တတိယလှိုင်း သက်ရောက်မှုများ
21ရာစုတဲ့….တတိယလှိုင်းတဲ့…ပညာခေတ်တဲ့…ဒီစကားလုံး (၃)လုံးဟာဖြင့် ကျွန်မတို့ လူ့အသိုင်းအ၀ိုင်းရဲ့
ပါးစပ်ဖျားမှာ အတော်ကိုလှုပ်ခတ်နေတဲ့ စကားလုံးတွေပါ
ခေတ်တိုင်းခေတ်တိုင်းမှာ ခေတ်ကိုအမှီလိုက်ရတဲ့ ပြဿနာဟာ မရိုးနိုင်တဲ့ တထောင့်တညပုံပြင်တွေလိုပါပဲ
ကျောက်ခေတ် မီးကို စတင်တွေ့ရှိခဲ့တဲ့ လူတွေ
လျှပ်စစ်မီးကို စတင်တီထွင်သူ အက်ဒီဆင်တို့တွေဟာ ခေတ်တခေတ်ကို ဘယ်လိုလက်ခံလာအောင်
သူတို့ တည်ဆောက်ခဲ့ကြသလဲ ဒါ ကျွန်မတို့ တွေးကြည့်ရမှာပါ
သူတို့ဟာ ခေတ်ပြောင်းတော်လှန်ရေးကို ဦးဆောင်ခဲ့ကြတယ်ဆိုတာ ကျွန်မတို့ မငြင်းနိုင်ပါဘူး
ပညာခေတ်မှာ လူတွေက ပညာကို အရူးအမူးသင်ကြတယ်
သူတို့ဘ၀တွေရဲ့ ထက်ဝက်လောက်ဟာ ကျောင်းတက်ရင်း ကုန်ဆုံးကြတယ်
ဒီမှာ ပညာလို့ ပြောလိုက်တာနဲ့ ငွေကြေးဟာလည်း မပါမဖြစ်ပစ္စည်းတခုအနေနဲ့ ထည့်စဉ်းစားကြရပြန်တယ်
မြန်မာပြည်ရဲ့ အလွတ်ကျက်ပညာရေးကို ကျွန်မတို့ဘ၀တလျှောက်လုံးမှာ ကြုံတွေ့ခဲ့ကြတယ်
နောက်ထပ် generation တွေ အများကြီးလည်း ဆက်ကြုံတွေ့နေရဆဲပဲ
အခု အစိုးရပိုင်းက private education ကို တရားဝင် ခွင့်ပြုလိုက်တဲ့ အချိန်မှာ
ကျွန်မတို့မှာ ညီမျှခြင်း အသစ်တခုကို ဖော်ထုတ်ရမလို ဖြစ်သွားတယ်
ပညာ = ငွေကြေး
ဟုတ်တယ် …ငွေ မရှိရင် ကောင်းမွန်တဲ့ ပညာရေးစနစ်ကို ကျွန်မတို့ မရနိုင်ဘူး
အခု နာမည်ကြီးနေတဲ့ private ကျောင်းတွေရဲ့ ကျောင်းလခဟာ တလ တလ ဆယ်ချီနေတဲ့
ငွေကြေးပမာဏရှိတယ်
ထမင်းနပ်မှန်ဖို့အလေးထားနေရတဲ့ ထူးချွန်ကလေးတွေဟာ လုံလောက်တဲ့ သင်ကြားမှု မရကြရှာဘူး
စီးပွားရေး ပေါ်လစီအရ ကျွန်မတို့နိုင်ငံရဲ့ ဆင်းရဲနှုံချာမှုဟာ အခွင့်ထူးခံလူသားတွေကလွဲလို့
နိုင်ငံသားတော်တော်များများ သာမန်လက်လုပ်လက်စားအဆင့်အတန်းပဲ ရှိတယ်
ဆင်းရဲခြင်းဟာ အပြစ်မဟုတ်ဘူးဆိုပေမဲ့လည်း အခု ကျောင်းကောင်းကောင်းမှာ တက်နေတဲ့ ကလေးတွေဟာ
လူ့မလိုင်တန်းစားတွေများတယ် သူတို့ဟာ ဆယ်တန်းမှာ မေးခွန်းဝယ်နိုင်တဲ့ ဘော်ဒါအကောင်းစားတွေတက်
အလွတ်ကျက် ဂုဏ်ထူးပါ အမှတ်ကောင်းကောင်း ကျောင်းကောင်းကောင်း ကားကောင်းကောင်း
ဖုန်းကောင်းကောင်း ကိုယ်ပိုင် ကွန်ပျူတာ တလုံးစီနဲ့
ကျောင်းလာလိုက် လစ်လိုက် ဒီဆရာမ မေးခွန်းထုတ် ဒီဆရာမပဲ ပြန်စစ်တဲ့အခြေအနေမှာ
ဒီကလေးတွေရဲ့ ဘ၀ရည်မှန်းချက်ဆိုတာ ဘာလဲ
ဘယ်နိုင်ငံကြီးကို ဘယ်ပညာနဲ့ တည်ဆောက်မလဲ…..ကျွန်မတို့ စဉ်းစားဖို့တော့ လိုနေပြီ

 Home
Home Post Masterpiece
Post Masterpiece Register
Register Login
Login



 
 