Professional Authors

ချစ် မေ

မေမေ…..

မေ ကို ပေး မဖတ်ဘဲ ပီ မေမေ အကြောင်းရေး ချင်တယ်။ မေ ကို ပေးဖတ်ရင် မေရယ်မှာ စိုးလို့ပါ။

ပီ ငယ်ငယ်တုန်းက မေ ကသိပ် မဝ သေး ဘူး နော်။ မေ ကျောင်းကြို တိုင်း မေ လက်ကို ကိုင်ပြီး လမ်းလျှောက် ရာတာ ပီကိုပီ သိပ်ဂုဏ်ယူတယ်။ သူငယ်ချင်းတွေက လမ်းမှာ နှုတ်ဆက် ရင် ပီမျက်နှာလေး ကို ပင့်ပြီး မော်မော် ကြွားကြွား နှုတ်ဆက်တာ။ မေ က ဘေး နား မှာ ရှိနေတာ ကြွားစရာ တစ်ခုလို့ ထင်နေမိတယ်။ ပြန်တွေး ကြည့် ရင် ပီမျက်နှာ အလိုလိုပြုံးလာရော။

မေ ကျောင်းလာမကြို ရင် ပီက အိမ်ပြန်လာ ရင် စိတ်ကောက်ပြီး ထမင်းမစားတော့ဘူး။ အမြဲ စိတ် ကောက်တတ်တဲ့ ပီကို မေ တော်တော စိတ်ညစ် မှာ ပဲ နော်။ အင်း……. မေ က တစ်ခါမှလည်း ပီ ကြောင့် စိတ်ညစ်တယ် မပြောဘူး။ ဟွန်း….

ပီ ငယ်ငယ်တုန်း ကအကြောင်း မေ နဲ့ ဖေ နဲ့ ပြောပြော ပြီး ရယ်ကြရင် .. ပီလည်း ပျော်တယ်။ အ အိပ်ကြမ်း တော့ မိုးလင်းရင် ပီတို့ အိပ်ရာဘေး က ဘီရို ကြီး အောက် ရောက်ရောက်နေတာလေ၊ ပီနိုးမှ မေ တို့ က ဆွဲဆွဲ ထုတ်ရ တာ။ မေ က ကျောင်းကသူငယ်ချင်းတွေကို ပြောပြမယ်လို့ စ ရင် ပီက အာပြဲ ပြဲ နဲ့ငိုတာဘဲ။ ဖေ ကြားပြီး လာချော့အောင်လို့ လေ။ ပီ က ငယ်ငယ် နဲ့ ဥာဏ်ကောင်း တယ် နော် မေ့..

ကျောင်းနေပျော်ပြီး စာမတော်တဲ့ ပီက လက်ရေးတော့ လှပါတယ် မေ ရ။ ဆယ်တန်း အောင်စရင်း ထွက်တော့ ပီ ရိုးရိုး ဘဲအောင်တယ်။ ဒီ မပါ တော့ မေ က မျက်ရည်ဝဲ တယ်။ ပီ က ဒီ မပါတာ ဝမ်းမနည်းဘူး။ ပီကြောင့် မေ ခံစား ရတာ ကို မြင်ပြီး ငိုမိတယ်။ နောင်ဘယ်တော့ မှ ပီ ကြောင့် မေ စိတ်မညစ်စေ ရဘူး လို့ အဲဒီ့ အချိန်ထဲက ဆုံးဖြတ်ခဲ့တယ်။ ပီ လုပ်ချင်တာတွေ ကို အမြဲ လုပ်တိုင်း မေ စိတ်မညစ်ရ မဲ့ အရာ တွေဘဲ လုပ်တယ်။

uni တက်တော့ သူငယ်ချင်းတွေ လျှောက်သွား ရင် ပီလည်း လိုက်ချင်တယ်။ သူတို့ က ရုပ်ရုင်တွေ ကြည့်၊ ဓါတ်ပုံတွေ ရိုက်နဲ့ ၊ ကျောင်းမှာ အားရ ပါးရ ပြန်ပြော ကျ ရင် ပီ မလိုက်ရ လို့ မေကိုစိတ်မဆိုးဘူး။ ပီ ငယ်ငယ်လေး နဲ့ ရီစား ရ မှာ မေ စိုးရိမ်တယ်ဆို တာ စာ တွေဖတ်တဲ့ ပီက သိတာပေါ့။ ရယ်လည်း ရယ် ရ တယ်နော် မေ့၊ ပီ အသက် နှစ်ဆယ်ခြောက် ပြည့် တော့ မေ က သမီးငယ် ရည်းစားလေးဘာလေး ထားအုံး လို့ပြောတာလေ။ နောက်လေး လ လောက်ကြာတော့ ပီ online ရည်းစား ရ ရော။ မေ က ဖုန်း လာရင် စိတ်တွေ ပူပြီး ရည်းစားဆိုတာ အတည်ထား ရတယ်။ online ရည်းစား က မကောင်းဘူး ဆိုပြီး ဆူတယ်လေ။

မေ့ သမီးငယ်က စိတ်ကောက် လွန်းတော့ online ရည်းစား လေး က ပီ ကို သီချင်း တစ်ပုဒ်နဲ့ နုတ် ဆက်သွား ရော။ ည ည ငို နေတဲ့ ပီ ကို မေ က မသိချင်ယောင်ဆောင်ပြီး စကားတွေ ပြော၊ ပီ က အိပ် ချင်ယောင် ဆောင် ပြီး အသံမထွက်ဘဲနေ၊ အသဲ ကွဲ တာ တော်တော် ဆိုးတယ်နော့မေ လို့ ပြောရင် မေ က ငါ မှ အသဲ မကွဲ ဘူးတာ လို့ ဘုပြန်ပြောတယ်။

မေပြောပြော ပြတဲ့ လူတွေ နဲ့ ပီ တွေ ကြုံ ရ တဲ့ လူ တွေ က အ တူတူ ပါ ဘဲ မေ ရယ်။ ကောင်းသူ ဆိုးသူ ၊ ငွေကြေး လောဘ နဲ့ တရား မျှတ မှန်ကန်သူ လူ အမျိုးမျိုး ပါ ဘဲ လေ။

လောက ဓံ ကို ငိုတလှည့် ရယ်တလှည့် ရင်ဆိုင်နေတဲ့ ပီ ကို ကြည့် ပြီး မေ ရင်မော နေတုန်းပဲလား ။

မေ ရေး ပေး ခဲ့တဲ့ စာ တွေ ပီ ခုထိ သိမ်းးထား တုန်း ဘဲ။ မှော် ဘီ မှာ ပီ GTI တက်တော့ နောက်ဆုံး နှစ်မှာ အဆောင်နေ ချင်တယ် လို့ ပီပူဆာလို့ သုံးလ နေ ခဲ့ ရတယ်လေ၊ မေက သူငယ်ချင်း နဲ့ ဟင်းတွေထည့် ပေး တိုင်း စာ တွေ ရေးပေးတယ်။ အနွေးထည်ဝတ်အိပ်ဖို့၊ စာတွေ ဖတ်ပြီး စိတ်ကူး မယဉ်ဖို့၊ ညည စကား များတဲ့ မီးငယ် မရှိလို့ အိပ်မပျော် တာတွေ၊

ခုပြန်ဖတ်လည်း ခံစားချက်တွေက အသက်ဝင်နေတုန်း။ သောကြာနေ့တိုင်း အိမ်ပြန်လာပင်မဲ့ မတွေ့ ရတဲ့ ငါး ရက်ကို အမေ နဲ့ သမီး လွမ်း လို့ ကောင်းခဲ့တယ် နော်။

ပီ ရော၊ လက်ထပ်ခဲ့ ရင် ဘယ်လို့ နေ ရ မလဲ မသိဘူး။ မေ့ ထက် ချစ်လို့ ခွဲ သွား တာ တော့ မဟုတ်တာ သေချာတယ်။ သူများ တွေလို့ လောကသဘာဝ အရ ပေါ့ မေရယ်။ လောလောဆယ်ဆယ် တော့ မေမေ မောတဲ့ အပျို ကြီး ပေါ့၊ မေ ခံ နိုင် ရည် ရှိအောင်သာ ပီ ကပြော ပြော နေတာ ၊ ပီ အဖြစ်မရှိမှန်း မေ သိသားနဲ့။

ပြောရင်း နဲ့ မေကို လွမ်းလာပြီ။ မေ ကို ဖက်ပြီး အိပ်ရတာ အား ရှိတယ်။ ည တုန်း က မေ က ညည်း ခလေး မဟုတ်တော့ ဘူးလို့ ပြောသေးတယ်။ စိတ်ကောက်ဖို့ မေ့သွားလို့။ အိမ်ရောက်မှ မေ့ ကို ဂျီကျ ရ အုံး မယ်။

Comment #1

Online ရည်းစားက မမိုက်ပါဘူး ဆွေဇင်ရာ … ရည်းစား အစစ်ထား

commentinfo By: harry at Jun 20, 2009
Comment #2

သြော် … စိတ်မပူပါနဲ့ မမပီရယ် … ကျနော်တို့ ကဗျာရွာမှာ ငှက်ပျောတောတွေ အများကြီး … စိတ်ကြိုက်သာ လက်ညှိုးထိုး … လိုက်ခုတ်ပေးမှာပေါ့ … ဟိဟိ

commentinfo By: nightbird at Jun 20, 2009
Comment #3

စာအရေးအသား အတော်ကောင်းတယ် အမ။ တော်တော်ကြိုက်တယ်ဗျာ။ အင်းဗျာ။ အွန်လိုင်းရည်းစားတော့ မထားနဲ့။ အပြင်မှာပဲထား။ လက်ထပ်တယ်ဆိုတာ အပြီးအပိုင် မိဘနဲ့ ခွဲရတာမှမဟုတ်တာ။ ညဘက် အရင်လို အိမ်မှာ မအိပ်ဖြစ်တာရယ် သိပ်အကြာကြီးတူတူမရှိတော့တာရယ်ပဲရှိမှာပါ။ မကြာမကြာ အိမ်သွားလည်လို့ရနေတာပဲ။ မိသားစုအတူတူ ညစာစားတဲ့ အကျင့်ရှိတယ်ဆိုရင်လည်း အရင်လိုပဲ မိဘအိမ်ပြန်စားလို့ ဖြစ်နေတာပဲ။ ဒါတွေက ညှိယူလို့ရပါတယ်။ အေးဆေးပေါ့။ အဲ .. အပျိုကြီးတော့မလုပ်နဲ့ဗျာ .. တစ်ဦးတည်းသော သမီးဆို ကြီးလာရင် အမအတွက် မကောင်းဘူး။ ကိုယ့်မျိုးဆက်ဆိုတာ ချန်ထားရမယ့် တာဝန်က ရှိသေးတယ်မဟုတ်လား။

commentinfo By: thettwe at Jun 21, 2009
Comment #4

ကိုယ်တော် ချော များ…

၁။ ကိုယ် ကြိုက် သူမကြိုက်
သူ ကြိုက် ကိုယ် မကြိုက်

၂။ လူ တိုင်း အိမ်ထောင်ပြု မိသားစု အရေး busy နေ ရင် ဘယ်သူတွေက ပရဟိတ လုပ်မှာလဲ။ မိဘမဲ့ ခလေး တွေ၊ ဆင်းရဲသားတွေကို ဘယ်သူက စောက်ရှောက်မှာ လဲ။

၃။ ဟွန်း…….။ ပီ အသက်နှစ်ဆယ့် ရှစ်… အသက်လေးဆယ်ကျော်မှ ဘဝ စတာ။

commentinfo By: Khine Swe Zin Thin at Jun 21, 2009
Comment #5

မပီကလည်း လုပ်ပါဗျာ။ ရည်းစားထားပါ။ မြှောက်ပေးတာမဟုတ်ဘူး။ အတည်။

commentinfo By: thettwe at Jun 21, 2009
Comment #6

မောင် ရင် သက်သွေး နာချင် လေရော်….

commentinfo By: Khine Swe Zin Thin at Jun 21, 2009
Comment #7

ရွာအ၀င်မှာ ကြော်ငြာဆိုင်းဘုတ် အကြီးကြီးထားပေးမယ် … တကိုယ်လုံး ပုံတပုံရယ် close-up တပုံရယ် ထည့်ပြီး … အဆင်ပြေရင်သာ ခဲဖိုးများများပေးပေါ့ ဟဲဟဲ …

မမပီ … မောင်သက်သွေးမဟုတ်ဘူး … သက်ထွေး သက်ထွေး … သူ့အမေ အနှီးလျှော်ရလွန်းလို့ အမြင်ကတ်ပြီး ပေးထားတဲ့ နာမည် ဟားဟား

commentinfo By: nightbird at Jun 21, 2009
Comment #8

ရော် .. သက်ထွေးပါဗျာ .. မပီကလည်း။ လုပ်ပါ။ အတည်မြှောက်ပေးနေတာကိုး။

commentinfo By: thettwe at Jun 21, 2009
Comment #9

lolz .. တော်တော်မိုက်ရိုင်းတဲ့ .. ဌက်မ

commentinfo By: thettwe at Jun 21, 2009
Comment #10

ကို နိုက် ဘတ် မှတ် လို့…

🙂 🙂 🙂

commentinfo By: Khine Swe Zin Thin at Jun 21, 2009
Comment #11

ဟုတ်တယ်လေ … ငှက်မ ဆိုတာ နိုက်ဘတ်ကို ကျနော်ခေါ်တဲ့နာမည်
အခုတော့ အကုန်လိုက်ခေါ်ကုန်ပြီ … ဟီဟိ 😛

commentinfo By: harry at Jun 23, 2009
Comment #12

နာမည်ဖျက်တာ … အမ မဟုတ်ဘူး … အထီးပါ

commentinfo By: nightbird at Jun 23, 2009
Comment #13

နိုက်ဘတ် ဆို တာ girl name လို့ သူ ငယ် ချင်း တွေ က ပြောတယ်။
ကို ဟယ်ရီ နဲ့ ဝိုင်း ညာနဲ့။

commentinfo By: Khine Swe Zin Thin at Jun 23, 2009
Comment #14

ဟာ … အထီးပါဆို 🙁

commentinfo By: nightbird at Jun 23, 2009
Comment #15

ဟုတ်တယ်လေ .. ညဉ့်ဌက်မလေးပေါ့ ..

commentinfo By: thettwe at Jun 23, 2009
Comment #16

အင်း … အင်း….ငိုနဲ့ (ကို) ငှက်မ လေး
ရွာ သူကြီး ဆီ မှာ သန်းခေါင် စာရင်း တောင်းကြည့် လိုက်မယ်။

commentinfo By: Khine Swe Zin Thin at Jun 23, 2009
Comment #17

မပီရဲ့ အမေ အကြောင်းရေးထားတာ ဖတ်ပြီး ကိုယ့်အမေ ကို သတိရသွားတယ် …အမေ့ကို တခါမှ ချစ်တယ်လို့
မပြောဖူးဘူးဗျ.. ရှက်လို့…အင်း သူများတွေကတော့ ပြောမှာပဲ ..ရည်းစားကိုကျတော့ ချစ်တယ်လို့ ပြောတတ်ပြီး..အမေကို ချစ်တယ်လို့ပြောရမှာ ရှက်တယ်ဆိုတာကိုလေ…ကျွန်တော်ကတော့ ရင်ထဲမှာပဲ ထားတတ်တယ်.. ကျွန်တော့အမေက အရမ်းအနစ်နာခံခဲ့ရတာ..ကျွန်တော်တို့ ဒီအရွယ်ရောက်တဲ့အထိပေါ့..
အဖေ့အပေါ်မှာရော… သားသမီးတွေအပေါ်မှာရောပေါ့…ဈေးဝယ်ခဲ့ရင်တောင် သူ့အတွက် မုန့်ဟင်းခါးတပွဲတောင်..မစားရက်ခဲ့တဲ့အမေကို …ကျွန်တော် အရမ်းချစ်တယ်ဗျာ…အမေ မျက်နှာညိုးမှာ..အမေ ကျွန်တော့်ကို စိတ်ဆိုးသွားမှာ အရမ်းကြောက်တယ်…အဖေနဲ့အမေကို ဘယ်သူ့ပိုချစ်လဲမေးရင် အမေ့ကိုပဲ ချစ်တယ်လို့ ဖြေမှာပဲ… ကျွန်တော်က ဘက်လိုက်တတ်တယ်ဗျ.. ကျွန်တော်ချစ်တဲ့သူ ခင်တဲ့သူတွေဘက်မှာပဲ အမြဲနေမှာ…အခုတော့ အမေဖြစ်ချင်တာတွေ အမေ လုပ်ချင်တာတွေကို အမေ မလုပ်နိုင်တဲ့ အချိန်မှာ ကျွန်တော် အမေ့ကိုယ်စား လိုက်လုပ်ပေးနေတယ်လေ… အမေ ကျေနပ်တယ်ထင်ပါတယ် … အမေ့မျက်နှာ ပြုံးလို့…

commentinfo By: dolly at May 25, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment