Professional Authors

စမ်းစစ်သင့်ပြီမီးဘေးကာကွယ်ရေးစနစ်များ

မီးလောင်ပြီတဲ့ဟေ့လို့ကြားလိုက်ရင် ဘာကြောင့်ဖြစ်လဲမမေးနဲ့ဝါယာရှော့ကြောင့်လောင်တာဆိုတဲ့အသံဘဲကြားကြားနေရတယ်။ဘာဖြစ်လို့
ဝါယာရှော့ကြောင့်ကြီးဘဲဖြစ်ဖြစ်နေရတာလဲမေးစရာကောင်းနေပြီ။
အဓိကကတော့ကာကွယ်မှုစနစ်အားနဲလို့ ဆိုတာအဖြေထွက်တယ်။အဆောက်အဦတခုမှာ
ရှိသင့်ရှိထိုက်တဲ့
ကာကွယ်မှုစနစ်တွေတော်တော်လေးအားနဲတာကိုတွေ့ရတယ်။ဒါကြောင့်အဆောက်အဦတခုမှာ
ရှိသင့်ရှိထိုက်တဲ့
ကာကွယ်မှုစနစ်တွေအကြောင်းကိုဗဟုသုတအလို့ငှါဖော်ပြပေးလိုက်ပါတယ်။အဆောက်အအုံတွေကို
ဒီဇိုင်း လုပ်တဲ့အခါ မပါမဖြစ် အခြေခံ အင်္ဂါရပ်တွေရှိပါတယ်။အဲ့တာတွေကတော့
* Better Lighting & Visual Comfort အလင်းရောင် လုံလုံလောက်လောက်
ရနိုင်ဘို့၊
* Thermal Comfort :သက်တောင့်သက်သာရှိစေမဲ့ မျှတတဲ့ Temperature (အပူအအေး)၊ Humidity (လေရဲ့စိုထိုင်းဆ)တွေကိုပြုပြင်ထိန်းသိမ်း
ထားနိုင်ဘို့၊
* Indoor Air Quality လေရဲ့သန့်ရှင်းလတ်ဆတ်မှုရအောင် ထိန်းသိမ်း ထားနိုင်ဘို့၊
* Acoustical Quality အသံဆူညံ မှု ကနေ ကာကွယ်နိုင်ဘို့၊
* Convenient Power လျှပ်စစ်မီး၊ လိုအပ်တဲ့ ပါဝါတွေ အဆင်သင့် လွယ်လင့်တကူ ရနိုင် ဘို့၊
* Communication Capability ဆက်သွယ်ရေးစံနစ်တွေ(တယ်လီဖုန်း၊ Network, Internet, etc.) အဆင်သင့်
လွယ်လင့်တကူ ရနိုင် ဘို့၊
* High-quality Sanitation ကျန်းမာရေးနှင့် ညီညွတ်သော အဆင့်မြင်ရေသန့်ဖြန့်ဝေ၊ အညစ်အကြး နဲရေဆိုး (မိလ္လာ) နုတ်စံနစ်တွေ
ပါဝင်ဘို့၊
* Reliable Systems for Life Safety and Property Protection လူတို့၏ အသက်နှင့် ပစ္စည်းဥစ္စာ ကို ကာကွယ်ရန် စိတ်ချရတဲ့
စံနစ်တွေ (မီးဘေးကာကွယ်ရေး စံနစ်တွေ၊ လုံခြုံရေး စံနစ်၊ အရေးပေါ် လမ်းညွှန်
စံနစ်) တွေ ပါဝင်ဘို့၊
တိုဖြစ်တယ်။ အဆောက်အအုံ ရဲ့ သုံးစွဲမှု အတိုင်းအတာ ကို လိုက်လို့ အခြား စံနစ်တွေ၊ ပိုပြီး သိမ်မွေ့နက်နဲ တဲ့ နည်းပညာတွေ၊
လိုအပ် လာနိုင် ပါသေးတယ်။ ကျွန်တော်တို့နိုင်ငံမှာ
ဒီလိုပြည့်စုံလုံလောက်တဲ့စံနစ်တွေပါဝင်တဲ့အဆောက်အဦတော်တော်နဲပါတယ်။
အချို့အဆောက်အဦတွေကပါတော့ပါပါရဲ့အလုပ်မဖြစ်တဲ့ရုပ်ပြစံနစ်တွေပါ
အဆောက်အဦအများစုကတော့မပါကြပါဘူး။အခုဝါယာရှော့ကြောင့်မီးလောင်တယ်ဆိုတာNo (8)
အချက်ဖြစ်တဲ့Life Safety and Property Protection ဆိုတဲ့ အသက်နှင့်
ပစ္စည်းဥစ္စာ ကို ကာကွယ်ရန် စိတ်ချရတဲ့ စံနစ်မရှိ၍သော်လည်းကောင်း
ထိုစံနစ်အလုပ်မလုပ်၍သော်လည်းကောင်းဖြစ်နိုင်ပါတယ်။ဝါယာရှော့ဖြစ်ပြီးမီးလောင်တဲ့ဖြစ်စဉ်လေးကိုလေ့လာကြည့်ရင်
ဝါယာရှော့ဖြစ်ရင်ဝါယာကြေးကြိုးအတွင်းပမာဏများပြားတဲ့Electric Current
တခုစီးပါတယ်။
ဝါယာကြေးကြိုးကသူသယ်ဆောင်နိုင်တဲ့ဝန်ထက်ပမာဏအများကြီးပိုတဲ့Current
ကိုသယ်ဆောင်ရတဲ့အတွက်အပူများစွာထွက်ပေါ်လာပါတယ်။ထွက်ပေါ်လာတဲ့အပူများပြားတဲ့အတွက်ကြေးကြိုးကိုဖုံးအုပ်ထားတဲ့Insulator
အရည်ပျော်ပြီးမီးလောင်ကျွမ်းခြင်းဖြစ်ပါတယ်။ Short Circuit Protection,
Over current Protection, Over load protection,
စတဲ့စံနစ်တွေနဲ့ကာကွယ်နိုင်ပါတယ်။
ဒီစံနစ်မှန်မှန်ကန်ကန်အလုပ်လုပ်ဖို့အတွက်သုံးစွဲ တဲ့Devices တွေ
ရဲ့အရည်အသွေးပြည့်မှီဖို့ကလည်းအရေးကြီးပါတယ်။နေရာတိုင်းပေါက်ဖော်ကြီး
ဘဲအားကိုးမနေပါနဲ့။သူလုပ်လို့ကုန်ပေါင်းလည်းများလှပါပြီ။ကဲထားတော့
Electrical Protection
စံနစ်တွေအလုပ်မှန်မှန်မလုပ်လို့မီးလောင်ရင်ဘယ်လိုတားဆီးမလဲ? Fire
Protection System ပါ။ Fire Protection System ဆိုတာမီးလောင်မှု (သို့)
မီးခိုး ကို အာရုံခံ သိရှိနိုင်ဘို့ နဲ့ မီးငြိမ်းသတ်နိုင်ဘို့ ရယ်
မီးခိုးတွေ ကိုပြယ်သွားအောင် စုတ်ထုတ်ပစ်နိုင်ဘို့တွေ အတွက် လိုအပ်တဲ့
ပစ္စည်းကိရိယာတွေ၊ ဝါယာကြိုးတွေ၊ ပိုက်တွေ၊ စက်ပစ္စည်းတွေ နဲ့ ထိန်းချုပ်တဲ့
စနစ်တွေ ပါတဲ့မီးဘေးအန္တရာယ် ကာကွယ်ရေး စနစ်ဖြစ်ပါတယ်။ အကျယ်ထက်ပြောရရင်
မီးလောင်မှုဖြစ်တာ ကို သတိပေးနိုင်ဘို့၊ မီးကို ထိန်းချုပ်နိုင်ဘို့ နဲ့
ငြိမ်းသတ်နိုင်မဲ့ စနစ်တွေဖြစ်တဲ့
* Automatic Sprinklers (အလိုအလျှောက်ရေဖြန်: မီးသတ်စနစ်)၊
* Stand pipe (Wet/Dry Risers) (အထပ်အလိုက် မီးသတ်သမားသုံးရန် မီးသတ်ရေဘုံဘိုင်ခေါင်း)
* Fire Hydrants (ခြံဝင်းအတွင်းနှင့် လမ်းဘေး တစ်လျှောက်တွေ့ရလေ့ ရှိသော
အဆောက်အအုံပြင်ပသုံး မီးသတ်ရေဘုံဘိုင်ခေါင်းများ၊)
* Fire Hose reels (အဆောက်အအုံ တွင်းသုံး မီးသတ်ရေပိုက်)
* Fire and Smoke Detection (မီး၊ အပူ နဲ့ မီးခိုး တို့ကို အာရုံခံ အချက်ပေးစနစ်),
* Gas Fire Suppression Systems ( မီးသတ် ဓာတ်ငွေ့သုံးစနစ် များ၊ Pyrogen, CO2,
Inergen, Halon XXX, FM-200, NN100, etc. စသည်၊)
* Portable Fire Extinguishers (အသင့်သုံး မီးသတ်ဘူးများ၊)
* Smoke Spill / Smoke Control Systems (မီးခိုး ကိုပြယ်အောင် စုတ်ထုတ်တဲ့ စနစ် ၊ မီးခိုး
ကိုထိန်းချုပ်တဲ့ စနစ်)၊

စသည်ဖြင့် ပါဝင်ပါတယ်။အခုAutomatic Sprinklers (အလိုအလျှောက်ရေဖြန်: မီးသတ်စနစ်)
အကြောင်းလေ့လာကြည့်ရအောင်။အဆောက်အဦမျက်နှာကြတ်အနှံ့ပိုက်များသွယ်တန်းထားပြီးPipe
တွေ ထဲမှာ Pressure နဲ့ရေဖြည့်ထားပါတယ်။ ဒီ Pressure ကိုထိန်းဘို့ အတွက်
Pressure Maintenance Pump (Jockey Pump)က အလိုလို
အလုပ်လုပ်နေပါမယ်။တစ်နေရာရာ မှာ မီးလောင်တဲ့ အခါ အဲဒီ့နေရာ မှာ အပူချိန်
တက်လာပါပြီး နီးစပ်ရာ Sprinkler Headကို ကွဲစေပါမယ်။ အဲဒီ့ ကွဲသွားတဲ့
Sprinkler ကနေရေတွေပန်းထွက်လာပါမယ်။ဒီအခါ ဒီ Sprinkler ကိုပေးထားတဲ့ Pipe
Network ထဲမှာ ရေစီးပါမယ်။ Pressure လည်းကျလာပါမယ်။ရေစီးတဲ့အတွက် ဒီ Pipe
Network နဲ့သက်ဆိုင်တဲ့ Flow switchကနေ Fire Alarm Signal ပေးပါမယ်။ (ဒီ
Signal က ဆက်ထားတဲ့ Fire Alarm System ကိုသွားပြီး အခြား Emergency Systems
တွေ ကို Automatically Activate လုပ်ပါမယ်။Pressure ကျလာတဲ့ အခါ Sprinkler
Control (Alarm) Valveအလုပ်လုပ် ပါမယ်။ရေအားနဲ့ အလုပ်လုပ် တဲ့ Alarm
Gongကနေ မီးလှန့်သံချောင်း သံ (ခေါင်းလောင်းအဆက်မပြတ် တီး) ပါလိမ့်မယ်။
ဒီလို Sprinkler ကွဲလို့ System Pressure ကျလာရင် Duty Pumpက ချက်ချင်း
(30s အတွင်း) အလိုလို Automatically Operate လုပ်ရပါမယ်။ Duty Pump က
အကြောင်းတစ်ခုခုကြောင့် Operate မလုပ်နိုင်ပဲ Fail ဖြစ်ခဲ့ရင် Standby
Pumpက အလိုလို တာဝန်လွှဲ ယူရပါမယ်။ ဒီလို အခြေအနေ တွေ ကိုရဘို့ အတွက်
Control Panel (/w Emergency Power Supply) ကို ဒီဇိုင်း
လုပ်ထားရပါတယ်။Storage Tankက မီးသတ်ဘို့ လိုအပ်တဲ့ရေပမာဏ ကို သိုလှောင်ထား
ရပါတယ်။လိုအပ်ရင် Fire Engine (မီးသတ်ကား) ကနေ Sprinkler System ထဲကို
အပြင်ကနေရေဖြည့်ခွင့်ရအောင် မီးသတ်ကား ဝင်လို့ လွယ်တဲ့နေရာ အဆောက်အအုံ ရဲ့
အပြင်ဘက် မှာ Breeching Inlet ကို ထားပေးရပါတယ်။
အချုပ်အားဖြင့်ပြောရရင်တော့ အခုကျွန်တော်ပြောခဲ့တဲ့ Protection
စံနစ်တွေဟာလုံးချင်းအိမ်ရာလေးတွေအတွက်အရေးမကြီးပေမဲ့High rises Buildings
တွေ၊Condo medium တွေ Shopping Mall တွေအတွက်ကတော့မရှိမဖြစ်လိုအပ်ပါတယ်။
ဒီစံနစ်တွေအတွက်ငွေကြေးအနည်းငယ်ပိုပြီးကုန်ကျပေမဲ့
အသက်အိုးအိမ်စည်းစိမ်အတွက်ကာကွယ်ပေးပါတယ်။
ဒါကြောင့်အခုချိန်ကစလို့အရေးကြီးအဆောက်အဦများ Condo medium များ Shopping
Mall များ
အနေဖြင့်မိမိတို့ရဲ့အဆောက်အဦကာကွယ်ရေးစံနစ်များကိုပြန်လည်လေ့လာစမ်းစစ်ရန်ချိန်တန်ပြီဖြစ်ကြောင်းမောင်းမကူဘဲBlog
စာမျက်နှာမှသံကုန်ဟစ်လိုက်ရပါပြီဗျိုး

In: ဆောင်းပါး Posted By: Date: May 26, 2010
Comment #1

‘ကာကွယ်ခြင်းက ကုသခြင်းထက်ပိုကောင်းတယ်’ ဆိုတဲ့စကားလည်းရှိပါတယ်။ ကျေးဇူးတင်ပါတယ်။ ဗဟုသူတတမျိုးပါပဲ။

commentinfo By: Deborah at May 26, 2010
Comment #2

ကျေးဇူးတင်ပါတယ်။အခုလိုပညာဖြန့်ဝေပေးတဲ့အတွက်..

commentinfo By: North star at May 27, 2010
Comment #3

so so thz

commentinfo By: yu at May 27, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment