Professional Authors

ဒီရေလှိုင်း၏ နှလုံးသားကို ခြောက်လှန့်နေသော စာတစ္တေတစ်ပုဒ် (သို့) နွံ

ငွေတစ်မတ်နှင့် ငါးကြင်းခေါင်းကိုင်ခြင်းမဟုတ်ကြောင်း ကြိုတင်ပြောကြားပါရစေ ။

    တစ်ချိန်တုန်းကာလများဆီက လူသားများ၏ ကိုယ်ရည်ကိုယ်သွေးကို အသိဥာဏ်ပြကိန်း

( IQ ) ဖြင့် သတ်မှတ်ပြဌာန်းခဲ့ပါတယ် ။ ၂၁ရာစုကိုရောက်လာတဲ့အချိန်မှာတော့ အသိဥာဏ်ပြကိန်းတစ်ခုထဲနဲ့ ကိုယ်ရည်ကိုယ်သွေးအဆင့်ကို သတ်မှတ်ပေးဖို့ မလုံလောက်တော့ဘူးဆိုတဲ့ အယူအဆကို အားလုံးလက်ခံလာပါတယ် ။ ဥာဏ်အရည်အသွေး ကောင်းပေမဲ့ ချစ်ခင်စရာ ၊ သနားစရာ ၊ ကြောက်ရွံ့စရာ  စက်ဆုတ်စရာတွေကို မကြည့်မြင်မခံစားနိုင်ခဲ့ဘူးဆိုရင် လူသားပီသမှုနဲ့သွေဖီပြီး စက်ရုပ်လူသားတွေဖြစ်ကုန်ကြတော့မှာပါ ။

ဒါကြောင့် အဆင့်မြင့်လူသားအဖွဲ့အစည်းတစ်ရပ်လုံးက ခံစားမှုပြညွှန်းကိန်း(EQ) ကို တညီတညွတ်ထဲနဲ့ သတ်မှတ်လက်ခလာခဲ့ပါတယ် ။ ရသခံစားနိုင်မှသာ ငြိမ်းချမ်းလှပတဲ့ လောကနယ်ပယ်ကို တည်ဆောက်နိုင်ကြမှာဖြစ်ပါတယ် ။ ဒီလို ရသခံစားနိုင်မှု မြင့်မားလာစေဖို့ရသစာပေအမျိုးအစားတွေ  အားကောင်းမောင်းသန် ဖြစ်ထွန်းဖို့ အလွန်အရေးကြီးပါတယ် ။မကြာတော့မဲ့ အချိန်တစ်ခုမှာ On line media ဟာ

Printed media ကို ဖြတ်ကျော်ဖို့ ရှိနေပါပြီ ။ လူသားများစွာက On line media ကို တွင်တွင်

ကျယ်ကျယ် အသုံးနေပြုမဲ့အချိန်နဲ့ တပြေးညီ ရသစာပေဖွံ့ဖြိုးတိုတက်ဖို့ဆိုတာကလည်း

ခေတ်ရဲ့ စိန်ခေါ်မှု တောင်းဆိုမှုတစ်ခုဖြစ်လို့လာပါပြီ ။ ရသစာပေ ဖွံ့ဖြိုးတိုးတက်စေဖို့

စေတနာလေးတစ်ခုထဲနဲ့ ဒီပိုစ့်လေးကို ဒီရေလှိုင်းရေးခဲ့တာပါ ။ ကိုယ့်ကိုကိုယ် တတ်လှ

တော်လှပြီ ထင်လို့ ဒီပိုစ့်ကိုရေးခဲ့တာ မဟုတ်ပါဘူး ဆိုတာရယ် ၊ ကိုယ်နဲ့ခင်မင်တဲ့သူရဲ့

စာတွေမို့ညွှန်းဆိုခြင်း ပြုခဲ့တာ မဟုတ်ဘူးဆိုတာရယ်ကို စာဖတ်တဲ့သူတွေကိုလည်း သိစေချင်ပါတယ် ။ တတ်သလောက်လေး လေ့လာထားသလောက်လေးနဲ့ ရေးခဲ့တာပါ ။

ငွေတမတ်နဲ့ ငါးကြင်းခေါင်းကို တက်ကိုင်ခဲ့တာမဟုတ်ဘူးလို့ ကြိုတင် ပြောကြားခဲ့ပါရစေ။


ရသစာပေနဲ့ ပတ်သက်လို့ ပညာရှင်များက အယူအဆအမျိုးမျိုးနဲ့ ဖွင့်ဆိုခဲ့ကြပါတယ်။

ညွှန်းဆိုချက်တွေများစွာနဲ့ သတ်မှတ်ပြဌာန်းခဲ့ကြပါတယ် ။ ဒီရေလှိုင်း ကတော့ ရသစာပေဆိုတာကတော့ ဖတ်သူရဲ့ စိတ်နှလုံးသားကို တစ်စုံတစ်ရာထိရှခံစား အတွေးလေးတွေပေးတဲ့ စာပေမျိုးကို  ရသစာပေလို့ ညွှန်းဆိုချက်ပြုချင်ပါတယ် ။  

အားလုံးသိတဲ့အတိုင်းပါပဲ ချစ် ရွှင် သနား စတဲ့ ရသ(၉)ပါးထဲက တစ်စုံတစ်ခုသော ရသကို

ခံစားမှု ရရှိစေတယ်ဆိုရင် ရသစာပေထဲ အကျုံးဝင်နေခဲ့ပါပြီပေါ့ ။   On line media မှာက ရသစာပေအမျိုးအစားက ရှားပါးပစ္စည်းဖြစ်နေပါသေးတယ်။ ရေးထားတဲ့ ရသစာပေတွေ

ထဲမှာဆိုရင်လည်း စိတ်နှလုံးကို အကြီးအကျယ် သိမ်းကျုံးဆွဲငင်ထိရှနိုင်တဲ့ စာပေမျိုးက ပိုပြီး

ရှားပါးနေပါသေးတယ်ဆိုပါမယ် ။ ဒါလိုပြောပေမဲ့လည်း On line ထဲက တစ်ချို့ ရသစာပေ

တွေက Printed media တွေနဲ့ စီးချင်းယှဉ်လို့ရနေတာကိုလည်း တွေ့မြင်နေရပြီဖြစ်ပါတယ်။

ရသ ကို အလွန်အကြူး တိမ်းမူးခဲ့တဲ့ ဒီရေလှိုင်းရဲ့ ရင်ထဲကို ခုထိ ခြောက်လှန့်ခံစားနေတဲ့

မှော်ဆန်လွန်းတဲ့ ပိုစ့်လေးတစ်ခုကို ညွှန်းဆိုခဲ့ပါတယ်။ဖတ်ပြီးတဲ့အချိန်ထဲကနေ အချိန်တော်တော်ကြာ အသိခက်တဲ့ ခံစားမှုကို ရရှိနေဆဲ ။ အဲဒီရဲ့နောက်ဆက်တွဲ ဝေဒနာကိုခံစားနေရဆဲ ပိုစ့်လေးရဲ့အမည်က

                                                        နွံ

            နွံဆိုတဲ့ ရသ၀တ္ထုတိုလေး ကလောင်မှော်ကဝေ လွင့် ဖန်တီးရေးသားခဲ့တာပါ ။

ခေါင်းစဉ်လေးကို ကြည့်လိုက်ရတာနဲ့ နွံဆိုတဲ့ နာမည်တိုတိုလေးက ၀တ္ထုကို မဖတ်ပဲနဲ့

မနေနိုင်အောင် ဆွဲဆောင်နိုင်အားက ကြီးမားလွန်းလှပါတယ် ။ နွံဆိုတာက ညစ်နွမ်း

ပေကျံတတ်သော ၊ စုံးစုံးနစ်မြုပ်စေတတ်သော လို့ ဖွင့်ဆိုနိုင်ပါတယ် ။ ဘယ်သူက ညစ်နွမ်း

ပေကျံမှာလည်း ၊ ဘယ်အရာက အောက်ဆုံးအထိ နစ်မြုပ်စေမှာလည်းဆိုတဲ့ အတွေးမျိုး

တွေးနိုင်အောင်ဖွင့်ထားခဲ့ပါတယ် ။  နိဒါန်းအပျိုးလေး ဖတ်ကြည့်လိုက်တဲ့ အခါမှာလည်း

ပြီးဆုံးတဲ့တိုင်ဖတ်ကြည့်ချင်အောင်     

ဒီဝတ္ထုတိုကိုဖတ်ပြီးတဲ့အခါ…အားလုံးပဲ..ရင်ထဲမှာတခုခုကျန်ခဲ့လိမ့်မယ်လို့…မျှော်လင့်ပါတယ်ရှင်။။မဖြစ်နိုင်ဘူးလို့

မတွေးလိုက်ကြပါနဲ့…တကယ်ဖြစ်ပျက်ဘူးခဲ့တဲ့ အဖြစ်အပျက်တခုကို အခြေခံပြီး စိတ်ကူးယဉ်ရေးသားထားတာဖြစ်ပါတယ်။။

ဒီလို စာသားလေးတွေနဲ့ နွံရဲ့ ကန့်လန့်ကာကိုဖွင့်ထားခဲ့ပါတယ် ။ စပြီးဖတ်လိုက်တာနဲ့

လွင့်ရဲ့ ၀တ္ထုတိုအရေးအသားအတတ်ပညာ မှော်ဝင်နေတဲ့ အရေးအဖွဲ့ ၊ ထူးခြားဆန်းပြားတဲ့

ဇာတ်လမ်းဖွဲ့စည်းပုံကြောင့် ၀တ္ထုတိုလေးကို မရပ်မနား အဆုံးအထိ ဖတ်ခဲ့မိပါတယ် ။

ဒီ နွံဆိုတဲ့ ၀တ္ထုတိုလေးကို အဓိကဇာတ်ဆောင် သော်တာ ၊ ဥက္ကာ တို့ရဲ့ နားလည်လက်ခံရခက်သော အဖြစ်အပျက်လေးနဲ့ ဖန်တီးတည်ဆောက်ထားပါတယ် ။ သူရေးဟန် ၊ ၀ါကျတည်ဆောက်ပုံတွေက ဂျူးနဲ့တူသလိုလို  ဆင်သလိုလိုဖြစ်နေပေမဲ့ သူပေးချင်တဲ့ Massage ကို ရအောင်ပေးနိုင်စွမ်းရှိပါတယ် ။ ဇာတ်ကောင်တွေရဲ့

စရိုက်ကို ပုံပေါ်အောင်လည်း တင်ပြနိုင်တာကိုတွေ့ခဲ့ရပါတယ် ။ အခန်း(၁)အစမှာထဲက

သော်တာဆိုတဲ့ အမျိုးသမီးရဲ့ စိတ်နေစရိုက်ကို ပီပြင်အောင် ကျစ်ကျစ်လစ်လစ်လေးနဲ့

ရေးသားနိုင်ခဲ့ပါတယ် ။ ဘ၀ကို ရုန်းကန်လာတဲ့ မိန်းမသားတစ်ယောက်မို့ မိန်းမမဆန်

စိတ်ကူးယဉ်ထဲမှာ မနစ်မျော လက်တွေ့သဘောနဲ့ကျင့်သုံးတတ်တဲ့သူဖြစ်ကြောင်းကို

””သူမက သိပ်စပ်စပ်စုစုနိုင်လှသော မိန်းမမျိုးမဟုတ်ပါ။ ယောကျာ်းတစ်ယောက်၏ တစ်နေ့တာအစီအစဉ်တိုင်းကို အသေးစိတ်သိမနေချင်တာက သူမ၏အကျင့်တစ်ခုပင်။သူမကိုယ်တိုင်ကသိပ်ပြီးမိန်းမ မဆန်လှ။ ””

ဒီလိုဝါကျလေးတွေနဲ့ ပီပြင်စွာ ဇာတ်ပျိုး ပုံဖော်ခဲ့ပါတယ် ။ တစ်ဆက်ထဲမှာပဲ

ကိုကို့ အမျိုးသမီးသည် မည်ကဲ့သို့သောမိန်းမမျိုးဖြစ်သည်ဆိုတာကို သူမစုံစမ်းရဥိးမည်။

ဆိုတဲ့ မြှုပ်ကွက်လေးနဲ့ စာဖတ်သူကို ဇာတ်လေးလေးက ဘယ်လိုဆက်မှာလည်း

ကိုကိုက ဘယ်လိုအမျိုးသမီးနဲ့ ဘယ်လိုဖြစ်ပျက်ခဲ့တာလည်းဆိုတဲ့

အတွေးမျိုး၊ သိလိုဇောတွေဝင်လာအောင် ဇာတ်ကို ကျွမ်းကျင်လိမ္မာပိုင်နိုင်စွာ နှိုးပေးခဲ့ပါတယ် ။ စာရေးသူ လွင့်က ဇာတ်နှိုးပြီးတာနဲ့ ဇာတ်ရှိန်ကိုမြှင့်တင်လိုက်ပါတယ်။

 ဥက္ကာရဲ့အကြောင်းကို သော်တာဖခင်က သိနေသလို အမေးနဲ့ ဆက်ရေးပြီးတော့မှ

ဇာတ်လမ်းရဲ့ အရေးကြီးဖြစ်ရပ်မှာပါဝင်တဲ့ သော်တာမိခင်အကြောင်းကို မြှုပ်ကွက်တစ်ခု

ဖန်တီးပြီး ဇာတ်ရှိန်ကောင်းအောင် ထပ်တင်လိုက်ပါတယ် ။ ခင်ပွန်းကောင်းပီသခဲ့သူကို

သစ္စာဖျက်ပြီး နောက်တစ်ယောက်နဲ့တွဲသွားတဲ့ အဖြစ်ကိုတင်ပြသွားတာလေးကလည်း ဖတ်သူရဲ့ ရင်ထဲမှာ နင့်ကနဲ ခံစားခဲ့ရပါတယ် ။ ဖခင်ကြီးရဲ့ မကျန်းမာတဲ့ ပုံရိပ် နွမ်းလျနေတဲ့

ပုံရိပ်လေးက အပြင်မှာဖြစ်တော့ မြင်နိုင်ပေမဲ့ ဖခင်ကြီးရဲ့ နှလုံးသာက ဒါဏ်ချက်အနာကို

ပါမြင်နိုင်အောင် ဆက်စက်မှုပြ သင်္ကေတ သဘောနဲ့ သုံးပြီးရေးထားတာလေးကလှပ နေပါတယ် ။  မိခင်ဖြစ်သူ ဒီလောကထဲမှာ ရှိနေသေးတယ်လို့ သိလိုက်ရတဲ့ သော်တာရဲ့ ခံစားမှုကို

သူမရင်ထဲမှ လင်းလင်းမြမြနွေးနေသည်။

ကမ္ဘာပေါ်မှာ သူမ မေမေအသက်ရှင်လျက်ရှိနေသေးသည် ဆိုသောအတွေးတွေက သူမသွေးတွေကိုနွေးထွေးစေပါသည်။

ဆိုတဲ့ ၀ါကျတိုတိုလေးနဲ့ ဖွဲ့ထားတာလေးကလည်း အပိုအလိုမရှိကွက်တိပဲဖြစ်နေတယ် ။

ဖခင်ဖြစ်သူက စကားပြောရတာမောလို့ ရေသောက်တာကိုရေးဖွဲ့ခြင်းက သူ့ရင်ထဲက အပူအမောတွေကို ရေသောက်တာလေးနဲ့ ပျောက်ပါ့မလား ၊ စကားပြောလို့မောလျတာထက် အတိတ်ရဲ့ အရိပ်ပြန်ထင်လာလို့ ပိုမောလျသွားတယ်လို့

ပညာသားပါပါ ဆက်စပ်ရေးဖွဲ့ထားတာလေးကလည်း ကောင်းနေပြန်ပါတယ် ။

သော်တာမေမေရဲ့ပုံရိပ်ကို  မင်းအမေက အချစ်ကိုကိုးကွယ်တတ်တာကလွဲရင် ကျန်တဲ့နေရာတော်တော်များများမှာ သူတကာတွေထက်အရာရာပိုသာပါတယ်ကွာ ဆိုတဲ့ဝါကျလေးနဲ့ပုံဖော်ခဲ့တာကလည်း ၀တ္ထုတိုအတတ်ပညာ

ရဲ့ ကျစ်လစ်မှုကိုညွှန်းဆိုနေသလိုပါပဲ ။ သော်တာ့ရဲ့မေမေက မမိုးဖြစ်တဲ့အကြောင်း ၊ ရန်ကင်းမှာ အလှပြင်ဆိုင်ဖွင့်ထားကြောင်း သူ့ဖေဖေရဲ့စကားအရ သော်တာနဲ့ သူ့မေမေတို့ဘယ်လိုတွေ့ဆုံကြမလည်း ၊ တွေ့ဆုံခဲ့ရင် ဘယ်လိုတွေပြောလို့ ဘာတွေဆက်ဖြစ်မလည်းဆိုတဲ့ သိလိုဇော်ပိုလာအောင် ဇာတ်ရှိန်ကို ထပ်တင်လိုက်ပြီး ဆက်ရေးခဲ့ပါတယ် ။ တစ်ဆက်ထဲမှာပဲ မတည်ကြည် ဖောက်ဖျက် မုသားသုံးတတ်တဲ့

ဥက္ကာရဲ့စရိုက်ကို

သူမခင်ပွန်း၏မျက်နှာမှာ အတန်ငယ်စိတ်ရှုပ်ထွေးရိပ်တွေနှင့် မှိုင်းညို့လို့နေသည်။ သို့သော်လည်း

သူမမေးချင်စိတ်မရှိလှပါ။ ‘ဘာဖြစ်လို့လဲ’ ဟုမေးလိုက်လျှင်ထွက်ပေါ်လာဦးမည့် မုသားစကားတွေကိုသိနေလျှက် နှင့်နားထောင်ဖို့ပျင်းပါသည်။ အမှန်တရားဆိုတာကတော့ လက်ရှိတွဲနေသော ‘ကိုကို့ ချစ်သူ’ တစ်ယောက်ယောက်စိတ်ကောက်နေသောကြောင့်သာဖြစ်လိမ့်မည်။ လို့ ပုံဖော်ထားတာလေးကလည်း ဖတ်သူရဲ့

စိတ်မှာ ကိုကိုရဲ့ပုံရိပ်ကို ထင်မြင်လာစေပါတယ် ။ ကိုကိုက ဘယ်လို ဖောက်ပြန်မှုတွေလုပ်မှာလည်းဆိုတဲ့ သလိုစိတ်တွေကလည်းပိုပိုလို့ နိုးကြားလာခဲ့ပါတယ် ။

လွင့်က ဇာတ်လမ်းကို အကွေ့အ၀ိုက်လေးတစ်ခုနဲ့ ဖန်တီးခဲ့ပြတာကိုဖတ်ခဲ့ရပါတယ်။ သော်တာနဲ့ သူ့မိခင်တို့ ရိုးရိုးတွေ့ဆုံခြင်းမဟုတ်ပဲ ။ အလှပြင်ဆိုင်ကို အလှသွားပြင်သူအဖြစ်

သော်တာအကြိမ်ကြိမ်သွားပြီး မိခင်နဲ့ ရင်းနှီးမှုလေးကို ရယူတာလေးကလည်း ဆန်းသစ်နေပါတယ် ။ သော်တာနဲ့ သူ့မိခင်ကြားမှာ အကြိုက်တော်တော်များများတူတာကို

ဖော်ပြပြီးတော့ ဘယ်နေရာမှာ အကြိုက်ထပ်တူကြအုံးမှာလည်း ၊ အကြိုက်ချင်းတူမှုရဲ့ နောက်ဆက်တွဲက ဘာတွေဖြစ်လာအုံးမှာလည်းဆိုတဲ့ အတွေးမျိုးတွေ ဖတ်ရသူရဲ့ ရင်ကိုရောက်နိုင်အောင် ဖန်တီးခဲ့ပါတယ် ။ သော်တာမေမေရဲ့ လက်ရှိခင်ပွန်းဆုံးခဲ့တာ (၅)နှစ်ကျော်ခဲ့ပြီဖြစ်တဲ့အကြောင်းနဲ့ ခုလက်ရှိသူကချာတိတ်လို့ခေါ်တဲ့ တစ်ယောက်နဲ့ ချစ်နေကြောင်းကို တိုက်ရိုက်ပြောဟန်နဲ့ရေးဖွဲ့လိုက်တော့ ၊ အချစ်များစွာထားတတ်သူ သော်တာမေမေရဲ့စရိုက်ကို ပီပြင်စွာမြင်ခဲ့ရ သလို သူရဲ့ချာတိတ်က ဘယ်သူလည်းဆိုတဲ့

မေးခွန်းရဲ့အဖြေကိုလည်း စာဖတ်သူရဲ့နှလုံးသားက သိချင်လာခဲ့ပါတယ် ။ သူ့ချာတိတ်ကလည်း အိမ်ထောင်ရှိတဲ့အကြောင်းကိုဆက်လက်ဖော်ပြခဲ့ပြန်တယ် ။ ချာတိတ်ရဲ့မိန်းမက

သူ့မိန်းမကသူ့ကိုနည်းနည်းကလေးမှဂရုမစိုက်ဘူးတဲ့။

သူဘယ်သွားသွား ဘာတွေလုပ်လုပ် ဘာကိုမှမမေးသလို ဘာမှလဲစိတ်မ၀င်စားပဲနဲ့ သိပ်အေးစက်လွန်းတယ်တဲ့။

ဘယ်တုန်းကမှ ဂရုမစိုက်ခဲ့ဘူးတဲ့..အတွက်သူပေးလာတဲ့ အချစ်တွေဟာအလကားကိုဖြစ်သွားခဲ့ရတာပါပဲတဲ့။ အခု မမိုးပေးတဲ့အချစ်ရဲ့တစ်ဝက်လောက်ကိုပဲ သူရမယ်ဆိုရင်တောင် ကျေနပ်ပါတယ်ဆိုပြီး မမိုးရင်ခွင်ထဲမှာငိုရှာတယ်။ သိပ်သနားဖို့ကောင်းတယ်နော် ‘သော်’ မမိုးလေ သူ့ကို သနားပြီး အရမ်းကိုချစ်မိသွားတော့တာပဲသိလား။

သူ့အတွက်ဆိုရင် မမိုးအရာအားလုံးကို သဒ္ဓါတယ်။ ” လို ရေးဖွဲ့မှုကလည်း သည်မိန်းမက ဘယ်သူဖြစ်လိ့မ်မလည်း ဆိုတဲ့ အတွေးမျိုးကို ဖတ်ရသူကိုဝင်ရောက်လာအောင်ဇာတ်ရှိန်ကို

မြှင့်တင်လိုက်နိုင်ပါတယ် ။

ဖြောင့်မှန်တည်ကြည်သစ္စာရှိတတ်သူ ၊ မိခင်ကိုချစ်သော်လည်း မိခင်၏ မကောင်းသော စိတ်ဓာတ်အမွေကိုလက်မခံသူ ၊ မနှစ်မြို့သူသော်တာရဲ့ စိတ်ထားအလှကိုလည်း

သူတစ်ပါးရဲ့ အိမ်ထောင်ရေးတစ်ခုကို မိမိ၏စိတ်ပျော်ရွှင်မှု့တစ်ခုတည်းအတွက်တပ်မက်စိတ် တဏှာ အတွက်လောက်နှင့် အလွယ်တကူချိုးဖောက်ပစ်လိုက်ဖို့ကြိုးစားနေသော မေမေ့အတွက် သူမရင်နှင့်မဆံ့အောင်နာကျင်မိပါသည်။

မေမေရယ် ဒီအလုပ်မျိုးက အရမ်းအရမ်းကိုကြောက်စရာကောင်းလွန်းပါတယ်။

      အချစ်အတွက်စိတ်ကူးအိပ်မက်တွေထဲမှာ တိမ်အုပ်တွေစီးနှင်နေသော မေမေကတော့ သူမရင်တွင်းစကားသံတွေကိုကြား နိုင်မည်မဟုတ်ပါ။

ဒီလိုလေးနဲ့ စိတ်ဝင်စားဖွယ်တင်ပြခဲ့ပါတယ် ။

သစ္စာပျက်လို့ ဖောက်ဖျက်တတ်သူ ကိုကိုနဲ့သော်တာတို့ရဲ့ အိမ်ထောင်ရေးအက်ကြောင်းကို

ပြန်ဆက်ဖို့ကြိုးစားနေတဲ့ သော်တာရဲ့ပုံရိပ်က စံပြုထိုက်တဲ့ တစ်လင်တစ်မယားစနစ်ကို

ကျင့်သုံးတတ်တဲ့ မြန်မာ့ အမျိုးသမီးစိတ်ထားပုံရိပ်လွှာကို မြင်ယောင်စေပါတယ် ။ သူရဲ့

အက်ကြောင်းကိုပြန်ဆက်ဖို့ ကြိုးစားမှုက အရာမှ ထင်ပါ့မလားဆိုတဲ့ အတွေးလေးတွေပေးပြီး စာဖတ်သူကိုဆက်လက်ဖမ်းစားစေခဲ့ပါတယ် ။

သော်တာ့အမေရဲ့ချစ်သူက သူအင်မတန် ချစ်ခင်မြတ်နိုးရတဲ့ ချစ်ခင်ပွန်း ဥက္ကာဖြစ်တယ်ဆိုတာကို မမျှော်လင့်ပဲ သိသွားတဲ့အချိန်မှာ သော်တာရဲ့ နားလည်လက်မခံနိုင်ခြင်း ၊ ယုံကြည်ဖို့ခက်ခဲခြင်း ၊ တုန်လှုပ်ချောက်ခြားခြင်း၊ ခံစားရခက်လွန်းရခြင်း တွေကို

ကျောက်ရုပ်တစ်ရုပ်လို အသက်မဲ့လျှက် ကျန်ရစ်ခဲ့ရသူက….သူမ။

 

ဘုရားရေ လောကကြီးကဘာတွေ    ဖြစ်ကုန်ပါလိမ့်

 

         သူမခေါင်းထဲမှာ တရိပ်ရိပ်မူးဝေလို့လာသည်။ အသက်တောင်ရှုလို့မရတော့အောင် သူမရင်ထဲပြည့်နင့်မွန်းကျပ်လို့လာလေ    သည်။ မေမေနဲ့ ကိုကိုဟာ ၊ မေမေနဲ့ သူမယောကျာ်း ၊ သူမခင်ပွန်း နှင့် သူမ၏မွေးသမိခင်

 

အား!

         သူမ၏လောကကြီးတစ်ခုလုံး ရုတ်ချည်းအမှောင်ဖုံးသွားလေတော့သည်။ ဒီလိုရေးဖွဲ့ထားလိုက်ပုံကဖြင့်

သော်တာရဲ့ ခံစားမှုကို စာဖတ်သူရဲ့ ရင်ထဲကို ကူးစက်စေနိုင်ခဲ့ပါတယ် ။

စာရေးသူလွင့်က သော်တာ ဆေးရုံတက်ပြီး ဆေးရုံကနေ ဇွတ်ဆင်းလာတဲ့ အကြောင်းပြောပြပြီး ဇာတ်လမ်းအရှိန်ကို အစွမ်းကုန်မြှင့်တင်ခဲ့ပါတယ် ။ သော်တာရဲ့ဆောက်တည်ရာမရတဲ့ပုံရိပ်ကို အသေးစိတ် ကျစ်လစ်တဲ့ဝါကျလေးတွေနဲ့

ပုံဖော်သွားတာဖြင့် ဖတ်သူကိုရုပ်ရှင်ကြည့်နေရသလို ထင်မြင်စေပါတယ် ။

သူမပုံစံက သရဲတစ်ကောင်လို ကြောက်စရာကောင်းနေသည်မှာသေချာသည်။ မျက်လုံးတွေပြူးဝိုင်းလျက်ငေးကြောင်စိုက်  ကြည့်နေသော သူနာပြုဆရာမလေးကို သူမဘာမှဆက်ပြောမနေတော့ဘဲ လက်က ပိုက်ကိုဆွဲဖြုတ်လိုက်သည်။  ခပ်ကြမ်းကြမ်းဆွဲုဖြုတ်လိုက်သောကြောင့် သွေးတွေဖြန်းခနဲ စင်ထွက်လာသည်။

ကုတင်ဘေးက ဘီဒိုပုလေးပေါ်က ပိုက်ဆံအိတ်ကိုလှမ်းယူပြီး မော်မော့်ထံပစ်ပေးလိုက်သည်။

 

ပိုက်ဆံရှင်းပြီးလိုက်လာခဲ့ ” ဒီဝ်ါကျလေးတွေနဲ့ ဇာတ်ထွတ်ရောက်အောင်ပို့ပေးခဲ့ပါတယ် ။ ဒီရေလှိုင်းကတော့ ဒီအပိုဒ်လေးဖတ်ပြီး ကြောက်ရွံ့တုန်လှုပ်မိနေပါရဲ့ ။ သော်တာကဆေးပိုက်ကို ဆွဲဖြုတ်လိုက်လို့ သွေးစိမ်းတွေ ဖြန်းကနဲထွက်လာတာကိုကြည့်ရင်

သော်တာ ရဲ့ အပြင်ဒါဏ်ရာကသွေးတွေထွက်လာတာထက် သော်တာနှလုံးသားက ကွဲကြေတဲ့ သွေးတွေကိုပိုလို့သာမြင်ယောင်လာမိပါတယ် ။ ဒီလိုမျိုးမြင်နိုင်အောင်လည်း စာရေးသူက ဆက်စပ်မှုပြသင်္ကေတအနေနဲ့ သုံးနှုန်းထားကြောင်းလည်း ထင်လိုက်မိပါတယ်။

သူ့မေမေနဲ့ဖောက်ပြန်နေတဲ့ ခင်ပွန်းကို သော်တာက သွားရောက်တွေ့ဆုံခန်းကတော့

ဒီဝတ္ထုလေးရဲ့ ဇာတ်ထွတ်ပါပဲ ။  သူ့မေမေနဲ့ ဆက်ပြီးမတွဲဖို့ လက်မထပ်ဖို့ အမျိုးမျိုး

ပြောဆိုနေတဲ့ သော်တာရဲ့ပုံရိပ်ကလည်း ကြေကွဲစရာ သနားစရာကောင်းလွန်းနေပါရဲ့ ။

သူ့ခင်ပွန်းဆီက မယုံနိုင်လောက်အောင် ယုတ်ညံ့မှုတွေ ရက်စက်မှုတွေရရှိတဲ့ သော်တာရဲ့

ဆောက်တည်ရာမရ ရူးသွပ်မတတ်ဖြစ်နေတဲ့ပုံရိပ်လေးတွေဟာဖြင့် လွင့်ရဲ့ ပီပြင်လှတဲ့

ကလောင်စွမ်းကြောင့် အသက်ဝင်လှုပ်ရှားနေခဲ့ပါတယ် .ဖတ်သူရဲ့ရင်ထဲမှာလည်း

နားမလည်နိုင်ခြင်း ၊ ဆောက်တည်မဲ့ခြင်း ၊ လက်မခံခြင်းတွေကူးစက်လို့ လာပါတော့တယ်။

ဘယ်လိုမှ လက်ခံနိုင်စရာမရှိတဲ့ စကားလုံးကို ကြားလိုက်ရတဲ့အချိန်မှာ နာကျည်းမှုတွေရောက် အသိတွေပျောက်သွားတဲ့ သော်တာရဲ့ လက်တုန့်ပြန်မှုကို ရက်စက်လွန်းတယ် ကြမ်းကြုတ်လွန်းတယ်လို့မထင်မိအောင်ဖြစ်ခဲ့ပါတယ် ။ ဒီနေရာက

နွံရဲ့ ဇာတ်ထွတ်ပဲဖြစ်ပါတယ် ။ လက်မခံနိုင်ခြင်း ၊ အော့နှလုံးနာခြင်း ၊ ကြောက်လန့်ခြင်း

ချောက်ခြားတုန်လှုပ်ခြင်း ၊ အသိရခက်ခြင်းဆိုတဲ့ ခံစားမှုတွေပေါင်းဆုံခဲ့တဲ့ အခန်းဖြစ်ခဲ့ပါတယ် ။

လွင့်က ဇာတ်ထွတ်ကိုတင်ပြီးတာနဲ့ ဇာတ်ဆင်း ကိုဖန်တီးပါတော့တယ် ။ သူပြုမိတဲ့

အပြုကိုဝန်ခံ သူနဲ့ထိုက်တန်တဲ့(ဒီရေလှိုင်းရဲ့အမြင်မှာ မထိုက်တန်တဲ့) အပြစ်ဒါဏ်ကိုကျခံပြီး

 

တရားရုံးတော်မှ အမှုစစ်ဆေးသောအခါ ကျွန်မသတ်ပါတယ်ကလွဲပြီး ဘာမှမပြောသော သော်တာသည်

ထောင်ဒဏ်ဆယ်နှစ်ကျခံရလေသည်။ရုံးတော်ကအထွက်တွင်

 

မော်မော် ဖေဖေ့ကိုသေသေချာချာဂရုစိုက်နော် ညီမလေး။။ဖေဖေ မေမေဘာကိုမှမသိပါစေနဲ့နော် သူနေလို့ရသလိုပဲ

နေပါစေတော့ ဒီအကြောင်းတွေသိရင် သူပါဒုက္ခရောက်သွားနိုင်တယ်..ဖေဖေကူညီပါနော”  ဆိုတဲ့နှုတ်ဆက်စကားနဲ့ မိခင်အပေါ်ချစ်တတ်လွန်းခဲ့သော သမီးတစ်ယောက်ရဲ ဆန်ရေမေတ္တာကိုပြဆိုပြီး

ဇာတ်ဆင်းသွားတာလေးက ကြေကွဲဆို့နင့်စွာ လှပနေပါတယ် ။

စာရေးသူလွင့်က ဇာတ်ကို သင်ခန်းစာလေးတွေပေးပြီးသိမ်းခဲ့ပါတယ်

လက်ထိတ်နှစ်ဖက်တန်းလန်းနှင့် သူ့ကိုကန်တော့သွားရှာသော

သမီးကိုဆုပင်မပေးလိုက်ရပါ။မောဟ၊ဒေါသနွံနက်နက်ထဲ နစ်မြုပ်ခဲ့သောသမီးကလေး ပြန်လည်လွတ်မြောက

်လာမည့်ရက်ကိုသူလက်ချိုးရည်ရင်း စောင့်ဆိုင်းနေရပေဦးမည်။ ”မောဟနွံ ဒေါသနွံနက်နက်ထဲမှာနှစ်မြုတ်ခဲ့တဲ့

သော်တာခံစားရတဲ့အဖြစ်ကို နိဂုံးချုပ်ပြီး နွံဆိုတာ ဘာကိုဖွင့်ဆိုတာလည်းဆိုတဲ့ အမေးကို

လှလှပပဖြေဆိုပြခဲ့ပါတယ် ။

ဒီပိုစ့်လေးကိုဖတ်ပြီးတဲ့ အချိန်မှာတော့ လွင့်ဆိုတဲ့ မှော်ကဝေရဲ့ နွံဆိုတဲ့ စာတစ္ဆေရဲ့

လှပတဲ့ချောက်လှန့်မှုကို ရင်မှာ အခါခါ ခံစားနေခဲ့ရပါတယ် ။ နူးညံ့တဲ့ ကြမ်းရှမှုတွေနဲ့

မကြာကြာ ဖမ်းစားညှို့ယူခြင်းကိုခံရနေပါတယ် ။ မဆုံးနိုင်သောအတွေးများဖြင့်လည်း

အာရုံဝင်စားနေမိပါတော့တယ် ။


In: ဆောင်းပါး,Others Posted By: Date: Oct 25, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment