Professional Authors

လေးစားမိသူများ အမှတ်တရ

blogတွေ လျှောက်ကြည့်ရင်း မိုးလှိုင်ညရဲ့ blog မှာ ဓါတ်ပုံတွေ သွားတွေ့လို့ပါ။ သူက ဓါတ်ပုံတွေကို sidebar မှာ ထားထားတာပါ။ အရေအတွက် မများပေမယ့် စုံပါတယ်.. နိုင်ငံခေါင်းဆောင်၊ အဆိုတော်၊ ကဗျာဆရာတွေရဲ့ ပုံတွေပါ။ တချို့က ကြွေလွင့်သွားပြီ ဖြစ်ပေမယ့် တချို့ကတော့ လင်းလက်ဆဲပါ။

ဓါတ်ပုံတွေကတော့ သခင်ကိုယ်တော်မှိုင်း၊ ဗိုလ်ချုပ်အောင်ဆန်း၊ ဦးသန့်၊ သစ္စာနီ၊ တာရာမင်းဝေ၊ မောင်ချောနွယ၊် ထူးအိမ်သင်၊ ပိုင်စိုးဝေနဲ့ နေမျိုးပါ။ ပိုင်စိုးဝေနဲ့ နေမျိုးကိုတော့ အရဲ မသိပါဘူး။ အရဲ သိတဲ့လူတွေကိုပဲ တင်လိုက်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း

ဗိုလ်ချုပ်အောင်ဆန်း

ဗိုလ်ချုပ်အောင်ဆန်း

ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်တေဇ၊ သခင်အောင်ဆန်း ဘယ်လိုပဲခေါ်ခေါ် မြန်မာတို့ရဲ့ လွတ်လပ်ရေးသူရဲကောင်းကြီးပါ။ ဗိုလ်ချုပ်အကြောင်း အထောက်အထားနဲ့က လူတိုင်းသိနေတော့ ထပ်မရေးတော့ပါဘူး။ အထောက်အထားနဲ့ မဟုတ်ဘဲ အရဲ ကြားဖူးနားဝရှိတာလေးတွေပဲ ပြောပါမယ်။ ကြားဖူးနားဝဆိုတဲ့အတိုင်း အမှားအမှန် တာဝန်မယူပါ။

ဆရာတွေ ပြောပြဖူးကို မှတ်မိသလောက် ပြန်ပြောရရင်.. ဗိုလ်ချုပ်အောင်ဆန်းက အင်္ဂလိပ်စာ မတတ်ရင် ကျွန်ဘ၀၊ အနှိမ်ခံဘ၀က လွတ်ဖို့ ကြိုးစားရာမှာ ပိုခက်ခဲနိုင်တယ်ဆိုတာ သိတဲ့ အချိန်က စပြီး အခန်းအောင်းပြီး မအိပ်မနေ အင်္ဂလိပ်စာ လေ့လာပါတယ်တဲ့။ အင်္ဂလိပ်စာ မတတ်မချင်း အဲဒီ အခန်းက မထွက်ဘူးဆိုပြီး ကြိုးစားတာပါတဲ့။ နောက်တခုက သူ အင်္ဂလန်ကို ဆွေးနွေးပွဲ သွားတော့ ၀တ်စရာ မရှိဘူးတဲ့။ အဲဒါ India ရောက်မှ အဲဒီက တယောက်က ငှားရတာပါတဲ့။ ဗိုလ်ချုပ်ရဲ့ အသက်အရွယ်နဲ့ သူရဲ့ ကြိုးစားမှု၊ အနစ်နာခံမှုတွေက တော်တော် လေးစားစရာတွေပါ။ အရဲတို့ရွှေတွေ ဗိုလ်ချုပ်ကို အတုယူနိုင်ကြပါစေ။

ပန်းတနော် ဦးသန့် (ခ) ဦးသန့်

ပန်းတနော် ဦးသန့်

ပန်းတနော် ဦးသန့်

UN က အတွင်းရေးမှူးတွေထဲမှာ လုပ်သက်အကြာဆုံးပါ။ third-term မှာ ဦးသန့် မငြင်းဆန်ခဲ့ရင် ထပ်အရွေးခံရဦးမှာပါ။ ၀မ်းနည်းစရာကတော့ ဦးသန့်ရဲ့ ဈာပနာမှာ တရားဝင် ဘာအခမ်းမနားမှ မရှိခဲ့ပါဘူး။

သခင်ကိုယ်တော်မှိုင်း

သခင်ကိုယ်တော်မှိုင်း

သခင်ကိုယ်တော်မှိုင်း

သခင်ကိုယ်တော်မှိုင်း အကြောင်း သမိုင်းမှာ သင်ဖူးပေမယ့် မေ့ကုန်ပါပြီ။ ရေးတေးတေးပဲ မှတ်မိတော့လို့ နောက် သေချာ ပြန်သိရတော့မှ update ပြန်လုပ်ပေးပါမယ်။ လွတ်လပ်ရေးတိုက်ပွဲမှာ ပါဝင်ခဲ့သူပါပဲ။

သစ္စာနီ

သစ္စာနီ

သစ္စာနီ

ကဗျာနဲ့ ရင်းနှီးသူတိုင်း သစ္စာနီကို သိကြပါတယ်။ ခေတ်ပြိုင် ကဗျာဆရာတွေရဲ့ လေးစားခြင်းလည်း ခံရသူပါ။ ဒါကတော့ ကဗျာရွာက သစ္စာနီ။ ကဗျာကတော့ သုံးပုဒ်ထဲပါ။ ကဗျာရွာ အသစ်ကို ပြောင်းပြီးရင်တော့ တိုးလာကောင်းပါရဲ့။

တာရာမင်းဝေ

တာရာမင်းဝေ

တာရာမင်းဝေ

လူငယ်ချစ်သော တာရာမင်းဝေ၊ အကြွေစောခဲ့သော တာရာမင်းဝေ၊ လွတ်လပ်လိုသော တာရာမင်းဝေ၊ သေရိုးမရှိသော အာဇာနည်မျိုး တာရာမင်းဝေ။ တာရာမင်းဝေ အမှတ်တရ

ထူးအိမ်သင်

ထူးအိမ်သင်

ထူးအိမ်သင်

ကဗျာတွေကို သျှပ်မှူးကျော်နာမည်နဲ့ ရေးပါတယ်။ သီချင်းဆိုသလို သီချင်းလည်း ရေးပါတယ်။ မဆုံးခင် တဦးတည်းသော သမီးကို မှာခဲ့တဲ့ စကားက “ပိုက်ဆံအတွက် ဘယ်တော့မှ သီချင်းမဆိုနဲ့” တဲ့။ ထူးအိမ်သင် အမှတ်တရ

မောင်ချောနွယ်

မောင်ချောနွယ်

မောင်ချောနွယ်

အထင်ကရကဗျာဆရာဆိုပေမယ့်၊ မောင်ချောနွယ် ကဗျာတွေ ဟိုတစ ဒီတစ ဖတ်ဖူးတယ်ဆိုပေမယ့် မောင်ချောနွယ်အကြောင်း သိပ်မသိပါဘူး။ ကဗျာတွေကတော့ ဖတ်ရလွယ်၊ နားလည်ရလွယ်ပါတယ်။ ကဗျာရွာမှ မောင်ချောနွယ်

———-

အရင်တုန်းကတော့ ဓါတ်ပုံတွေ ဘာတွေ အဲလောက် မမြင်ဖူးချင်ခဲ့ဘူး။ ခု ဒီဓါတ်ပုံတွေလည်း မြင်ရော တခြား ဆရာစံတို့၊ မြသန်းတင့်တို့ဘာတို့ရဲ့ ဓါတ်ပုံတွေလည်း လိုချင်လာတယ်။ ဒါပေမယ့် ဘယ်မှာ ရှာရမလဲ မသိဘူးဆိုတော့ရာ…။ သိတဲ့လူများကူညီကြပါဦး။
(ဟိုတနေ့က ဆံပင်သွားညှပ်တဲ့ဆိုင်မှာ မြသန်းတင့်တို့ပုံပါတဲ့ magazine တအုပ်တွေ့ခဲ့ပါတယ်။ အဲဒီပဲ ပြန်သွားရင် ကောင်းမလား)

In: ဆောင်းပါး Posted By: Date: Jun 19, 2009
Comment #1

ကောင်းပါ့ဗျာ .. ဒါမျိုးတွေများများရေးပါ .. ဖတ်ဖို့စောင့်နေပါတယ်။

commentinfo By: thettwe at Jun 19, 2009
Comment #2

ဟုတ်ကဲ့ပါ.. ကြိုးစားပါ့မယ်.. ကျေးဇူးတင်ပါတယ်ရှင့်

commentinfo By: အရဲ at Jun 19, 2009
Comment #3

အရဲလေး တော်တယ် …
တခု ပြောစရာရှိတယ် …
ဗိုလ်ချုပ် အင်္ဂလန်သွားတော့ ဝတ်စရာမရှိလို့ ဝတ်စုံကို ငှားဝတ်ရတာမဟုတ်ဘူး … အိန္ဒိယကို ရောက်တော့ ဝတ်စရာမရှိတာနဲ့ အဲဒီတုန်းက အိန္ဒိယ လွတ်လပ်ရေးတိုက်ပွဲဝင် ခေါင်းဆောင် ဂျလဟဝါ နေရူး (ကွယ်လွန်သူ အိန္ဒိယ ဝန်ကြီးချုပ်ဟောင်းများဖြစ်တဲ့ အင်ဒီရာဂန္ဒီရဲ့အဖေ၊ ရာဂျစ်ဂန္ဒီရဲ့ အဘိုး) က ဝယ်ပေးလိုက်ရတာ … အဲဒါ မြန်မာပြည်ပြန်ရောက်တော့ ဗိုလ်ချုပ်က မိန့်ခွန်းထဲမှာ ထည့်ပြောတယ် … သူများတွေ နိုင်ငံခြားသွားရင် ဘာတွေ ပါလာကြသလဲတော့ မသိဘူး၊ ကျုပ်ဖို့ကတော့ ဟောဒီ ဝတ်စုံတထည်ပဲ ပါတယ်တဲ့ …

commentinfo By: harry at Jun 19, 2009
Comment #4

ဟီးဟီး.. တော်ပါသေးရဲ့.. ကိုဟယ်ရီများ အရဲကို စကားမပြောတော့ဘူးလားလို့.. 😀

သြော် ဂလိုလား.. ဟီးဟီး.. အမှန်ပြင်ပေးတဲ့အတွက် ကျေးဇူးပါ.. ကိုဟယ်ရီ..
ဓါတ်ပုံတွေ ဘယ်မှာရှာလို့ရသေးလဲ သိရင်လည်းပြောပါဦးနော်..

commentinfo By: အရဲ at Jun 22, 2009
Comment #5

ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ လေးချိုးကဗျာတွေများရှိရင် လိုချင်ပါတယ်ခင်ဗျာ

commentinfo By: Daimon at Oct 7, 2010
Comment #6

ဗိုလ်ချုပ်အောင်ဆန်း….. သခင်ကိုယ်တော်မှိုင်း……တာရာမင်းဝေ….ထူးအိမ်သင်……မောင်ချောနွယ်….
တကယ့်ကို လေးစားဖွယ်လူသားတွေပါဘဲ….ဆရာသစ္စာနီကဗျာတွေတော့ မဖတ်ဖူးသေးဘူး…. ကျေးဇူးတင်ပါတယ် ရှင်

commentinfo By: ရင်ဝှက်ပန်း at Jan 19, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment