ချစ်သူအတွက်
ကျွန်တော် သူမကိုချစ်တယ် ကျွန်တော်သူမကိုခိုင်းနှိုင်းချင်မိတယ် တစ်ခုခုနဲ့ပေါ့
ဥပမာ. ပန်း နဲ့ပေါ့ ပန်းဆိုတာမျိုးက ကြွေကျတတ်တဲ့ သဘောရှိလို့ကျွန်တော်မခိုင်းနှိုင်းချင်
နောက်တစ်ခုက ကြယ်တစ်လုံး .. သို့သော် ကြယ်လဲကြွေတတ်၏ ..
ဒါမှမဟုတ် ကျွန်တော့်ရဲ့ နံရိုးတစ်ချောင်း.. မဖြစ်သေး.. နံရိုးကိုသူမလဲကြိုက်မယ့်ပုံမပေါ်…. ဒါကြောင့်
ကျွန်တော်သူမကိုခိုင်းနှိုင်းပါတယ် … အချစ်နတ်သမီး… ဗီးနပ်စ်နဲ့လေ….
သူမပြောတဲ့စကားတိုင်းကို ကျွန်တော် မှတ်ထားပါတယ်….
သူမပြောတဲ့စကားတွေက စစ်ဘုရင်နပိုလီယံပြောတဲ့စကားထက်လဲ
ပိုတန်းဖိုးရှိတယ်….ကျွန်တော့်ဘ၀အတွက်တော့လမ်းပြကြယ်ပေါ့…..
သူမနဲ့စကားပြောတိုင်းကျွန်တော်ပျော်မိတယ်…. ကျွန်တော့်အသက်တစ်ဝက်က သူမလက်ထဲမှာရှိမှန်းကျွန်တော်ခံစားရတယ်….
သူမရဲ့အဖိုးတန်အချိန်တွေကို ကျွန်တော့်လိုကောင်ဆီမှာ ဖြုန်းတီးမိတဲ့အတွက် ကျွန်တော်သူမအစား ၀မ်းနည်းမိတယ်……
ကျွန်တော်ငယ်ငယ်က သိခဲ့တဲ့ အကြောင်းအရာတစ်ခုရှိတယ်..
လူတိုင်းဟာတဲ့ ရင်ဘတ်ထဲမှာ နှလုံးသားဆိုတဲ့ စက်တစ်ခုရှိနေတတ်တယ်တဲ့
အဲ့စက်က အချိန်အတော်ကြာအောင် အိပ်နေတတ်တယ်တဲ့…. ဒါပေမယ့် စက်က တစ်စုံ…..စက်နှစ်ခုဆုံတဲ့အခါမှာ နှစ်ခုလုံးက ထထမြည်တတ်တယ်….
ကျွန်တော့်ရဲ့ရင်ဘတ်ထဲကစက်က သူမနဲ့စကားပြောတိုင်း ခုန်ခုန်လာတတ်တယ် အဲ့ဒါကြောင့်သူမကကျွန်တော့်ရဲ့ ဝေးကွာနေတဲ့ စက်တစ်လုံးဖြစ်လိမ့်မယ်နဲ့တူတယ်..
ဒါ ကျွန်တော့်အတွေးပါ …….
ကျွန်တော် တစ်ခါတစ်ရံ လမ်းလျှောက်တိုင်း … သူအကြောင်းကိုအမြဲတမ်းတွေးနေမိတယ်… သူမကို သတိရနေတာလား… တမ်းတနေတာလားတော့ မသိဘူး……..
ဒါပေမယ့် ကျွန်တော် ရူးနေမိပီဆိုတာတော့ သေချာတယ်… ဘယ်လောက်ပဲရူးရူးပါ …. တစ်ဘ၀စာရည်ရွှယ်ထားပီးသားဆိုတော့…
ကျွန်တော်ခံစားရတာ အလဟဿမဖြစ်တာတော့ သေချာတယ်…
ချစ်သူအတွက်..
ချစ်သူ ကို သတိရတိုင်း ကောင်းကင်ကိုကြည့်တတ်လွန်းလို့ ကောင်းကင်ကတောင် ကို့ကို မုန်းနေတယ်တဲ့……….. နေမင်းကြီးရဲ့ သရော်သံကို တော့ ချစ်သူကြားမှာပါ… ကိုနားမထောင်ချင်ဘူးကွာ အဲ့ဒီ မလိုသူတွေစကားကို…..
လမင်းကတော့ကောင်းချီးပေးရှာပါတယ်… ဒါပေမယ့် အလွမ်းကတော့ မသေသေးဘူး.. ကိုဘာလုပ်ရမှာလဲ ဟင်..?
ညနေခင်းတိုင်းကို မင်းမရှိပဲကို မကျော်ဖြတ်ရဲတော့ဘူး ကို ညတိုင်းလဲ ဆုတောင်းနေတယ် … ဝေးမသွားဖို့လေ…….
ကိုအမြဲမက်တတ်တဲ့ အိမ်မက်ရှိတယ်သိလား… ကို ၇ တန်း ကျောင်းသားလောက်ကပေါ့ … အခုထိလဲ မက်နေတုန်းပဲ ကိုပြောပြမယ်နော်…..
ကို အိမ်မက်ထဲမှာ ကောင်မလေးတစ်ယောက်ကိုတွေ့တယ်… အဲ့ကောင်မလေးရဲ့ ဆံပင်က ဂုတ်ထောက်လေး သူ့ကိုတော့ ကို ရုပ်မမြင်ရဘူး .. ဘယ်သူမှန်းကွဲကွဲပြားပြားစဉ်းစားလို့မရဘူး
သူက ကို့အိမ်ကို လာတယ်… ပီးတော့ ပြန်ထွက်သွားတယ်…ကိုသူ့နောက်ကိုလိုက်နေမိတယ်… နီးနီးလေးပါ..ဒါပေမယ့် ပျောက်ကွယ်သွားတယ်.. ကိုသူ့ကို နေရာတကာလိုက်ရှာနေမိတယ်…
မတွေ့ဘူး….. မိုးလင်းတော့လဲ ကိုအဲ့ကောင်မလေးကို လိုက်ရှာနေတုန်းပဲ ကို လိုက်ရှာနေတယ် ကို.မတွေ့ခဲ့ဘူး…..
ကိုထင်တယ် .. အဲ့ကောင်မလေးက ချစ်သူဖြစ်လိမ့်မယ်လို့လေ…….
ကိုလိုက်မရှာတော့ပါဘူး ကိုတွေ့ပြီးပြီဆိုတော့… ကိုမင်းကို အချိန်တိုင်းသတိရနေတယ်…… ချစ်သူက နာရီ တစ်လုံးမှာ နာရီလက်တံတွေဆိုပါတော့… ကိုကတော့စက္ကန့်လက်တံပေါ့..
တစ်မိနစ်ပြည့်တိုင်း ကိုမင်းဆီမှာ တစ်ခါအခစားဝင်နေတယ်….. ချစ်သူ ပျင်းနေမှာဆိုးလို့လေ …ချစ်သူကောင်းကောင်းလည်ပတ်နိင်အောင်လို့ပါ………ချစ်သူပျော်ရွှင်အောင်လို့ပါ
Comment #2
😛
😛
😛
By: ei lay at Sep 6, 2012
Comment #3
tat par woo ja .. d lo pa` yay phit twar tar par ….
By: dozet at Sep 18, 2012
Comment #4
Kaung ma lae dot ta nar par de naw.
D lout sa kar pyaw dat Thu ne tway ya dot,,
A mye tan “hote ke “nay hmar pe
😛
Pyaw sa yar g…arr kya like dar
By: ei lay at Sep 18, 2012
Comment #5
nice
By: lynetty htoo at Sep 20, 2012
Comment #6
hak hak .. arr ma kya par nae ja .. sa kar tat tar ma kg woo ja .. sa kar htae mar a mar tway par par twar tat tl …
By: dozet at Sep 20, 2012
Comment #7
Ha..ha..
A sat haung a kyaung tway pyaw mi twar loh lar?
😛
Nout tar naw.
By: ei lay at Sep 20, 2012
Comment #8
ya pa tl .. a sat haung nae taw sine woo ja.. sa kar pone htae ka lo pop ja sa kar sa kar pyaw par myar pop …. a` lo par …
By: dozet at Sep 20, 2012
Comment #9
Rofl
Right,,right,,
B careful.
Sa kar pyaw dot pyaw tat de.
Sa kar dot Tate ma pi bu naw.
He.he
By: ei lay at Sep 20, 2012
Comment #10
Great !mite chat pal byar
By: loafer at Sep 20, 2012
Comment #11
ပီပါတယ်ဗျ .. ခင်ဗျားကလဲ 🙂
By: dozet at Sep 21, 2012
Comment #12
မပီဘဲနဲ့
By: lynetty htoo at Oct 27, 2012
Comment #13
Sa kar ma pi de Thu tway ka a yann sa kar tat de.
😛
By: ei lay at Oct 27, 2012
Comment #14
i kya taw sa kar pe pee, bar loz sa kar tat tar la` hin . ma ei lay 🙂
By: dozet at Jan 6, 2013
Comment #15
a yann chwe tat loh
By: ei lay at Jan 7, 2013
Comment #16
hak hak … ma ei lay ka ma i htet sa kar pyaw po kaung tar par byar .
By: dozet at Jan 7, 2013




Comment #1
Wow….
Wow……
Tay loh ya p.
Yae yae le le kway lout de..
Daw daw sa kar tat Dar pe naw
😛