Professional Authors

“ဟန်ဆောင်ယဉ်ကျေးမှု”

“ဟန်ဆောင်ယဉ်ကျေးမှု”

“အမျိုးသားကောင်း ယဉ်ကျေး၏” ဟု ပြောသောစကားကြားဖူးပါတယ်…ဖတ်လည်းဖတ်ဖူးတယ်။ ဒါပေမဲ့ ယဉ်ကျေးမှု အပြည့်ရှိနေပါက အမျိုးကောင်းခြင်း၊မကောင်းခြင်းအပေါ် နောက်ပြန်စရာမလိုဘူးလို့တွေးရင်ကော ရနိုင်မလားတော့ မသိဘူး?

ပတ်ဝန်းကျင်မှာတော့ ယဉ်ကျေးမှုရှိခြင်း/မရှိခြင်းကို အရေးတယူကောလိုက်နာကြလား?

အပြောအဆို၊ ၀တ်စားဆင်ယင်မှုကအစ လူနေထိုင်မှုနှင့် အခြားယဉ်ကျေးမှုများစွာပင်…..”ဟန်ဆောင်ယဉ်ကျေးမှုရှိနေ ကြတာကိုကော သိနိုင်မလား?”

(နည်းနည်းလောက်တော့ စိတ်ရှည်ရှည်လေးဖတ်ပေးပါဗျာ၊ ကျနော်ပြောချင်တာက လိုရင်းမရောက်သေးလို့ပါ၊)

ယဉ်ကျေးမှုထဲမှာ- ကိုယ်နှုတ်အမူအရာဝတ်စားဆင်ယင်မှု၊  ပေါင်းသင်းဆက်ဆံရေးနှင့်ကိုယ်ချင်းစာတရားမှာအလွယ် တကူမြင်သာပါတယ်။။။ ပါးစပ်ကထွက်လာမဲ့စကားကတော့ လူတိုင်းအတွက်အမြင်သာဆုံးယဉ်ကျေးမှုစံလို့ပြောရမည်။ ဒါကြောင့် စကားကြမ်းလျှင်ရိုင်းပါသည်။ မယဉ်ကျေး၊ အောက်တန်းကျသည်ဆိုသည်အထိ လူတွေကကောက်ချက်ချကြ သည်။

ကျနော်တို့ပတ်ဝန်းကျင်မှာ ကိုယ်နှုတ်ယဉ်ကျေးရုံဖြင့်ပင် သြဇာသက်ရောက်မှုကမနည်းပါ။ အဲ့ဒါကိုကြည့်ချင်းအားဖြင့် Marketing ဆင်းတဲ့ဈေးရောင်းသမားက အပြောကောင်းနှင့်ရောင်းမည်။ Preacher လို့ခေါ်တဲ့အဟောသမားကလည်း စကားကိုချောသထက်ချောအောင်တန်ဆာဆင်မည်။ လုပ်ငန်းခွင်တွေမှာလည်း ဆရာက တပည့်ကိုချော့မော့ခိုင်းမည်။ တပည့်ကလည်းဆရာကိုမျက်နှာချိုသွေးမည်။နေရာတိုင်းမှာကိုယ်ကလေးရို့၊လက်ကလေးတွေနောက်ပစ်ပြီးခေါင်းလေးငုံ့

လိုက်နာမှုတွေရှိနေတာပေါ့။ နေရာတိုင်းမှာလည်း ပုခုံးလေးပုတ်၊ ကျောကလေးသပ်ပြီးပြုံးပြုံးကလေးနှင့်အမိန့်ပေးသူ တွေလည်းရှိနေမည်၊အားလုံးအဆင်ပြေနေသမျှတော့ကျက်သရေမင်္ဂလာရှိနေမှာပါ။အထက်တန်းကျသည့်လူ့မှုဆက်ဆံရေး

ကြောင့်နှစ်ဦးနှစ်ဖက်ကြားလူပတ်ဝန်းကျင်အတွင်း ပဋိပက္ခတွေ ကင်းသထက်ကင်းနေမည်မှာ သေချာသလောက်ပဲ။

တစ်ခုသာ သတိထားဖို့လိုသည်။ ကျနော်တို့ ကျင့်သုံးနေတဲ့ယဉ်ကျေးမှုက ရင်ထဲက လာဖို့ပါ။

“အမြင်ကောင်းရုံ၊ကိုယ်နှုတ်ထိန်းပြီး၊အများတကာမှတ်ချက်ပေးခံချင်သည့်အခြေအနေကြည့်လိုက်နာသည့်ယဉ်ကျေးမှု”ကိုတော့ အသုံးမချမိဖို့တော့လိုပါလိမ့်မယ်။

“နှုတ်ချိုသျှိုတစ်ပါး” ဆိုသည်လောက်ကိုသာလက်ကိုင်ထားပြီး အပြောကောင်းကောင်းနှင့်နေရာတကာမာယာများလွန်း သည့်ယဉ်ကျေးမှုအတုတွေကိုလည်းရှောင်နိုင်ရပါလိမ့်မယ်။ ယဉ်ကျေးမှုသည်ကျနော်တို့ပတ်ဝန်းကျင်မှာရှိတဲ့ယဉ်ကျေး တဲ့သူတွေထဲမှာသာ နေရာရနေမည်မှာတော့ သေချာပါသည်။

သို့သော်………..

အရေခြုံထားသည့်ဝံပုလွေတစ်ကောင်ကို သိုးအုပ်ကဖူးဖူးမှုတ်၍ ဧည့်ဝတ်ပြုနေမည်မဟုတ်ပါ။ အရေခြုံထားရခြင်းမှာ  အချိန်တန်လာသည်နှင့်အမျှကွာကြမည်မှာသေချာနေပါသည်။ ကိုယ်နှုတ်အမူအရာမှာ ရင်ထဲကမပါဘဲ၊ မေတ္တာတရား ခေါင်းပါးနေလျှင်၊ဟန်ဆောင်ရုံသက်သက်ပင်ဖြစ်နေပါမယ်၊ ဘယ်တော့မှအထက်တန်းမကျပါ. အထက်တန်းကျသည့် ယဉ်ကျေးမှုတွင် ဟီရိသြတ္တပ္ပတရားနှင့်ဗြဟ္မစိုးတရားလေးပါးမရှိမဖြစ်လက်ကိုင်ထားရပါမည်။

ကိုယ့်အလိုဆန္ဒတစ်ခုကြောင့်ဟန်ဆောင်ထားသည့်ယဉ်ကျေးမှု၊ အလိုမကျသည်နှင့်တစ်ပြိုင်နက်အရိုင်းအစိုင်းတွေဖြစ် ပြောင်းလဲသွားသည့်ယဉ်ကျေးမှုကို သူငယ်ချင်း၊မိတ်ဆွေများကြား၊လူပတ်ဝန်းကျင်တွင် ကျနော်တို့တွေ့နေရမှာပါပဲ…..

လူ့ယဉ်ကျေးမှုသည့်အချိန်အခါရာသီလိုက်ပြီး အရေခွံလဲတတ်သည့်သတ္တ၀ါမဟုတ်ပါ။ စိတ်အထာမကျသည်နှင့်ဒေါသ ကိုမထိန်းနိုင်ဘဲဗီဇရုပ်ကဘူးပေါ်သလိုပေါ်လာလျှင်တော့ဟန်ဆောင်ကောင်းလွန်သည့်ယဉ်ကျေးမှုအဆင့်သာရှိနေပါဦး မယ်။ နှုတ်ကချို၊ အပြောကပို၊ ၀တ်စုံသေသပ်ကျနနေသော်လည်း စိတ်နှင့်အထာမကျသည်နှင့် ဟန်ဆောင်ထားပါက ဗီဇစိတ်မှ ဘီလူးကထွက်လာမြဲဖြစ်နေမှာပါ.၊

ဟန်ဆောင်ထားသည့်ယဉ်ကျေးမှုနှင့် ကိုယ့်ကိုယ်ကိုယ်မလှည့်စားချင်သလို ကျနော်တို့မိတ်ဆွေသူငယ်ချင်းအပေါင်းအ သင်း၊ လူပတ်ဝန်းကျင်ထဲမှာလည်း အရေခြုံပြီးမ၀တ်မိဖို့ သတိထားဆင်ခြင်နိုင်ကြပါစေဗျာ

သို့မဟုတ်ပါက………………………………………………….။

 

ညအလင်္ကာ

 

In: ဆောင်းပါး Posted By: Date: Aug 24, 2010
Comment #1

ဟန်ဆောင်မျက်နှာဖုံးနှင့်ဟန်ဆောင်အပြုံးများကျမရုံးမှာများမှများ..
ခလုတ်မတိုက်မိအောင်ရှောင်ရသည်။
လိုချင်တာရှိရင်ဟန်ဆောင်မျက်နှာဖုံးအပြုံးနှင့်
မရှိတော့ရင်..ပခုံးတောင်ဝင်တိုက်ချင်
အော်…………..လောကလောက

commentinfo By: myanadi at Aug 25, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment