားကျဆငိးလာပါတယ်……… ဒါနဲ့ပတ်သက်ပီး ပြောပြချင်ပါတယ် … တခါတုံးက ဆင်းရဲပီး သူများအိမ်မှာ အိမ်ဖော်လုပ်တဲ့အမျိုးသမိးတယောက်ပါ…… သူမမှာ သားနှစ်ယောက်ရှိပါတယ်…….. တနေ့တော့ဒီအမျိုးသမီးကြီး ဟာ ချမ်းသာတဲ့အိမ် သုံးအိမ်မှာ အလုပ်လုပ်ပါတယ်…. သူမဟာ အိမ်တိုင်းမှာ စာကြည့်ခန်းသတ်သတ်ရှိတဲ့အိမ်ရယ် ….. နံရံအပြည့်စာအုပ်တွေကိုစာကြည့်တိုက်အလား ပြည့်နေတဲ့အိမိတွေချည်းပါပဲ…. ဒါနဲ့သူမဟာအရမ်းစိတ်ဝင်စားသွားပီး မေးပါတယ်….. ဒီစာအုပ်တွေဟာဘာလုပ်ဖို့လဲ ပေါ့…. ဒီတော့အိမ်ရှင်တွေကဖြေပါတယ်……သူတို့ဒီလိုချမ်းသာကြီးပွားပီး နေနိုင်လာတာဟာဒီစာအုပ်တွေထဲကကြောင့်လို့ပြောပါတယ်…….ဒါနဲ့သူမလဲအိမ်ပြန်…. နောက်တနေ့မှာသူမရဲ့သားနှစ်ယောက်ကို ဆွဲပီး စာကြည့်တိုက်ကိုခေါ်သွားပါတယ်….. စာကြည့်တိုက်မှုးကိုသေချာအပ်ပီး သူတို့စိတ်ဝင်စားရာစာအုပ်တွေကိုသေချာလေ့လာစေပါတယ်…. ဒါပေမဲ့သူ့သားနှစ်ယောက်ကိုဘာမှာထားလဲဆိုတော့ဖတ်ပီးတိုင်း မှတ်ချက်တိုလေးတွေရေးပေးဖို့ပြောထားတယ်…. ဒီတော့သားနှစ်ယောက်ကလဲနေ့စဉ်ဖတ်ပီးတဲ့စာအုပ်တွေထဲကမှတ်ချက်လေးတွေရေးပီးသူတို့မိခင်ကိုပေးကြပါတယ်……….. ဒီလိုနဲ့သားနှစ်ယောက်ဟာ ကြီးပွားလာကြပါတယ်……. တနေ့တော့သူ့သားနှစ်ယောက်ကသူတို့ငယ်စဉ်ထဲကသိပ်သိချင်တဲ့အရာကိုမိခင်ကြီးကိုမေးကြပါတယ်…
ဘာလဲဆိုတော့ ” အမေ … နေ့တိုင်းကျွန်တော်တို့စီက ယူထားတဲ့ မှတ်ချက်တိုလေးတွေအကြောင်းပြောပေးပါလို့တောင်းဆိုတယ်” …. ဒီတော့မိခင်ကြီးက အိမ်ထဲကိုဝင်သွားပီး အထုတ်လေးတထုတ်ယူလာတယ်…….ဖွင့်လိုက်တော့အထဲမှာသူတို့ပေးထားတဲ့စာရွက်တိုလေးတွေဖြစ်နေတယ်….. ဒီတော့အမျိုးသမီးကြီးကပြောတယ် ……… သားတို့ပေးတဲ့ဒီစာရွက်လေးတွေကိုအမေက မဖတ်တတ်ပါဘူးတဲ့………
ဒါပေမဲ့သားတို့စာဖတ်အားနည်းမှာစိုးရိမ်လို့နေ့တိုင်းမှတ်ချက်ရေးပေးခိုင်းတာပါတဲ့ ……… ကျွန်မဒီအမျိုးသမီးကိုသိပ်ကြိုက်တယ်……….. သူ့လိုစာမတတ်တဲ့အမျိုးသမီးကတောင်အားပေးနိုင်သေးရင်ကျွန်မတို့လိုဘွဲ့ရပညာတတ်တွေက ကိုယ်ကိုယ်တိုင်လဲ မဖတ်………. နောင်လာမဲ့အမျိုး သားကောင်းသမီးကောင်းတွေကိုလဲ အားမပေးရင် ၀မ်းနဲစရာအင်မတန်ကောင်းပါတယ်………….
ကျွန်မ က ခရီးသွားလုပ်ငန်းတခုမှာအလုပ်လုပိပါတယ်…………. တခါတလေ ကျွန်မ နိုင်ငံခြားသားဧည့်သည်တွေကိုကြိုရပါတယ်……… သူတို့တွက် ခရီးစဉ်အစအဆုံးကိုစီစဉ်ပေးရတာပါ….. ဒီမှာဘာတွေ့လဲဆိုရင် လာတဲ့နိုင်ငံခြားသားဧည့်သည်လူကြီးတွေကိုမပြောနဲ့ …………..ခလေးတွေတောင်စာအုပ်ကိုယ်စီနဲ့စာဖတ်ချိန်ကိုလုတာတွေ့ရပါတယ်…. ဒါကြောင့်လဲအသိပညာပိုင်းဆိုင်ရာတိုးတက်ခြင်းပါ………. ဒီတော့နိုင်ငံတနိုင်ငံတိုးတကိဖို့ တင်မကပဲ….. ကိုယ်ကိုယ်တိုင်……..ကိုယ်မိသားစုတိုးတက်ဖိှု့ … နိုင်ငံတကာနဲ့ရင်ဘောငိတန်းနိုင်ဖို့ အလိမ္မာစာမှာရှိဆိုတဲ့အတိုင်း စာများများဖတ်ဖို့တိုက်တွန်းချင်ပါတယ်…………….
မှတ်ချက်…………. အမှားပါရင်နားလည်ခွင့်လွှတ်ပေးပါနော်………………..
In: ဆောင်းပါး Posted By: Date: Sep 11, 2010
Comment #1
သိလိုစိတ် တတ်လိုစိတ် သင်ယူလိုစိတ် တွေ နည်းကြလို့ ဖြစ်မှာပါ…..
ဘာကြောင့် သင်ယူလိုစိတ်တွေ နည်းကြလဲ
ဘာကြောင့် တတ်လိုစိတ် သိလိုစိတ်တွေ နည်းကြလဲ
တချို့လဲ စာဖတ်တာ စိတ်ကူးယဉ်ဖို့ စာဖတ်တာတွေလဲ ရှိသေးတယ်နော်….
အော် ….အမျိုးမျိုးပါဘဲလေ……
ကျနော်လဲ ဘာကြောင့်ဘဲ စာဖတ်ဖတ် ၊ စာများများဖတ်ဖို့ တိုက်တွန်းချင်ပါတယ်။
commentinfo By: kyansitthar101 at Sep 12, 2010
Comment #2
စာဖတ်ဘို့တိုက်တွန်းတာ သိပ်ကောင်းတဲ့အကြံလေးပါ။
မှန်ပါတယ်လူတိုင်းစာဖတ်ဘို့လိုပါတယ်။
မြန်မာပြည်မှာလဲ စာဖတ်သူတဲ့သူတွေရှိပါတယ်။
ထုတ်ဝေတဲ့စာအုပ်အရေအတွက် ကိုကြည့်ပြီး စာဖတ်သူနည်းတယ်များတယ်တော့သေချာပေါက်ပြောလို့မရပါဘူး။။
အပွင့်လင်းဆုံးပြောရရင် မြန်မာပြည်က ထုတ်ဝေသူတွေက အမြန်ခွန်ရှောင်နိုင်ဘို့အတွက် ထုတ်ဝေတဲ့စာအုပ်အရေအတွက်ကိုလျှော့ရိုက်ထားတယ်ဆိုတာလဲ မငြင်းနိုင်ကြပါဘူး။
နောက်စာအုပ်အငှားဆိုင်တွေမှာငှားဖတ်ကြပါသေးတယ်။
ကျနော်ကိုယ်တိုင်လဲ စာအုပ်ဆိုင်ကငှားဖတ်တဲ့သူပါ။
တစ်အုပ်သုံးထောင်ဆိုရင် ၀ယ်ဖတ်ရင် တစ်အုပ်ထဲအပိုင်ရမယ်။
ငှားဖတ်ရင် တအုပ်300ဘဲငှားခပေးရမယ်ဆိုရင် 10အုပ်ဖတ်လို့ရတယ်ဆိုတဲ့တွက်ချေနဲ့ပါ။
အင်တာနက်ဆိုင်မှာလဲစာဖတ်ချင်ရင်ဖတ်လို့ရနိုင်ပါတယ်။
ကျနော်အလုပ်ကကလေးမလေးတွေဆိုရင် အင်တာနက်က ကူးလာတဲ့စာတွေကို ဖတ်ကြပါတယ်။
စာဖတ်သူလဲ ရှိ မဖတ်သူလဲရှိ မဖတ်သူတွေအားလုံးစာဖတ်လာရင်တော့ သိပ်ကောင်းတာပါဘဲ။
ဒါပေမယ့် စာကြီးပေးကြီးတွေကို သာ မဖတ်လို့ ပြောနေကြတယ် တစ်ချို့ကစာရှည်ရှည်ရေးရင်တောင် တိုတိုရေးပါလို့ တိုက်တွန်းသူတွေရှိနေတော့ စာကြီးပေးကြီး တွေရေးဘို့ခက်နေကြပါတယ်။
Comment #3
ကိုပေါက်လိုစာရေးကောင်းတဲ့သူကကျွန်မလိုအရည်အချင်းမရှိပဲေ၇းတဲ့သူရဲ့စာအောက်မှာ comment ပေးတဲ့တွက်ဂုဏ်ယူပါတယ်….. ကျွန်မဆိုလိုတဲ့သဘောကိုကိုပေါကိသဘောမပေါက်တာတွေ့ရလို့ ကျွန်မကိုယ်ကျွန်မစာရေးတာအရမ်းညံ့တာသိရပါတယ်……….ကျွန်မကင်္ဒအကြောင်းအရာလေးကိုဆရာကောင်းသန့်ရေးထားတဲ့ထဲကဖတ်ရတာကိုမျှဝေတာပါ………. ကျွန်မတို့ငယ်ငယ်ကနဲ့အခုယှဉ်ရင် အများကြီးလဲစာဖတ်အားဟာလျှော့လာပါတယ်… ဒါကိုကျွန်မ ကဆရာ့အမြင်လေးကိုသဘောကျလို့ရေးထားတာပါ….. ဘယ်သူတဥိးတယောကိကိုမျှမဝေဖန်ပါဘူး…………. ကျွန်မတို့ကိုယ်တိုင်လဲအင်တာနက်မှာစာရေးတာ … စာဖတ်တာ ငွေကိုချွေတာပြီးဖတ်ရသူတွေပါ………. ကျွန်မလဲဝယ်ဖတ်ပို့မတတ်နိုင်တဲ့သူပါ………အင်မတန်ကြိုက်ရင်တောင်ကိုယ့်ငွေကိုပြန်ကြည့်ရတာပါ……. ဘယ်တော့မှလဲဝယ်မဖတ်နိုင်ပါဘူးးး…………. မြန်မာပြည်မှာ ခုခေတ်ခလေးတွေနဲ့ ကျွန်မတို့ငယ်ငယ်ကနဲ့အကွာကြီးကွာလာပါင်္ပီ………… တော်တော်များများဟာ အင်တာနက်နဲ့ဂိမ်းဆိုင်တွေမှာအချိန်ဖြုန်းတဲ့သူတွေကိုရည်ရွယ်ပီးသိစေချင်တဲ့စေတနာသက်သကိပါ………. တခြားဘာကိုမှမရည်ရွယ်ပါ……….. အမှားပါတယ်ဆိုလဲတောင်းပန်ပါတယ်.
commentinfo By: May Kha at Sep 13, 2010
Comment #4
ဝင်ရောက်ဆွေးနွေးပေးတဲ့ kyansitthar101 ကိုလဲံကျေးဇူးတင်ပါတယ်……….
commentinfo By: May Kha at Sep 13, 2010
Comment #5
စာများများ​ဖတ်သ​င့်​တယ်ဆို​တာ​ကို​ေ​တာ့​အျ​ပ​ည​့္​အဝေ​ထာက္ခံ​တ​ယ​္ မာ​မီ​ေ​ရ..
ဘာ​လို​႔​လဲဆို​ေ​တာ့ သမီး​ငယ္ငယ္တု​န်း​က စာ​အု​ပ်ေ​တာ်ေ​တ်ာများများ ဖတ်ဖြစ်တယ်
အမျိုး​အစားေ​ပါ​င်း​စုံ​ပဲ.. ၂ တန်းနှစ်ထဲ​က စာ​စ​ဖတ်ခဲ့​တာ
အဲ့​မှာ​ဖတ်ရ​င်း​နဲ့​ ..ေ​ခါ​င်း​ထဲ​ရိုက်သွ​င်ြး​ပီး​သားြ​ဖစ်သွား​တာ​က
ဇတ်လိုက်ဆို​တာ စိတ်ထားေ​ကာ​င်း​တ​ယ်.. စိတ်ထားြ​ဖူ​စင်လို့
သူ့​​ကို​လူ​တို​င်း​ကချ​စ်ြ​က​တ​ယ် .. လူ​တို​င်း​က​ပစ်ပယ်ခံ​ထား​ရ​တဲ့​ဇ​တ်ေ​ကာ​င်ြ​ဖ​စ်ေ​နရ​င်ေ​တာ​င်
ေ​နာက္ဆံုး​မွာ သူ​ကေ​အာ​င်ြ​မင်သွား​တ⁠တ်ေ​တာ့ .. စိတ်ထဲ​မှာ အလိုလို စိတ်ထားြ​မ​င့်ြ​မတ်ရ​မယ်လို့
commentinfo By: pachi at Feb 7, 2011
Leave Comments
Name*
Email*
Website
Email me whenever there is new comment