Professional Authors

ပြောင်းပြန်စီးသော မြစ်တစ်စင်း

 

ပြောင်းပြန်စီးသော မြစ်တစ်စင်း

 

မနေ့က တက္ကသိုလ် စာကြည့်တိုက် အပြန်လမ်း တစ်လျှောက်လုံး အတွေးတွေ နယ်ချဲ့လျက် အဝေးပြေး လမ်းမပေါ်ကို ငေးကြည့်နေမိပါတယ်။ မကြာခင် ကျောင်းနားသို့ ကျွန်တော်ဆီလာသော ကားလေး ဆိုက်ရောက်လာပါတယ်။ ကျောင်းနား ရောက်တော့ မမှတ်မထင် လွယ်အိတ်ထဲက ဖုန်းသံ ကျွန်တော် ကြားလိုက်ပါတယ်။ သူငယ်ချင်း တစ်ယောက်က ကျွန်တော်ကို လှမ်းခေါ်နေတာ ဖြစ်ပါတယ်။

အဲဒါနဲ့ ကျွန်တော် ဖုန်းကို ကောက်ကိုင်လိုက်ပါတယ်။ ဖုန်းထဲက သူငယ်ချင်းက မတွေ့တာ ကြာတော့ သတိရကြောင်းနှင့် ထွေရာ လေးပါးကို ပြောဖြစ်ကြပါတယ်။ အချိန် နည်းနည်း ကြာလာတော့ ကျွန်တော်တို့ အချင်းချင်း ဗဟုသုတလေး အချို့ကို ပြောဖြစ်ကြပါတယ်။

အဲဒီထဲမှာ သူငယ်ချင်း သူ ကိုယ်တိုင် ဖတ်မိထားတဲ့ အကြောင်းအရာလေးကို ပြောပြပါတယ်။ ဒါနဲ့ ကျွန်တော်လည်း သူ ပြောပြသည့် အကြောင်းလေးကို မှတ်သားပြီး ပြန်လည် တင်ပြလိုက်ပါတယ်။

တနေ့ အင်မတန် ဆင်းရဲလွန်းသော လူတစ်ယောက်က ယနေ့ ကမ္ဘာမှာ နာမည်ကြီးနေသော မိုက်ခရိုဆော့ ကုမ္ပဏီမှာ အမှိုက်သိမ်း တံမြက်လှဲ အလုပ် လုပ်ဖို့ရန် လျှောက်လွှာတင်ပြီး အင်တာဗျူး လုပ်ပါတယ်။

သူ့ကို အင်တာဗျူး လုပ်တော့ တာဝန်ရှိသူတွေက အမှိုက်သိမ်း တံမြက်လှဲ လုပ်ငန်းဆိုင်ရာတွေကို မေးကြပါတယ်။ တာဝန်ရှိသူတွေ မေးသော မေးခွန်းတွေ အားလုံးကို သူက ကောင်းမွန်စွာ ဖြေဆိုနိုင်ခဲ့ပါတယ်။

သို့သော် အမှိုက်သိမ်း တံမြက်လှဲ အလုပ်အတွက် ချက်ချင်း ဝင်၍ လုပ်ရန် မဖြစ်တော့ တာဝန်ရှိသူတွေက သူ့ကို တစ်ခု မေးလိုက်ပါတယ်။ ကောင်လေး မင်းမှာ Email address ရှိလားလို့ မေးလိုက်ပါတယ်။ ပြီးတော့ Email ရှိလျှင် အကြောင်းပြန်ပေး ပါမယ် လို့ တာဝန်ရှိသူက ပြောလိုက်ပါတယ်။

ဒါပေမဲ့ သူအနေဖြင့် ဘာပြောရမှန်း မသိအောင် ဖြစ်နေပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဆင်းရဲလွန်းတော့ သူ့မှာ Email address မပြောပါနဲ့…

Email ဆိုတာ ဘာလဲ မသိတော့ ကြားတောင် မကြားဖူးသည့်အတွက် သူက “ကျွန်တော်မှာ Email address မရှိပါဘူး” လို့ ပြန်လည် ပြောပြလိုက်ပါတယ်။

ဒါနဲ့ တာဝန်ရှိသူက “ဒီခေတ်ကြီးထဲမှာ ခေတ်မှီလာကြတဲ့ သူတိုင်း Email Address တွေ လူတိုင်း သုံးကြပါလျက် မင်းမှာ မရှိဘူးဆိုတော့ အလုပ် လုပ်ဖို့ တော်တော် စဉ်းစားရလိမ့်မယ်” လို့ သူ့ကို ပြန်ပြောလိုက်ပါတယ်။ အဲဒီလို တာဝန်ရှိသူက ပြောလိုက်ပြီးနောက် သူ့ကို ပြန်လွှတ်လိုက်ပါတယ်။

သူလည်း အလုပ်အကြောင်း တင်ပြပြီးနောက် ပြန်လည် ထွက်ခွာခဲ့ပါတယ်။ လမ်းတလျှောက် ထွေရာ လေးပါးတွေကို စဉ်းစားရင်း ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိအောင် ဖြစ်နေပါတယ်။ ဒါနဲ့ ဘောင်းဘီ အိတ်ထဲမှာ ပါလာသော ပိုက်ဆံ တစ်ဆယ်ကို ထုတ်ကြည့်လိုက်ပါတယ်။

အင်း…. ဘဝ တလျှောက်လုံး ပိုက်ဆံ စုငွေကို ပေါင်းကြည့်တော့ အားလုံး တစ်ဆယ်ပဲ ရှိပါလား လို့ တွေးတောမိပါတယ်။ ငါ ဘာလုပ်ရလျှင် ကောင်းမလဲ အကြံထုတ်မိနေပါတယ်။ အမှတ်မထင် လမ်းခုလပ်က ဈေးနားရောက်လာပါတယ်။ သူ အကြံတစ်ခု ရလာပါတယ်။

ဒါနဲ့ ကောက်ကာငင်ကာ ဈေးထဲက လက်လက်ဆက်ဆက် ဟင်းသီးဟင်းရွက်တွေကို သူရှိတဲ့ ပိုက်ဆံ တစ်ဆယ်နှင့် အကုန်လုံး ရသလောက် ဝယ်ယူလိုက်ပါတယ်။ ဈေးဝယ်ပြီး သူ ဈေးထဲက ပြန်ထွက်ခွာခဲ့ပါတယ်။ မကြာခင် ဈေးနှင့် မလှမ်းမကမ်း အိမ်လေးတွေဆီ သူရောက်သွားပါတယ်။ အလေ့အကျင့် မရှိတဲ့ သူ့ရဲ့ နှုတ်ခမ်းထက်က “ဟင်းသီးဟင်းရွက် ဝယ်ကြဦးမလား” ခင်ဗျား လို့ တံခါးခေါက်ကာ လှမ်းမေးလိုက်ပါတယ်။

ပထမ အိမ်သို့ရောက်သောအခါ သူကို ဈေးရောင်းသမားလို့ မထင်ပဲ ဆူပူလိုက်ပါတယ်။ သို့သော် သူ့ရဲ့ ဇွဲကို မလျှော့ပဲ နောက်ထက် တစ်အိမ်ကို ရောက်သွားခဲ့ပါတယ်။ အဲဒီအခါ ဈေးထွက် ပျင်းတဲ့ အိမ်သူနဲ့ တွေ့တော့ သူ ရောင်းသော ဟင်းသီးဟင်းရွက် အနည်းငယ် ရောင်းရပါတယ်။ ဒီလိုနဲ့ သူ ဝယ်လာတဲ့ ဟင်းသီးဟင်းရွက်တွေ အိမ်စဉ် တံခါးခေါက်ပြီး လိုက်ရောင်းတာ အဆင်ပြေသလို ပထမ ဝယ်လိုက်တဲ့ ငွေ တစ်ဆယ်ထက်မက နှစ်ဆ သူရလာခဲ့ပါတယ်။

ဒါနဲ့ မဖြစ်သေးဘူး ထက်ရောင်းဦးမယ်ဆိုပြီး သူ ရရှိလာတဲ့ ငွေ နှစ်ဆကို ကိုင်ကာ ဈေးထဲ ပြန်ဝင်လာပါတယ်။ ဟိုရောက်တော့ သူ့ရှိတဲ့ ပိုက်ဆံ အကုန်လုံး ဟင်းသီးဟင်းရွက် ဝယ်လိုက်ပြန်တယ်။ ပြီးတော့ အိမ်စဉ်လှည့်လည်၍ ဟင်းသီးဟင်းရွက် လိုက်ရောင်းပြန်တော့ ရရှိ ငွေ စုစုပေါင်းမှာ လေးဆ မြင့်တက်လာပါတယ်။

နောက်ပိုင်း သူ့ ဘဝ အခြေမရှိ ဖြစ်နေခဲ့တဲ့ ကာလတွေကို ကျော်လွန်၍ လက်တွန်းလှည်းလေးနှင့် ဈေးရောင်းသည့် သူဖြစ်လာခဲ့သလို တဖြေးဖြေး ပြောင်းလွဲအခါ ကားလေးနှင့် ဈေးရောင်းလာပါတယ်။ အဲဒီအချိန်မှာ သူ ကိုယ်တိုင် အနည်းငယ် ရပ်တည်နိုင်လာပါတယ်။

နှစ်တွေကြာလာတော့ သူ ကိုယ်တိုင် ကုန်ခြောက်တွေနှင့် ပတ်သက်ပြီး ဆိုင်ကြီးဖွင့်လိုက်ပါတယ်။ သူ့ရဲ့ ဆိုင်ကြီးမှာ ဝယ်သူတွေ များလာသလို ဖောက်သည်တွေလည်း များလာပါတယ်။ အချိန်ကြာလတော့ လက်လီ လက်ကား များတဲ့ သူ အနေဖြင့် မရှိမဖြစ် လိုအပ်လာလို့ သူ ကုမ္မဏီ တစ်ခု ဖွင့်လှစ်လိုက်ပါတယ်။

ကုမ္မဏီ ဖွင့်လှစ်လိုက်တဲ့အခါ ရင်းနှီးမြှုပ်နှံသူ သူငယ်ချင်း မိတ်ဆွေတွေက သူ့ကို ပြောလာကြပါတယ်။ အချို့ သူငယ်ချင်း “မင်း ကုမ္မဏီ ဖွင့်နေပြီ Email Address မရှိဘူးလား” လို့လည်း မေးကြပါတယ်။

ဒါနဲ့ သူက “သူငယ်ချင်းရေ Email Address သာ ငါ့မှာ ရှိနေခဲ့မယ်ဆိုရင် ငါ မိုက်ခ်ရိုဆော့ ကုမ္မဏီမှာ အခုထိ အမှိုက်ကောက် တံမြက်လှဲ သမား ဖြစ်နေပြီပေါ့” လို့ ပြန်ပြောလိုက်ပါတယ်။

 

 

ကျန်းမာ ချမ်းသာကြပါစေ…

 

တက္ကသိုလ်မြတ်မင်း

 

http://www.venpunnavamsa2.com

In: ဆောင်းပါး Posted By: Date: Mar 3, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment