Professional Authors

သမီးများ ၊ သမီးရှင်များ နှင့် သားရှင်များ သိစေရန်

ကောင်မလေးတွေကို ကောင်လေးတွေစာပေးတာတို့ စကားလိုက်ပြောတာတို့က ခုမလိုတော့ဘူး ခုချိန်က တို့ယောက်ျားတွေ ဈေးတန်တဲ့ခေတ်
21 ရာစုမှာ မိန်းမတွေရင်ထုပြီးရင်လင်လုရမယ်
ထို့ကြောင့် သားကညာ အခါမလင့်အောင် ကောင်မလေးတွေ ကိုရီးယားလိုတစ်မျိုး
တရုတ်လိုတစ်ဖုံ အင်္ဂလိပ်လိုတစ်သွယ် ရည်းစားစကားပြောနည်း သင်ထားကြရန် အထူးလိုအပ်နေပြီဖြစ်သည်
တက်ရောက်ပညာသင်ကြားသင့်သောသင်တန်းများ

၁။ ။ ကိုရီးယားရည်းစားလုနည်း
၂။ ။ တရုတ်အိမ်ထောင်ရေး
၃။ ။ တလင်မရတလင်ပြောင်းနည်း
၎။ ။ ရေလာပင်လယ်ဖောက်လင်ကောက်နည်း
၅။ ။ စွဲစိနည်း
၆။ ။ ယောက်ခမအကြိုက်အလိုက်ဆောင်သားတောင်းနည်း
၇။ ။ မရမကအိမ်ပေါ်တက်နေနည်း
၈။ ။ မင်္ဂလာသတို့သမီးနေရာဝင်လုနည်း ( ဆုဖုရားလတ်လည်းသုံးဖူးတယ်)
၉။ ။ ယောက်ျားခိုးပြေးနည်း
၁၀။ ။ တင်တောင်းနည်း (ဒါကတော့ ချမ်းသာဖို့လိုတယ်)
၁၁။ ။ ငိုယိုတောင်းနည်း (ကလေးများထံမှသင်ထားကြရန်)
၁၂။ ။ မတွေ့က တခုလပ်မကျန် မုဆိုးဖိုအဆုံး ကတုံးပါ အသုံးချရန် (ကန်တော့ကန်တော့ ဘုန်းဘုန်းများသတိထားပါ )
၁၃။ ။ သားမွေးသည်သတင်းကြားရင်ဆေးရုံသွားခိုးရန်
၁၄။ ။ ကြက်ကို ဥမှ အကောင်ဖောက် သည်ထိ ကြည့်ကာ ဥဖောက်နည်းသင်ထားရန်( ထမင်း နဲ့ ကြက်ဥကြော်တတ်အောင်)

သားရှင်မိခင်များပြုလုပ်ထားသင့်သည့်အချက်များ

၁။ ။ ဆန်တစ်အိပ်နဲ့ မန်းလေးတောင်အသွားစရိတ်
၂။ ။ အိမ်တွင်းပိတ် သားများသော့ခတ်သိမ်းထားရန်
၃။ ။ မ ဆိုလျှင် သားရှေ့ ခြေမပင် ငုံ့မကြည့်မိရန်
၎။ ။ ခါးတောင်းကြိုက်တတ်ရန် (လိုအပ်ရင်ပြေးရမှာ သမီး၇ှင်မိဘတွေက ခုတောင်….)
၅။ ။ စိန်တစ်ဆင်တင်တောင်းသော မိန်းကလေးများကို မပေးမိစေရန် (ဈေးနည်းသောကြောင့်)
၆။ ။ မြေအောက်ခန်းထားထားကြရန် (ပုန်းခိုနိုင်ဖို့)
၇။ ။ ရက်ကွက်ထဲတွင်ပလာတာမှအစ မုန့်ပစ်သလပ် အဆုံးရောင်းသည့်ဆိုင်များသို့ အသွားအလာမရှိစေရန်
၈။ ။ မိန်းကလေးများကို ခေါင်းခေါက်ရွေးတတ်ရန် သားနှင့်အတူ သင်တန်းတက်ထားရန်( ထို သင်တန်းကို ကျွန်တော့်သူငယ်ချင်းဦးစီးကာ တိုးတိုးတိတ်တိတ် ဖွင့်နေပါပြီ ) ( မိန်းကလေးများမသိစေချင်လို့)
၉။ ။ လာတောင်းသောမိန်းကလေးတို့အား စာမေးပွဲစစ်ဆေးရန်( ဆေးစစ်ဖို့လည်း မမေ့နဲ့နော် အဟိ)

သမီးရှင်မိဘများ ပိုင်ဆိုင်သင့်သည့်အချက်များ

၁။ ။ သားတွေ့လျှင် အိုအိုပျိုပျို အမြန်ပေးစားရန်
၂။ ။ အသက်ကြီးအသက်ငယ်မခွဲခြား တွေ့လျှင် သမီးများကိုစွဲစိ ခိုင်းရန်
၃။ ။ ယောက်ျားလေးဘော်ဒါဆောင်များသို့ ကိုယ်တိုင်ကိုယ်ကျ လိုက်ပို့ပေးရန်
၎။ ။ သမီးများကို လက်ဝတ်ရတနာများဆင်ထားရန် (တွေ့တာနဲ့ခိုးပြေးလို့ရအောင်)
၅။ ။ လိုအပ်ရင် ကိုယ်တိုင်ကိုယ်ကျ တစ်အိမ်တက်တစ်အိမ်ဆင်း ယောက်ျားတောင်းပေးရန်
၆။ ။ အိမ်တွင် ကာယဗလပုံများ ကပ်ထားရန်(ကြီးလေကောင်းလေ)
၇။ ။ အိမ်တွင် အင်တာနက်နှင့် ဆက်သွယ်ရေးအဆုံအလင်ထားရှိစေရန်။(ဝင်လာသောသူ လိပ်စာမေးကာ အိမ်သွားခိုးခိုင်းရန်)
လိုအပ်သောပစ္စည်းများ—–1.စာရွက်နှင့်ခဲတံ
2.အိမ်ဖုန်း
3. ဟမ်းဖုန်းနှင့် အသံဖမ်းထောက်လှမ်းရေးဆက်
4.ကွန်ပြူတာနှင့် အင်တာနက်
5.ကား(ဈေးကြီးလေကောင်းလေ)
၈။ ။ လုံးဝမဖြစ်နိုင်တော့လျှင်အရေးပေါ်အခြေအနေအဖြစ် ကိုယ်တ်ုင်ကိုယ်ကျ သူတောင်းစားတောင်းတောင်းရန်(အဟိ )

သားတိုက ဘုန်းနဲ့ကံနဲ့ ရွှေသဇင် ယောက်ျားလေးများ တတ်ထားသင့်သည့်အချက်တွေကထည့် ပြောစရာလိုဘူးထင်ပါတယ်
တတ်တယ်မလား

မတတ်ရင်လည်းမေးမြန်းနိုင်ပါတယ်။ မေး မှာ လား မေးမယ့်သူကို တိုးတိုးတိတ်တိတ် ဖုန်းနံပါတ်ပြောပြမယ်
ကောင်မလေးတွေ သိလို့ မဖြစ်လို့ ဟေ့

သတိ အထူးမှတ်ရန်* အခြောက်များရှောင်ပါ*
*ဟိုမိုဝေးဝေး ကျန်းမာရေး
မျှော်တွေး ကောင်မလေး
အဲဒါမှ ရှောင်ရရှားရ သက်သာနိုင်မည်လေ*
……………………………မြူမင်းသွင်

အပျော်သဘောမျိုးေ၇းထားတာပါ တိုက်ဆိုင်ရင်လည်း ခွင့်လွှတ်စရာမလို
တောင်းပန်မည်လည်းမဟုတ်
ဟုတ်တဲ့သူကလည်း လာမရှင်းပါနဲ့
မဟုတ်တဲ့သူလည်း မှတ်ထားဖို့ သိမ်းထား
ညအိပ်ရာဝင် သုံးခေါက်ရွတ်
မနက် ထရင် ငါးခေါက် ဖတ်
နေ့လည်ထမင်းစားရင်း လေးခေါက်ဆို
ညနေ လျှောက်လည်ရင် နှစ်ခေါက်ပြန်
ည ဇာတ်ကားမကြည့်ခင် ခုနှစ်ခေါက် ကြည့် ရန် အထူးမှာကြားအပ်ပါသည် မိန်းကလေးအပေါင်းတို့………….

…………………………..ကြည်ညို မှု မဲ့ လေးစားလျက်………ကောင်မလေးများသို့
မြူမင်းသွင်

In: ဆောင်းပါး Posted By: Date: Jul 15, 2010
Comment #1

မိုက်တယ်……..ဟဟ
ဆွဲစိနည်း ထင်တယ်
မရမရအိမ်ပေါ်တက်နေနည်း
ကောင်းလိုက်တာ သင်ထားရမယ်

commentinfo By: athaylay at Jul 15, 2010
Comment #2

အဟဲ ပျော်စေ ပျက်စေပါ
အမှားပါရင်တော့ခွင့်လွှတ်ကျနော်
အဟဲ ဟို ယောက်ျားလေးတွေ မေးချင်ရင်တော့မေးနိုင်ပါတ်ယ်

commentinfo By: မြူမင်းသွင် at Jul 17, 2010
Comment #3

ကောင်းပါတယ်….အားပေးလျှက်ပါ…

commentinfo By: aungaung at Jul 27, 2010
Comment #4

ကျေးဇူးပါဗျာ
ဟို အပျော် သဘောမျိုးရေးထားတာပါ
ဟီး ကောင်မလေးတွေ ရိုက်မှာကြောက်လို့
ဒါပေမဲ့ ယောကျာ်လေးတွေ မေးချင်တယ်ဆိုရင်တော့ 0291009154 ကို ဆက်လိုက်ပါဗျာ

Comment #5

ဟီး
အသစ်နော်အသစ်
ယောကျာ်းလေးတွေ ဒီကဗျာကို နှုတ်တိုက် အလွတ်ကျက်ထားကြပါ*ဟိုမိုဝေးဝေး ကျန်းမာရေး
မျှော်တွေး ကောင်မလေး
အဲဒါမှ ရှောင်ရရှားရ သက်သာနိုင်မည်လေ*
……………………………မြူမင်းသွင်

Leave Comments

Name*

Email*
Website
Email me whenever there is new comment